COVID-19 စစ်ဆေးတွေ့ရှိမှုအတွက် အသိပေးခြင်း

(ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၃၀ ရက်)

 

ရန်ကုန်တိုင်းဒေသကြီးရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း (၂)ဦး နှင့် မကွေးတိုင်းဒေသကြီးရှိ ဝန်ထမ်း (၁) ဦး စုစုပေါင်း ဝန်ထမ်း (၃)ဦးတို့တွင်   ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံ စစ်ဆေးတွေ့ရှိရကြောင်းနှင့် ယခုစစ်ဆေးတွေ့ရှိခဲ့သည့် အဆိုပါ ဝန်ထမ်း (၃)ဦးသည် သုံးစွဲသူများနှင့် တိုက်ရိုက်ထိတွေ့ခဲ့ခြင်းမရှိကြောင်း MPT က အတည်ပြု ထုတ်ပြန်လိုက်ပါသည်။

 
ယခုကဲ့သို့ ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိရသည့်ဖြစ်ရပ်အတွက် မိမိတို့အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန နှင့် တာဝန်ရှိသူများ၏ညွှန်ကြားချက်များအတိုင်း လျင်လျင်မြန်မြန် ထိထိရောက်ရောက် လိုက်နာဆောင်ရွက်လျက်ရှိပါသည်။

 
မိမိတို့အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏လမ်းညွှန်ချက်များအတိုင်း လုပ်ငန်းခွင်အတွင်းနှင့်လုပ်ငန်းခွင်ပြင်ပသို့ ရောဂါပိုးပျံ့နှံ့ကူးစက်မှု မရှိစေရန်အတွက် အကောင်းဆုံး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် ယခုကဲ့သို့  ကိုဗစ်-၁၉ ကူးစက်မှု အရေးပေါ် အခြေအနေတွင် မြန်မာပြည်သူများအတွက် အရေးပါသော အခန်းကဏ္ဍဖြစ်သည့် ဆက်သွယ်ရေးဝန်ဆောင်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးကိုလည်းလုပ်ဆောင်သွားမည် ဖြစ်ပါသည်။

ယခုကဲ့သို့ ဖြစ်ရပ်များအတွက် အဆင်မပြေမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက်လည်း တောင်းပန်မှုပြုကာ နားလည်ပေးမှုအတွက် ကျေးဇူးတင်ရှိပါသည်။

MPT ကို ယုံကြည်စိတ်ချစွာဖြင့် အစဉ်တစိုက် သုံးစွဲသူများအားလုံးကို ကျေးဇူးအထူးတင်ရှိပြီး ၂၀၂၁ နှစ်သစ်တွင် ပျော်ရွှင်ချမ်းမြေ့ပါစေကြောင်း နှစ်သစ်ဆုမွန်ကောင်းတောင်း

(မြန်မာပြည်နှင့်အတူရှိနေပြီး သုံစွဲသူများလိုအပ်ချက်နှင့်ကိုက်ညီမှုရှိသည့် ကောင်းမွန် ဆန်းသစ်သောဝန်ဆောင်မှုများကို မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ အစဥ်တစိုက် ဆက်လက်ပေးအပ်သွားမည်။)

(ရန်ကုန်၊ ၂ဝ၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာလ ၃၀ ရက်)-နှစ်သစ်သို့ မကြာမီရောက်ရှိတော့မည် ဖြစ်သည့်အတွက် မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ လူမှုအဖွဲ့အစည်းများ၊ ပြည်သူများအားလုံး စိတ်သစ်၊ လူသစ်၊ ခွန်အားသစ်များနှင့်အတူ ကောင်းကျိုးလိုလားစိတ်၊ ပျော်ရွှင်မှု၊ ကြွယ်ဝချမ်းသာမှုများနှင့် ပြည့်စုံသည့်နှစ်သစ် ဖြစ်ပါစေကြောင်း MPT က ဆုမွန်ကောင်းတောင်း လိုက်ရပါသည်။
နှစ်သစ်တိုင်းသည် အနာဂတ်တွင်မည်သို့ရှိမည်ကို စိတ်လှုပ်ရှားမှုနှင့်အတူ ဆောင်ယူလာသော်လည်း ယခင် နှစ်က အကြောင်းအရာ၊ အဖြစ်အပျက်များကို ပြန်လည်သုံးသပ်ခြင်းမှာ အရေးတကြီးလုပ်ဆောင်ရမည့် အရာတစ်ခု ပင်ဖြစ်သည်။ ကြိုတင် ခန့်မှန်းမထားနိုင်သည့် အခြေအနေများ၊ မတွေ့ကြုံဖူးသည့် စိန်ခေါ်မှုအသစ်များနှင့် ၂၀၂၀ ခုနှစ်တွင် စိတ်လှုပ်ရှားစရာ အခိုက်အတန့်များရှိခဲ့သော်လည်း MPT အနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်နေသည့် ကူးစက်ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် အင်တိုက်အားတိုက် ထောက်ပံ့ကူညီနိုင်ခဲ့ သည့်အပြင် ဆက်သွယ်ရေးကဏ္ဍ ၏ အပြုသဘောဆောင်သည့် ပြောင်းလဲမှုများတွင်လည်း ဆက်လက်ဦးဆောင် လျက်ရှိပါသည်။
MPT သည် သုံးစွဲသူများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ ဝန်ထမ်းများ အပါအဝင် ပြည်သူလူထုတစ်ရပ်လုံး၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံမှုရှိရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိသည်။ ထိုကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန(MoHS) ၏ လမ်းညွှန်ချက်များကို စဉ်ဆက်မပြတ်လိုက်နာခဲ့ပြီး ဌာနအားလုံးတွင် လုံခြုံစိတ်ချရသောလုပ်ငန်းလည်ပတ်မှုများကို ချမှတ်ဆောင်ရွက်ခဲ့ပါသည်။ ရုံးများအားလုံးနှင့် အရောင်းဆိုင်များ အားလုံးတွင် ဘေးကင်းလုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်နေပြီး ရှေ့တန်းမှတာဝန်ယူ ဆောင်ရွက်နေသော ဝန်ထမ်းများအတွက်လည်း သီးသန့်ဘေးကင်းလုံခြုံရေး အစီအမံများဖြင့် ဆောင်ရွက်လျက် ရှိသည်။
MPT အနေဖြင့် ကပ်ရောဂါကူးစက်ပြန့်နှံ့မှု စတင်ချိန်ကပင် ပြည်နယ်နှင့်တိုင်းဒေသကြီးအားလုံးရှိ ရောဂါ ကုသရေးနှင့် အသွားအလာကန့်သတ်ဆောင်ရွက်ထားရှိရာနေရာ ၆၀ ကျော်ကို FTTH နှင့် B2B မြန်နှုန်းမြင့်ဖိုင်ဘာ အင်တာနက်ဝန်ဆောင်များအပြင် Wi-Fi ချိတ်ဆက်မှုများကိုလည်း ထောက်ပံ့ပေးခဲ့ပါသည်။ ထို့အပြင် ရှေ့တန်းမှ တာဝန်ထမ်းဆောင်နေကြသော ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ စေတနာ့ဝန်ထမ်းများ၊ အကူအညီ လိုအပ်နေသည့် လူမူအဖွဲ့အစည်းများအား ထောက်ပံ့သည့်အနေဖြင့် MPT မှ မြန်မာငွေကျပ် သန်း ၁၀၀ကျော် ကိုလှူဒါန်းမှုပြုခဲ့သည့်အပြင် အသွားအလာကန့်သတ် ဆောင်ရွက်ထားရှိသော နေရာများသို့ မြန်မာငွေကျပ် သိန်း ၄၀၀ တန်ဖိုးရှိ ပါးစပ်နှင့်နှာခေါင်းစည်း များ၊ ငွေဖြည့်ကတ်များနှင့် မိဘမဲ့ကလေးဂေဟာများအတွက် အခြေခံ စားသောက်ကုန်များကိုလည်း လှူဒါန်းခဲ့ပါသည်။ ၂၀၂၀ခုနှစ်အတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါပြန့်နှံ့နေသည့် ကာလတွင်းတွင်ပင် MPT သည် ကျန်းမာရေးနှင့်ပညာရေးကဏ္ဍများတွင် အကျိုးသက်ရောက်မှုရှိသည့် လူမှုအကျိုးပြု အစီအစဉ်များဖြစ်သော စက်ရေတွင်းများတည်ဆောက်ပေးခြင်း၊ အခြေခံပညာကျောင်းများတွင် လက်ဆေးကန်များ တည်ဆောက်လှူဒါန်းခြင်းနှင့် သူနာပြုသိပ္ပံဘွဲ(ပေါင်းကူး) အစီအစဥ်တွင်လည်း နည်းပညာဆိုင်ရာ ပစ္စည်းများနှင့် အင်တာနက် လိုင်းများပံ့ပိုးပေးခြင်းအစရှိသည့် လူမှုအကျိုးပြုလုပ်ငန်းများကို အနာဂတ်မျိုးဆက်သစ်များအား ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အထောက်အပံ့ပြုဆောင်ရွက်ပေးခဲ့ပါသည်။
MPT ၏ မြန်ဆန်ပြီး ယုံကြည်စိတ်ချရသော FTTH နှင့် B2B ဖိုင်ဘာအင်တာနက် ဝန်ဆောင်မှုများသည် မြန်မာနိုင်ငံ တစ်ဝန်းရှိ သုံးစွဲသူများ၊ စီးပွားရေးလုပ်ငန်းများနှင့် လူမှုအသိုင်းအဝန်းများအတွက် စာသင်ကြားခြင်းနှင့် လုပ်ငန်းဆောင်ရွက်ခြင်းကဲ့သို့သော နေ့စဉ်လုပ်ဆောင်ချက်များအပြင် ၎င်းတို့ချစ်ခင်မြတ်နိုးသူများနှင့် ဆက်သွယ်မှုရရှိစေရန်၊ နောက်ဆုံးပေါ်သတင်းများကြည့်ရှုနိုင်ရန်၊ ဂိမ်းနှင့်ဖျော်ဖြေရေး အစီအစဉ်များ ခံစားရယူ နိုင်ရန်အတွက် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။
“ကျွန်တော်တို့ရဲ့ လုပ်ငန်းက ခိုင်မာသေချာမှုရှိတဲ့အပြင် ‘မြန်မာပြည်နှင့်အတူရှိနေမည်’ ဆိုတဲ့ ဆောင်ပုဒ် အတိုင်းကျွန်တော်တို့ မြဲမြဲမြံမြံ ရပ်တည်ဆောင်ရွက်သွားမှာပါ။ သုံးစွဲသူတွေအဖို့ အတွေအကြုံကောင်းတွေ တိုးတက်လာနိုင်ဖို့ အတွက် လုပ်ငန်းစဉ်တွေကို တိုးမြှင့်လုပ်ကိုင်နေသလို ကျွန်တော်တို့ရဲ့ B2B စီးပွားရေးဟာလည်း နိုင်ငံရဲ့ ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးမှာ အခြေခံအုတ်မြစ်တွေဖြစ်စေဖို့အတွက် ဆောင်ရွက်နေပါတယ်။ ဆက်သွယ်ရေးဝန်ဆောင်မှုဟာ ကျွန်တော်တို့ဝန်းကျင်ကို လျင်မြန်စွာ ပြောင်းလဲဖော်ဆောင်နိုင်စေပြီး အနာဂတ်မှာ နည်းပညာပုံစံသစ်ပြောင်းလဲမှုကနေ ရရှိလာမယ့် အကျိုးကျေးဇူးကို အားလုံးပါဝင် ခံစားနိုင်ဖို့အတွက် ကျွန်တော်တို့ ကြိုးပမ်းနေပါတယ်။ လာမယ့်နှစ်မှာ ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်တာတွေ၊ ဝန်ဆောင်မှုတွေကို တိုးချဲ့ကမ်းလှမ်းတာတွေအပြင် သုံးစွဲသူတွေရဲ့ အတွေ့အကြုံတွေ တိုးမြှင့်ရရှိပြီး ကိုဗစ်အလွန် မြန်မာ့စီးပွားရေး ပြန်လည်ထူထောင်မယ့် လုပ်ငန်းစဉ်တွေမှာ ဦးဆောင်သွားဖို့ ရည်မှန်း ထားပါတယ်” ဟု MPT-KSGM JO ဌာန၏ ဒုတိယအမှုဆောင်အရာရှိချုပ် ဖြစ်သူ Dr. Noboru EDAGAWA မှ ပြောကြားခဲ့သည်။
“မြန်မာနိုင်ငံမှာ ကူးစက်ရောဂါဖြစ်ပွားမှု ဆက်လက်ရှိနေဆဲဖြစ်ပေမယ့် ကျွန်တော်တို့ နယ်ပယ်မှာသာမက တီထွင်ဖန်တီးမှုများစွာနဲ့ ကျွန်တော်တို့ရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုတွေကြောင့် ၂၀၂၁ ခုနှစ်မှာ ရေရှည်တည်တံ့တဲ့ ပြောင်းလဲမှုအတွက် အခွင့်အလမ်းကောင်းတွေ ရှာဖွေတွေ့ရှိမယ်ဆိုတာကို ကျွန်တော်တကယ်ပဲယုံကြည်ပါတယ်။ ခုလို နှစ်တစ်နှစ်ရဲ့ကူးပြောင်းမှုအစမှာ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေအားလုံးကို ယုံယုံကြည်ကြည်နဲ့ ထောက်ပံ့ပေးမှုတွေအတွက် အထူးကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။ ကျန်းမာပျော်ရွှင်ပြီး ချမ်းသာကြွယ်ဝတဲ့ နှစ်သစ်ဖြစ်ပါစေလို့ MPT ကိုယ်စား ကျွန်တော်က ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်” ဟု၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

