COVID-19 စစ်ဆေးတွေ့ရှိမှုအတွက် အသိပေးခြင်း

(ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၆ ရက်)

ဧရာဝတီတိုင်းဒေသကြီးရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း (၁)ဦး နှင့် ရန်ကုန်တိုင်းဒေသကြီးရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း (၂) ဦး စုစုပေါင်း ဝန်ထမ်း (၃)ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံ စစ်ဆေးတွေ့ရှိရကြောင်း နှင့် ယခုစစ်ဆေးတွေ့ရှိခဲ့သည့် အဆိုပါ ဝန်ထမ်း (၃)ဦး သည် သုံးစွဲသူများနှင့် တိုက်ရိုက်ထိတွေ့ခဲ့ခြင်းမရှိကြောင်း MPT က အတည်ပြု ထုတ်ပြန်လိုက်ပါသည်။

ယခုကဲ့သို့ ကိုဗစ်- ၁၉ ရောဂါပိုး ထပ်မံတွေ့ရှိရသည့် ဖြစ်ရပ်အတွက် မိမိတို့အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန နှင့် တာဝန်ရှိသူများ၏ ညွှန်ကြားချက်များအတိုင်း လျင်လျင်မြန်မြန် ထိထိရောက်ရောက် လိုက်နာဆောင်ရွက်လျက်ရှိပါသည်။

မိမိတို့အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း လုပ်ငန်းခွင်အတွင်းနှင့် လုပ်ငန်းခွင်ပြင်ပသို့ ရောဂါပိုးပျံ့နှံ့ကူးစက်မှု မရှိစေရန်အတွက် အကောင်းဆုံး ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်သည့်အပြင် ယခုကဲ့သို့ ကိုဗစ်-၁၉ ကူးစက်မှု အရေးပေါ် အခြေအနေတွင် မြန်မာပြည်သူများအတွက် အရေးပါသော အခန်းကဏ္ဍဖြစ်သည့် ဆက်သွယ်ရေးဝန်ဆောင်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးကိုလည်း လုပ်ဆောင်သွားမည် ဖြစ်ပါသည်။

ယခုကဲ့သို့ ဖြစ်ရပ်များအတွက် အဆင်မပြေမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက်လည်း တောင်းပန်မှုပြုကာ နားလည်ပေးမှုအတွက် ကျေးဇူးတင်ရှိပါသည်။

The Voice Myanmar Season 3 ပရိသတ်များအနေဖြင့် မိမိတို့ကြိုက်နှစ်သက်သော ပြိုင်ပွဲဝင်များကို အနိုင်ရရှိသူဖြစ်လာစေရန် ပံ့ပိုးကူညီနိုင်တော့မည်

(ပရိသတ်များက မိမိတို့ ကြိုက်နှစ်သက်သည့် ပြိုင်ပွဲဝင်များကို Online Portal နှင့်
SMS မဲပေးစနစ်များမှ တစ်ဆင့် မဲပေးနိုင်ပြီ)

(ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၆ ရက်) – မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သော MPT သည် “The Voice Myanmar Season 3” ၏ Official Telecom Partner အနေဖြင့် ကူညီပံ့ပိုးလျက်ရှိပါသည်။ လူကြည့်အများဆုံးနှင့် ထင်ရှားကျော်ကြားဆုံး သီချင်းဆိုပြိုင်ပွဲ၏ Official Telecom Partner အနေဖြင့် လူငယ်အဆိုပါရမီရှင်များကို ရှာဖွေဖော်ထုတ်ပေးပြီး အနာဂတ်တွင် မြန်မာနိုင်ငံ၏ ထိပ်တန်းအနုပညာရှင် ကြယ်ပွင့်များအဖြစ် အောင်မြင်လာစေရန် ပံ့ပိုးပေးရာ၌ MPT က အခွင့်အလမ်းကောင်း တစ်ရပ်အဖြစ် ကူညီ ဖန်တီးပေးရန်ရည်ရွယ်ပါသည်။
The Voice Myanmar သည် မြန်မာ့ဂီတဝါသနာရှင်များနှင့် ကာလရှည်ကြာပါဝင်ရပ်တည်ခဲ့သော မိတ်ဖက်များ အတွက် လူသိများထင်ရှားသောပြိုင်ပွဲတစ်ခုဖြစ်ကြောင်း သက်သေပြလျက်ရှိသည်။ လွန်ခဲ့သည့် ၂၀၁၈ ခုနှစ်ကပင် ပထမဆုံး အဖြစ် စတင်ခဲ့သည့် The Voice Myanmar အစီအစဉ်တွင် အရည်အချင်းရှိသည့် ယှဥ်ပြိုင်သူများစွာ အတွက် အခွင့်အလမ်းများ အဆင်ပြေပြေ ရရှိစေရမည်ဆိုသော ခံယူချက်ကို သက်သေထူသည့်အနေဖြင့် MPT က ယခုလို ခက်ခဲသော အချိန်များအတွင်း ကောင်းမွန်သော ဖျော်ဖြေမှုများဖြင့် မြန်မာပြည်သူတို့၏ စိတ်ခွန်အား မြှင့်တင်မှုတွင် ပါဝင်လိုက်ခြင်းပင်ဖြစ်ပါသည်။
The Voice Myanmar Season 3 ၏ ရင်ခုန်စိတ်လှုပ်ရှားစရာ Live Round ယှဉ်ပြိုင်မှုပွဲစဉ်သို့ ရောက်ရှိလာခြင်းနှင့်အတူ ပရိသတ်များအနေဖြင့် မိမိတို့ကြိုက်နှစ်သက်သည့်ပြိုင်ပွဲဝင်များကို အားပေးနိုင်စေရန် မဲပေးနိုင်သည့် နည်းလမ်းများကို MPT က မိတ်ဆက် လိုက်ပြီဖြစ်ပါသည်။ Live Round ယှဉ်ပြိုင်မှုပွဲစဉ်ကို MRTV-4 နှင့် MRTV-4 HD တို့တွင် တိုက်ရိုက်ထုတ်လွှင့်တင်ဆက်ပေးသွားမည် ဖြစ်ပြီး ဝါသနာရှင်ပြိုင်ပွဲဝင် ၁၆ ဦးအနေဖြင့် The Voice Myanmar Season 3 ၏ အနိုင်ရရှိသူ ဖြစ်လာစေရန် အကြိတ်အနယ် သီဆို ယှဉ်ပြိုင် ကြမည်ဖြစ်သည်။ The Voice Myanmar Season 3 တွင် အနိုင်ရရှိသူသည် ဆုကြေးငွေ ကျပ် သိန်း ၂၀၀ ၊ FG Entertainment နှင့် Solo album ထုတ်ခွင့်ရမည့်အပြင် အသစ်စက်စက် MG ( Morris Garages ) ကားကြီးကို ထိုက်ထိုက်တန်တန် ပိုင်ဆိုင်ခွင့်ရှိမည် ဖြစ်သည်။
MPT-KGSM Joint Operations မှ စီးပွားရေးဌာနကြီး၏ အရာရှိချုပ် ဖြစ်သူ Mr. Tetsunori Nagashima က “MPT သုံးစွဲသူတွေအနေနဲ့ “The Voice Myanmar Season 3” ကို ကြည့်ရှုအားပေးကြတဲ့အခါမှာ မိမိနှစ်သက် သဘောကျတဲ့ ပြိုင်ပွဲဝင်အတွက် အဆင်ပြေလွယ်ကူစွာနဲ့ စိတ်ကြိုက်မဲပေးနိုင်မယ့် မဲပေးစနစ်အသစ်ကို MPT က အခုလို မိတ်ဆက်ပေးနိုင်ခဲ့တဲ့အတွက် ဝမ်းသာကျေနပ်မိပါတယ်။ The Voice Myanmar သီချင်းဆိုပြိုင်ပွဲ အစီအစဉ်က မြန်မာပရိသတ်တွေကြားမှာ ပေါက်ရောက်အောင်မြင်ခဲ့တဲ့ ရေပန်းအစားဆုံး သီချင်းဆိုပြိုင်ပွဲတစ်ခု ဖြစ်တယ်ဆိုတာကို သက်သေပြနိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာအဖြစ် ဒီပြိုင်ပွဲကို ပံ့ပိုးကူညီပေးခြင်းကတစ်ဆင့် မြန်မာနိုင်ငံက လူငယ်ပါရမီရှင်တွေကို သူတို့ရဲ့ စိတ်ကူးအိပ်မက်တွေကို အမှန်တကယ်ပုံဖော်အသက်သွင်းပေးနိုင်ဖို့အတွက် ကျွန်တော်တို့ တစ်ဖက်တစ်လမ်း ကနေ ကူညီပံ့ပိုးပေးချင် ပါတယ်။ “The Voice Myanmar Season 3” အစီအစဉ်ဟာ မြန်မာနိုင်ငံမှာရှိတဲ့ ဂီတကိုချစ်မြတ်နိုးတဲ့ ပရိသတ်ပေါင်းများစွာဆီကို ကြက်သီးထလောက်အောင် ခံစားရစေမယ့် ဖျော်ဖြေရေးရသတွေ၊ စိတ်လှုပ်ရှား ရင်ခုန်စေမယ့် အတွေ့အကြုံတွေနဲ့အတူ ဆောင်ကြဉ်းပေးနိုင်မယ်ဆိုတာ အခိုင်အမာ ယုံကြည်ပါတယ်။ ကျွန်တော်တို့ MPT အနေနဲ့ မြန်မာနိုင်ငံရဲ့ ကြည့်ရှုသူအများဆုံး၊ လူကြိုက်အများဆုံး နဲ့ ရေပန်းအစားဆုံး သီချင်းဆိုပြိုင်ပွဲကြီး ဖြစ်တဲ့ “The Voice Myanmar Season 3” နဲ့ မိတ်ဖက်ပူးပေါင်း လုပ်ဆောင်နိုင်ခဲ့တဲ့ အပေါ် မှာလည်း တကယ်ကို ဂုဏ်ယူဝမ်းမြောက်မိပါတယ်” ဟု ပြောကြားခဲ့သည်။
ယခုအခါတွင် “The Voice Myanmar Season 3” ကြည့်ရှုသူ အမာခံပရိသတ်များသည် MPT ဆင်းမ်ကတ်ကို အသုံးပြု၍ မိမိနှစ်သက်သည့် ပြိုင်ပွဲဝင်များကို အဆင်ပြေချောမွေ့စွာ ရွေးချယ်မဲပေးနိုင်မည် ဖြစ်သည်။ ပြိုင်ပွဲဝင် တစ်ဦးချင်းစီအား ကုတ်နံပါတ် “55501” မှ “55516” အထိ သီးသန့်နံပါတ်တစ်ခုစီ သတ်မှတ်ပေးထားပြီး ပရိသတ်များအနေဖြင့် မိမိကြိုက်နှစ်သက်သည့် ပြိုင်ပွဲဝင်အတွက် တစ်ကြိမ် မဲပေးနိုင်ရန် သတ်မှတ်ထားသည့် ကုတ်နံပါတ် သို့ ‘1’ ဟု ရိုက်နှိပ်ပြီး ပေးပို့နိုင်ပါသည်။ သုံးစွဲသူများအနေဖြင့် SMS မှတစ်ဆင့်မဲပေးခြင်းအတွက် တစ်မဲလျှင် (၃၅)ကျပ်နှုန်း ကျသင့်မည်ဖြစ်ပြီး သီဆိုယှဉ်ပြိုင်မှု ပွဲစဉ်တစ်ခုလျှင် အများဆုံး (၅)ကြိမ် အထိသာ မဲပေးနိုင်ပါသည်။
အလားတူပင် ပရိသတ်များက MPT ဆင်းမ်ကတ်ကို အသုံးပြု၍ မိမိနှစ်သက်သဘောကျသည့် ပြိုင်ပွဲဝင်များကို အွန်လိုင်း Web Portal ဖြစ်သော thevoice.mptvote.com မှလည်း ရွေးချယ်မဲပေးနိုင်ပါသည်။ အွန်လိုင်း Web Portal ကို အသုံးပြုမှုအတွက် ဒေတာအသုံးပြုခကျသင့်မှု ပေးချေရန်မလိုအပ်ပေ။ သို့ရာတွင် မဲဝယ်ယူမှုများ အတွက် ကျသင့်ငွေများအား ဖုန်းဘေလ် လက်ကျန်ငွေမှ နှုတ်ယူသွားမည် ဖြစ်သည်။
မဲပေးစနစ်ကို Live Round ယှဉ်ပြိုင်မှု ပွဲစဉ်စတင်မည့် နိုဝင်ဘာလ (၂၉)ရက်မှစ၍ မဲပေးနိုင်မည်ဖြစ်ပြီး အသေးစိတ်မှာ အောက်ပါအတိုင်းဖြစ်သည်။

