MPT သုံးစွဲသူများအတွက် Facebook, Mobile Legends, Viber, Instagram, JOOX တို့ကို အချိန်နှင့်ဒေတာ အကန့်အသတ်မရှိ စိတ်ကြိုက်သုံးနိုင်မည့်အပြင် ပိုမိုစုံလင်သည့် ခံစားခွင့်များနှင့် ပျော်ရွှင်မှုများကို ယူဆောင်လာပေးမည့် “စုံစုံလင်လင် Maxi Pack”

၂၀၂၁ ခုနှစ် မေလ ၁၅ ရက်နေ့မှစ၍ စုံစုံလင်လင် ပက်ကေ့ချ်များ ရောင်းချခြင်းကို ရပ်ဆိုင်းထားပြီးဖြစ်ကြောင်း အသိပေးအပ်ပါသည်။

(MPT မှ ထပ်မံမိတ်ဆက်လိုက်သော ခံစားခွင့်နဲ့ ဝန်ဆောင်မှုတွေ ပိုမိုစုံလင်တဲ့ စုံစုံလင်လင် Maxi Pack ကို သုံးစွဲသူများအနေနှင့် များပြားသောဒေတာပမာဏ 7GB၊ MPT အချင်းချင်းခေါ်ဆိုမှုအတွက် အသင့်တော်ဆုံးနှုန်းထား ၁မိနစ်လျှင် ၅ကျပ် ဖုန်းခေါ်ဆိုခွင့်နှင့် ဖုန်းဘေလ် ၁၀၀၀ကျပ်တို့ ရရှိပြီး ရက်၃၀အသုံးပြုနိုင်မည်ဖြစ်သည်။)

