ခေတ်မီအိတ်ချိန်းစက်များ လဲလှယ်ပြီးဖြစ်ပါသဖြင့် အော်တိုတယ်လီဖုန်းနံပါတ်များအား ပြောင်းလဲပါမည်

(ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၆ ရက်) – မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေဖြင့် ပိုမိုကောင်းမွန်သည့် အရည်အသွေး နှင့် ခေတ်မီဝန်ဆောင်မှုများကို ပေးနိုင်ရန်အတွက် အောက်ဖော်ပြပါ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အိတ်ချိန်းများကို ခေတ်မီအိတ်ချိန်းစက်များနှင့်ပြောင်းလဲတပ်ဆင်ပြီး ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ လက်ရှိအသုံးပြုနေသော အော်တိုတယ်လီဖုန်းနံပါတ်များကို ဂဏန်း (၇) လုံးပါရှိသည့် အော်တိုတယ်လီဖုန်းနံပါတ်အသစ်များဖြင့် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၃၁ ရက် တွင် အောက်ပါအတိုင်း ပြောင်းလဲသွားမည် ဖြစ်ပါသည်။

နယ်မြေအိတ်ချိန်းလက်ရှိအသုံးပြုနေသော ဖုန်းနံပါတ်အသစ်ပြောင်းလဲမည့်
ဖုန်းနံပါတ်
ဧရာဝတီတိုင်းဒေသကြီးကန်ကြီးထောင့် အိတ်ချိန်း၀၄၂-၄၅xxx၀၄၂-၂၀၄၅xxx
ဓနုဖြူ အိတ်ချိန်း၀၄၆-၂၅xxx၀၄၆-၂၂၂၅xxx
ပန်းတနော် အိတ်ချိန်း၀၄၆-၃၀xxx၀၄၆-၂၂၃၀xxx
မကွေးတိုင်းဒေသကြီးပေါက် အိတ်ချိန်း၀၆၂-၄၅xxx၀၆၂-၂၀၄၅xxx
သရက် အိတ်ချိန်း၀၆၈-၂၁xxx၀၆၈-၂၀၂၁xxx
မန္တလေးတိုင်းဒေသကြီးတံတားဦး အိတ်ချိန်း၀၆၆-၄၄xxx၀၆၆-၂၀၄၄xxx
အုန်းချော အိတ်ချိန်း၀၈၅-၄၀xxx၀၈၅-၂၀၄၀xxx
မိုးမိတ် အိတ်ချိန်း၀၈၆-၄၅xxx၀၈၆-၂၂၄၅xxx
မွန်ပြည်နယ်မုတ္တမ အိတ်ချိန်း၀၅၇-၄၅xxx၀၅၇-၂၀၄၅xxx
ကျိုက္ခမီ အိတ်ချိန်း၀၅၇-၇၅xxx၀၅၇-၂၀၇၅xxx
ဇင်းကျိုက် အိတ်ချိန်း၀၅၇-၄၉xxx၀၅၇-၂၀၄၉xxx
စစ်ကိုင်းတိုင်းဒေသကြီးမော်လူး အိတ်ချိန်း၀၇၅-၆၅xxx၀၇၅-၂၀၆၅xxx
ဒီပဲယင်း အိတ်ချိန်း၀၇၁-၅၅xxx၀၇၁-၂၀၅၅xxx
ဝက်လက် အိတ်ချိန်း၀၇၅-၃၀xxx၀၇၅-၂၀၃၀xxx
တန့်ဆည် အိတ်ချိန်း၀၇၅-၄၉xxx၀၇၅-၂၀၄၉xxx
ဝန်းသို အိတ်ချိန်း၀၇၅-၅၀xxx၀၇၅-၂၀၅၀xxx
ရှမ်းပြည်နယ်(မြောက်ပိုင်း)နောင်ချို အိတ်ချိန်း၀၈၂-၈၅xxx၀၈၂-၂၉၈၅xxx
ရန်ကုန်တိုင်းဒေသကြီးဆိပ်ကြီးခနောင်တို အိတ်ချိန်း၀၁-၂၆၈xxx၀၁-၈၂၆၈xxx

နံပါတ်အဟောင်းမှ နံပါတ်အသစ်သို့ ပြောင်းလဲစဉ်ကာလအတွင်းတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိမိတို့၏ ဝန်ဆောင်မှုကို အသုံးပြုနေသူများ ဆက်သွယ်မှုအဆင်ပြေစေရန် Call Forward ဝန်ဆောင်မှုကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအကုန် အထိ အခမဲ့ပေးထားမည်ဖြစ်ပြီး သုံးစွဲသူများသည် နံပါတ်အသစ်သို့ ပြောင်းလဲနေစဉ်ကာလအတွင်းတွင် လက်ရှိနံပါတ် (သို့မဟုတ်) နံပါတ်အသစ်သို့ ခေါ်ဆိုနိုင်မည် ဖြစ်ပါသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရှိ ဝန်ထမ်း (၃) ဦး ၌ COVID-19 ထပ်မံ စစ်ဆေးတွေ့ရှိရကြောင်း အသိပေးခြင်း

(ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၉ ရက်) ကရင်ပြည်နယ်၊ ဘားအံရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း (၁) ဦးနှင့် ရန်ကုန်တိုင်းဒေသကြီး လမ်း (၄၀) ရုံးနှင့် ပန်းဘဲတန်းရုံးတို့တွင် တာဝန်ထမ်းဆောင် နေသော ဝန်ထမ်း (၂) ဦး၊ စုစုပေါင်း ဝန်ထမ်း (၃)ဦး တို့တွင် COVID-19 ရောဂါပိုး ထပ်မံ စစ်ဆေး တွေ့ရှိရကြောင်း နှင့် ယခုစစ်ဆေးတွေ့ရှိခဲ့သည့် အဆိုပါ ဝန်ထမ်းများ သည် Facility Quarantine ဝင်ထားသူ ဖြစ်သောကြောင့် သုံးစွဲသူများနှင့် တိုက်ရိုက်ထိတွေ့ခဲ့ခြင်းမရှိကြောင်း MPT က အတည်ပြု ထုတ်ပြန်လိုက်ပါသည်။

ယခင်က ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူများအနက် ဝန်ထမ်း ၁၀ ဦး မှာ ဆေးရုံမှဆင်းခွင့် ရရှိခဲ့ပြီး ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီဖြစ်ပါသည်။

ယခုလို ကိုဗစ်- ၁၉ ရောဂါပိုး ထပ်မံတွေ့ရှိရသည့် ဖြစ်ရပ်အတွက် မိမိတို့အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန နှင့် တာဝန်ရှိသူများ၏ ညွှန်ကြားချက်များအတိုင်း လျင်လျင်မြန်မြန် ထိထိရောက်ရောက် လိုက်နာ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