MPT က ၂၀၂၀ ပြည့်နှစ်အတွင်း သုံးစွဲသူများ၏ ဒီဂျစ်တယ်လူမှုဘဝများ ပြည့်စုံကောင်းမွန်စေရန်အတွက် ထူးခြားဆန်းသစ်ပြီး စျေးနှုန်းသက်သာသည့် ဝန်ဆောင်မှုများကို အသုံးပြုနိုင်ရန် ဆောင်ရွက်ခဲ့သည်။ “စုံစုံ လင်လင်”နှင့် “ကြိုက်ရာခေါ်” ကဲ့သို့ တစ်မျိုးတည်းဖြင့်အလုံးစုံအသုံးပြုနိုင်မည့် အံ့သြဖွယ်ရာ package အချို့ကိုလည်း MPT မှ ပေးအပ်ခဲ့ပြီး Facebook, Viber, Instagram, JOOX, Food Panda အစရှိသည့် မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်ကာ အထူးပရိုမိုးရှင်းအစီအစဉ်ကောင်းများ၊နှင့် MPT U-Life ဟုခေါ်သည့် ဒီဂျစ်တယ် အာမခံ ဝန်ဆောင်မှုကိုလည်း စတင်မိတ်ဆက်နိုင်ခဲ့ပါသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ဂျပန်နိုင်ငံမိတ်ဖက်အဖွဲ့အစည်း KDDI Summit Global Myanmar (KSGM) ပူးပေါင်းဆောင်ရွက်ခြင်း ၇ နှစ်မြောက် အထိမ်းအမှတ်နှင့် MPT Club သုံးစွဲသူ ၁၃ သန်းသို့ ရောက်ရှိခြင်းဟူသည့် အရေးကြီးသော အထူးမှတ်တိုင် နှစ်ခုကို MPT မှ ၂၀၂၀ ပြည့်နှစ်အတွင်း စိုက်ထူနိုင်ခဲ့သည်။ ထို့ပြင် ရည်မှန်းချက် တစ်စိတ်တစ်ပိုင်းဖြစ်သည့် မျိုးဆက်သစ် မြန်မာလူငယ်လူရွယ်များအား ထောက်ပံ့အားပေးသည့်အနေဖြင့် MPT မှ e-Sports အားကစားနှင့် တေးဂီတ ပြိုင်ပွဲများ အပါအဝင် တစ်မူထူးခြားသည့် အိပ်မက်များအမှန် တကယ် ဖြစ်လာစေမည့် “ရွှေအိပ်မက်” အစီအစဉ်ကြီးကိုလည်း စတင်မိတ်ဆက်နိုင်ခဲ့သည်။

MPT သုံးစွဲသူများကို ၎င်းတို့၏ ဒီဂျစ်တယ်လူမှုဘဝများ တိုးတက်ကောင်းမွန်လာစေရန်အတွက် ကြိုးပမ်း ဆောင်ရွက်ခြင်းနှင့်အတူ အပြောင်းအလဲများတွင် တစ်ပြေးညီလိုက်ပါနိုင်ရန် MPT အနေဖြင့် မိမိတို့၏ မိတ်ဖက်အဖွဲ့အစည်းများနှင့် အတူလက်တွဲပြီး ဆန်းသစ်တီထွင် ထားသော ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို သုံးစွဲသူ ပြည်သူများသို့ ဆက်လက်ပေးအပ်သွားမည် ဖြစ်သည်။၊ လာမည့်နှစ်သစ်တွင် MPT အနေနှင့် ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဦးဆောင်ရပ်တည် ဆောင်ရွက်သွားရန် ရည်ရွယ်ထားပြီး တချိန်တည်းတွင် “မြန်မာပြည်နှင့် အတူရှိနေမည်” ဆိုသည့် ကတိကဝတ်အတိုင်း လုပ်နိုင်စွမ်းများ၊ ဝန်ဆောင်မှုများ တိုးမြှင့်ခြင်းနှင့်အတူ သုံးစွဲသူများအတွက် ပိုမိုကောင်းမွန်သော အတွေ့အကြုံများဖန်တီးပေးရန်အတွက် ကျယ်ပြန့်သော ကွန်ရက်ဖြင့် ဝန်ဆောင်မှုများ ဆက်လက် ပေးအပ်သွားမည်ဖြစ်သည်။

MPT ၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအကြောင်း အသေးစိတ်သိရှိလိုပါက Hotline ဖုန်းနံပါတ် 106 သို့ ခေါ်ဆို၍ သော်လည်းကောင်း၊ MPT ၏ ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့မဟုတ် MPT ၏ တရားဝင် ဖေ့စ်ဘုတ်ခ်စာမျက်နှာဖြစ်သော www.facebook.com/mptofficialpage တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင် ပါသည်။

MPT က သုံးစွဲသူများအတွက် စုံစုံလင်လင် ပက်ကေ့ချ်တွင် အကန့်အသတ်မရှိ Instagram စိတ်ကြိုက်အသုံးပြုနိုင်ပြီဖြစ်ကြောင်း မိတ်ဆက်

၂၀၂၁ ခုနှစ် မေလ ၁၅ ရက်နေ့မှစ၍ စုံစုံလင်လင် ပက်ကေ့ချ်များ ရောင်းချခြင်းကို ရပ်ဆိုင်းထားပြီးဖြစ်ကြောင်း အသိပေးအပ်ပါသည်။

 (ရန်ကုန်၊  ၂၀၂၀ပြည့်နှစ်၊  ဒီဇင်ဘာလ ၂၈ ရက် ) MPT မှ သုံးစွဲသူများအတွက် တစ်နေရာတည်းတွင် လိုအပ်ချက်များကို ပြည့်စုံစွာဖြည့်ဆည်းပေးနိုင်ရန် အချိန်နှင့်ဒေတာ အကန့်အသတ်မရှိ Instagram  စိတ်ကြိုက်အသုံးပြုခွင့်အား “စုံစုံလင်လင်” ပက်ကေ့ချ်တွင် နောက်ထပ်ခံစားခွင့်အသစ်အနေဖြင့် ယနေ့မှစ၍ ပေးအပ်လိုက်ပြီဖြစ်သည်။ MPT သုံးစွဲသူများအနေနှင့် ၎င်းတို့နှစ်သက်ရာ ဆိုရှယ်မီဒီယာ app များဖြစ်သည့် Instagram, Facebook, Viber, JOOX နှင့် ဂိမ်းကစားသူ ပရိသတ်တို့ အကြိုက် Mobile Legends Game တို့ကို MPT ၏ အကျယ်ပြန့်ဆုံး ကွန်ရက်တွင် တစ်နေ့လျှင် (၁၆၇) ကျပ်နှင့် ရက်ပေါင်း (၃၀) အသုံးပြုနိုင်မည်ဖြစ်သည်။