(ရန်ကုန်၊ ၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၈ ရက် )- MPT မှ သုံးစွဲသူများအတွက် တစ်နေရာတည်းတွင် လိုအပ်ချက်များကို ပြည့်စုံစွာဖြည့်ဆည်းပေးမည့် “ခံစားခွင့်နဲ့ ဝန်ဆောင်မှုတွေ ပိုမိုစုံလင်တဲ့ စုံစုံလင်လင် Maxi Pack”ကို ထပ်မံမိတ်ဆက်လိုက်ပြီး သုံးစွဲသူများအနေနှင့် Facebook, Mobile Legends, Viber, Instagram, JOOX တို့ကို အချိန်နှင့်ဒေတာ အကန့်အသတ်မရှိ စိတ်ကြိုက်အသုံးပြုနိုင်မည့်အပြင် အခြားအင်တာနက် အသုံးပြုမှုများအတွက်(7GB), MPTဖုန်း အချင်းချင်း ခေါ်ဆိုမှုအတွက် အသင့်တော်ဆုံးနှုန်းထားဖြစ်သည့် ၁ မိနစ်လျှင် (၅)ကျပ် ဖြင့် ဖုန်းခေါ်ဆိုခွင့် နှင့် ဖုန်းဘေလ် ၁၀၀၀ကျပ် ရရှိမည်ဖြစ်ကာ ရက် (၃၀) အသုံးပြုနိုင်မည်ဖြစ်သည်။ “စုံစုံလင်လင် Maxi Pack” သည် သုံးစွဲသူများအတွက် ကုန်ကျစရိတ် သက်သာစွာဖြင့် ပိုမိုကောင်းမွန်သည့် အကျိုးကျေးဇူး ရရှိနိုင်သည့် အကောင်းဆုံးရွေးချယ်မှုတစ်ခု ဖြစ်သည်။
လက်ရှိ ကိုဗစ်-၁၉ ကူးစက်ရောဂါပြန့်ပွားနေသည့် အခြေအနေကြောင့် လူအများအပြား အိမ်တွင် နေထိုင်နေရသည့် ကာလတွင် MPT သုံးစွဲသူများအနေဖြင့် ၎င်းတို့၏ ချစ်ခင်သူများနှင့် အဆက်အသွယ်မပြတ် ဆက်ရှိနေနိုင်မည့်အပြင် အွန်လိုင်းမှအရေးကြီးသတင်းနှင့် အချက်အလက်များ၊ ဖျော်ဖြေရေးများကို သိရှိခံစားနိုင်ရန် စုံစုံလင် Maxi Pack ကို အသုံးပြုနိုင်မည်ဖြစ်သည်။
သုံးစွဲသူများသည် Facebook အက်ပလီကေးရှင်း/ ဝက်ဘ်ဆိုဒ် မှတစ်ဆင့် Facebook (ပြင်ပ link များမပါဝင်ပါ)၊ Facebook Messenger (Voice, Video calls များမပါဝင်) ကို အချိန် နှင့် ဒေတာအကန့်အသတ်မရှိ စိတ်ကြိုက်အသုံးပြုနိုင်ခြင်း၊ Instagram ကိုလဲ အချိန်အကန့်အသတ် မရှိ အပူအပင်ကင်းစွာ သုံးနိုင်ခြင်း၊ Viber (Voice, Video calls များမပါဝင်) မှဆက်သွယ် ပြောဆိုခြင်း၊ အကန့်အသတ်မရှိ Mobile Legends (ဂိမ်းအတွင်း Streaming ပြုလုပ်/ ကြည့်ရှုခြင်း၊ ဂိမ်းအတွင်း ဆက်သွယ်ပြောဆိုခြင်းနှင့် ဂိမ်းကစားခြင်းအတွက်မဟုတ်သည့် အခြား အသုံးပြုမှုများ မပါဝင်ပါ) ဂိမ်းကစားနိုင်ခြင်းနှင့် JOOX တေးဂီတမှ နောက်ဆုံးပေါ် သီချင်းများကိုလည်း နားဆင် နိုင်ပါသည်။ထို့အပြင် သုံးစွဲသူများသည် ကြိုက်နှစ်သက်ရာ သုံးနိုင်သည့် ဖုန်းဘေလ် ၁,၀၀၀ ကျပ်ကို ရရှိခံစားနိုင်ပြီး MPT အချင်းချင်း သက်သာသောနှုန်းထားဖြင့် ဖုန်းခေါ်ဆိုခွင့်များဖြင့် မိမိ၏ ချစ်ခင်သူများနှင့် အဆက်အသွယ် ပြုလုပ်နိုင်မည်ဖြစ်သည်။ Facebook မှတစ်ဆင့် ပြင်ပလင့်ခ်များသို့ဝင်ရောက်ခြင်း၊ Voice/Video Calls များခေါ်ဆိုခြင်း နှင့် ဂိမ်းအတွင်း Streaming ပြုလုပ်/ ကြည့်ရှုခြင်း၊ ဂိမ်းအတွင်းဆက်သွယ်ပြောဆိုခြင်းနှင့် Mobile Legends ဂိမ်းကစားခြင်း အတွက်မဟုတ်သည့် အခြားအသုံးပြုမှုများ အတွက် ဝယ်ယူထားသော Data Pack (သို့မဟုတ်) Pay-As-You-Go နှုန်းထားဖြင့် ကောက်ခံသွားမည်ဖြစ်သည်။ Maxi Pack တွင်ပါဝင်သော အပိုဆုလက်ဆောင် 7GB ဒေတာကို အခြား အင်တာနက်အသုံးပြုမှုအားလုံးအတွက် (YouTube, Browser, Facebook, Gaming အစရှိသည်) အသုံးပြုနိုင်မည်ဖြစ်သည်။
MPT မှ ဆွေသဟာ/ရှယ်ပြော/ရွှေစကား အစီအစဉ် ရယူထားသော GSM/WCDMA prepaid စနစ် အသုံးပြုနေသူများသည် “ ခံစားခွင့်နဲ့ ဝန်ဆောင်မှုတွေ ပိုမိုစုံလင်တဲ့ စုံစုံလင်လင် Maxi” Pack ကို ဝယ်ယူအသုံးပြုနိုင်မည်ဖြစ်သည်။ ပရိုမိုးရှင်းကာလမှာ ဒီဇင်ဘာလ ၁၈ရက်နေ့တွင် စတင်မည်ဖြစ်ပြီး သုံးစွဲလိုသူများအနေနှင့် MPT4U သို့မဟုတ် *9498# သို့မဟုတ် ၁၀၆သို့ ခေါ်ဆိုဝယ်ယူနိုင်မည်ဖြစ်သည်။
စုံစုံလင်လင် Maxi Pack ကိုဝယ်ယူခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်း ဖြစ်သည်။