မိမိတို့အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း လုပ်ငန်းအတွင်းနှင့် လုပ်ငန်းပြင်ပသို့ ရောဂါပိုးပျံ့နှံ့ကူးစက်မှု မရှိစေရန်အတွက် အကောင်းဆုံး ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်သည့်အပြင် အခုလို COVID-19 ကူးစက်မှုအရေးပေါ် အခြေအနေတွင် မြန်မာပြည်သူများအတွက် အရေးပါသော အခန်းကဏ္ဍဖြစ်သည့် ဆက်သွယ်ရေးဝန်ဆောင်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးကိုလည်း ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

ယခုလိုဖြစ်ရပ်များအတွက် အဆင်မပြေမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက်လည်း တောင်းပန်မှုပြုကာ နားလည်ပေးမှုအတွက် ကျေးဇူးတင်ရှိပါသည်။

MPT က သုံးစွဲသူများအတွက် တစ်နေရာတည်းတွင် လိုအပ်ချက်များကို ပြည့်စုံစွာဖြည့်ဆည်းပေးမည့်“စုံစုံလင်လင်” ပက်ကေ့ချ်တွင် Viber ဝန်ဆောင်မှုကို ထပ်မံမိတ်ဆက်

၂၀၂၁ ခုနှစ် မေလ ၁၅ ရက်နေ့မှစ၍ စုံစုံလင်လင် ပက်ကေ့ချ်များ ရောင်းချခြင်းကို ရပ်ဆိုင်းထားပြီးဖြစ်ကြောင်း အသိပေးအပ်ပါသည်။

သုံးစွဲသူများသည် အစုံသုံးနိုင်သည့် စုံစုံလင်လင်ပက်ကေ့ချ်ကို တစ်ရက်လျှင် ၁၆၇ ကျပ်ဖြင့် ရက် ၃၀ သက်တမ်းဖြင့် အသုံးပြုနိုင်ပြီး ပက်ကေ့ချ်တစ်ခုတည်းဖြင့် သုံးစွဲသူတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်တော့မည်ဖြစ်သည်။

(ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၈ ရက်) – မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သော MPT သည် သုံးစွဲသူများအတွက် လူကြိုက်များသော “ စုံစုံလင်လင်” ပက်ကေ့ချ်တွင် Viber ဝန်ဆောင်မှုကို ထည့်သွင်းမိတ်ဆက်ပေးလိုက်ပြီဖြစ်ကြောင်း ယနေ့သတင်းထုတ်ပြန်ကြေညာလိုက်သည်။ အဆိုပါ ပက်ကေ့ချ်ဖြင့် Facebook, Viber, Mobile Legends နှင့် JOOX ဒေတာများကို အကန့်အသတ်မရှိ စိတ်ကြိုက်အသုံးပြုနိုင်သည့်အပြင် အခြားအင်တာနက် အသုံးပြုမှုများ အားလုံးအတွက် ဒေတာ 2GB ၊ MPT ဖုန်းအချင်းချင်း အသင့်တော်ဆုံးနှုန်းထား ဖြစ်သည့် ၁ မိနစ်လျှင် ၅ ကျပ်ဖြင့် ဖုန်းခေါ်ဆိုခွင့်၊ ဖုန်းဘေလ် ၁,၀၀၀ကျပ် ပါရှိပြီးရက်ပေါင်း(၃၀)အသုံးပြုနိုင်မည်ဖြစ်သည်။

လက်ရှိ ကိုဗစ်-၁၉ ကူးစက်ရောဂါပြန့်ပွားနေသည့် အခြေအနေကြောင့် လူအများအပြား အိမ်တွင် နေထိုင်နေရသည့် ကာလတွင် MPT သုံးစွဲသူများအနေဖြင့် ၎င်းတို့၏ ချစ်ခင်သူများနှင့် အဆက်အသွယ်မပြတ် ရှိစေရန်၊ တန်ဖိုးရှိသော သတင်းများရရှိစေရန်၊ အွန်လိုင်းမှ သတင်းအချက်အလက်များရယူနိုင်ရန်နှင့် ဖျော်ဖြေရေးအစီအစဉ်များကို ကြည့်ရှုခံစားနိုင်ရန် “စုံစုံလင်လင်” ပက်ကေ့ချ်ကို အသုံးပြုနိုင်မည်ဖြစ်ပြီး အဆိုပါပက်ကေ့ချ်တွင် Viber ဝန်ဆောင်မှုကို ထပ်မံမိတ်ဆက်လိုက်ခြင်းဖြင့် သုံးစွဲသူများသည် လူမှုဆက်သွယ်ရေးဝန်ဆောင်မှုအတွက် မြန်မာနိုင်ငံတွင် လူသိများကျော်ကြားသော ထိပ်တန်းဝန်ဆောင်မှုများကို ခံစားနိုင်မည် ဖြစ်သည်။ “စုံစုံလင်လင်” ပက်ကေ့ချ် ၏ ပြီးပြည့်စုံသည့် အကျိုးကျေးဇူးခံစားခွင့်များမှာ-.

စျေးနှုန်း (ကုန်သွယ်ခွန်
ပါဝင်ပြီး)
ခံစားခွင့်များသက်တမ်းဝယ်ယူရန်
၄,၉၈၈ ကျပ်• အကန့်အသတ်မရှိ ဒေတာ (Facebook, Mobile Legends, JOOX , Viber )
• 2GB (အင်တာနက်အသုံးပြုမှုအားလုံးအတွက်)
• MPT ဖုန်းအချင်းချင်းခေါ်ဆိုခွင့် [၁ မိနစ် ၅ ကျပ်]
• ဖုန်းဘေလ် ၁၀၀၀ ကျပ်
၃၀ရက်MPT4U app
*4998#

ထပ်မံဖြည့်စွက်ထားသော Viber ဝန်ဆောင်မှုကို “စုံစုံလင်လင်” ပက်ကေ့ချ် သုံးစွဲသူများအားလုံးသည် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၈ ရက်မှ စ၍ ဝယ်ယူအသုံးပြုနိုင်မည် ဖြစ်သည်။ ထို့အပြင် အဆိုပါ အစီအစဉ်သုံးစွဲသူများသည် ပုံမှန်ခံစားခွင့်များအတွက်ကျသင့်မည့်တန်ဖိုး ၉,၉၉၆ ကျပ်အစား ထက်ဝက်တန်ဖိုး (၅၀% လျော့စျေး) ၄,၉၉၈ ကျပ်ဖြင့် ရက်ပေါင်း ၃၀ အသုံးပြုနိုင်သည့် အကျိုးခံစားခွင့်များ အားလုံးကို ရရှိနိုင်ပါသည်။ “စုံစုံလင်လင်” ပက်ကေ့ချ်သည် သုံးစွဲသူများအတွက် ကုန်ကျစရိတ် ၅၀% သက်သာစွာဖြင့် ပိုမိုကောင်းမွန်သည့်အကျိုးကျေးဇူးရရှိနိုင်သည့် အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်သည်။