ယခုထပ်မံထည့်သွင်းလိုက်သော အချိန်နှင့်ဒေတာအကန့်အသတ်မရှိ Instagram စိတ်ကြိုက် အသုံးပြုခွင့်ပါ ပါဝင်သော “စုံစုံလင်လင်” ပက်ကေ့ချ်သည် ဆိုရှယ်မီဒီယာ Platform ပေါ်တွင် မိမိတို့၏ ဓာတ်ပုံများ၊ ဗွီဒီယိုများနှင့် မိမိတို့၏ အမှတ်တရဖြစ်ရပ်များ ကို မျှဝေချင်သူများအတွက် ပြီးပြည့်စုံသော စွယ်စုံရပက်ကေ့ချ် တစ်ခုဖြစ်သည်။ စုံစုံလင်လင်ပက်ကေ့ချ် အသုံးပြုသူများအနေနှင့် Instagram စိတ်ကြိုက်အသုံးပြုခွင့်အပြင် အကန့်အသတ်မရှိ Facebook, Mobile Legends, Viber နှင့် JOOX အသုံးပြုခွင့်အပြင် အခြားအင်တာနက် အသုံးပြုမှုများအတွက် (2GB)၊ MPT အချင်းချင်း ဖုန်းခေါ်ဆိုမှုအတွက် အသင့်တော်ဆုံး နှုန်းထားဖြစ်သည့် (၁) မိနစ်လျှင် (၁၀) ကျပ် ဖြင့် ဖုန်းခေါ်ဆိုခွင့် နှင့် ဖုန်းဘေလ် (၁၀၀၀) ကျပ် ရရှိမည် ဖြစ်ကာ ရက်ပေါင်း (၃၀) အသုံးပြုနိုင်မည်ဖြစ်သည်။

MPT မှ ဆွေသဟာ/ရှယ်ပြော/ရွှေစကား အစီအစဉ် ရယူထားသော GSM/WCDMA prepaid စနစ် အသုံးပြုနေသူများသည် စုံစုံလင်လင် Pack ကို ဝယ်ယူအသုံးပြုနိုင်မည်ဖြစ်သည်။ သုံးစွဲလိုသူများအနေနှင့် MPT4U (သို့မဟုတ်)  *4998# သို့ခေါ်ဆိုဝယ်ယူနိုင်မည်ဖြစ်သည်။

စုံစုံလင်လင် Pack ကိုဝယ်ယူခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများမှာ အောက်ပါ အတိုင်း ဖြစ်သည်။

စျေးနှုန်း (ကုန်သွယ်ခွန်
ပါဝင်ပြီး)
ခံစားခွင့်များသက်တမ်းဝယ်ယူရန်
၄,၉၈၈ ကျပ်• အကန့်အသတ်မရှိ ဒေတာ (Facebook, Mobile Legends, Viber, Instagram, JOOX)
• 2GB (အင်တာနက်အသုံးပြုမှုအားလုံးအတွက်)
• MPT ဖုန်းအချင်းချင်းခေါ်ဆိုခွင့် [၁ မိနစ် ၁၀ ကျပ် (အခွန်မပါနှုန်းထား) ဖြင့်]
• ဖုန်းဘေလ် ၁၀၀၀ ကျပ်
၃၀ရက်MPT4U app
*4998#

MPT-KSGM Joint Operations ၏ စီးပွားရေးဌာနကြီး၏ အရာရှိချုပ်ဖြစ်သူ Mr.Tetsunori Nagashima က “မြန်မာပြည်မှာရှိတဲ့ အသက် ၁၈ နှစ်နဲ့ ၂၄ နှစ် အင်တာနက် သုံးစွဲသူတွေကြားမှာ Instagram က နာမည်ကြီးလာနေတာ ကျွန်တော်တို့ သတိထားမိပါတယ်။ သူတို့တွေအနေနဲ့ Instagram မှာ သူတို့ မျှဝေချင်တာကို မျှဝေဖို့၊ အဆက်အသွယ်တွေလုပ်ဖို့၊ ထင်ရှားသူ (Celebrities) တွေ နဲ့ သူတို့စိတ်ဝင်စားတဲ့ အကြောင်းအရာတွေကို follow လုပ်ဖို့ Platform တစ်ခုအနေနဲ့ အသုံးပြုကြတာ တွေ့ရပါတယ်။ Instagram ဟာ Facebook နဲ့ ပေါင်းစပ်ထားတာကြောင့် သုံးစွဲသူများအတွက် ပိုမိုကောင်းမွန်တဲ့ Platform တစ်ခု ဖြစ်စေပါတယ်။ ဒါ့ကြောင့် သုံးစွဲသူအားလုံးကို စိတ်ကျေနပ်မှု အပြည့်အဝပေးနိုင်ဖို့ ရည်ရွယ်ပြီး စုံစုံလင်လင် ပက်ကေ့ချ်မှာ နောက်ထပ်ခံစားခွင့် အသစ်ဖြစ်တဲ့ Instagram ဝန်ဆောင်မှုကို ထပ်မံဖြည့်သွင်းပေးနိုင်ခဲ့တဲ့ အတွက် ဝမ်းသာမိပါတယ်။ အခုဆိုရင် ကျွန်တော်တို့ရဲ့ အသက်အရွယ်မရွေး သုံးစွဲသူတွေဟာ စုံစုံလင်လင် Pack ကို အသုံးပြုပြီး Instagram ပေါ်မှာ သူတို့ရဲ့ ဓာတ်ပုံရိုက်စွမ်းရည်တွေ၊ ဖန်တီးထားတဲ့ ဗွီဒီယိုတွေ ဒါမှဟုတ် Instagram ပေါ်က ကျွမ်းကျင်သူတွေရဲ့ လက်ရာတွေကို လေ့လာနည်းယူနိုင်ပါတယ်။ MPT ကပေးအပ်တဲ့ ဝန်ဆောင်မှုတွေကြောင့် သုံးစွဲသူတွေအနေနဲ့ နေ့စဥ်ဘဝတွေကို ပိုမိုပျော်ရွှင် တက်ကြွစေပြီး နေထိုင်မှုပုံစံသစ်နဲ့နေထိုင်ရမယ့် နေ့ရက်တွေမှာလည်း မိသားစုတွေ သူငယ်ချင်းတွေနဲ့ အဆက်အသွယ်မပြတ် ရှိနိုင်ဖို့မျှော်လင့်ပါတယ်။” ဟုပြောကြား ခဲ့သည်။

သုံးစွဲသူများ အနေနှင့် စုံစုံလင်လင်မှ ထပ်မံမိတ်ဆက်ထားသော Packages အမျိုးအစားနှစ်ခု ဖြစ်သည့် စုံစုံလင်လင် Mini Pack နှင့် စုံစုံလင်လင် Maxi Pack နှစ်ခုအနက်မှ မိမိ၏ လူမှုဘဝ၊ မိမိအသုံးပြုလိုသော ဝန်ဆောင်မှုနှင့် ကိုက်ညီသည့် Pack တစ်ခုကို သုံးစွဲနိုင်ပါသည်။ စုံစုံလင်လင် ပက်ကေ့ချ်ကို MPT4U၊ USSD ကုတ် *4998# သို့ခေါ်ဆိုပြီး ရယူသုံးစွဲနိုင်သည်။

ဝန်ဆောင်မှု သတင်းအချက်အလက်များအကြောင်း ပိုမိုသိရှိလိုလျှင် ၁၀၆ သို့ ဆက်သွယ်ခေါ်ဆိုနိုင်ပြီး MPT official Facebook page www.facebook.com/mptofficialpage/ (သို့မဟုတ်) MPT official website www.mpt.com.mm သို့လည်း ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ပါသည်။

ခေတ်မီအိတ်ချိန်းစက်များ လဲလှယ်ပြီးဖြစ်ပါသဖြင့် အော်တိုတယ်လီဖုန်းနံပါတ်များအား ပြောင်းလဲပါမည်

(ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၃ ရက်) – မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေဖြင့် ပိုမိုကောင်းမွန်သည့် အရည်အသွေး နှင့် ခေတ်မီဝန်ဆောင်မှုများကို ပေးနိုင်ရန်အတွက် အောက်ဖော်ပြပါ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အိတ်ချိန်းများကို ခေတ်မီအိတ်ချိန်းစက်များနှင့်ပြောင်းလဲတပ်ဆင်ပြီး ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ လက်ရှိအသုံးပြုနေသော အော်တိုတယ်လီဖုန်းနံပါတ်များကို ဂဏန်း (၇) လုံးပါရှိသည့် အော်တိုတယ်လီဖုန်းနံပါတ်အသစ်များဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၃၁) ရက် တွင် အောက်ပါအတိုင်း ပြောင်းလဲသွားမည် ဖြစ်ပါသည်။

နယ်မြေအိတ်ချိန်းလက်ရှိအသုံးပြုနေသော ဖုန်းနံပါတ်အသစ်ပြောင်းလဲမည့်
ဖုန်းနံပါတ်
ဧရာဝတီတိုင်းဒေသကြီးဝါးခယ်မ အိတ်ချိန်း၀၄၂-၆၀xxx၀၄၂-၂၀၆၀xxx
ပဲခူးတိုင်းဒေသကြီး
(အနောက်)
အင်းမ အိတ်ချိန်း၀၅၃-၅၈xxx၀၅၃-၂၀၅၈xxx
မကွေးတိုင်းဒေသကြီးမြစ်ခြေ အိတ်ချိန်း၀၆၂-၆၅xxx၀၆၂-၂၀၆၅xxx
ဆင်ဖြူကျွန်း အိတ်ချိန်း၀၆၃-၄၀xxx၀၆၃-၂၀၄၀xxx
ပွင့်ဖြူ အိတ်ချိန်း၀၆၃-၆၀xxx၀၆၃-၂၀၆၀xxx
နေပြည်တော်MRTV ရုံး အိတ်ချိန်း၀၆၇-၇၉xxx၀၆၇-၈၀၇၉xxx
ရခိုင်ပြည်နယ်တောင်ကုတ် အိတ်ချိန်း၀၄၃-၆၀xxx၀၄၃-၂၀၆၀xxx
စစ်ကိုင်းတိုင်းဒေသကြီးဆိပ်ခွန် အိတ်ချိန်း၀၇၅-၇၅xxx၀၇၅-၂၀၇၅xxx
ရှမ်းပြည်နယ်
(တောင်ပိုင်း)
ဆိုက်ခေါင် အိတ်ချိန်း၀၈၁-၄၈xxx၀၈၁-၂၃၄၈xxx
တနင်္သာရီတိုင်းဒေသကြီးလောင်းလုံ အိတ်ချိန်း၀၅၉-၃၃xxx၀၅၉-၂၀၃၃xxx