(ကုန်သွယ်ခွန်ပါဝင်ပြီး)ခံစားခွင့်များသက်တမ်းဝယ်ယူရန်
9498 Ks•အကန့်အသတ်မရှိ ဒေတာ (Facebook, Mobile Legends, Viber, Instagram, JOOX)
•7GB (အင်တာနက်အသုံးပြုမှုအားလုံးအတွက်)
•MPT ဖုန်းအချင်းချင်းခေါ်ဆိုခွင့် [၁ မိနစ် (၅) ကျပ် (အခွန်မပါနှုန်းထား) ဖြင့်]
•ဖုန်းဘေလ် (၁၀၀၀) ကျပ်
(၃၀) ရက်MPT4U app
*9498#

MPT-KSGM Joint Operations ၏ စီးပွားရေးဌာနကြီး၏ အရာရှိချုပ်ဖြစ်သူ Mr.Tetsunori Nagashima က, “ခုထပ်မံမိတ်ဆက်လိုက်တဲ့ “စုံစုံလင်လင် Maxi Pack” မှာ သုံးစွဲသူတိုင်းရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီစေမယ့် ခံစားခွင့်တွေ အများကြီးပါဝင်တာမို့ ဒေတာနည်းနည်းသုံးသူရော များများသုံးသူပါ စိတ်ကျေနပ်စေမှာပါ။ ကိုဗစ်-၁၉ကြောင့် လူချင်းတွေ့ဖို့မဖြစ်နိုင်တဲ့ အခိုက်အတန့်မှာ စုံစုံလင်လင် Maxi Pack ကိုသုံးပြီး မိသားစုတွေ နဲ့ စိတ်ကြိုက်ဖုန်းခေါ်ဆိုပြီး ဆက်သွယ်ပြောဆိုနိုင်မှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ပိတ်ရက်မှာ စာဖတ်ချင်သူ၊ ရုပ်ရှင်ကြည့်သူတွေ၊ အွန်လိုင်း YouTube ကနေ ဟင်းချက်နည်း၊ မုန့်ဖုတ်နည်းစသဖြင့် သင်ယူလိုသူတွေအတွက်လည်း Maxi Pack မှာပါဝင်တဲ့ ဒေတာနဲ့ စိတ်ကြိုက် သုံးနိုင်မှာဖြစ်ပါတယ်၊၊”ဟုပြောကြားခဲ့သည်။
ထို့ပြင် နှစ်သစ်ကူးအခါသမယတွင် ချစ်ခင်သူများအား လက်ဆောင်ပေးလိုသူတွေ အနေနှင့်လည်း အခြားသူများသို့ လက်ဆောင်ပေးလိုပါက MPT4U app (သို့) *9498# မှတစ်ဆင့် အမှတ်စဉ် “2. Gift/ 2. လက်ဆောင်ပေးမည်” ကို ရွေးချယ်ပြီး လက်ဆောင်ပေးမည့် ဖုန်းနံပါတ် ကိုရိုက်နှိပ် လက်ဆောင်ပေးနိုင်မည်ဖြစ်သည်။
ဝန်ဆောင်မှု သတင်းအချက်အလက်များအကြောင်း ပိုမိုသိရှိလိုလျှင် ၁၀၆ သို့ ဆက်သွယ်ခေါ်ဆိုနိုင်ပြီး MPT official Facebook page www.facebook.com/mptofficialpage/ သို့မဟုတ် MPT official website www.mpt.com.mm သို့လည်း ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ပါသည်။