မဲပေးစနစ် အမျိုးအစားများကျသင့်မည့် နှုန်းထားမဲအရေအတွက်
SMS ဖြင့် မဲပေးစနစ်SMSSMS တစ်စောင်လျှင် ၃၅ကျပ်ကန့်သတ်ချက်
(ယှဉ်ပြိုင်မှုပွဲစဉ် တစ်ပိုင်းလျှင် ၅ကြိမ်)
အွန်လိုင်းမှ မဲပေးစနစ်Dynamic Voteမဲပေးသည့် အရေအတွက် x ၃၅ကျပ်အကန့်အသတ်မရှိ
(1~100 ရိုက်နှိပ်ဖော်ပြရမည်)
Single Voteမဲပေးခြင်းတစ်စောင်လျှင် ၃၅ကျပ်အကန့်အသတ်မရှိ
( တစ်ကြိမ် လျှင် မဲပေးခြင်းတစ်စောင်)

* မဲပေးခြင်းများအတွက် ကျသင့်ငွေများအား ဖုန်းဘေလ်လက်ကျန်ငွေမှ နှုတ်ယူသွားမည် ဖြစ်သည်။
*Dynamic Vote နည်းလမ်းမှာ ပရိသတ်များအနေဖြင့် တစ်ကြိမ်လျှင် မဲအရေအတွက်အများဆုံး ၁၀၀ ထိရိုက်နှိပ် ပေးပို့နိုင်သည်။
“The Voice” သီချင်းဆိုပြိုင်ပွဲကြီးသည် ကမ္ဘာ့နိုင်ငံအနှံ့အပြားကျင်းပကြပြီး မြန်မာနိုင်ငံတွင်လည်း “The Voice Myanmar” အနေဖြင့် ထုတ်လွှင့်တင်ဆက်ခြင်းဖြစ်ပြီး လူကြည့်အများဆုံး ရေပန်းစားအောင်မြင်သည့် အဆို ပြိုင်ပွဲကြီးအဖြစ် ရပ်တည်နေပါသည်။ အများနှင့်မတူ ထူးခြားသော ပြိုင်ပွဲ၏ကျင်းပမှုပုံစံကြောင့် ပြိုင်ပွဲဝင်များ သည် မတူကွဲပြားသော ကိုယ်ပိုင်ဟန်များနှင့် ဂီတအမျိုးအစားများဖြင့် တင်ဆက်ကြပြီး နာမည်ကျော် ဂီတ ကြယ်ပွင့် အနုပညာရှင်များဖြစ်ကြသည့် နီနီခင်ဇော်၊ R-ဇာနည်၊ ကျားပေါက် နှင့် ရန်ရန်ချန်း တို့မှလည်း “The Voice Myanmar Season 3” ၏ နည်းပြများအဖြစ် ပြန်လည်ပါဝင်လာခဲ့သည်။
“The Voice Myanmar” နှင့်ပတ်သက်၍ သိရှိလိုပါက “The Voice Myanmar” ၏ တရားဝင် Facebook စာမျက်နှာ ဖြစ်သော www.facebook.com/thevoicemyanmar သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ MPT နှင့် ပတ်သက်၍ အသေးစိတ် ထပ်မံသိရှိလိုပါက ၁၀၆ သို့ ခေါ်ဆို၍သော်လည်းကောင်း၊ MPT ၏ တရားဝင်ဝက်ဘ်ဆိုက် ဖြစ်သည့် www.mpt.com.mm သို့မဟုတ် MPT ၏ တရားဝင် Facebook စာမျက်နှာဖြစ်သော www.facebook.com/mptofficialpage သို့ ဆက်သွယ်၍ မေးမြန်းနိုင်ပါသည်။

The Voice Myanmar Season (3) ၏ Live Round ယှဉ်ပြိုင်မှု ပွဲစဉ်တွင် ပါဝင်ယှဥ်ပြိုင်မည့် ပြိုင်ပွဲဝင် (၁၆) ဦးနှင့် မဲပေးနိုင်သည့် နံပါတ်များ။