အောက်ပါဇယားတွင် ဖော်ပြထားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အိတ်ချိန်းများကိုလည်း ခေတ်မီ အိတ်ချိန်းစက်များနှင့် ပြောင်းလဲတပ်ဆင်ပြီး ကေဘယ်လ်ကွန်ရက်စနစ် (Copper Cable Network) အား မြန်နှုန်းမြှင့် သတင်းအချက်အလက် ဝန်ဆောင်မှုပေးနိုင်သည့် ဖန်ကြိုးမျှင် (Fiber Cable) အသုံးပြုတယ်လီဖုန်းစနစ်သုံး တယ်လီဖုန်းများဖြင့် ပြောင်းလဲတပ်ဆင်မည် ဖြစ်ပါသဖြင့် အော်တို တယ်လီဖုန်း နံပါတ်များမှာ အောက်ပါအတိုင်း ပြောင်းလဲသွားမည် ဖြစ်ပါသည်။

နယ်မြေအိတ်ချိန်းMigration စတင်ပြုလုပ်မည့် ရက်စွဲ
လက်ရှိအသုံးပြုနေသော ဖုန်းနံပါတ်အသစ်ပြောင်းလဲမည့် ဖုန်းနံပါတ်
မကွေးတိုင်း ဒေသကြီးဂန့်ဂေါ အိတ်ချိန်း၀၁-၀၂-၂၀၂၁၀၆၂-၅၀xxx၀၆၂-၂၀၅၀xxx

မန္တလေးတိုင်း ဒေသကြီး

မိတ္ထီလာ အိတ်ချိန်း
၀၁-၀၂-၂၀၂၁၀၆၄-၂၃xxxx၀၆၄-၂၂၂၃xxx
၀၁-၀၂-၂၀၂၁၀၆၄-၂၄xxxx၀၆၄-၂၂၂၄xxx
၀၁-၀၂-၂၀၂၁၀၆၄-၂၅xxxx၀၆၄-၂၂၂၅xxx
၀၁-၀၂-၂၀၂၁၀၆၄-၂၆xxxx၀၆၄-၂၂၂၆xxx
စစ်ကိုင်းတိုင်း ဒေသကြီးထီးချိုင့် အိတ်ချိန်း၀၁-၀၂-၂၀၂၁၀၇၅-၆၀xxx၀၇၅-၂၀၆၀xxx
၀၁-၀၂-၂၀၂၁၀၈၂-၄၀xxx၀၈၂-၂၉၄၀xxx
ရှမ်းပြည်နယ် (မြောက်ပိုင်း)ကျောက်မဲ အိတ်ချိန်း၀၁-၀၂-၂၀၂၁၀၈၂-၄၁xxx၀၈၂-၂၉၄၁xxx
မွန်ပြည်နယ်သထုံ အိတ်ချိန်း၀၈-၀၂-၂၀၂၁၀၅၇-၄၀xxx၀၅၇-၂၀၄၀xxx
၀၈-၀၂-၂၀၂၁၀၅၇-၄၁xxx၀၅၇-၂၀၄၁xxx
စစ်ကိုင်းတိုင်း ဒေသကြီးတမူး အိတ်ချိန်း၀၈-၀၂-၂၀၂၁၀၇၃-၄၀xxx၀၇၃-၂၀၄၀xxx
ရန်ကုန်တိုင်း ဒေသကြီးခရမ်း အိတ်ချိန်း၀၈-၀၂-၂၀၂၁၀၅၆-၃၀xxx၀၅၆-၂၀၃၀xxx
တိုက်ကြီး အိတ်ချိန်း၀၈-၀၂-၂၀၂၁၀၅၅-၂၀xxx၀၅၅-၂၂၂၀xxx
၀၈-၀၂-၂၀၂၁၀၅၅-၂၁xxx၀၅၅-၂၂၂၁xxx

နံပါတ်အဟောင်းမှ နံပါတ်အသစ်သို့ ပြောင်းလဲစဉ်ကာလအတွင်းတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိမိတို့၏ ဝန်ဆောင်မှုကို အသုံးပြုနေသူများ ဆက်သွယ်မှုအဆင်ပြေစေရန် Call Forward ဝန်ဆောင်မှုကို ပြောင်းလဲတပ်ဆင်သည့်နေ့မှစ၍ (၃) လအထိ အခမဲ့ပေးထားမည်ဖြစ်ပြီး သုံးစွဲသူများသည် နံပါတ်အသစ်သို့ ပြောင်းလဲနေစဉ်ကာလအတွင်းတွင် လက်ရှိနံပါတ် (သို့မဟုတ်) နံပါတ်အသစ်သို့ ခေါ်ဆိုနိုင်မည် ဖြစ်ပါသည်။

COVID-19 စစ်ဆေးတွေ့ရှိမှုအတွက် အသိပေးခြင်း

(ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၄ ရက်)

ရန်ကုန်တိုင်းဒေသကြီးရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း (၂)ဦး၊မန္တလေးတိုင်းဒေသကြီးရှိ ဝန်ထမ်း (၂)ဦးနှင့် မကွေးတိုင်းဒေသကြီးရှိ ဝန်ထမ်း (၁) ဦး စုစုပေါင်း ဝန်ထမ်း (၅)ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံ စစ်ဆေးတွေ့ရှိရကြောင်းနှင့် ယခုစစ်ဆေးတွေ့ရှိခဲ့သည့် အဆိုပါ ဝန်ထမ်း (၅)ဦးသည် သုံးစွဲသူများနှင့် တိုက်ရိုက်ထိတွေ့ခဲ့ခြင်းမရှိကြောင်း MPT က အတည်ပြု ထုတ်ပြန်လိုက်ပါသည်။

ယခုကဲ့သို့ ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိရသည့်ဖြစ်ရပ်အတွက် မိမိတို့အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန နှင့် တာဝန်ရှိသူများ၏ညွှန်ကြားချက်များအတိုင်း လျင်လျင်မြန်မြန် ထိထိရောက်ရောက် လိုက်နာဆောင်ရွက်လျက်ရှိပါသည်။

မိမိတို့အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏လမ်းညွှန်ချက်များအတိုင်း လုပ်ငန်းခွင်အတွင်းနှင့်လုပ်ငန်းခွင်ပြင်ပသို့ ရောဂါပိုးပျံ့နှံ့ကူးစက်မှု မရှိစေရန်အတွက် အကောင်းဆုံး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် ယခုကဲ့သို့ ကိုဗစ်-၁၉ ကူးစက်မှု အရေးပေါ် အခြေအနေတွင် မြန်မာပြည်သူများအတွက် အရေးပါသော အခန်းကဏ္ဍဖြစ်သည့် ဆက်သွယ်ရေးဝန်ဆောင်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးကိုလည်းလုပ်ဆောင်သွားမည် ဖြစ်ပါသည်။

ယခုကဲ့သို့ ဖြစ်ရပ်များအတွက် အဆင်မပြေမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက်လည်း တောင်းပန်မှုပြုကာ နားလည်ပေးမှုအတွက် ကျေးဇူးတင်ရှိပါသည်။

MPT နှင့် Viber အတူပူးပေါင်း၍ နှစ်သစ်ကိုကြိုဆိုသောအားဖြင့် သုံးစွဲသူများအား အထူးလက်ဆောင်များပေးအပ်

(ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၄ ရက်) – MPT သုံးစွဲသူများအားလုံးအတွက် Viber branded paid stickers များကို အခမဲ့ရယူနိုင်မည့်  ‘A Wonderful Christmas & New Year Treat’ အစီအစဉ်ကို MPT မှ Viber နှင့် ထပ်မံပူးပေါင်း ဆောင်ရွက်လိုက်ပြီဖြစ်သည်။ MPT သုံးစွဲသူအားလုံးသည် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ Viber Sticker Market ရှိ သတ်မှတ်ထားသော premium stickers များအား မည်သည့် အခကြေးငွေမျှ ပေးဆောင်ရန်မလိုဘဲ ဒေါင်းလုတ်ရယူ အသုံးပြုနိုင်မည်ဖြစ်ပြီး Sticker ဒေါင်းလုတ်ဆွဲရာတွင် အသုံးပြုသည့် ဒေတာပမာဏမှာမူ ပုံမှန်အတိုင်း ကျသင့်မည်ဖြစ်သည်။

Viber ဇာတ်ကောင် sticker များဖြစ်သည့် အပြုသဘောဆောင်သော၊ ကာလရှည်ရင်းနှီးကျွမ်းဝင်မှု၊ (Natsumi နှင့် Lana the Sheep) ကာတွန်း ဇာတ်ကောင်လေးများ၊ အားလပ်ရက်အစီအစဉ်များ၊ မိမိစိတ်ဝင်စားမှုအပေါ်အခြေခံသည့် (နေရာနှင့် ရုပ်ရှင်များ) စသည့် paid stickers package ကို MPT သုံးစွဲသူများ အနေနှင့် အခမဲ့သုံးစွဲခွင့် ရရှိမည်ဖြစ်သည်။

MPT-KSGM JO စီးပွားရေးဌာနကြီး၏ အရာရှိချုပ် ဖြစ်သူ Mr. Tetsunori Nagashima မှ “ဒါဟာ MPT ကို အစဉ်တစိုက်သုံးစွဲသူတွေအတွက် သူတို့ရဲ့စိတ်ခံစားချက်ကိုဖော်ပြနိုင်စေဖို့နဲ့ သူတို့ချစ်ခင်ရတဲ့သူတွေနဲ့အတူ stickers လေးတွေမျှဝေနိုင်စေမယ့် ကျွန်တော်တို့ရဲ့ ခရစ္စမတ်နဲ့နှစ်သစ် အထူးလက်ဆောင်ပဲဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။ “ဒီနှစ်ရဲ့ကြည်နူးစရာအချိန်လေးမှာ ကျွန်တော်တို့ အနေနဲ့ အချင်းချင်း ရင်းနှီးနွေးထွေးစွာနဲ့ သတင်းစကားတွေ ပေးပို့နိုင်ဖို့ ဖန်တီးပေးချင်ပါတယ်။ Stickers လေး‌တွေနဲ့ဆိုရင် လူတိုင်းက ကိုယ့်ရဲ့ ခံစားချက်တွေကို ပိုပြီး ပျော်ရွှင်စိတ်လှုပ်ရှားစရာကောင်းအောင် အလွယ်တကူဖော်ပြနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က MPT သုံးစွဲသူတွေအတွက် အထူးသီးသန့် Viber Sticker Market ကိုဖွင့်ပေးဖို့အတွက် Viber နဲ့ အတူပူးပေါင်းခဲ့တာပါ။ အခုပဲ မိမိကြိုက်နှစ်သက်ရာဇာတ်ကောင်နဲ့ sticker set ကို ဒေါင်းလုတ်ရယူရင်း sticker လေးတွေနဲ့  ကိုယ့်ရဲ့ ခံစားချက်တွေကို ရင်းနှီးနွေးထွေးစွာ နဲ့ဖော်ပြလိုက်ပါ”ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