တန်ဖိုးထားလေးစားရပါသော MPT သုံးစွဲသူမိဘပြည်သူများခင်ဗျာ

MPTနှင့် စာချုပ်ချုပ်ဆိုဆောင်ရွက်နေသည့် အရောင်းကိုယ်စားလှယ်တာဝန်ယူထားသော ကုမ္ပဏီ၏ စီမံခန့်ခွဲမှု အောက်တွင်ရှိသော မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်မှဝန်ထမ်း ၁ ဦးနှင့် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွက်မြို့နယ်မှ ဝန်ထမ်း ၁ ဦး ၌ ကိုဗစ်-၁၉ ရောဂါကို စစ်ဆေးတွေ့ရှိ ကြောင်း ယမန်နေ့က သိရှိခဲ့ရပါသည်။

MPT အနေဖြင့် MPT၏ အရောင်းကိုယ်စားလှယ်တာဝန်ယူထားသော ကုမ္ပဏီမှ ဝန်ထမ်း (၂) ဦး ၌ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိရမှုနှင့် ပတ်သက်၍ များစွာ စိတ်မကောင်းဖြစ်မိပြီး အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန (MoHS) နှင့် သက်ဆိုင်ရာတာဝန်ရှိသူများ၏ ညွှန်ကြားချက်များနှင့်အညီ မိမိတို့မှ အပြည့်အဝလိုက်နာ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ မိမိတို့နှင့် စာချုပ်ချုပ်ဆို ဆောင်ရွက်နေသည့် အရောင်းကိုယ်စားလှယ်တာဝန်ယူထားသော ကုမ္ပဏီ၏ စီမံခန့်ခွဲမှု အောက်တွင်ရှိသော ဝန်ထမ်းနှင့် အတူတကွ တာဝန်ထမ်း ဆောင်နေသည့် ဝန်ထမ်း များ၊ တိုက်ရိုက်ထိတွေ့မှုရှိသူများအနေဖြင့် ရောဂါကူးစက်မှုကိုထိန်းချုပ်နိုင်စေရန်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့၏ လမ်းညွှန်ချက်များအတိုင်း အသွားအလာ ကန့်သတ် ဆောင်ရွက်သွားရန်လည်း ညှိနှိုင်းဆောင်ရွက်ထားပြီး ဖြစ်ပါသည်။

မိမိတို့အနေဖြင့် MoHS ၏ လမ်းညွှန်ချက်များအတိုင်း လုပ်ငန်းအတွင်းနှင့် လုပ်ငန်းပြင်ပသို့ ရောဂါပိုးပျံ့နှံ့ကူးစက်မှု မရှိစေရန်အတွက် အကောင်းဆုံး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ MPT ၏ သုံးစွဲသူများအနေဖြင့်လည်း MoHSမှ ချမှတ်ထားသော လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်၍ ကိုဗစ်-၁၉ ရောဂါပျံ့နှံ့မှုကို လျော့ချရန် အတူတကွ ပူးပေါင်းပါဝင်ပေး ကြပါရန်လည်း တိုက်တွန်းလိုက်ရပါသည်။

MPT သုံးစွဲသူများ၏ လိုအပ်ချက်များကို ဆက်လက် ဖြည့်ဆည်းပေးနိုင်ရန်အတွက် MPT အနေဖြင့် မိမိတို့ဝန်ထမ်းများ ၊ စီးပွားရေး မိတ်ဖက်အဖွဲ့အစည်းများနှင့် ထုတ်ကုန် (သို့မဟုတ်) ဝန်ဆောင်မှုများ ပေးအပ်ခြင်း အတွက် ပံ့ပိုးဆောင်ရွက်သူများနှင့် အနီးကပ် ဆောင်ရွက်လျက်ရှိသည်။

ယခုလိုဖြစ်ရပ်များအတွက် မိမိတို့၏ ဝန်ဆောင်မှုကိုသုံးစွဲသူများနှင့် စီးပွားဖက်လုပ်ငန်းများတွင် အဆင်မပြေမှုများ ဖြစ်ပေါ်ခဲ့သည့် အတွက်လည်း တောင်းပန်မှုပြုကာ နားလည်ပေးမှုအတွက် ကျေးဇူးတင်ရှိပါသည်။