ခေတ်မီအိတ်ချိန်းစက်များ လဲလှယ်ပြီးဖြစ်ပါသဖြင့် အော်တိုတယ်လီဖုန်းနံပါတ်များအား ပြောင်းလဲပါမည်

(ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၅ ရက်) – မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေဖြင့် ပိုမိုကောင်းမွန်သည့် အရည်အသွေး နှင့် ခေတ်မီဝန်ဆောင်မှုများကို ပေးနိုင်ရန်အတွက် အောက်ဖော်ပြပါ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အိတ်ချိန်းများကို ခေတ်မီအိတ်ချိန်းစက်များနှင့် ပြောင်းလဲတပ်ဆင်ပြီး ကေဘယ်လ်ကွန်ရက်စနစ် (Copper Cable Network) အား မြန်နှုန်းမြှင့် သတင်းအချက်အလက် ဝန်ဆောင်မှုပေးနိုင်သည့် ဖန်ကြိုးမျှင် (Fiber Cable) အသုံးပြု တယ်လီဖုန်း စနစ်နှင့် ကြိုးမဲ့စနစ်သုံး (Wireless) တယ်လီဖုန်းများဖြင့် ပြောင်းလဲတပ်ဆင်မည် ဖြစ်ပါသဖြင့် အော်တို တယ်လီဖုန်း နံပါတ်များမှာ အောက်ပါအတိုင်း ပြောင်းလဲသွားမည် ဖြစ်ပါသည်။

နယ်မြေအိတ်ချိန်းMigration စတင်ပြုလုပ်မည့်
ရက်စွဲ
လက်ရှိအသုံးပြုနေသော ဖုန်းနံပါတ်အသစ်ပြောင်းလဲ
မည့်
ဖုန်းနံပါတ်
ကရင်ပြည်နယ်သံတောင်ကြီး အိတ်ချိန်း၃၀-၁၁-၂၀၂၀၀၅၄-၄၅xxx၀၅၄-၄၇၄၅xxx
သင်္ဃန်းညီနောင် အိတ်ချိန်း၃၀-၁၁-၂၀၂၀၀၅၈-၅၅xxx၀၅၈-၄၇၅၅xxx

ရှမ်းပြည်နယ်
(မြောက်ပိုင်း)

မူဆယ် အိတ်ချိန်း
၃၀-၁၁-၂၀၂၀၀၈၂-၅၀xxx၀၈၂-၂၉၅၀xxx
၃၀-၁၁-၂၀၂၀၀၈၂-၅၁xxx၀၈၂-၂၉၅၁xxx
၃၀-၁၁-၂၀၂၀၀၈၂-၅၂xxx၀၈၂-၂၉၅၂xxx
တနင်္သာရီတိုင်းဒေသကြီးသရက်ချောင်း အိတ်ချိန်း၃၀-၁၁-၂၀၂၀၀၅၉-၃၅xxx၀၅၉-၂၀၃၅xxx
ကချင်ပြည်နယ်ဖားကန့် အိတ်ချိန်း၃၁-၁၂-၂၀၂၀၀၇၄-၇၀xxx၀၇၄-၂၅၇၀xxx
လုံးခင်း အိတ်ချိန်း၃၁-၁၂-၂၀၂၀၀၇၄-၇၂xxx၀၇၄-၂၅၇၂xxx
ရန်ကုန်တိုင်း
ဒေသကြီး
ကွမ်းခြံကုန်း
အိတ်ချိန်း
၃၁-၁၂-၂၀၂၀၀၁-၂၆၅xxx၀၁-၈၂၆၅xxx

နံပါတ်အဟောင်းမှ နံပါတ်အသစ်သို့ ပြောင်းလဲစဉ်ကာလအတွင်းတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိမိတို့၏ ဝန်ဆောင်မှုကို အသုံးပြုနေသူများ ဆက်သွယ်မှုအဆင်ပြေစေရန် Call Forward ဝန်ဆောင်မှုကို ပြောင်းလဲတပ်ဆင်သည့်နေ့မှစ၍ (၃) လအထိ အခမဲ့ပေးထားမည်ဖြစ်ပြီး သုံးစွဲသူများသည် နံပါတ်အသစ်သို့ ပြောင်းလဲနေစဉ်ကာလအတွင်းတွင် လက်ရှိနံပါတ် (သို့မဟုတ်) နံပါတ်အသစ်သို့ ခေါ်ဆိုနိုင်မည် ဖြစ်ပါသည်။

နေ့စဉ် အွန်လိုင်းသုံးစွဲသူများအတွက် စွယ်စုံအကျိုးခံစားခွင့်များရရှိနိုင်မည့် ထူးခြားသည့် စုံစုံလင်လင် Mini ပက်ကေ့ချ် အသစ်ကို မိတ်ဆက်

၂၀၂၁ ခုနှစ် မေလ ၁၅ ရက်နေ့မှစ၍ စုံစုံလင်လင် ပက်ကေ့ချ်များ ရောင်းချခြင်းကို ရပ်ဆိုင်းထားပြီးဖြစ်ကြောင်း အသိပေးအပ်ပါသည်။

(MPT သုံးစွဲသူများအတွက် အကျိုးခံစားခွင့်များစွာနှင့်အတူ တစ်နေရာတည်းတွင် တစ်ပေါင်းတည်းရရှိနိုင်မည့် စျေးနှုန်းသက်သာသည့် ပက်ကေ့ချ်ကို တစ်ရက်လျှင် ၈၃ကျပ်ဖြင့် အသုံးပြုနိုင်မည်။)

(ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၅ ရက်) – မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာ ဖြစ်သည့် MPT သည် သုံးစွဲသူများ အဆင်ပြေစေရန်အတွက် စျေးနှုန်းသက်သာသည့် အထူးပုံစံသစ် တစ်ခုအဖြစ် နာမည်ကျော် “စုံစုံလင်လင် Mini ပက်ကေ့ချ်” ကို ထပ်မံမိတ်ဆက်လိုက်ပြီဖြစ်သည်။ အဆိုပါ စုံစုံလင်လင် Mini ပက်ကေ့ချ် အသစ်ဖြင့် သုံးစွဲသူများသည် Viber ၊ JOOX နှင့် Mobile Legends ဒေတာများကို အကန့်အသတ်မရှိ စိတ်ကြိုက် တစ်နေကုန်အသုံးပြုနိုင်သည့်အပြင် ညသုံး Facebook ကို ည (၁၁)နာရီမှ နံနက်(၆)နာရီ အထိ အကန့်အသတ်မရှိ အသုံးပြုနိုင်ခြင်း ၊ အခြားသောအင်တာနက်အသုံးပြုမှု အားလုံးအတွက် 200 MB ဒေတာ ၊ MPT ဖုန်းအချင်းချင်း အသက်သာဆုံးနှုန်းထားဖြစ်သည့် ၁ မိနစ်လျှင် ၁၀ ကျပ်ဖြင့် ခေါ်ဆိုခွင့်နှင့် ဖုန်းဘေလ် ၁၀၀ကျပ် တို့ကို ရရှိအသုံးပြုနိုင်မည် ဖြစ်သည်။
စုံစုံလင်လင် Mini ပက်ကေ့ချ် အသစ်မှာ ၂၄၉၈ ကျပ် (တစ်ရက်လျှင် ၈၃ကျပ်) သာ ကျသင့်ပြီး အထက်ပါ ခံစားခွင့်များ အားလုံးကို ရရှိနိုင်သည့် ရက်ပေါင်း (၃၀) အသုံးပြုနိုင်သော ပက်ကေ့ချ် ဖြစ်သည်။ ထို့အပြင် MPT အနေဖြင့် သုံးစွဲသူ လူငယ်လူရွယ်များ၏ ဒေတာသုံးစွဲမှု အလေ့အထများနှင့် မတူကွဲပြားသော လိုအပ်ချက် အမျိုးမျိုးကို ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်၍ အွန်လိုင်း ဂိမ်းကစားခြင်း နှင့် အမိုက်စားသီချင်းများကိုပါ ဦးဦးဖျားဖျားနားဆင်နိုင်သည့် ဝန်ဆောင်မှုများ၊ စိတ်ကြိုက်တစ်နေကုန် အသုံးပြုနိုင်သော ဒေတာများ၊ MPT အချင်းချင်းဖုန်းခေါ်ဆိုခွင့် စသည်တို့ကို ပေါင်းစည်း အသုံးပြုနိုင်ရန် ရည်ရွယ်ပြီး အဆိုပါအစီအစဉ်ကို ဆောင်ရွက်ပေးထားခြင်း ဖြစ်သည်။
ယခုလို အကျိုးခံစားခွင့်များစွာနှင့်အတူ သက်သာသောနှုန်းထားဖြင့် အသုံးပြုနိုင်သော စုံစုံလင်လင် Mini ပက်ကေ့ချ် အသစ်ကို MPT က စတင်မိတ်ဆက်ခြင်းဖြင့် သုံးစွဲသူများအတွက် Facebook နှင့် Viber တို့မှတစ်ဆင့် မိမိတို့ချစ်မြတ်နိုးရသူများနှင့် ဆက်သွယ်နိုင်ခြင်း၊ တေးဂီတနှင့် ဂိမ်းများအပါအဝင် ဖျော်ဖြေရေး ရသ ပေါင်းစုံကို ကြည့်ရှုခံစားနိုင်ခြင်းတို့အပြင် မိမိတို့၏အိမ်တွင်နေထိုင်ရစဉ် ကာလအတွင်း အရေးကြီးသော သတင်း နှင့် အချက်အလက်များကို အွန်လိုင်းမှသိရှိနိုင်စေမည့် ကောင်းမွန်သောဝန်ဆောင်မှုများဖြင့် သုံးစွဲသူများ၏ ဒီဂျစ်တယ် လူမှုဘဝများ ပိုမိုပြည့်စုံကြွယ်ဝစေရေးအတွက် အထူးရည်ရွယ်ကာ ဆောင်ရွက်ပေးလျက်ရှိပါသည်။
ထို့အပြင် စုံစုံလင်လင် Mini ပက်ကေ့ချ် ဝယ်ယူတိုင်း ထိပေါက်ကစားခွင့် (၁)ကြိမ် ရရှိကံစမ်းနိုင်မည် ဖြစ်သည်။ စုံစုံလင်လင် Mini ပက်ကေ့ချ်အသစ်ကို ဝယ်ယူခြင်းဖြင့် ရရှိခံစားနိုင်သော အကျိုးကျေးဇူးများမှာ အောက်ပါ အတိုင်းဖြစ်သည်။