MPT-KSGM JO ၏ စီးပွားရေးဆိုင်ရာဌာနကြီးမှ အရာရှိချုပ်ဖြစ်သူ Mr. Tetsunori Nagashima က “Viber ကို ထပ်မံထည့်စွက်ပေးခြင်းဟာ ကျွန်တော်တို့အတွက် အလွန်ပဲအရေးကြီးပါတယ် ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ဟာ သုံးစွဲသူတွေရဲ့ လိုအပ်ချက်တွေ ၊တုံ့ပြန်မှုတွေကို အစဉ်အမြဲ အလေးထားတဲ့အတွက် ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ MPT သုံးစွဲသူတွေကို ရှေ့ဆက်ပြီးမတူကွဲပြားတဲ့ ဆန်းသစ်တီထွင်မှုတွေကို စဉ်ဆက်မပြတ် ပေးစွမ်းနိုင်စေဖို့ဆောင်ရွက်လျက်ရှိနေပါတယ်၊၊ အခုလို ကိုဗစ်-၁၉ ဖြစ်ပွားနေတဲ့ အခက်အခဲကာလ အတွင်းမှာလည်း သုံးစွဲသူပြည်သူတွေနဲ့အတူ အမြဲရပ်တည်သွားမှာဖြစ်ပြီး “မြန်မာပြည်နှင့်အတူရှိနေမည်” ဆိုတဲ့ ကတိကဝတ်အတိုင်း ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ အစိုးရနဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေချမှတ်ထားတဲ့ လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုစံချိန်စံညွှန်းတွေကို လူတိုင်းလိုက်နာပြီး ဘေးကင်းကြစေဖို့ဆန္ဒပြုပါတယ်၊၊” ဟု ပြောကြားခဲ့သည်။

သုံးစွဲသူများအနေဖြင့် Facebook (ပြင်ပ links များမပါဝင်) အသုံးပြုခြင်း၊ Facebook Messenger (Voice, Video calls များမပါဝင်) အသုံးပြုခြင်း၊ Mobile Legends (ဂိမ်းအတွင်း Streaming ပြုလုပ်/ ကြည့်ရှုခြင်း၊ ဂိမ်းအတွင်း ဆက်သွယ်ပြောဆိုခြင်းများ မပါဝင်) ဂိမ်းကစားနိုင်ခြင်း သို့မဟုတ် JOOX Music မှ နောက်ဆုံး ထွက်ရှိသည့် သီချင်းများကို နားဆင်ခြင်းတို့နှင်အတူ Viber Message အသုံးပြုခြင်းတို့ကို အကန့်အသတ်မရှိ စိတ်ကြိုက်ရယူခံစားနိုင်ပါသည်။ အပိုဆုလက်ဆောင် ရရှိသည့် 2GB ဒေတာကို အင်တာနက်အသုံးပြုမှုအားလုံးအတွက် အသုံးပြုနိုင် မည်ဖြစ်သည့် အပြင် သုံးစွဲသူများသည် ကြိုက်နှစ်သက်ရာ သုံးနိုင်သည့် ဖုန်းဘေလ် ၁,၀၀၀ ကျပ်ကို ရရှိခံစားနိုင်ပြီး MPT အချင်းချင်း သက်သာသောနှုန်းထားဖြင့် ဖုန်းခေါ်ဆိုခွင့်များဖြင့် မိမိ၏ ချစ်ခင်သူများနှင့် အဆက်အသွယ် ပြုလုပ်နိုင်မည်ဖြစ်သည်။ ပြင်ပလင့်ခ်များသို့ဝင်ရောက်ခြင်း၊ Voice/Video Calls များခေါ်ဆိုခြင်း နှင့် ဂိမ်းအတွင်း Streaming ပြုလုပ်/ ကြည့်ရှုခြင်း၊ ဂိမ်းအတွင်းဆက်သွယ်ပြောဆိုခြင်းနှင့် ဂိမ်းကစားခြင်းအတွက်မဟုတ်သည့် အခြားအသုံးပြုမှုများ အတွက် ဝယ်ယူထားသော Data Pack (သို့မဟုတ်) Pay-As-You-Go နှုန်းထားဖြင့် ကောက်ခံသွားမည်ဖြစ်သည်။

ဆွေသဟာ/ရှယ်ပြော/ရွှေစကား အစီအစဉ် ရယူထားသော MPT GSM/WCDMA prepaid စနစ် သုံးစွဲသူများအနေဖြင့် “စုံစုံလင်လင်” ပက်ကေ့ချ်ကို MPT4U App မှတစ်ဆင့် (သို့မဟုတ်) *4998# သို့ခေါ်ဆိုပြီး ရယူအသုံးပြုနိုင်မည်ဖြစ်သည်။

MPT သုံးစွဲသူများအားလုံးသည် နေအိမ်တွင်ပင် အဆင်ပြေလွယ်ကူစွာဖြင့် မိုဘိုင်းလ်ဖုန်းထဲရှိ MPT4U Appသို့ ဝင်ရောက်၍ ၎င်းတို့၏အကောင့်များကို စီမံခန့်ခွဲနိုင်ပါသည်။ ဝန်ဆောင်မှုများအကြောင်း ပိုမိုသိရှိလိုပါက ၁၀၆ သို့ ခေါ်ဆို၍သော်လည်းကောင်း၊ MPT ၏ တရားဝင် ဖေ့စ်ဘွတ်ခ် စာမျက်နှာ https://www.facebook.com/mptofficialpage/ သို့မဟုတ် MPT ၏ တရားဝင် ဝက်ဘ်ဆိုက် www.mpt.com.mm သို့ ဝင်ရောက်ကြည့်ရှုနိုင်သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ရန်ကုန်မြို့ တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း (၁) ဦး ၌ COVID-19 ထပ်မံ စစ်ဆေးတွေ့ရှိရကြောင်း အသိပေးခြင်း

 

(ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၇ ရက်)

ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ် ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မောင်ထော်လေးရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း (၁)ဦး ၌ COVID- 19 ရောဂါပိုး ထပ်မံ စစ်ဆေး တွေ့ရှိရကြောင်း နှင့် ယခုစစ်ဆေးတွေ့ရှိခဲ့သည့် ဝန်ထမ်းသည် သုံးစွဲသူများနှင့် တိုက်ရိုက်ထိတွေ့ခဲ့ခြင်းမရှိဘဲ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၇ ရက်တွင် ဆေးကုသမှု ခံယူနေပြီ ဖြစ်ကြောင်း MPT က အတည်ပြု ထုတ်ပြန်လိုက်ပါသည်။