‘A Wonderful Christmas & New Year Treat’ အစီအစဉ်ကို MPT သုံးစွဲသူအားလုံး ဒီဇင်ဘာလ ၂၄ ရက်နေ့မှ ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ရရှိခံစားနိုင်ပြီဖြစ်သည်။ MPT သည် စုံစုံလင်လင် package ကို စတင်မိတ်ဆက် သည့်အချိန်မှစ၍ Viber နှင့် အတူပူးပေါင်းခဲ့ပြီး အကျိုးရလဒ်အနေဖြင့် စုံစုံလင်လင် Mini Pack နှင့် စုံစုံလင်လင် Maxi Packs သုံးစွဲသူများ ပါ Viber ကို အကန့်အသတ်မရှိ သုံးစွဲနေပြီ ဖြစ်သည်။

“သုံးစွဲသူတွေအနေနဲ့ လူမှုအသိုင်းအဝိုင်းအတွင်း ဆက်သွယ်ပြောဆိုတဲ့အခါ လုံခြုံစိတ်ချရတဲ့ messaging platform မှာ sticker လေးတွေကို အသုံးပြုပြီး အချင်းချင်းကိုယ့်ခံစားချက်ကို ဖော်ပြပြောဆိုနေကြတာ တွေ့မြင်ရတဲ့အတွက် MPT နဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်ရမှုကို အလွန်စိတ်ကျေနပ်မိပါတယ်။ လာမယ့် အားလပ်ရက်အတွင်းမှာ ဒီအထူးလက်ဆောင်အသုံးပြုပြီး ကျွန်မတို့အားလုံး သုံးစွဲသူတွေရော မိတ်ဖက်အဖွဲ့ အစည်းအားလုံးဟာ ၂၀၂၀ ခုနှစ်ဆိုတဲ့ မှတ်တိုင်ကြီးကို အတူတကွ ဆင်နွဲဖို့အတွက် အချိန်ကောင်းပဲ ဖြစ်ပါတယ်။”ဟု Rakuten Viber မှ Chief Growth Officer ဖြစ်သူ Anna Znamenskaya မှပြောကြားခဲ့သည်။

Messaging platforms များတွင် sticker များကို အသုံးပြုပြီး ဆက်သွယ်ပြောကြားခြင်းမှာ အလွန်ရေပန်းစား လျက်ရှိသည်။ Viber သည် မြန်မာနိုင်ငံတွင် လူကြိုက်အများဆုံး messaging apps တစ်ခုဖြစ်ပြီး Viber အသုံးပြုသူများမှာ တစ်နေ့တွင် ပျမ်းမျှအားဖြင့် ၁၂ ကြိမ်မျှ apps ကိုဖွင့်ပြီး message အသစ်များကို ကြည့်ရှု လေ့ရှိကြသည်။ Viber Sticker Market တွင် ရေပန်းစားနေသည့် ဘန်းစကားများနှင့် ဟာသရုပ်ပြောင်များ၊ ရာနှင့်ချီပါဝင်သော ပြည်တွင်းဇာတ်ကောင် sticker များကို ပေးအပ်ထားသည်။ အချို့သော Sticker များသည် သက်ဝင်လှုပ်ရှားနေပြီး အချို့တွင် အသံပါ ပါရှိသည်။ Premium stickers များကို ဒေါင်းလုတ်ရယူခြင်းဖြင့် အသုံးပြုသူများသည် MPT ၏ Viber Community Group သို့ အလိုအလျောက် စာရင်းသွင်းဝင်ရောက်ပြီးဖြစ်မည်။ MPT ၏ သတင်းအချက်အလက်များနှင့် ပတ်သက်၍ ပိုမိုသိရှိလိုပါက 106 သို့ခေါ်ဆိုနိုင်ပြီး MPT ဖေ့စ်ဘွတ်ခ်စာမျက်နှာ www.facebook.com/mptofficialpage နှင့် MPT ဝက်ဘ်ဆိုက် www.mpt.com.mm ကို ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

 

 “ပျော်ရွှင်စရာ အားလပ်ရက်ချိန်ခါဖြစ်ပါစေ”

MPT နှင့် Microsoft ပူးပေါင်း၍ B2B လုပ်ငန်းများအတွက် အဆင့်မြင့်ဝန်ဆောင်မှုများ စတင်ပေးအပ်

(ဝန်ဆောင်မှု၏တစ်စိတ်တစ်ပိုင်းအနေဖြင့် B2B သုံးစွဲသူများသည် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားစဉ်ကာလအတွင်း စီးပွားရေးလုပ်ငန်းများအနေဖြင့် အလွယ်တကူ Remote Work Environment သို့ ကူးပြောင်းချိတ်ဆက်အသုံးပြုနိုင်မည့် Cloud-based ဆက်သွယ်​ရေး နှင့် (Productivity) လုပ်ကိုင်စွမ်းအား တိုးတက်မှု အတွက် အဓိက အရေးပါသည့် Microsoft Teams ကို ၆ လ အခမဲ့ အသုဲးပြုနိုင်မည့် အခွင့်အရေး)

(ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၃ ရက်) – MPT သည် မြန်မာနိုင်ငံရှိ  စီးပွားရေး လုပ်ငန်းများအတွက် အထူးပြုသုံးစွဲနိုင်သည့် Microsoft 365  ဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် Microsoft နှင့်  ပူးပေါင်း ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ဝန်ဆောင်မှုပေးအပ်ခြင်းဖြင့် MPT သည် ၎င်း၏ ကော်ပိုရိတ် သုံးစွဲသူများ အတွက် B2B မြန်နှုန်းမြင့် ဖိုင်ဘာအင်တာနက်ချိတ်ဆက်မှုများ၊ B2B business mobile plans နှင့် အလွယ်တကူ ချိတ်ဆက်ဆောင်ရွက်နိုင်သည့် cloud-based  SaaS ဝန်ဆောင်မှုကို ချိတ်ဆက် ဆောင်ရွက်ပေးလိုက်ခြင်းဖြင့် ဝန်ဆောင်မှုအားလုံးကို တစ်နေရာတည်းတွင် ရရှိနိုင်စေရန် ပူးပေါင်း ဆောင်ရွက်လိုက်ခြင်းဖြစ်သည်။

Microsoft 365 သည် ကမ္ဘာအနှံ့အပြားရှိ စီးပွားရေးလုပ်ငန်းများအတွက် ပြီးပြည့်စုံသော လစဉ်ကြေး နှစ်စဉ်ကြေး ပေးသွင်းခြင်းဖြင့်ရရှိနိုင်သော ဝန်ဆောင်မှု (Subscription-based) ဖြစ်ပြီး လုံခြုံမှု အထူးအားကောင်းသော ထုတ်ကုန်တစ်ခု ဖြစ်ပါသည်။ MPT ၏ အထူးပံ့ပိုးမှုဖြင့် B2B ဝန်ဆောင်မှုသုံးစွဲသူများသည် Microsoft ထုတ်ကုန်များကို အသုံးပြုနိုင်မည်ဖြစ်သည်။ စီးပွားရေးလုပ်ငန်းသုံး ပက်ကေ့ချ်တွင်သမာရိုးကျ Microsoft 365 applications များဖြစ်သော Word, PowerPoint, Outlook နှင့် Excel တို့သာမက ကမ္ဘာတစ်ဝှမ်းလုံးရှိ အဖွဲ့အစည်း အသီးသီးမှ ယုံကြည်စိတ်ချစွာ အသုံးပြုလျက်ရှိသော လုပ်ငန်းသုံး  စီးပွားရေး ပက်ကေ့ချ် (Enterprise Package) နှင့် လုံခြုံမှုရှိသည့် စာတိုပေးပို့ခြင်း ၊ ဗွီဒီယို ကွန်ဖရင့် လုပ်ဆောင်ချက်များဖြင့် ဝန်ထမ်းများအကြား ပေါင်းစည်းဆက်သွယ်မှုများကို ပြုလုပ်နိုင်မည့် Microsoft Exchange နှင့် Teams တို့ ပါဝင်သည်။

MPT သည် Microsoft Enterprise Level ဝန်ဆောင်မှုများကို ဒီဇင်ဘာလ (၂၃)ရက်နေ့မှ စတင်ကာ ကနဦး အကဲဖြတ်ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ နည်းပညာ အထောက်အပံ့များ၊ လုပ်ငန်းစနစ်မြှင့်တင်ခြင်းများနှင့် သင်တန်းများပေးအပ်သွားမည်ဖြစ်သည်။ MPT ဝန်ဆောင်မှု၏ အားသာချက်မှာ လက်ရှိ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားစဉ်ကာလအတွင်း B2B သုံးစွဲသူများအတွက်  စီးပွားရေးလုပ်ငန်းများတွင် ဝန်ထမ်းများ၏ ပူးပေါင်းလုပ်ဆောင်နိုင်စွမ်းကို တိုးတက်လာစေရန်နှင့် အဝေးမှထိန်းချုပ်ညွှန်ကြားရာ၌ အရေးပါသည့် MPT ၏ fixed အင်တာနက် ဝန်ဆောင်မှု၊ အင်တာနက်ဒေတာ ဝန်ဆောင်မှုများ၊ ကွန်ပျူတာ၊ တက်ဘလက်၊ ဟန်းဆက်များနှင့် ချိတ်ဆက်၍ အခြားအရေးပါသော လုပ်ငန်းသုံး လုပ်ဆောင်ချက်များ လုပ်ဆောင်နိုင်မည် ဖြစ်သည်။