စျေးနှုန်း(ကုန်သွယ်ခွန်
ပါဝင်ပြီး)
စွယ်စုံရခံစားခွင့်များသက်တမ်းဝယ်ယူရန် နည်းလမ်း
၂၄၉၈ ကျပ်• အကန့်အသတ်မရှိ Mobile Legends, Viber, JOOX
• အကန့်အသတ်မရှိ ညသုံး Facebook (ည ၁၁ နာရီမှ နံနက် ၆ နာရီအထိ)
• 200MB (အင်တာနက်အသုံးပြုမှုအားလုံးအတွက်)
• MPT ဖုန်းအချင်းချင်းခေါ်ဆိုခွင့် [၁ မိနစ် ၁၀ ကျပ် (အခွန်မပါနှုန်းထား) ဖြင့်]
• ဖုန်းဘေလ် ၁၀၀ ကျပ်

ရက် ၃၀MPT4U App
*2498#

“ ကျွန်တော်တို့ရဲ့ MPT သုံးစွဲသူတွေ ငွေကြေး ကုန်ကျမှုသက်သာစေပြီး အတွေ့အကြုံကောင်းတွေ ပေးအပ်နိုင်ဖို့ အတွက် နည်းလမ်းအသစ်တွေကို အမြဲတမ်းရှာဖွေ ဆောင်ရွက်နေပါတယ်။ သုံးစွဲသူတွေရဲ့ လိုအပ်ချက်အပေါ် အကောင်းဆုံးသော ဝန်ဆောင်မှုနဲ့အတူ ဆန်းသစ်ဖြည့်ဆည်းပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်ကို ထပ်မံ တွန်းအား ပေးတဲ့အနေနဲ့ အခုလို စုံစုံလင်လင် Mini ပက်ကေ့ချ်ကို မိတ်ဆက်လိုက်တာဖြစ်ပြီး ကျွန်တော်တို့တန်ဖိုးထားရတဲ့ အသုံးပြုသူတွေဟာ တန်ဆောင်တိုင်အားလပ်ရက်တွေနဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်းမှာ သူတို့ ကြိုက်နှစ်သက်တဲ့ ဒီဂျစ်တယ်လမ်းကြောင်းတွေက တစ်ဆင့် သတင်းအချက်အလက်တွေနဲ့ ဖျော်ဖြေမှုတွေကို သင်တင့်တဲ့ နှုန်းထားနဲ့အတူ MPT ရဲ့ 4G/ LTE+ ကွန်ရက်ပေါ်ကနေ အလွယ်တကူ ရယူနိုင်အောင် လုပ်ဆောင်လိုက်တာဖြစ်ပါတယ်” ဟု MPT-KSGM JO ၏ Chief Commercial Officer ဖြစ်သူ Mr. Tetsunori Nagashima မှပြောကြားခဲ့သည်။
သုံးစွဲသူများသည် Facebook အက်ပလီကေးရှင်း/ ဝက်ဘ်ဆိုက်မှတစ်ဆင့် (ပြင်ပ link များမပါဝင်ပါ) အသုံးပြုခြင်းနှင့် Facebook Messenger (Voice, Video calls များမပါဝင်) အသုံးပြုခြင်းကို ည (၁၁)နာရီမှ နံနက် (၆)နာရီအထိ အသုံးပြု နိုင်မည်ဖြစ်ပြီး မိတ်ဆွေများနှင့် မိသားစုများကိုလည်း Viber (Voice, Video calls များမပါဝင်) မှတစ်ဆင့် လွတ်လပ်စွာဆက်သွယ်ပြောဆိုနိုင်ခြင်း၊ Mobile Legends (ဂိမ်းအတွင်း Streaming ပြုလုပ်/ ကြည့်ရှုခြင်း၊ ဂိမ်းအတွင်း ဆက်သွယ်ပြောဆိုခြင်းနှင့် ဂိမ်းကစားခြင်းအတွက်မဟုတ်သည့် အခြား အသုံးပြုမှုများ မပါဝင်ပါ) ဂိမ်းကစားနိုင်ခြင်းနှင့် JOOX တေးဂီတမှ နောက်ဆုံးပေါ်သီချင်းများကိုလည်း နားဆင် နိုင်ပါသည်။ ခွင့်ပြုထားခြင်းမရှိသည့် အသုံးပြုမှုများအတွက် ဝယ်ယူထားသော Data Pack (သို့မဟုတ်) သုံးသလောက်ပေး နှုန်းထားဖြင့် ကောက်ခံသွားမည် ဖြစ်သည်။
အဆိုပါ အထူးပရိုမိုးရှင်းအစီအစဉ်ကို MPT GSM/WCDMA Prepaid (ဆွေသဟာ/ရှယ်ပြော/ရွှေစကား) သုံးစွဲသူများအားလုံးရရှိမည်ဖြစ်သော်လည်း MPT Postpaid များဖြစ်သည့် CDMA နှင့် Base Tariff အသုံးပြုသူများအနေဖြင့် ဝယ်ယူနိုင်မည်မဟုတ်ပါ။
ဝန်ဆောင်မှု သတင်းအချက်အလက်များအကြောင်း ပိုမိုသိရှိလိုလျှင် ၁၀၆ သို့ ဆက်သွယ်ခေါ်ဆိုနိုင်ပြီး MPT official Facebook page www.facebook.com/mptofficialpage/ သို့မဟုတ် MPT official website www.mpt.com.mm သို့လည်း ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။

COVID-19 စစ်ဆေးတွေ့ရှိမှုအတွက် အသိပေးခြင်း

(ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၀ ရက်)

ရန်ကုန်တိုင်းဒေသကြီးရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း (၄)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံ စစ်ဆေးတွေ့ရှိရကြောင်း နှင့် ယခုစစ်ဆေးတွေ့ရှိခဲ့သည့် အဆိုပါ ဝန်ထမ်း (၄)ဦး သည် အိမ်တွင်နေထိုင်၍ လုပ်ငန်းလုပ်ကိုင်စေခြင်း (Work From Home) အစီအစဉ်ဖြင့် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများဖြစ်ကာ သုံးစွဲသူများနှင့် တိုက်ရိုက်ထိတွေ့ခဲ့ခြင်းမရှိကြောင်း MPT က အတည်ပြု ထုတ်ပြန်လိုက်ပါသည်။