အောက်တိုဘာလ ၇ ရက်အထိ MPT လုပ်ငန်းခွင်အတွင်းရှိ ဝန်ထမ်း စုစုပေါင်း ၂၇ ဦးမှာ ကိုဗစ်- ၁၉ ရောဂါပိုး ကူးစက်ခံရသူအဖြစ်ဓာတ်ခွဲအတည်ပြုခဲ့ပြီး ယခင်က ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူများအနက် ဝန်ထမ်း ၉ ဦး မှာ ဆေးရုံမှဆင်းခွင့် ရရှိခဲ့ပြီး ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီဖြစ်ပါသည်။

ရောဂါပိုးတွေ့ရှိရသူဝန်ထမ်းနှင့် အတူတကွ တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများ၊ အနီးကပ်ထိတွေ့မှုရှိသူ ဝန်ထမ်းများကို အလုပ်ခွင်တွင် အချိန်မည်မျှကြာကြာအတူတကွ အလုပ်လုပ်ခဲ့သည်ဖြစ်စေ နောက်ဆုံး ထိတွေ့ခဲ့သည့်ရက်မှစ၍ ၁၄ ရက်တိတိ အသွားအလာ ကန့်သတ်မှု ဆောင်ရွက်လျက်ရှိပါသည်။ မိမိတို့အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ နှင့်အညီလိုက်နာကာ အဆိုပါဝန်ထမ်းနှင့် အနီးကပ်ထိတွေ့မှုရှိသည့် ဝန်ထမ်းများစာရင်းကို ပြုစုပြီး အဆိုပါ မောင်ထော်လေးရုံးကိုလည်း ပိုးသတ်ဆေးဖြန်းခြင်းကို ဆောင်ရွက်ထားရှိပြီးဖြစ်ပါသည်။

မိမိတို့အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း လုပ်ငန်းအတွင်းနှင့် လုပ်ငန်းပြင်ပသို့ ရောဂါပိုးပျံ့နှံ့ကူးစက်မှု မရှိစေရန်အတွက် အကောင်းဆုံး ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်သည့်အပြင် အခုလို COVID-19 ကူးစက်မှုအရေးပေါ် အခြေအနေတွင် မြန်မာပြည်သူများအတွက် အရေးပါသော အခန်းကဏ္ဍဖြစ်သည့် ဆက်သွယ်ရေးဝန်ဆောင်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးကိုလည်း ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

ယခုလိုဖြစ်ရပ်များအတွက် မိမိတို့၏ ဝန်ဆောင်မှုကိုသုံးစွဲသူများနှင့် စီးပွားဖက်လုပ်ငန်းများတွင် အဆင်မပြေမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက်လည်း တောင်းပန်မှုပြုကာ နားလည်ပေးမှုအတွက် ကျေးဇူးတင်ရှိပါသည်။

ရန်ကုန်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း (၅) ဦး ၌ COVID-19 ထပ်မံ စစ်ဆေးတွေ့ရှိရကြောင်း အသိပေးခြင်း

(ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၅ ရက်)

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း (၄)ဦးနှင့် ပန်းဘဲတန်းမြို့နယ်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း (၁)ဦး ၌ COVID-19 ရောဂါပိုး ထပ်မံ စစ်ဆေး တွေ့ရှိရကြောင်း နှင့် ယခုစစ်ဆေးတွေ့ရှိခဲ့သည့် ဝန်ထမ်း (၅) ဦးသည် Facility Quarantine ဝင်ထားသူဖြစ်သောကြာင့် သုံးစွဲသူများနှင့် တိုက်ရိုက်ထိတွေ့ခဲ့ခြင်းမရှိကြောင်း MPT က အတည်ပြု ထုတ်ပြန်လိုက်ပါသည်။

အောက်တိုဘာလ ၅ ရက်အထိ MPT လုပ်ငန်းခွင်အတွင်းရှိ ဝန်ထမ်း စုစုပေါင်း ၂၅ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူအဖြစ်ဓာတ်ခွဲအတည်ပြုခဲ့ပြီး ယခင်က ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူများအနက် ဝန်ထမ်း ၉ ဦး မှာ ဆေးရုံမှဆင်းခွင့် ရရှိခဲ့ပြီး ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီဖြစ်ပါသည်။

ယခုလို ကိုဗစ်- ၁၉ ရောဂါပိုး ထပ်မံတွေ့ရှိရသည့် ဖြစ်ရပ်အတွက် မိမိတို့အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန နှင့် တာဝန်ရှိသူများ၏ ညွှန်ကြားချက်များအတိုင်း လျင်လျင်မြန်မြန် ထိထိရောက်ရောက် လိုက်နာ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

မိမိတို့အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း လုပ်ငန်းအတွင်းနှင့် လုပ်ငန်းပြင်ပသို့ ရောဂါပိုးပျံ့နှံ့ကူးစက်မှု မရှိစေရန်အတွက် အကောင်းဆုံး ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်သည့်အပြင် အခုလို COVID-19 ကူးစက်မှုအရေးပေါ် အခြေအနေတွင် မြန်မာပြည်သူများအတွက် အရေးပါသော အခန်းကဏ္ဍဖြစ်သည့် ဆက်သွယ်ရေးဝန်ဆောင်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးကိုလည်း ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

ယခုလိုဖြစ်ရပ်များအတွက် မိမိတို့၏ ဝန်ဆောင်မှုကိုသုံးစွဲသူများနှင့် စီးပွားဖက်လုပ်ငန်းများတွင် အဆင်မပြေမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက်လည်း တောင်းပန်မှုပြုကာ နားလည်ပေးမှုအတွက် ကျေးဇူးတင်ရှိပါသည်။

COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များတွင် အထောက်အပံ့ပြုလှူဒါန်းလိုသူ MPT သုံးစွဲသူများအနေဖြင့် SMS မှတစ်ဆင့် လှူဒါန်းနိုင်မည့် အစီအစဉ်ကို MPT မှ ပြန်လည်ဖွင့်လှစ်

COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များတွင် အထောက်အပံ့ပြုလှူဒါန်းလိုသူ MPT သုံးစွဲသူများအနေဖြင့်
SMS မှတစ်ဆင့် လှူဒါန်းနိုင်မည့် အစီအစဉ်ကို MPT မှ ပြန်လည်ဖွင့်လှစ်

(ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၃ ရက်) – မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဉီးဆောင်ဆက်သွယ်ရေး အော်ပရေတာ ဖြစ်သည့် MPT က မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါ ကူးစက်မှု အရှိန်အဟုန် မြင့်တက်နေခြင်းနှင့်အတူ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အထောက်အပံ့ပြု လှူဒါန်းလိုသူ MPT သုံးစွဲသူ ပြည်သူများအနေဖြင့် SMS (စာတို) ပေးပို့ခြင်းမှတစ်ဆင့် လှူဒါန်းနိုင်မည့် အစီအစဉ်ကို အောက်တိုဘာလ (၃) ရက်နေ့မှ စတင်၍ ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ပါသည်၊၊ ယခုအစီအစဉ်ကို COVID-19 ပထမလှိုင်းဖြစ်ပွားစဉ် ကာလအတွင်း COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များတွင် အထောက်အပံ့ပြုနိုင်စေရန် ရည်ရွယ်၍ လွန်ခဲ့သည့် ဧပြီလမှ မေလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ ပြီး ရရှိခဲ့သည့် လှူဒါန်းငွေများအားလုံးကို Corona Virus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီသို့ လွှဲပြောင်းလှူဒါန်းခဲ့ပြီးဖြစ်ပါသည်၊၊

ယခု အစီအစဥ်တွင် ပါဝင်လှူဒါန်းလိုသူ MPTသုံးစွဲသူ ပြည်သူများအနေဖြင့် 9900 သို့ 500 ဟုရိုက်နှိပ်ပြီး SMS(စာတို) ပေးပို့ခြင်းဖြင့် တစ်ကြိမ်လျှင် အလှူငွေကျပ် ၅၀၀ ကို အကြိမ်အရေအတွက် ကန့်သတ်ထားခြင်းမရှိဘဲ မိမိတို့ ဖုန်းဘေလ်ရှိသလောက် ပါဝင် လှူဒါန်းနိုင်မည်ဖြစ်ကာ မည်သည့်ဝန်ဆောင်ခမျှကျသင့်ခြင်းမရှိပါ၊၊ GSM/WCDMA စနစ်ကို အသုံးပြုသည့် ကြိုတင်ငွေဖြည့်စနစ်ကို သုံးစွဲသူ ဖြစ်စေ၊ အသုံးပြုပြီးမှ ငွေပေးချေသည့်စနစ်ကို သုံးစွဲသူဖြစ်စေ မည်သူမဆို ပါဝင်လှူဒါန်းနိုင်ပါသည်၊၊ အသုံးပြုပြီးမှ ငွေပေးချေသည့်စနစ်ကို သုံးစွဲသူများအတွက် လှူဒါန်းလိုက်သည့် ငွေပမာဏကို ငွေတောင်းခံလွှာတွင် ထည့်သွင်း ကောက်ခံသွားမည် ဖြစ်ပြီး ကြိုတင်ငွေဖြည့်စနစ် အသုံးပြုသူများအတွက်မူ ငွေဖြည့်သွင်းထားသည့် ပမာဏထဲမှနုတ်ယူသွားမည်ဖြစ်ပါသည်၊၊

“မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေနဲ့ မြန်မာနိုင်ငံမှာ COVID-19 ရောဂါ စတင်ဖြစ်ပွားချိန်ကစပြီး အများပြည်သူတွေကို ဆက်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုတွေ အဆက်မပြတ်ပေးအပ်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက် နိုင်ခဲ့ရုံသာမက COVID-19 ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်တွေမှာလည်း အကူအညီ ဖြစ်စေဖို့အတွက် လိုအပ်တဲ့လှူဒါန်းမှုတွေနဲ့ ဆက်သွယ်ရေးဆိုင်ရာ အထောက်အပံ့ တွေကို ဆောင်ရွက် ပေးခဲ့ပါတယ်။ COVID-19 ပထမလှိုင်းအတွင်း SMS (စာတို) ပေးပို့လှူဒါန်းခြင်းအစီအစဉ် ကနေ MPTသုံးစွဲသူများရဲ့ လှူဒါန်းငွေကျပ်သိန်း ၂၀၀ ကျော်ကိုလည်း COVID-19 အမျိုးသားအဆင့်ဗဟိုကော်မတီကို အောင်မြင်စွာ လွှဲပြောင်း လှူဒါန်းနိုင်ခဲ့ပြီး ဖြစ်ပါတယ်၊၊ ဒါ့အပြင် MPT အနေနဲ့ ငွေကျပ် သိန်း(၁,၀၀၀) ကို လည်းထပ်မံလှူဒါန်း နိုင်ခဲ့ပါတယ်။ အခုလို ကူးစက်ပျံ့ပွားမှု ပြန်လည်မြင့်တက် လာချိန်မှာ MPT သုံးစွဲသူအများပြည်သူတွေအဖို့ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်တွေမှာ တစ်တပ်တစ်အားပါဝင်လှူဒါန်းနိုင်ဖို့အတွက် အခုလို SMS စနစ်နဲ့ လှူဒါန်းနိုင်မယ့် အစီအစဥ်ကို ပြန်လည်ဖွင့်လှစ်ပေးလိုက်တာဖြစ်ပါတယ်၊၊” ဟု MPT-KSGM Joint Operations မှ လုပ်ငန်းလည်ပတ်မှုဌာနကြီး၏ ဒုတိယ အရာရှိချုပ် ဖြစ်သူ ဉီးမျိုးသန်းက ပြောကြားခဲ့ပါသည်၊၊

တာဝန်သိပြည်တွင်းဆက်သွယ်ရေး အော်ပရေတာတစ်ခုဖြစ်သည့် MPT သည် “မြန်မာပြည်နှင့်အတူ ရှိနေမည်” ဟူသည့်ဆောင်ပုဒ်နှင့်အညီနိုင်ငံတစ်ဝန်း COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များတွင် ဘက်ပေါင်းစုံမှ ဆက်လက်ကာ ကူညီပံ့ပိုးလျက်ရှိပါသည်၊၊ ဆက်သွယ်ရေးဆိုင်ရာကူညီထောက်ပံ့မှုများအဖြစ် ဖိုင်ဘာအင်တာနက် ချိတ်ဆက်ပေးခြင်း၊ အော်တိုတယ်လီဖုန်းလိုင်းများ တပ်ဆင်ပေးခြင်း ၊ဆင်းမ်ကတ်နှင့် ငွေဖြည့်ကတ်များလှူဒါန်းခြင်း၊ သုံးစွဲသူပြည်သူများသို့ နှာခေါင်းစည်းလှူဒါန်းခြင်းနှင့် နိုင်ငံတစ်ဝန်းရှိ မိဘမဲ့ဂေဟာများသို့ အခြေခံစားသောက်ကုန် လှူဒါန်းခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပါသည်။

ထို့အပြင် မကြာသေးမီကလည်း ဖောင်ကြီး COVID-19 ကုသရေးစင်တာအတွက် လိုအပ်သော မြန်နှုန်းမြင့် ဖိုင်ဘာအင်တာနက်လိုင်းများ တိုးချဲ့ ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါသည်၊၊ အလားတူပင် ဧရာဝတီဖောင်ဒေးရှင်းနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန တို့ပူးပေါင်းဆောင်ရွက်ထားသော COVID-19 အရေးပေါ် ကုသရေးဌာန ဧရာဝတီစင်တာ (သုဝဏ္ဏ) တွင် အင်တာနက် ရရှိ အသုံးပြုနိုင်ရန် လိုအပ်သော ဆက်သွယ်ရေးဆိုင်ရာ ကူညီထောက်ပံ့မှုများအဖြစ် မြန်နှုန်းမြင့် ဖိုင်ဘာအင်တာနက်လိုင်းများ၊ ဝိုင်ဖိုင် နှင့်ဆက်စပ် ပစ္စည်းများ ကို ထောက်ပံ့ ဆောင်ရွက် လျက်ရှိပါသည်၊၊