ထို့အပြင် MPT သည် B2B ဝန်ဆောင်မှုသုံးစွဲသူများ လိုအပ်ချက်နှင့် ကိုက်ညီမည့်် ဝန်ဆောင်မှုများကို တစ်နေရာတည်းတွင် အဆင်ပြေလွယ်ကူစွာ ရရှိနိုင်သည့် One Stop ဝန်ဆောင်မှုဖြင့် အထူးပရိုမိုးရှင်း အစီအစဉ်များကိုလည်း ပေးအပ်သွားမည် ဖြစ်သည်။

“ကျွန်တော်တို့ MPT အနေနဲ့ Microsoft ထုတ်ကုန်တွေကိုအသုံးပြုပြီး အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းတွေအပါအဝင် B2B ဝန်ဆောင်မှု သုံးစွဲသူတွေအတွက် ပူးပေါင်းလုပ်ဆောင်နိုင်မှု၊ ကုန်ထုတ်စွမ်းအား၊ သတင်းအချက်အလက်မျှဝေခြင်းနဲ့ ဆက်သွယ်ချိတ်ဆက်မှုတွေကို တိုးမြှင့်ပေးအပ်နိုင်ဖို့  နည်းလမ်းသစ်တွေ ဖန်တီးနိုင်ခဲ့တဲ့အတွက် တကယ့်ကို စိတ်လှုပ်ရှားမိပါတယ်။  ကျွန်တော်တို့ရဲ့ အဓိကရည်မှန်းချက်က လက်ရှိ ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် စီးပွားရေးလုပ်ငန်း အများစုအနေနဲ့ အလုပ်တွေကိုတစ်နေရာစီကနေ ဆောင်ရွက်နေကြတဲ့အချိန်မှာ မြန်မာနိုင်ငံရဲ့ ဒီဂျစ်တယ် အသွင်ကူးပြောင်းရေးကို အဆင်ပြေချောမွေ့စွာနဲ့ အရှိန်အဟုန်မြှင့်တင်ပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်။ အခုဆိုရင် ကျွန်တော်တို့အနေနဲ့ Microsoft 365 Enterprise Level ဝန်ဆောင်မှုတွေ အပါအဝင် Microsoft ရဲ့ ထုတ်ကုန်တွေကို အသက်သာဆုံးနှုန်းထားတွေနဲ့ ဝင်ရောက် သုံးစွဲနိုင်ခွင့်‌ကို ပေးအပ်သွားမှာပါ။ လုံခြုံစိတ်ချရတဲ့ cloud-based အခြေခံတဲ့ Microsoft Enterprise solutions နဲ့အတူ ကျွန်တော်တို့ရဲ့ ယုံကြည်စိတ်ချရတဲ့ B2B တယ်လီကွန်း ဝန်ဆောင်မှုနဲ့ MPT ရဲ့ အထူးပံ့ပိုးထားတဲ့ ဝန်ဆောင်မှုက မြန်မာကုမ္ပဏီတွေအတွက် နည်းပညာအခြေခံအဆောက်အအုံမှာ ကုန်ကျစရိတ်များပြားတဲ့ နှစ်ရှည် ရင်းနှီးမြှုပ်နှံမှုကို လုပ်စရာမလိုဘဲ ယှဉ်ပြိုင်နိုင်တဲ့အားသာချက်တွေကို ဆောင်ရွက်ပေးနိုင်မှာပါ။ ကျွန်တော်တို့ဟာ ကျယ်ပြန့်လာတဲ့ မြန်မာစီးပွားရေးလုပ်ငန်းတွေရဲ့ လိုအပ်ချက်ဖြစ်တဲ့ ICT နည်းပညာတွေကို ပံ့ပိုးရင်း ယုံကြည်ရတဲ့ မိတ်ဖက်အဖွဲ့အစည်းတွေအဖြစ် အတူတူရပ်တည်သွားဖို့ရည်ရွယ်ပါတယ်။”  ဟု MPT-KSGM  Joint Operations စီးပွားရေးဌာနကြီး၏ အရာရှိချုပ်ဖြစ်သူဖြစ်သူ Mr. Tetsunori Nagashima က ပြောကြားခဲ့သည်။

Microsoft Myanmar ၏ Country Manager ဖြစ်သူ ဦးစိုးသူအောင်က “MPTအနေနဲ့ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေကို ပိုမိုပြည့်စုံတဲ့ ဝန်ဆောင်မှုတွေ ပေးအပ်သွားနိုင်မယ့်အပြင် မြန်မာပြည်သူတွေအတွက် အခက်အခဲရှိနေတဲ့နေရာတွေ အရေးကြီးလိုအပ်တဲ့နေရာတွေမှာ ဖြေရှင်းနိုင်မယ့်နည်လမ်းသစ်တွေ ဖော်ဆောင်ရာမှာလည်း အကူအညီပေးနိုင်မှာပါ။  အခုကစပြီး MPT အနေနဲ့ Microsoft ထုတ်ကုန်တွေဖြစ်တဲ့ Microsoft 365၊  Azure နဲ့ Dynamic 365 တို့ကို မြန်မာပြည်အနှံ့အပြားက စီးပွားရေးလုပ်ငန်းတွေ နဲ့ အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းတွေအတွက် တစ်နေရာတည်းမှာ ပြီးပြည့်စုံတဲ့ ဝန်ဆောင်မှုတွေကို ပေးအပ်သွားမှာပါ” ဟု ပြောကြားခဲ့သည်။ MPT နဲ့ အတူတကွ လက်တွဲဆောင်ရွက်ခွင့် ရတဲ့အတွက် ဂုဏ်ယူပါတယ်! မြန်မာပြည်သူပြည်သားတွေ ရှေ့ဆက်လျှောက်လှမ်းနိုင်ဖို့ နဲ့ ကမ္ဘာ့ကပ်ရောဂါကို ရင်ဆိုင်နေရ တဲ့ ကာလအတွင်း ခံနိုင်ရည်ရှိဖို့အတွက် ကျွန်တော်တို့ အတူတကွ အတတ်နိုင်ဆုံး ကူညီပေးသွားမှာ ဖြစ်ပါတယ်။ Microsoft ရဲ့ ရည်မှန်းချက်က ကမ္ဘာပေါ်ရှိ လူသားတိုင်း၊ အဖွဲ့အစည်းတိုင်းကို အောင်မြင်မှုတွေ ပိုမိုရရှိအောင် ဆောင်ရွက်ပေးဖို့ပဲဖြစ်ပါတယ်။ ဟု ဆက်လက်ပြောကြားခဲ့ပါသည်။

MPT သည် B2B ဝန်ဆောင်မှုများ ပေးအပ်ခြင်းကို စဉ်ဆက်မပြတ် တိုးချဲ့ဆောင်ရွက်လျက်ရှိပါသည်။ MPT သည် စီးပွားရေး လုပ်ငန်းများအတွက် ရည်ရွယ်၍ မြန်နှုန်းမြင့်ဖိုင်ဘာအင်တာနက် ဝန်ဆောင်မှုများ အပါအဝင် စီးပွားရေးသုံး fixed lines ဝန်ဆောင်မှုများကိုလည်း ကျယ်ပြန့်စွာ ကြိုးပမ်းလုပ်ဆောင်လျက်ရှိသည်။ Microsoft 365 ဝန်ဆောင်မှု၊ လက်ရှိပရိုမိုးရှင်းများအကြောင်းနှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက MPT သုံးစွဲသူများအတွက် အခမဲ့ဆက်သွယ်နိုင်သည့် B2B Hotline ဖြစ်သော 0800 800 9990 သို့မဟုတ် ၀၉၄၂၆၀၀၀၃၂၃ (အခြားအော်ပရေတာသုံးစွဲသူများအတွက်) (သို့) ၁၀၆ (သို့) 01- 2399106 နှင့် [email protected] သို့  ဆက်သွယ်စုံစမ်းနိုင်ပါသည်။

မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ၊ ဌာနဆိုင်ရာများ နှင့် လုပ်ငန်းအသီးသီးအတွက် MPT ၏  ဝန်ဆောင်မှု အသေးစိတ်အချက်အလက်များနှင့်ပတ်သက်၍ https://www.mpt.com.mm/en/business-home/ သို့ ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။

ပရိသတ်များ၏ တစ်ခဲနက်ထောက်ခံအားပေးမှုဖြင့် “N OO L” က The Voice Myanmar Season 3 ၏ အနိုင်ရရှိသူဖြစ်လာ

(The Voice Myanmar ပရိသတ်များမှ ထိုက်တန်စွာရွေးချယ်ပေးခဲ့သည့်
အနုပညာကြယ်တစ်ပွင့် ထပ်မံပေါ်ထွက်လာပြီ)

(ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၁ ရက်) – ရက်သတ္တပတ်များစွာ ကြာမြင့်ခဲ့သည့် ထူးခြား ပြောင်မြောက်သော တိုက်ရိုက်သီဆိုယှဉ်ပြိုင်ဖျော်ဖြေမှု အပြီးတွင် ရင်ခုန်စိတ်လှုပ်ရှားစရာ အခိုက်အတန့်များနှင့် ပရိသတ်များ၏ တစ်ခဲနက်အားပေးထောက်ခံမှု ရရှိခဲ့သည့် “N OO L” ကို The Voice Myanmar Season 3 ၏ အနိုင်ရရှိသူအဖြစ် MPT က ယနေ့ထုတ်ပြန် ကြေညာလိုက်သည်။ ယခု Season 3 တွင် အနိုင်ရရှိသူသည် ဆုကြေးငွေကျပ်သိန်း ၂၀၀၊ FG Entertainment နှင့် solo music album ထုတ်ခွင့်ရမည့်အပြင် အသစ်စက်စက် Morris Garages ကားကြီးကိုပါ ဆွတ်ခူးရရှိနိုင် ခဲ့ပြီဖြစ်သည်။

MPT သည် The Voice Myanmar Season 3 ၏ Official Telecom Partner အနေဖြင့် အထူးသဖြင့် ယခုကဲ့သို့ ကိုဗစ်-၁၉ ကူးစက်ရောဂါပြန့်ပွားပြီး စိန်ခေါ်မှုများ ကြုံတွေ့နေရသည့်ကာလတွင် ပွဲစဉ်တစ်လျှောက်လုံး ပြိုင်ပွဲဝင် များကို ထောက်ခံအားပေးခဲ့ကြသော တစ်နိုင်ငံလုံးရှိ ပရိသတ်များအား ကျေးဇူးတုံ့ပြန်မှုကို ပြသသည့်အနေဖြင့် ပြုလုပ်ခဲ့သည့် “Choose A Winner, Be A Winner” အစီအစဉ်မှ ကံထူးရှင် ၁၆ ဦးကိုလည်း ဂုဏ်ယူ ဝမ်းမြောက်စွာ ကြေညာလိုက်ပါသည်။