ယခုကဲ့သို့ ကိုဗစ်- ၁၉ ရောဂါပိုး ထပ်မံတွေ့ရှိရသည့် ဖြစ်ရပ်အတွက် မိမိတို့အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန နှင့် တာဝန်ရှိသူများ၏ ညွှန်ကြားချက်များအတိုင်း လျင်လျင်မြန်မြန် ထိထိရောက်ရောက် လိုက်နာဆောင်ရွက်လျက်ရှိပါသည်။

မိမိတို့အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း လုပ်ငန်းခွင်အတွင်းနှင့် လုပ်ငန်းခွင်ပြင်ပသို့ ရောဂါပိုးပျံ့နှံ့ကူးစက်မှု မရှိစေရန်အတွက် အကောင်းဆုံး ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်သည့်အပြင် ယခုကဲ့သို့ ကိုဗစ်-၁၉ ကူးစက်မှု အရေးပေါ် အခြေအနေတွင် မြန်မာပြည်သူများအတွက် အရေးပါသော အခန်းကဏ္ဍဖြစ်သည့် ဆက်သွယ်ရေးဝန်ဆောင်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးကိုလည်း လုပ်ဆောင်သွားမည် ဖြစ်ပါသည်။

ယခုကဲ့သို့ ဖြစ်ရပ်များအတွက် အဆင်မပြေမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက်လည်း တောင်းပန်မှုပြုကာ နားလည်ပေးမှုအတွက် ကျေးဇူးတင်ရှိပါသည်။

MPT Money အမှတ်တံဆိပ်အမည်ကို “MPT Pay” အမည်ဖြင့် ပြောင်းလဲ အသုံးပြုသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

(ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၉ ရက်) – မြန်မာနိုင်ငံ၏ ယုံကြည်စိတ်ချရဆုံး ဒီဂျစ်တယ်ငွေကြေး ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်သည့် MPT Money သည် ယနေ့မှစတင်၍ “MPT Pay” အမည်သစ်သို့ ပြောင်းလဲပြီး လုပ်ငန်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန် ကြေညာလိုက်သည်။ အသုံးပြုသူများအနေဖြင့် သုံးစွဲပုံ နည်းလမ်းများ၊ အစီအစဉ်များနှင့် လက်ရှိပေးအပ်ထားသော ပရိုးမိုးရှင်းများကို ပြောင်းလဲခြင်းမရှိ ဆက်လက်ရယူသုံးစွဲနိုင်မည် လည်းဖြစ်သည်။ “MPT Pay” အက်ပလီကေးရှင်း၏ လုပ်ငန်းဆောင်ရွက်မှုကို သုံးစွဲသူ အက်ပလီကေးရှင်းအသွင်အပြင် ၊ ကိုယ်စားလှယ် များအတွက် အသိပေးကြေညာချက်များ၊ အရောင်းဆိုင်များနှင့်ဆက်သွယ်မှုများ၊ စျေးကွက်ဖော်ဆောင်ရေးဆိုင်ရာ ဆက်သွယ် ဆောင်ရွက်ချက်များ၊ ဖေ့စ်ဘုတ်ခ် စာမျက်နှာ၊ တရားဝင်ဝက်ဘ်ဆိုက် စာမျက်နှာ၊ အက်ပလီကေးရှင်း အတွင်း အသိပေးချက်များ၊ စာတိုပေးပို့ခြင်းများနှင့် Call Center လုပ်ငန်းဆောင်ရွက်မှု များနှင့် လိုက်လျောညီထွေဖြစ်စေရန်အတွက် ဆောင်ရွက်ထားပါသည်။

မြန်မာနိုင်ငံ၏ ယုံကြည်စိတ်ချရဆုံး ဒီဂျစ်တယ်ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတစ်ခု၏ အမည်သစ်ဖြစ်သည့် “MPT Pay” သည် ပြိုင်ဆိုင်မှုပြင်းထန်သော မိုဘိုင်းလ်ငွေကြေးဈေးကွက်တွင် ဝန်ဆောင်မှုပေးခြင်းကို ခိုင်မာစွာပြသနိုင်မှု၊ အမှတ်တံဆိပ်အပေါ် လူအများသတိပြုအာရုံစိုက်စေခြင်းနှင့် သုံးစွဲသူများထံမှ အသိအမှတ်ပြုမှုများကို တိုးမြှင့်နိုင်စေရန်အတွက် အလေးအနက်ထားကာ ပြောင်းလဲလိုက်ခြင်းဖြစ်သည်။ “MPT Pay” သည် မြန်မာနိုင်ငံရှိ ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ငွေသားကိုင်တွယ် သုံးစွဲရန်မလိုသည့် လူမှုအဖွဲ့အစည်း အဖြစ် ဖွံ့ဖြိုးတိုးတက်ရေးကို ထောက်ပံ့ပေးလျက် ရှိသည်။ “MPT Pay” သည် သုံးစွဲသူများ၏ မျှော်လင့်ချက်ထက်ပိုမိုသည့် ခံစားမှုကို ရရှိနိုင်စေရန် ခေတ်မီနည်းပညာများကို အသုံးပြုကာ ဆောင်ရွက် ထားခြင်းနှင့်အတူ ငွေရေးကြေးရေးကဏ္ဍတွင် လူတိုင်းလက်လှမ်းမီ ပါဝင်နိုင်ရေးကို အထူး အလေးထားကာ ဦးတည်ဆောင်ရွက် လျက်ရှိပါသည်။

“MPT Pay” (ယခင် MPT Money) သည် လက်ရှိအချိန်တွင် မြန်မာနိုင်ငံအတွင်း တိုးတက်မှုအမြန်ဆုံး မိုဘိုင်းငွေကြေးဝန်ဆောင်မှုတစ်ခုဖြစ်ပြီး သုံးစွဲသူများ အဆင်ပြေလွယ်ကူစေရန် နိုင်ငံတစ်ဝန်းရှိ မြို့နယ်ပေါင်း ၂၇၈ ခုမှ ကိုယ်စားလှယ်ပေါင်း ၂၇,၀၀၀ ကျော်ရှိသည့် ကိုယ်စားလှယ်ကွန်ရက်ဖြင့် လည်ပတ် နေပါသည်။ သုံးစွဲသူများအတွက် ရိုးရှင်းလွယ်ကူစေမည့် “MPT Pay” ၏ နည်းပညာကို အသုံးပြုခြင်းဖြင့် အီလက်ထရောနစ်စနစ်သုံး ငွေကြေးလွှဲပြောင်းခြင်းနှင့် ငွေပေးချေခြင်းဆိုင်ရာ လုပ်ဆောင်ချက်များ ဖြစ်သည့် OTC (နှစ်ဦးနှစ်ဖက်တိုက်ရိုက်ငွေလွှဲပြောင်းခြင်း)၊ ပင်စင်လစာဝန်ဆောင်မှု ၊ Mobile Wallet ဖြင့် ငွေပေးချေခြင်း၊ MPT နှင့်အခြားသော အော်ပရေတာများသို့ ဖုန်းငွေဖြည့်သွင်းခြင်း နှင့် အင်တာနက်ပက်ကေ့ချ်များဝယ်ယူခြင်း၊ ငွေတောင်းခံလွှာများကို ပေးချေခြင်း၊ ဈေးဆိုင်များတွင် ငွေပေး ချေ ခြင်း၊ CB ဘဏ် နှင့် AYA ဘဏ်များ၏ ATM တွင် ငွေသားထုတ်ယူနိုင်ခြင်း၊ “MPT Pay” ကိုယ်စားလှယ် ဆိုင်များတွင် ငွေသွင်း၊ ငွေထုတ်ခြင်းအပြင် လူအများသို့ ငွေထုတ်ပေးခြင်းနှင့် အခြားသော ငွေကြေးဆိုင်ရာဝန်ဆောင်မှုများကို သုံးစွဲသူများအနေဖြင့် လုံခြုံစွာနှင့် အဆင်ပြေလွယ်ကူစွာ ဆောင်ရွက်နိုင်စေမည်ဖြစ်သည်။

“MPT Pay” နှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များနှင့် ဝန်ဆောင်မှုများအကြောင်း ပိုမိုသိရှိလိုပါက “MPT Pay” ၏ တရားဝင်ဖေ့ဘုတ်ခ်စာမျက်နှာဖြစ်သော https://www.facebook.com/MPTPayOfficial သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ “MPT Pay” အက်ပလီကေးရှင်း ကို Android အသုံးပြုသူများအနေဖြင့် Google Play Store နှင့် iOS အသုံးပြုသူများအနေဖြင့် Apple Store မှတစ်ဆင့် ဒေါင်းလုတ်ပြုလုပ်၍ ရယူ အသုံးပြုနိုင်ပါသည်။