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT မှ COVID-19 ကာကွယ်၊ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များအတွက် ဆောင်ရွက်ပေးနေသည်များနှင့် MPT ၏ လူမှုအကျိုးပြုလုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ အသေးစိတ် သိရှိလိုပါက https://www.mpt.com.mm/mm သို့မဟုတ် MPT ၏ တရားဝင်လူမှုကွန်ရက်စာမျက်နှာဖြစ်သော https://web.facebook.com/mptofficialpage နှင့် MPT ၏ လိုတရ စာမျက်နှာ http://mptcsr.foc.lotayamm.com/mptyouth တို့တွင်ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။

ရန်ကုန်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း (၂) ဦး ၌ COVID-19 ထပ်မံ စစ်ဆေးတွေ့ရှိရကြောင်း အသိပေးခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်း မြို့နယ်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း (၁) ဦးနှင့် MPT ဒလအိတ်ချိန်းရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း (၁) ဦး၌ COVID-19 ရောဂါပိုး ထပ်မံ စစ်ဆေး တွေ့ရှိရကြောင်း နှင့် ယခုစစ်ဆေးတွေ့ရှိခဲ့သည့် ဝန်ထမ်း (၂) ဦးသည် Facility Quarantine ဝင်ထားသူများဖြစ်သောကြောင့် သုံးစွဲသူများနှင့် တိုက်ရိုက်ထိတွေ့ခဲ့ခြင်းမရှိကြောင်း MPT က အတည်ပြု ထုတ်ပြန် လိုက်ပါသည်။

အောက်တိုဘာလ ၂ ရက်အထိ MPT လုပ်ငန်းခွင်အတွင်းရှိ ဝန်ထမ်း စုစုပေါင်း ၂၀ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူအဖြစ်ဓာတ်ခွဲအတည်ပြုခဲ့ပြီး ယခင်က ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူများအနက် ဝန်ထမ်း ၈ ဦး မှာ ဆေးရုံမှဆင်းခွင့် ရရှိခဲ့ပြီး ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီဖြစ်ပါသည်။

ယခုလို ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိရသည့် ဖြစ်ရပ်အတွက် မိမိတို့အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန နှင့် တာဝန်ရှိသူများ၏ ညွှန်ကြားချက်များအတိုင်း လျင်လျင်မြန်မြန် ထိထိရောက်ရောက် လိုက်နာ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

မိမိတို့အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း လုပ်ငန်းအတွင်းနှင့် လုပ်ငန်းပြင်ပသို့ ရောဂါပိုးပျံ့နှံ့ကူးစက်မှု မရှိစေရန်အတွက် အကောင်းဆုံး ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်သည့်အပြင် အခုလို COVID-19 ကူးစက်မှုအရေးပေါ် အခြေအနေတွင် မြန်မာပြည်သူများအတွက် အရေးပါသော အခန်းကဏ္ဍဖြစ်သည့် ဆက်သွယ်ရေးဝန်ဆောင်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးကိုလည်း ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

ယခုလိုဖြစ်ရပ်များအတွက် မိမိတို့၏ ဝန်ဆောင်မှုကိုသုံးစွဲသူများနှင့် စီးပွားဖက်လုပ်ငန်းများတွင် အဆင်မပြေမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက်လည်း တောင်းပန်မှုပြုကာ နားလည်ပေးမှုအတွက် ကျေးဇူးတင်ရှိပါသည်။

MPT Money မှတစ်ဆင့် MPT Postpaid နှင့် FTTH ဘေလ်ပေးချေမှုများအား အဆင်ပြေလွယ်ကူစွာဖြင့် ဆောင်ရွက်နိုင်တော့မည်

(MPT Money ကို ဒီဂျစ်တယ်ငွေပေးချေမှု ဝန်ဆောင်မှုတစ်ရပ်အဖြစ် အသုံးပြုခြင်းဖြင့်
MPT သုံးစွဲသူများသည် မိမိတို့နေအိမ်မှ ဘေလ်ပေးချေမှုများကို လုံခြုံစိတ်ချ လျင်မြန်ချောမွေ့စွာဖြင့် ပေးချေနိုင်မည်။)

(ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂ ရက်) – မြန်မာနိုင်ငံ၏ အယုံကြည်ရဆုံး ဒီဂျစ်တယ်ငွေကြေး ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်သည့် MPT Money သည် လတ်တလော ကိုရိုနာဗိုင်းရပ်စ်(COVID-19)ရောဂါ ပြန့်ပွားနေမှုများကို ကာကွယ်တားဆီးနိုင်ရန်အတွက် အထူးသဖြင့် လက်ရှိမိမိတို့နေအိမ်တွင် နေထိုင်ရစဉ် ကာလအတွင်း MPT Postpaid ဝန်ဆောင်မှုနှင့် ဖိုင်ဘာအင်တာနက် (FTTH) သုံးစွဲသူများအားလုံးအတွက် ဘေလ်ပေးချေမှုများအား အချိန်မီ ပေးသွင်းနိုင်ရန် ပိုမိုအဆင်ပြေလွယ်ကူစွာဖြင့် လုံခြုံစိတ်ချရသည့် ဒီဂျစ်တယ်ငွေပေးချေမှု ဝန်ဆောင်မှုအသစ်အား မိတ်ဆက်ခဲ့သည်။
ပိုမိုအဆင်ပြေ လွယ်ကူသော ဘေလ်ပေးချေမှုဝန်ဆောင်မှုအသစ်သည် လစဉ်ကျသင့်ငွေတောင်းခံလွှာနှင့် ကနဦး One-Time Invoice (OTI) ငွေတောင်းခံလွှာများ ရရှိထားသော MPT ၏ Postpaid ဝန်ဆောင်မှုများ (PSTN, GSM, CDMA, ADSL, IP Star) နှင့် ဖိုင်ဘာအင်တာနက် (FTTH) သုံးစွဲသူများအတွက် ထပ်ဆောင်းအပိုကုန်ကျမှုမရှိဘဲ MPT Money မှတစ်ဆင့် ငွေတောင်းခံလွှာများကို အဆင်ပြေ ချောမွေ့စွာ ပေးဆောင်နိုင်ခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိခံစားနိုင်ပါသည်။ ထို့အပြင် MPT သုံးစွဲသူများ သည် MPT Money မှတစ်ဆင့် ဘေလ်ပေးချေမှုအတွက် ၁,၀၀၀ ကျပ် အပိုဆုလက်ဆောင် ရရှိမည်ဖြစ်သည်။
MPT Money ကုမ္ပဏီလီမိတက်၏ အုပ်ချုပ်မှုဒါရိုက်တာဖြစ်သူ ဦးခင်မောင်မြင့်က “ MPT Money အနေနဲ့ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေကို ရိုးရှင်းလွယ်ကူပြီး လုံခြုံစိတ်ချရတဲ့ ဒီဂျစ်တယ်ငွေပေးချေမှု ဝန်ဆောင်မှုနဲ့ သုံးစွဲသူတွေရဲ့ ဒီဂျစ်တယ်လူမှုဘဝ တိုးတက်စေဖို့သာမက အခုလို ကိုဗစ်-၁၉‌ ကပ်ရောဂါကြောင့် အခက်အခဲစိန်ခေါ်မှုတွေနဲ့ ကြုံတွေ့နေရတဲ့အချိန်မှာ MPT Money သုံးစွဲသူတွေကို မရှိမဖြစ်လိုအပ်တဲ့ ဝန်ဆောင်မှုတွေ ပေးအပ်နိုင်ဖို့ အားသွန်ခွန်စိုက် အလေးအနက်ထား လုပ်ဆောင်နေပါတယ်။ ယခုကျွန်တော် တို့ရဲ့ ဝန်ဆောင်မှုအသစ်ကြောင့် MPT ရဲ့ Postpaid ဝန်ဆောင်မှု၊ ဖိုင်ဘာအင်တာနက် (FTTH) သုံးစွဲသူတွေ အနေနဲ့ MPT Money ကို အသုံးပြုပြီးတော့ နေအိမ်ကနေပဲ သက်သောင့်သက်သာ အဆင်ပြေလွယ်ကူစွာနဲ့ ဘေလ်ပေးချေနိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုတွေက မြန်မာပြည်သူ ပြည်သား တွေအားလုံး မိမိတို့အိမ်မှာပဲနေရမယ့် အခုလို အချိန်အတွင်းမှာ သုံးစွဲသူတွေရဲ့ ငွေကြေးကိစ္စရပ်တွေကို အဆင်ပြေပြေ ပိုမိုကောင်းမွန်စွာနဲ့ လုံခြုံစိတ်ချစွာ စီမံခန့်ခွဲနိုင်မှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
MPT သုံးစွဲသူများသည် ဒီဂျစ်တယ်ဘေလ်ပေးချေမှု ဝန်ဆောင်မှုအသစ်ကို အသုံးပြုနိုင်ရန်အတွက် MPT Money ဖြင့် မှတ်ပုံတင်ရန် လိုအပ်ပါသည်။ သုံးစွဲသူများထံသို့ ငွေပေးချေမှုလုပ်ငန်းစဉ် ဆောင်ရွက်နေစဉ် အတွင်း အသုံးပြုပုံများပြသပေးသွားမည်ဖြစ်ပြီး ငွေပေးချေမှုအား အောင်မြင်စွာ လုပ်ဆောင်ပြီးစီးပါက အကြောင်းကြား စာ ချက်ချင်းပေးပို့ပေးခြင်းနှင့် SMS အတည်ပြုချက်များကို ရရှိနိုင်မည် ဖြစ်သည်။
MPT Money အက်ပလီကေးရှင်းကို မည်သည့်မိုဘိုင်းလ်ကွန်ရက်ဖြင့်မဆို အသုံးပြုနိုင်ပါသည်။ Android အသုံးပြုသူများအနေဖြင့် MPT Money အက်ပလီကေးရှင်းကို http://bit.ly/MPTMoneyAndroid နှင့် iOS အသုံးပြုသူများအနေဖြင့် http://bit.ly/MPTMoney_iOS မှ ဒေါင်းလုတ်ရယူ၍ “ဒီဂျစ်တယ်ငွေပေးချေမှု” ဝန်ဆောင်မှုမှပေးသော စိတ်လှုပ်ရှားဖွယ်ကောင်းသည့် အကျိုးကျေးဇူးများကို ရရှိနိုင်ပါသည်။
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလတွင် ဒီဂျစ်တယ်ငွေကြေးစီးဆင်းမှုများလုပ်ဆောင်နိုင်ရန်၊ ဒီဂျစ်တယ် စနစ်သည် မြန်မာပြည်သူလူထု၏ မရှိမဖြစ်လိုအပ်သောအစိတ်အပိုင်းဖြစ်လာပြီး MPT Money သည် လွယ်ကူ ရိုးရှင်း၊ စိတ်ချမှုရှိပြီး အဆင်ပြေသက်သာစေသည့် အချိန်နေရာမရွေးရရှိနိုင်သော ဒီဂျစ်တယ် ငွေကြေး ဝန်ဆောင်မှုပေးအပ်ခြင်းဖြင့် သုံးစွဲသူ အတွေ့အကြုံကောင်းများတိုးတက်လာစေရန်ရည်ရွယ်ပါသည်။ လူ အများစုသည် ကိုဗစ်-၁၉ အခြေအနေကြောင့် အိမ်တွင်နေရစဉ် MPT Money ၏ ဒီဂျစ်တယ် ငွေကြေးဝန်ဆောင်မှုများဖြစ်သော ငွေပေးချေမှုများ၊ လုပ်ခလစာနှင့် ပင်စင်ဝန်ဆောင်မှုများ၊ Mobile Wallet ဖြင့် ငွေပေးချေခြင်းများ၊ ငွေလွှဲ ငွေထုတ် ဝန်ဆောင်မှုများ၊ ငွေပေးချေမှုများနှင့် အွန်လိုင်းမှဖုန်းဘေလ်ဖြည့်ခြင်း၊ အင်တာနက်ပက်ကေ့ချ်များ ဝယ်ယူခြင်း၊ ကုန်စုံဆိုင်များတွင် ငွေပေးချေမှုများ ဆောင်ရွက်ခြင်း၊ MPT Money ကိုယ်စားလှယ်များထံတွင် ငွေသွင်းငွေထုတ် ဆောင်ရွက်ခြင်းနှင့်CB ဘဏ် ATM တွင်ငွေထုတ်ခြင်း၊ အစရှိသည်တို့အတွက် သုံးစွဲသူများလိုအပ်သောငွေကြေးများကို ချက်ချင်းလက်ငင်းရယူ သုံးစွဲခွင့်ပြုထားပြီး သုံးစွဲသူတို့ကိုယ်တိုင် လုံခြုံစိတ်ချစွာနှင့် အဆင်ပြေလွယ်ကူစွာစီမံခွင့်ကိုပေးအပ် ထားသည်။
MPT သုံးစွဲသူများ MPT Money မှတစ်ဆင့် ပိုမိုအဆင်ပြေ လွယ်ကူစွာဖြင့် ဘေလ်ပေးချေမှုများ ပြုလုပ်နိုင်ရန် အတွက် MPT သုံးစွဲသူများမှာ မူလငွေတောင်းခံလွှာစာရွက်များအစား e-mail (သို့မဟုတ်) SMS မှတစ်ဆင့် သူတို့၏ လစဉ်ငွေတောင်းခံလွှာများကို ပေးဆောင်နိုင်သည့် ဆန်းသစ်တီထွင်ထားသော E-invoice စနစ်၏ အားသာချက်များကို ရယူအသုံးပြုနိုင်ပါသည်။ ဒီဂျစ်တယ်ငွေတောင်းခံလွှာများမှာ ပိုမိုအဆင်ပြေ ချောမွေ့ရုံသာမက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုလည်း အထောက်အကူ ပြုစေနိုင် သည်။
MPT သုံးစွဲသူများအနေဖြင့် E-invoice ဝန်ဆောင်မှုကို နီးစပ်ရာ MPT ရုံးများသို့ သွားရောက်ပြီး လွယ်ကူစွာ လျှောက်ထားနိုင်သလို၊ Call Center နံပါတ် (၁၀၆) သို့ ဖုန်းခေါ်ဆိုခြင်း (သို့မဟုတ်) အောက်ပါ အင်တာနက် စာမျက်နှာ https://www.mpt.com.mm/mm/e-invoice-registration-mm/ တွင် စာရင်းပေးသွင်းခြင်း တို့ဖြင့် လျှောက်ထားနိုင်ပါသည်။ စာရင်းပေးသွင်း လျှောက်ထားခြင်း အောင်မြင်ပါက သုံးစွဲသူများ အနေဖြင့် SMS (သို့) အီးမေးလ်ကို လက်ခံရရှိမည်ဖြစ်ပြီး မိမိနှစ်သက်ရာ E-invoice ပေးပို့မှုစနစ်ကို ရွေးချယ်အသုံးပြု နိုင်မည် ဖြစ်သည်။MPT Money ဝန်ဆောင်မှုများနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များ ပိုမိုသိရှိလိုပါက 990 သို့မဟုတ် 01 2323990 သို့ ဆက်သွယ်ခေါ်ဆိုခြင်း၊ www.mptmoney.com.mm (သို့မဟုတ်) MPT Money Official Facebook Page ဖြစ်သည့် www.facebook.com/MPTMoneyOfficial သို့လည်း ဝင်ရောက်ကြည့်ရှု နိုင်ပါသည်။