MPT prepaid စနစ် သုံးစွဲသူများသည် The Voice Myanmar Season 3 ၏ Live Round ၄ ခုအတွင်း ၎င်းတို့နှစ်သက်အားပေးသည့် ပြိုင်ပွဲဝင်ကို SMS ဖြင့် မဲပေးခြင်းအပြင် တရားဝင် အွန်လိုင်း Web Portal မှတစ်ဆင့် မဲပေးခြင်းဖြင့်လည်း ပါဝင်ဆင်နွှဲခဲ့ပါသည်။ MPT ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် “Choose A Winner, Be A Winner” အစီအစဉ်၏ ပထမအပတ်, ဒုတိယအပတ်နှင့် တတိယအပတ်၏ ကံထူးရှင်များကို ကြေညာခဲ့ပြီး ယနေ့တွင်မူ စတုတ္ထအပတ် ၏ ကံထူးရှင်များကိုလည်း ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်သည်။
“Choose A Winner, Be A Winner” အစီအစဉ်တွင် ကျပန်းစနစ်ဖြင့် ရွေးချယ်ခဲ့သော ကံထူးရှင်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

ပထမအပတ် (Live Round – 1)

စဉ်အမည်နေရပ်ဖုန်းနံပါတ်ဆုလက်ဆောင်
ဒေါ်လွင်စန္ဒာစိုးပဲခူးတိုင်းဒေသကြီး09450509xxxiPhone 12
ဦးအောင်သူဖြိုးရန်ကုန်တိုင်းဒေသကြီး09440609xxxiPad Air
ဒေါ်ဂျူလီယာရန်ကုန်တိုင်းဒေသကြီး09455727xxxAirPods Pro
ဦးမျိုးထွန်းအောင်ရန်ကုန်တိုင်းဒေသကြီး09445980xxxAirPods Pro

ဒုတိယအပတ် (Live Round – 2)

စဉ်အမည်နေရပ်ဖုန်းနံပါတ်ဆုလက်ဆောင်
မကေထားခိုင်ကရင်ပြည်နယ်09893614xxxiPhone 12
ကိုဝင်းနိုင်စိုးရန်ကုန်တိုင်းဒေသကြီး09428025xxxiPad Air 2020
မရူပါရန်ကုန်တိုင်းဒေသကြီး09441303xxxAirPods Pro
မဟေမာနှင်းနေပြည်တော်09421716xxxAirPods Pro

တတိယအပတ် (Live Round – 3)

စဉ်အမည်နေရပ်ဖုန်းနံပါတ်ဆုလက်ဆောင်
မကပ်လမ်နှဲမ်စစ်ကိုင်းတိုင်းဒေသကြီး09225798xxxiPhone 12
ကိုမင်းမင်းဦးရန်ကုန်တိုင်းဒေသကြီး09421285xxxiPad Air 2020
ကိုဇင်နိုင်ဖြိုးရန်ကုန်တိုင်းဒေသကြီး09459895xxxAirPods Pro
ကိုမြင့်နိုင်ရန်ကုန်တိုင်းဒေသကြီး0989414xxxAirPods Pro

စတုတ္ထအပတ် (Live Round – 4)

စဉ်အမည်နေရပ်ဖုန်းနံပါတ်ဆုလက်ဆောင်
မသဥ္ဇာထွန်းမန္တလေးတိုင်းဒေသကြီး09441004xxxiPhone 12
မခိုင်မီမီကျော်ရန်ကုန်တိုင်းဒေသကြီး095024xxxiPad Air 2020
မမေသက်ကျော်ရန်ကုန်တိုင်းဒေသကြီး0943006xxxAirPods Pro
မဂျူးဂျူးစံမန္တလေးတိုင်းဒေသကြီး09892953xxxAirPods Pro

 

“The Voice Myanmar သီချင်းဆိုပြိုင်ပွဲအစီအစဉ်ကနေ မြန်မာလူငယ်အဆိုပါရမီရှင်တွေကို ရှာဖွေဖော်ထုတ်ပြီး မြေတောင်မြှောက်ပေးတဲ့ ဒီလမ်းခရီးတစ်စိတ်တစ်ပိုင်းမှာ မိတ်ဖက်အဖွဲ့အစည်းအနေနဲ့ ကာလရှည်ကြာစွာ ပါဝင်ရပ်တည်ခဲ့ရတာဟာ ကျွန်တော်တို့အတွက် အခွင့်ကောင်းတစ်ခုဖြစ်သလို ဂုဏ်ယူစရာ လည်းဖြစ်ခဲ့ပါတယ်။ အနိုင်ရရှိသူကိုတော့ တစ်ဦးတည်း ရွေးချယ်ခဲ့ရပေမယ့် ပြိုင်ပွဲဝင်တွေအားလုံးဟာ ပြိုင်ပွဲစဉ်တစ်လျှောက်မှာ လုံးဝထင်မှတ်မထားတဲ့ အကောင်းဆုံး သီဆိုယှဥ်ပြိုင်မှုတွေနဲ့ ဖျော်ဖြေတင်ဆက်မှုတွေ ပြသနိုင်ခဲ့တဲ့ အဆိုတော်တွေဖြစ်ခဲ့တယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။ ကျွန်တော်အနေနဲ့ The Voice Myanmar Season 3 ရဲ့ အနိုင်ရရှိသူ “N OO L” ကို ဝမ်းသာဂုဏ်ယူပါတယ်လို့ ပြောချင်ပါတယ် ” ဟု MPT-KSGM Joint Operations စီးပွားရေးဌာနကြီး၏ အရာရှိချုပ်ဖြစ်သူ Mr. Tetsunori Nagashima က ပြောကြားခဲ့သည်။
“The Voice Myanmar သီချင်းဆို ပြိုင်ပွဲက မြန်မာပရိသတ်တွေကြားမှာ ပေါက်ရောက်အောင်မြင်ခဲ့တဲ့ ရေပန်း အစားဆုံး သီချင်းဆိုပြိုင်ပွဲတစ်ခုဖြစ်တယ်ဆိုတာ သက်သေပြနိုင်ခဲ့ပြီး အထူးသဖြင့် ကိုဗစ်-၁၉ ကူးစက် ရောဂါပြန့်ပွားပြီး ပြင်းထန်တဲ့ စိန်ခေါ်မှုတွေ ကြုံတွေ့နေရတဲ့ အခုလိုကာလကြီးမှာ ဒီအစီအစဉ်ရဲ့တစ်စိတ်တစ်ပိုင်း အဖြစ်ပါဝင်ခွင့်ရတဲ့အတွက် ကျွန်တော်တို့ အရမ်းဂုဏ်ယူမိပါတယ်။ ကူးစက်ရောဂါ ပြန့်ပွားနေတဲ့ကာလအတွင်း ပုံမှန်အခြေအနေသစ်ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ရောဂါကူးစက်မှုကို ထိန်းချုပ်တဲ့အနေနဲ့ ပြိုင်ပွဲကို အွန်လိုင်း ကနေ ဆက်လက်ရိုက်ကူး တင်ဆက်ရတဲ့အချိန်မှာ MPT က Official Telecom Partner အဖြစ် စိန်ခေါ်မှု အားလုံးကို ကျော်လွှားနိုင်ဖို့ လိုအပ်တဲ့နည်းပညာပံ့ပိုးမှုနဲ့ ဒီဂျစ်တယ်နည်းလမ်းတွေထောက်ပံ့ ပေးအပ်ခဲ့ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ပါတယ်။” ဟု ထပ်မံ ပြောကြားခဲ့သည်။
“ကျွန်တော် The Voice Myanmar Season 3 ရဲ့ winner တစ်ယောက်ဖြစ်လာတဲ့အတွက် ဘယ်လောက်တောင် ဂုဏ်ယူဝမ်းမြောက်မိလဲဆိုတာ ပြောမပြတတ်လောက်အောင်ပါပဲ။ ဒီပြိုင်ပွဲဟာ ရှည်လျားပြီး စိတ်လှုပ်ရှားစရာ ကောင်းတဲ့ ခရီးလမ်းတစ်ခုဖြစ်ခဲ့ပေမယ့်လည်း ကျွန်တော့်ကို ပံ့ပိုးကူညီပေးတဲ့အပြင် ပြိုင်ပွဲစဉ်တစ်လျှောက် မဲတွေပေးခဲ့ကြတဲ့ မြန်မာတစ်နိုင်ငံလုံးကနေ အားပေးနေတဲ့ ပရိသတ်တွေရဲ့ ကျေးဇူးကြောင့် ကျွန်တော်ရဲ့ အိပ်မက် တကယ်ဖြစ်လာပါပြီ။ ကျွန်တော်နဲ့အတူတူ ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲဝင်တွေ၊ ဒိုင်လူကြီးတွေ၊ ပွဲစီစဉ်တဲ့သူတွေနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေ အထူးသဖြင့် Official Telecom Partner ဖြစ်တဲ့ MPT ကို ကျေးဇူးတင်ကြောင်း ဒီနေရာကနေပြောကြားလိုပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ စိတ်ဆန္ဒတွေ၊ ကြိုးစား အားထုတ်မှုတွေနဲ့ ကတိကဝတ်တွေကြောင့် ကျွန်တော်တို့အနေနဲ့လည်း ကိုဗစ်-၁၉ ကူးစက်ရောဂါပြန့်ပွားမှု ကြုံတွေ့ခံစားနေရတဲ့ အချိန်မှာ စိန်ခေါ်မှုတွေကို အောင်အောင်မြင်မြင်နဲ့ ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ် ” ဟု The Voice of Myanmar Season 3 ၏ အနိုင်ရရှိသူ N OO L က ၎င်းအား စိတ်လှုပ်ရှားဖွယ်ရာ ထောက်ခံအားပေးခဲ့သည့် ပရိသတ်များနှင့် မိတ်ဖက်အဖွဲ့အစည်းများကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါသည်။