ယခင် အသုံးပြုခဲ့သော အမည်

ယခုအသုံးပြုသည့် အမည်

 

MPT Money က MPU, Visa, MasterCard, JCB, Union Pay ကတ်များအသုံးပြုခြင်းနှင့် နီးစပ်ရာ NearMe ဆိုင်တို့မှ ငွေဖြည့်နိုင်မည့်ဝန်ဆောင်မှုသစ်ကို မိတ်ဆက်

(သုံးစွဲသူများသည် ၎င်းတို့၏ E-wallets သို့ မည်သည့် NearMe ဆိုင်များတွင်မဆို အနည်းဆုံးငွေဖြည့်ပမာဏ ၁၀, ၀၀၀ ကျပ် မှစ၍ ငွေလွှဲခပေးစရာမလိုဘဲ အဆင်ပြေလွယ်ကူစွာဖြင့်ငွေဖြည့်နိုင်ပြီ)

(ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၇ ရက်) – မြန်မာနိုင်ငံ၏ ယုံကြည်စိတ်ချရဆုံး ဒီဂျစ်တယ်ငွေကြေး ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်သည့် MPT Money သည် သုံးစွဲသူများအား ၎င်းတို့၏ MPU, Visa, MasterCard, JCB နှင့် UnionPay ကတ်များကို အသုံးပြု၍ ငွေဖြည့်သွင်းနိုင်စေရန် နှင့် သုံးစွဲသူများ၏ အနီးအနားရှိ NearMe ဆိုင်များတွင် လွယ်ကူလျင်မြန်သော အခမဲ့ငွေဖြည့်ဝန်ဆောင်မှု (E-money ငွေဖြည့်သွင်းမှု) ကို ထပ်မံတိုးချဲ့ မိတ်ဆက်လိုက်ပြီဖြစ်သည်။ ယခုမိတ်ဆက်လိုက်သော ဝန်ဆောင်မှုဖြင့် MPT Money သုံးစွဲသူများသည် ၎င်းတို့၏ ငွေပေးချေကတ်များကို အသုံးပြု၍ E-Wallet အကောင့်အတွင်းသို့ ငွေသားများ ဖြည့်သွင်းနိုင်ပြီး မိမိနှင့်အနီးစပ်ဆုံးရှိ NearMe ဆိုင်များတွင်လည်း ငွေဖြည့်သွင်းနိုင်ပါသည်။
အဆိုပါဝန်ဆောင်မှုအသစ်ဖြင့် MPT Money သုံးစွဲသူများသည် MPT Money အက်ပလီကေးရှင်းကို အသုံးပြု၍ ၎င်းတို့၏ E-Wallets သို့ ငွေဖြည့်သွင်းမှုကို မြန်မာနိုင်ငံအတွင်း အသုံးပြုနေသော MPU, Visa, MasterCard, JCB (သို့မဟုတ်) UnionPay ငွေပေးချေမှုကတ်များမှတစ်ဆင့် လုံခြုံစိတ်ချစွာ၊ အဆင်ပြေလွယ်ကူစွာဖြင့် ပြုလုပ်နိုင်မည် ဖြစ်သည်။ ငွေဖြည့်သွင်းမှုလုပ်ဆောင်နိုင်ရန်အတွက် MPT Money သုံးစွဲသူများအနေဖြင့် ဖြည့်သွင်းငွေပမာဏ အနည်းဆုံး ၅,၀၀၀ ကျပ် ဖြည့်သွင်းရမည် ဖြစ်သည်။
ထို့အပြင် MPT Money သုံးစွဲသူများသည် NearMe ဆိုင်များဖြစ်သော မြို့နယ်ရပ်ကွက်တွင်းရှိ ဆိုင်များ၊ စတိုးဆိုင်များ၊ စူပါမားကတ်များနှင့် စက်သုံးဆီအရောင်းဆိုင်များ၌ ငွေပေးချေမှုအမျိုးမျိုးကို ပြုလုပ်နိုင်ပါသည်။ MPT Money သည် City Mart, City Express, Ocean, City Mart Marketplace, Oasis, Amazing Mart, Amazing Mall, Life Plus, RH & RV Mobile, Aeon Orange Super Market, Carrefour Easy နှင့် Denko ဆီဆိုင်များ အပါအဝင် လက်ရှိတွင် ကိုယ်စားလှယ်ပေါင်း (၅၀၀)ကျော်နှင့် လက်တွဲဆောင်ရွက်လျက် ရှိပြီး အနည်းဆုံး ၁၀,၀၀၀ ကျပ် မှစ၍ မိမိတို့၏ Mobile Wallets အတွင်းသို့ လွယ်ကူ အဆင်ပြေချောမွေ့စွာဖြင့် နီးစပ်ရာ NearMe ဆိုင်တို့တွင် ငွေဖြည့်ဝန်ဆောင်မှုကို ဆောင်ရွက်နိုင်တော့မည် ဖြစ်သည်။
ယခုအခါ MPT Money သုံးစွဲသူများအနေဖြင့် ငွေဖြည့်သွင်း ဝန်ဆောင်မှုများကို ငွေလွှဲခပေးရန်မလိုဘဲ နီးစပ်ရာ NearMe ဆိုင်များနှင့် MPU, Visa, MasterCard, JCB (သို့မဟုတ်) UnionPay ငွေပေးချေမှုကတ်များမှတစ်ဆင့် လုံခြုံစိတ်ချစွာ၊ အဆင်ပြေလွယ်ကူစွာဖြင့် ငွေဖြည့်ဝန်ဆောင်မှုကို ပြုလုပ်နိုင်မည်ဖြစ်သည်။
MPT Money ကုမ္ပဏီလီမိတက်၏ အုပ်ချုပ်မှုဒါရိုက်တာဖြစ်သူ ဦးခင်မောင်မြင့်က “ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေစဉ်ကာလမှာ ကျွန်တော်တို့ရဲ့သုံးစွဲသူတွေအတွက် လုံခြုံစိတ်ချမှုနဲ့ အဆင်ပြေလွယ်ကူရေးဟာ အဓိကဦးစားပေးအချက်ဖြစ်လာတာနဲ့အညီ အခုအသစ်ပေးအပ် လိုက်တဲ့ဝန်ဆောင်မှုကတစ်ဆင့် သုံးစွဲသူတွေဟာ သူတို့ရဲ့ MPT Money E-wallet အကောင့်ထဲကို MPU, Visa, MasterCard, JCB, UnionPay ကတ်တွေအသုံးပြုပြီး ငွေဖြည့်သွင်းနိုင်သလို NearMe ဆိုင်တွေအားလုံးမှာလည်း ငွေဖြည့်သွင်းနိုင်အောင် ဆောင်ရွက်ပေးလိုက်ပြီဖြစ်ပါတယ်။ လွယ်ကူအဆင်ပြေ၊ စိတ်ချလုံခြုံမှုရှိစွာနဲ့ အကျိုးရှိတဲ့ ငွေဖြည့်သွင်းမှု နည်းလမ်းအတွက် ခိုင်မာမှုရှိတဲ့ NearMe ဆိုင်တွေနဲ့ ငွေပေးချေမှုကတ် ဝန်ဆောင်မှုတွေနဲ့ အခုလိုပူးပေါင်းခြင်းကတစ်ဆင့် ကျွန်တော်တို့ဟာမြန်မာနိုင်ငံရဲ့ရှေ့ဆောင် ဒီဂျစ်တယ်ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတစ်ခုအနေနဲ့ ကျွန်တော်တို့ ရဲ့အခန်းကဏ္ဍကို ပိုပြီးခိုင်မာအောင် ဆောင်ရွက်သွားမှာပဲ ဖြစ်ပါတယ်။”ဟု ရှင်းလင်းပြော ကြားခဲ့သည်။
E-commerce စနစ်ကို လျှောက်ထားအသုံးပြုလျက်ရှိသော MPUငွေပေးချေကတ်များဖြင့်သာ MPT Money အကောင့် အတွင်းသို့ ငွေဖြည့်ဝန်ဆောင်မှုကို လုပ်ဆောင်နိုင်ပါသည်။ MPU ကတ်သုံးစွဲသူများအနေဖြင့် E-commerce ဝန်ဆောင်မှုကို https://www.mpu-ecommerce.com/Payment/OnlineEnrollment/Check တွင် လျှောက်ထားရန် လိုအပ်ပါသည်။ ကျန်ကတ်အမျိုးအစားများအတွက် E-commerce စနစ်ကို လျှောက်ထားရန်မလိုအပ်ပါ။
MPT Money ၏ ဝန်ဆောင်မှုများနှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက ၉၉၀ သို့ ဆက်သွယ်ခေါ်ဆိုခြင်း သို့မဟုတ် MPT Money ၏ တရားဝင်ဖေ့စ်ဘုတ်ခ်စာမျက်နှာ ဖြစ်သော www.facebook.com/MPTMoneyOfficial သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