တန်ဖိုးထားလေးစားရပါသော MPT သုံးစွဲသူမိဘပြည်သူများခင်ဗျာ ?

တန်ဖိုးထားလေးစားရပါသော MPT သုံးစွဲသူမိဘပြည်သူများခင်ဗျာ

MPTနှင့် စာချုပ်ချုပ်ဆိုဆောင်ရွက်နေသည့် ကုမ္ပဏီ၏ စီမံခန့်ခွဲမှု အောက်တွင်ရှိသော ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်ရှိ ဝန်ထမ်း ၂ ဦး၌ COVID-19 ရောဂါကို စစ်ဆေးတွေ့ရှိကြောင်း ယမန်နေ့က သိရှိခဲ့ရပါသည်။

MPT အနေဖြင့် MPT ကိုယ်စား ဆက်သွယ်ရေးဝန်ဆောင်မှုများပေးနေသော အဆိုပါ ကုမ္ပဏီ၏ ဝန်ထမ်း (၂) ဦး ၌ COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိရမှုနှင့် ပတ်သက်၍ များစွာစိတ်မကောင်းဖြစ်မိပြီး အဆိုပါကိစ္စနှင့် စပ်လျဥ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန (MoHS) နှင့် သက်ဆိုင်ရာတာဝန်ရှိသူများ၏ ညွှန်ကြားချက်များနှင့်အညီ မိမိတို့မှ အပြည့်အဝလိုက်နာ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ မိမိတို့နှင့် စာချုပ်ချုပ်ဆို ဆောင်ရွက်နေသည့် ကုမ္ပဏီ၏ စီမံခန့်ခွဲမှု အောက်တွင်ရှိသော ဝန်ထမ်းနှင့် အတူတကွ တာဝန်ထမ်း ဆောင်နေသည့် ဝန်ထမ်း များ၊ တိုက်ရိုက်ထိတွေ့မှုရှိသူများအနေဖြင့် ရောဂါကူးစက်မှုကိုထိန်းချုပ်နိုင်စေရန်အတွက် သက်ဆိုင်ရာတာဝန်ရှိသူ များနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့၏ လမ်းညွှန်ချက်များအတိုင်း အသွားအလာ ကန့်သတ် ဆောင်ရွက်သွားရန်လည်း ညှိနှိုင်းဆောင်ရွက်ထားပြီး ဖြစ်ပါသည်။

မိမိတို့အနေဖြင့် MoHS ၏ လမ်းညွှန်ချက်များအတိုင်း လုပ်ငန်းအတွင်းနှင့် လုပ်ငန်းပြင်ပသို့ ရောဂါပိုးပျံ့နှံ့ကူးစက်မှု မရှိစေရန်အတွက် အကောင်းဆုံးဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ MPT ၏ သုံးစွဲသူများအနေဖြင့်လည်း MoHSမှ ချမှတ်ထားသော လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်၍ ကိုဗစ်-၁၉ ရောဂါပျံ့နှံ့မှုကို လျော့ချရန် အတူတကွ ပူးပေါင်းပါဝင်ပေး ကြပါရန်လည်း တိုက်တွန်းလိုက်ရပါသည်။

MPT သုံးစွဲသူများ၏ လိုအပ်ချက်များကို ဆက်လက် ဖြည့်ဆည်းပေးနိုင်ရန်အတွက် MPT အနေဖြင့် မိမိတို့ဝန်ထမ်းများ ၊ စီးပွားရေး မိတ်ဖက်အဖွဲ့အစည်းများနှင့် ဝန်ဆောင်မှုများ ပေးအပ်ခြင်း အတွက် ပံ့ပိုးဆောင်ရွက်သူများနှင့် အနီးကပ် ဆောင်ရွက်လျက်ရှိသည်။

ယခုလိုဖြစ်ရပ်များအတွက် မိမိတို့၏ ဝန်ဆောင်မှုကိုသုံးစွဲသူများနှင့် စီးပွားဖက်လုပ်ငန်းများတွင် အဆင်မပြေမှုများ ဖြစ်ပေါ်ခဲ့သည့် အတွက်လည်း တောင်းပန်မှုပြုကာ နားလည်ပေးမှုအတွက် ကျေးဇူးတင်ရှိပါသည်။