၂၀၁၈ ခုနှစ်တွင်စတင်ခဲ့သည့် ပထမဆုံး The Voice Myanmar အစီအစဉ်မှစ၍ MPT သည် မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ထားရှိခဲ့သည့် ကတိကဝတ်အတိုင်း မြန်မာနိုင်ငံတစ်ဝန်း အရည်အချင်းရှိသည့် ယှဉ်ပြိုင်သူများစွာ ရှာဖွေဖော်ထုတ်ပေးရန်၊ မြှင့်တင်ပေးရန်နှင့် အခွင့်အလမ်းများ အဆင်ပြေချောမွေ့စွာ ရရှိနိုင်ရန်နှင့် ယခုကဲ့သို့ ခက်ခဲသော အချိန်များအတွင်း ကောင်းမွန်သော ဖျော်ဖြေမှုများဖြင့် မြန်မာပြည်သူတို့၏ စိတ်ခွန်အားမြှင့်တင်မှုတို့တွင် ပါဝင်ကူညီခြင်းပင် ဖြစ်သည်။
“The Voice Myanmar” နှင့်ပတ်သက်၍ သိရှိလိုပါက “The Voice Myanmar” ၏ တရားဝင် Facebook စာမျက်နှာ ဖြစ်သော www.facebook.com/thevoicemyanmar သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ MPT နှင့် ပတ်သက်၍ အသေးစိတ် ထပ်မံသိရှိလိုပါက ၁၀၆ သို့ ခေါ်ဆို၍သော်လည်းကောင်း၊ MPT ၏ တရားဝင်ဝက်ဘ်ဆိုက် ဖြစ်သည့် www.mpt.com.mm သို့မဟုတ် MPT ၏ တရားဝင် Facebook စာမျက်နှာဖြစ်သော www.facebook.com/mptofficialpage သို့ ဆက်သွယ်၍ မေးမြန်းနိုင်ပါသည်။

MPT မှ နှစ်သစ်ကိုကြိုဆိုသောအားဖြင့် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ဆုလက်ဆောင်များပါဝင်သည့် “ကံထူးပျော်ရွှင် ၂၀၂၁ အစီအစဉ်” ကို မိတ်ဆက်

(MPT ကို အစဉ်တစိုက် သုံးစွဲသူများအားလုံးအတွက် MPT4U App မှတစ်ဆင့် Top-Up ထိပေါက်ကို ကစားခြင်းအားဖြင့် ငွေကျပ် ၁၀ သန်းအထူးဆု၊ iPhone 12 Pro နှင့် ဒေတာဆုကြီးများ အပါအ၀င် စိတ်လှုပ်ရှားဖွယ်ဆုကြီးများကို ရရှိပိုင်ဆိုင်နိုင်မည်။)

  (ရန်ကုန်၊ ၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၁ ရက်) – မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် MPT သည် နှစ်သစ်ကူးပြောင်းတော့မည့် အချိန်ကာလတွင် မြန်မာနိုင်ငံတစ်ဝန်းရှိ MPT ကို အစဉ်တစိုက်သုံးစွဲသူများအား ကျေးဇူးတုံ့ပြန်သည့်အနေနှင့် ပျော်ရွှင်ကြည်နူးမှုများ ပေးစွမ်းနိုင်ရန် အထူးအစီအစဉ်တစ်ရပ်အဖြစ် “ကံထူးပျော်ရွှင် ၂၀၂၁ အစီအစဉ်”ကို မိတ်ဆက်လိုက်သည်။ MPT သုံးစွဲသူများအားလုံးသည် MPT4U App မှတစ်ဆင့် “Top-up ထိပေါက်” ကစားခြင်းအားဖြင့် စိတ်လှုပ်ရှားစရာဆုများဖြစ်သည့်ငွေကျပ် (၁၀)သန်း၊ iPhone 12 Pro နှင့်အတူဒေတာ 1,000GB၊  ဒေတာ 100GB  အစရှိသည့် အထူးဆုကြီးများကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၂၀)ရက် မှ ဒီဇင်ဘာလ (၂၇) ရက်အတွင်း ရရှိ ကံထူးနိုင်မည်ဖြစ်သည်။

သုံးစွဲသူများအနေဖြင့် မည်သည့် Channel မှမဆို ဖုန်းဘေလ် ၁၀၀၀ကျပ် နှင့် အထက် ဖုန်းဘေလ်ဖြည့်သွင်းတိုင်း “Chance ၁” ခုရှိပြီး MPT4U ထဲရှိ“Top-up ထိပေါက်” တွင် “Chance” များဖြင့် ဝင်ရောက်ကံစမ်းခြင်းဖြင့် “ကံထူးပျော်ရွှင် ၂၀၂၁ အစီအစဉ်” ၏ ကံထူးနိုင်သည့် ဒေတာဆုများ (သို့) အထူးဆုကြီးများအတွက် tickets များကို ရရှိနိုင်မည်ဖြစ်သည်။ ဖုန်းဘေလ်များများ ဖြည့်ပါက ကံထူးနိုင်သည့် Chance များများရရှိပြီး  အထူးဆုကြီးများကို ကံစမ်းနိုင်မည် ဖြစ်သည်။

MPT4U App တွင် “Top-up ထိပေါက်”  ဂိမ်းကစားခြင်းဖြင့် ရရှိနိုင်သော ဆုလက်ဆောင်များမှာ အောက်ပါ အတိုင်းဖြစ်သည်။

ကံထူးနိုင်မည့်
အခွင့်အရေ:
ဆုမဲများကံထူးရှင်အရေအတွက်
Ticket 5 စောင် ရရှိထားပါကငွေကျပ် ၁၀သန်း1
Ticket 3 စောင်
ရရှိထားပါက
iPhone 12 Pro
(၃၆၅ရက်အတွင်း အသုံးပြုနိုင်သော
1,000GB)
1
Ticket 1 စောင်
ရရှိထားပါက
100GB (ရက်၆၀အတွင်းအသုံးပြုနိုင်သော)10

MPT-KSGM Joint Operations၏ စီးပွားရေး ဌာနကြီး၏ အရာရှိချုပ် ဖြစ်သူ Mr. Tetsunori Nagashima မှ “ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ ကိုဗစ်-၁၉ ဖြစ်ပွားတဲ့ကာလဖြစ်တာကြောင့် ဒီနှစ်မှာကြီးမားတဲ့ စိန်ခေါ်မှုတွေ အများအပြား ကြုံတွေ့ကြရပါတယ်။ ၂၀၂၁ ခုနှစ် နှစ်သစ်ကိုကြိုဆိုတဲ့အနေနဲ့ “ကံထူးပျော်ရွှင် ၂၀၂၁” လို့ ခေါ်တဲ့ နှစ်သစ်အထူးကံစမ်းမဲအစီအစဉ်နဲ့အတူ MPT ကို အစဉ်တစိုက်သုံးစွဲသူတွေအတွက် ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ပျော်ရွှင်ကြည်နူးမှုများ ပေးစွမ်းနိုင်ဖို့၊ ဆုကြီးများ ရရှိကံထူးနိုင်စေဖို့ ဒီအစီအစဉ်ကို မိတ်ဆက်ပေးလိုက်တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေကို ခက်ခဲလှတဲ့ဒီနှစ်အတွင်းမှာ သူတို့ရဲ့ MPT ကို ယုံကြည်စိတ်ချစွာ အသုံးပြုမှုအတွက် ကျေးဇူးတင်အသိအမှတ်ပြုမှုကို ဒီအစီအစဉ်ကနေတစ်ဆင့် ဖော်ပြလိုက်တာလည်းဖြစ်ပါတယ်။ နှစ်သစ်မှာ အားလုံးပဲ ပျော်ရွှင်၊ ကျန်းမာ၊ ရွှင်လန်းချမ်းမြေ့ပြီး ကောင်းခြင်း အဖြာဖြာပြည့်စုံနိုင်ကြပါစေလို့ ကျွန်တော်ဆုတောင်းပေးချင်ပါတယ်” ဟု ပြောကြားခဲ့သည်။

“ကံထူးပျော်ရွှင် ၂၀၂၁ အစီအစဉ်” နှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက Hotline ဖုန်းနံပါတ် 106 သို့ ခေါ်ဆို၍သော်လည်းကောင်း၊ MPT ၏ ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့မဟုတ် MPT ၏ တရားဝင် ဖေ့စ်ဘုတ်ခ်စာမျက်နှာဖြစ်သော www.facebook.com/mptofficialpage တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင် ပါသည်။

COVID-19 စစ်ဆေးတွေ့ရှိမှုအတွက် အသိပေးခြင်း

(ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၈ ရက်)

မကွေးတိုင်းဒေသကြီးရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း (၁)ဦးနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း (၃) ဦး စုစုပေါင်း ဝန်ထမ်း (၄)ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံ စစ်ဆေးတွေ့ရှိရကြောင်းနှင့် ယခုစစ်ဆေးတွေ့ရှိခဲ့သည့် အဆိုပါ ဝန်ထမ်း (၄)ဦးသည် သုံးစွဲသူများနှင့် တိုက်ရိုက်ထိတွေ့ခဲ့ခြင်းမရှိကြောင်း MPT က အတည်ပြု ထုတ်ပြန်လိုက်ပါသည်။

ယခုကဲ့သို့ ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိရသည့်ဖြစ်ရပ်အတွက် မိမိတို့အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန နှင့် တာဝန်ရှိသူများ၏ညွှန်ကြားချက်များအတိုင်း လျင်လျင်မြန်မြန် ထိထိရောက်ရောက် လိုက်နာဆောင်ရွက်လျက်ရှိပါသည်။

မိမိတို့အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏လမ်းညွှန်ချက်များအတိုင်း လုပ်ငန်းခွင်အတွင်းနှင့်လုပ်ငန်းခွင်ပြင်ပသို့ ရောဂါပိုးပျံ့နှံ့ကူးစက်မှု မရှိစေရန်အတွက် အကောင်းဆုံး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် ယခုကဲ့သို့ ကိုဗစ်-၁၉ ကူးစက်မှု အရေးပေါ် အခြေအနေတွင် မြန်မာပြည်သူများအတွက် အရေးပါသော အခန်းကဏ္ဍဖြစ်သည့် ဆက်သွယ်ရေးဝန်ဆောင်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးကိုလည်းလုပ်ဆောင်သွားမည် ဖြစ်ပါသည်။

ယခုကဲ့သို့ ဖြစ်ရပ်များအတွက် အဆင်မပြေမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက်လည်း တောင်းပန်မှုပြုကာ နားလည်ပေးမှုအတွက် ကျေးဇူးတင်ရှိပါသည်။