MPT Money ဖြင့် ဒီဂျစ်တယ်အာမခံဝန်ဆောင်မှုကို လွယ်ကူစွာ ငွေပေးချေနိုင်

(MPT Money သုံးစွဲသူများသည် ဒီဂျစ်တယ်အာမခံဝန်ဆောင်မှု ဝယ်ယူထားသည့်ငွေပမာဏများထဲမှ
E-money ပြန်အမ်းငွေ ၅ ရာခိုင်နှုန်းနှင့် MPT Club ပွိုင့် ၅ ရာခိုင်နှုန်းအကျိုးခံစားခွင့်များကို ပြန်လည်ရရှိနိုင်မည်။)

(ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၀ ရက်) မြန်မာနိုင်ငံ၏ ယုံကြည်စိတ်ချရဆုံးဖြစ်သည့် မိုဘိုင်းလ်ငွေကြေးဝန်ဆောင်မှု MPT Money သည် MPT နှင့် မိတ်ဖက်အဖြစ်ဆောင်ရွက်ထားသည့် AYA SOMPO နှင့် GGI Nippon Life အာမခံ ကုမ္ပဏီများ၏ ကိုယ်အင်္ဂါ ထိခိုက်မှုအာမခံ (သက်တော်စောင့်) နှင့် ကျန်းမာရေးအာမခံ (ဇီဝက) အတွက် ဒီဂျစ်တယ်ငွေပေးချေမှုနည်းလမ်းသစ်ကို မိတ်ဆက်ခဲ့ပါသည်။ MPT သုံးစွဲသူများအားလုံးသည် အာမခံဝန်ဆောင်မှုအတွက် ငွေပေးချေရာတွင် MPT Money အကောင့်ကို အသုံးပြု၍ ငွေပေးချေသည့်ပမာဏအပေါ်မူတည်၍ E-money ပြန်အမ်းငွေ ၅ ရာခိုင်နှုန်း နှင့် MPT Club ပွိုင့် ၅ ရာခိုင်နှုန်းတို့ကို နိုဝင်ဘာလ ၁၈ ရက်အထိ ရယူနိုင်မည် ဖြစ်ပါသည်။

ယခုအခါ MPT Money သုံးစွဲသူများသည် မိမိတို့ဝယ်ယူမည့် အာမခံအစီအစဉ်များအတွက် E-Wallets ကို အသုံးပြု၍ လွယ်ကူသက်သာစွာငွေပေးချေနိုင်ပြီး ပရိုမိုးရှင်း ကာလအတွင်း ဝယ်ယူပါက E-money ပြန်အမ်းငွေနှင့် MPT Club ပွိုင့်များကို ရရှိနိုင်ပါသည်။ MPT သုံးစွဲသူများသည် မိမိတို့ကိုယ်တိုင်နှင့် ချစ်ခင်ရသူများကို ကာကွယ်စောင့်ရှောက်နိုင်ရန် မိမိတို့နေအိမ်မှပင် MPT4U အက်ပလီကေးရှင်းနှင့် MPT ဝက်ဘ်ဆိုက် ၊ စာတိုအတွင်းရှိ Link ၊ MPT U-Life ဒီဂျစ်တယ်အာမခံ ဝက်ဘ်ဆိုက် https://www.mpt.com.mm/mm/mpt-u-life-mm/ တို့မှတစ်ဆင့် အထက်ပါ အာမခံပေါ်လစီနှစ်မျိုးကို အလွယ်တကူ ဝယ်ယူနိုင်ပါသည်။

“MPT Money အနေနဲ့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းအာမခံကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး ငွေသားကိုင်တွယ် သုံးစွဲဖို့မလိုတဲ့ လူမူအဖွဲ့အစည်းအဖြစ် ဖွံ့ဖြိုးတိုးတက်လာဖို့ ကြိုးစားဆောင်ရွက်နေပါတယ်။ သုံးစွဲသူတွေကို MPT U-Life ဒီဂျစ်တယ်အာမခံ ဝန်ဆောင်မှုကနေ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ ကျန်းမာရေးအာမခံအကျိုးကျေးဇူးတွေကို အခက်အခဲမရှိ ရယူနိုင်အောင် ကျွန်တော်တို့ လုပ်ဆောင်နေပါ တယ်။ လွယ်ကူချောမွေ့တဲ့ ငွေပေးချေမှုအသစ်တွေနဲ့အတူ ဒီဂျစ်တယ် အာမခံဝန်ဆောင်မှုတွေကို ဝယ်ယူရာတွင် အကျိုးခံစားခွင့်တွေကို အပိုထပ်ဆောင်းအဖြစ် ပေးခွင့်ရတဲ့အတွက် ကျွန်တော်တို့ ဝမ်းသာ ပျော်ရွှင်မိပါတယ်။ MPT Money သုံးစွဲသူတွေအားလုံးဟာ ကျန်းမာရေးကာကွယ်မှုတွေအတွက် e-money ပြန်အမ်းငွေတွေနဲ့ MPT Club ပွိုင့် တွေကို နိုဝင်ဘာလ ၁၈ ရက် အထိ ရယူခံစားနိုင်မှာ ဖြစ်ပါတယ်”ဟု MPT Money ၏ အုပ်ချုပ်မှု ဒါရိုက်တာဖြစ်သူ ဦးခင်မောင်မြင့်က ပြောကြားခဲ့သည်။

MPT Money သုံးစွဲသူများသည် ငွေပေးချေမှုများနှင့်ပတ်သက်၍ “သက်တော်စောင့်” ကိုယ်အင်္ဂါထိခိုက်မှုအာမခံ အတွက် https://fb.watch/1FHdy7PAS2/ နှင့် “ဇီဝက” ကျန်းမာရေးအာမခံအတွက် https://bit.ly/35uWUf7 တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

MPT Money သည် စိတ်လှုပ်ရှားဖွယ်ကောင်းပြီး ဆန်းသစ်သော၊ လုံခြုံစိတ်ချရသော၊ ဈေးနှုန်းသက်သာသော ဝန်ဆောင်မှု ကောင်းများစွာ ပေးစွမ်းခြင်းဖြင့် သုံးစွဲသူများ၏ ဒီဂျစ်တယ်လူမှုဘဝများ ပိုမိုပြည့်စုံကြွယ်ဝစေရေး အတွက် ရည်ရွယ်၍ ဆောင်ရွက်ပေးလျက်ရှိသည်။ ယခုနှစ်အစောပိုင်းတွင် MPT Money သည် ကုန်ပစ္စည်းများ၊ စားသောက်ကုန်များနှင့် အိမ်အတွက်လိုအပ်သော ပစ္စည်းများ မှာယူရာတွင် မိမိတို့နေအိမ်၌ပင် E-Wallet ဝန်ဆောင်မှုမှတစ်ဆင့် မြန်ဆန် လုံခြုံစိတ်ချရသော ဒီဂျစ်တယ်ငွေပေးချေမှုကို ဆောင်ရွက်နိုင်ရန် Hi-So နှင့် Zay Chin Mart တို့အပြင် အမျိုးအစား စုံလင်သော ကုန်ပစ္စည်းများ ဝယ်ယူနိုင်သည့် အွန်လိုင်းရှော့ပင်း ဝန်ဆောင်မှု ဖြစ်သော rgo47 နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။ ထို့အပြင် MPT Money ဒီဂျစ်တယ်နည်းလမ်းဖြင့် ချေးငွေများ ထုတ်ပေးနိုင်ရန်အတွက်လည်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (MADB) နှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါသည်။

MPT Money အက်ပလီကေးရှင်း ကို မည်သည့်မိုဘိုင်းလ်ကွန်ရက်ဖြင့်မဆို အသုံးပြုနိုင်ပါသည်။ Android အသုံးပြုသူများအနေဖြင့် MPT Money အက်ပလီကေးရှင်းကို http://bit.ly/MPTMoneyAndroid နှင့် iOS အသုံးပြုသူများအနေဖြင့် http://bit.ly/MPTMoney_iOS မှ download ရယူ၍ “ဒီဂျစ်တယ်ငွေပေးချေမှု” ဝန်ဆောင်မှုမှ ပေးသော စိတ်လှုပ်ရှားဖွယ်ကောင်းသည့် အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်သည်။

MPT Money နှင့် ပတ်သက်၍ အချက်အလက်များပိုမိုသိရှိလိုပါက ၉၉၀ သို့ ဆက်သွယ်ခေါ်ဆိုနိုင်ခြင်း (သို့မဟုတ်) MPT Money Official Facebook Page www.facebook.com/MPTMoneyOfficial သို့လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

MPT Money အကြောင်း

MPT Money သည် ဒီဂျစ်တယ် စီးပွားရေး ဖွံဖြိုးတိုးတက်စေရန် ရည်ရွယ်ထားကာ ယုံကြည်စိတ်ချရမှု အပြည့်ရှိသော ဒီဂျစ်တယ်ငွေကြေးဝန်ဆောင်မှုများကို ဆန်းသစ်တီထွင်မှုနှင့် သက်သာသော နှုန်းထားများဖြင့် ပေးအပ်ခြင်းဖြင့် ငွေရေးကြေးရေးကဏ္ဍတွင် လူတိုင်းလက်လှမ်းမီ ပါဝင်နိုင်စေရန် ဆောင်ရွက်လိုက်ခြင်းဖြစ်ပါသည်။

သုံးစွဲသူများအတွက် ရိုးရှင်းလွယ်ကူစေမည့် MPT Money ၏ နည်းပညာကို အသုံးပြုခြင်းဖြင့် အီလက်ထရောနစ် စနစ်သုံး ငွေကြေးလွှဲ ပြောင်းပေးခြင်းနှင့် ငွေပေးချေခြင်းဆိုင်ရာ လုပ်ဆောင်ချက်များဖြစ်သည့် OTC (နှစ်ဦးနှစ်ဖက် တိုက်ရိုက် ငွေလွှဲပြောင်းခြင်း)၊ လစာပေးခြင်းဆိုင်ရာဝန်ဆောင်မှုနှင့် ပင်စင် ဝန်ဆောင်မှုများ၊ Mobile Wallet ဖြင့် ငွေပေးချေခြင်း၊ MPT နှင့်အခြားသော အော်ပရေတာများသို့ ဖုန်းငွေဖြည့်သွင်းခြင်းနှင့်ဒေတာဝယ်ခြင်း၊ ငွေတောင်းခံလွှာများ ပေးချေခြင်း၊ ဈေးဆိုင်များတွင်ငွေပေးချေခြင်း၊ CB ဘဏ် ATM တွင်ငွေထုတ်ခြင်း၊ ကိုယ်စားလှယ်ဆိုင်များတွင် ငွေသွင်းငွေထုတ်အပြင် အခြားသော ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများကို သုံးစွဲသူများနှင့် ရောင်းချသူများအကြား အဆင်ပြေလွယ်ကူစွာ ဆောင်ရွက်နိုင်စေပါသည်။

MPT Money သည်လက်ရှိအချိန်တွင် မြန်မာနိုင်ငံအတွင်း တိုးတက်မှုအမြန်ဆုံး ငွေကြေးဝန်ဆောင်မှုဖြစ်ပြီး သုံးစွဲသူများ အဆင်ပြေလွယ်ကူစေရန် နိုင်ငံတစ်ဝန်းရှိ မြို့နယ်ပေါင်း ၂၇၈ ခုမှ ကိုယ်စားလှယ်ပေါင်း ၂၇,၀၀၀ ကျော်ရှိသည့် ကိုယ်စားလှယ်ကွန်ရက်ဖြင့်လည်ပတ်နေပါသည်။

COVID-19 စစ်ဆေးတွေ့ရှိမှုအတွက် အသိပေးခြင်း

(ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၀ ရက်)

ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ MPT Own Shop ဆိုင်တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း (၁)ဦး၌ ကိုရိုနာဗိုင်းရပ်စ် (ကိုဗစ်-၁၉) ရောဂါ ထပ်မံစစ်ဆေး တွေ့ရှိမှုနှင့် စပ်လျဉ်း၍ လိုအပ်သည့် ဆောင်ရွက်ရန်ရှိသည်များကို နှောင့်နှေးမှုမရှိဘဲ လုပ်ဆောင်လျက်ရှိပြီး အဆိုပါ ဝန်ထမ်းသည် နိုဝင်ဘာလ ၆ ရက်နေ့အထိ ဆိုင်တွင် တာဝန် ထမ်းဆောင်ခဲ့ကြောင်း MPT ကသတင်း ထုတ်ပြန်လိုက်ပါသည်။

မိမိတို့အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့်စဥ်ဆက်မပြတ် ဆက်သွယ်ကာ လုပ်ငန်းတွင်းနှင့်လုပ်ငန်းပြင်ပမှ ထိတွေ့မှု ရှိသူများကို ခြေရာခံခြင်းနှင့် အဆိုပါ ရောဂါကူးစက်မှု တွေ့ရှိရသူနှင့်အတူ ဆက်စပ်နိုင်သည့် မိမိတို့၏သုံးစွဲသူများနှင့် ဝန်ထမ်းများသို့ လိုအပ်သည်များကို ကူညီဆောင်ရွက်သွား မည်ဖြစ်သည်။ ရောဂါပိုးတွေ့ရှိခဲ့ရသည့် ဝန်ထမ်းများကို ရောဂါကုသရေးဌာနသို့လွှဲပြောင်းပို့ဆောင်ခဲ့ပြီး အပြည့်အဝ ပြန်လည် ကောင်းမွန်နိုင်ရန်အတွက် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုနှင့်ကုသမှုများကို ဆောင်ရွက် လျက်ရှိပါသည်။

MPT အနေဖြင့် ယခုကဲ့သို့ ကိုဗစ်- ၁၉ ရောဂါပိုး ထပ်မံတွေ့ရှိရသည့် ဖြစ်ရပ်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန နှင့် တာဝန်ရှိသူများ၏ ညွှန်ကြားချက်များအတိုင်း လျင်လျင်မြန်မြန် ထိထိရောက်ရောက် ဆက်လက်လိုက်နာ ဆောင်ရွက်လျက်ရှိပါသည်။ ကိုရိုနာဗိုင်းရပ်စ် (ကိုဗစ်-၁၉) ရောဂါ စတင်ပြန့်ပွားချိန်ကပင်စတင်ပြီး MPT Own Shop ဆိုင်များတွင် တိကျခိုင်မာသော ကြိုတင်ကာကွယ်ရေး စီမံဆောင်ရွက်ချက်များကို ဆောင်ရွက်လျက်ရှိကာ မိမိတို့၏ သုံးစွဲသူများနှင့် ဝန်ထမ်းများ၏ ကျန်းမာရေးနှင့် လုံခြုံစိတ်ချမှုတို့အတွက် ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော် ကျင့်သုံးလျက်ရှိပါသည်။

ယခုဖြစ်ရပ်အတွက် မိမိတို့အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း လုပ်ငန်းခွင်အတွင်းနှင့် လုပ်ငန်းခွင်ပြင်ပသို့ ရောဂါပိုးပျံ့နှံ့ကူးစက်မှု မရှိစေရန်အတွက် အကောင်းဆုံး ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်သည့်အပြင် အခုလို ကိုဗစ်-၁၉ ကူးစက်မှု အရေးပေါ် အခြေအနေတွင် မြန်မာပြည်သူများအတွက် အရေးပါသော အခန်းကဏ္ဍဖြစ်သည့် ဆက်သွယ်ရေးဝန်ဆောင်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးကိုလည်း လုပ်ဆောင်သွားမည် ဖြစ်ပါသည်။

ထို့အပြင် MPT ၏ ဝန်ဆောင်မှုများ ကို သုံးစွဲသူများ အနေဖြင့် နေအိမ်မှပင် MPT4U App အသုံးပြုခြင်း၊ MPT Call Center 106 နှင့် MPT Facebook messenger တို့မှတစ်ဆင့်လည်း အဆင်ပြေချောမွေ့စွာ ရယူသုံးစွဲနိုင်ပါသည်။

ယခုကဲ့သို့ဖြစ်ရပ်များအတွက် မိမိတို့၏ ဝန်ဆောင်မှုကိုသုံးစွဲသူများနှင့် စီးပွားဖက်လုပ်ငန်းများတွင် အဆင်မပြေမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက်လည်း တောင်းပန်မှုပြုကာ နားလည်ပေးမှုအတွက် ကျေးဇူးတင်ရှိပါသည်။