MPT “ရွှေအိပ်မက်” အစီအစဉ် ၏ ကံထူးရှင် (၇) ဦး ထွက်ပေါ်လာပြီဖြစ်

ရန်ကုန် ၂၀၂ဝပြည့်နှစ်၊ ဒီဇင်ဘာလ ၁၁ရက်

MPT “ရွှေအိပ်မက်အစီအစဉ်” ၏ ကံထူးရှင်များ ရွေးချယ်ပွဲအခမ်းအနားကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ (၁၁) ရက်နေ့ က အွန်လိုင်း (MPT Facebook Page နှင့် MPT ရွှေအိပ်မက် Facebook Page) မှ တစ်ဆင့် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပြီး ဆန်ကာတင်စာရင်းဝင် ဦးရေ (၇၀၀၀) ကျော်ထဲမှ ကံထူးရှင် (၇) ဦးအား MPT မှ တာဝန်ရှိသူများက သက်ဆိုင်ရာအိပ်မက်အမျိုးအစားအလိုက် ကံထူးရှင် အသီးသီးကို ရွေးချယ်ပေးခဲ့ပါသည်။

ကံထူးရှင်များရွေးချယ်ရာတွင် – လုပ်ငန်းအသစ်အတွက်ထောက်ပံ့ခြင်း (မိမိကိုယ်တိုင်အတွက်)၊
ရပ်ရွာအဖွဲ့အစည်းများအတွက် ကူညီထောက်ပံ့ခြင်း၊ မိသားစု ဆိုသည့် အိပ်မက်အမျိုးအစား (၃) မျိုးမှ အိပ်မက်အမျိုးအစား (၁) ခုလျှင် ကံထူးရှင် (၂) ဦးစီရွေးချယ်ပေးခဲ့ဖြစ်ပြီး ကျန်သည့် ကံထူးရှင် (၁) ဦးအား အမျိုးအစား (၃) မျိုးလုံးမှ ရွေးချယ်ခဲ့ပါသည်။

“အနာဂတ်တွေ ပုံဖော်ဖို့ ရွှေအိပ်မက်နဲ့ ရှယ်လန်းစို့” အစီအစဉ်ကို လတ်တ​လောတွင် ဖြစ်ပွား​နေသည့် ကိုဗစ်-၁၉ ကပ်ရောဂါကို ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံသားများအားလုံးအတွက် ပျော်ရွှင်မှုနဲ့ မျှော်လင့်ချက်များကို ယူဆောင်လာနိုင်ရန်၊ အိမ်မှာ​နေပြီး တီထွင်ဖန်တီးမှုများ၊ အိပ်မက်များကို ဖြည့်ဆည်းပေးနိုင်ရန် နှင့် ခိုင်မာသောလူ့အဖွဲ့အစည်းများ ဖော်ဆောင်နိုင်ရန်အတွက် MPT အနေဖြင့် ရွှေအိပ်မက်အစီအစဉ်မှ တစ်ဆင့် ကူညီပံ့ပိုးပေးခဲ့ခြင်းဖြစ်သည်။ အဆိုပါ အစီအစဉ်၏ ကံစမ်းမဲကာလကို စက်တင်ဘာလ (၁၇) ရက်မှ အောက်တိုဘာလ (၇) ရက်နေ့အထိ သတ်မှတ်ကျင်းပခဲ့ပါသည်။

“ရွှေအိပ်မက်” အစီအစဉ်၏ ကံထူးရှင် ရွေးချယ်ပွဲ အခမ်းနားတွင် ကံထူးသွားကြသော ကံထူးရှင် (၇) ဦးမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

စဉ်အိပ်မက်အမျိုးအစားများကံထူးရှင်အမည်Lucky နံပါတ်နေရပ်လိပ်စာဖုန်းနံပါတ်
မိသားစုအတွက်ကိုအာကာမြင့်အောင် ၁၆၉၄စမ်းချောင်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။၀၉-၄၅၃၉၁၀xxx
မိသားစုအတွက်ကိုစိုင်းအောင်လှိုင်မင်း၀၇၉၆မဟာအောင်မြေမြို့နယ်၊မန္တလေးတိုင်းဒေသကြီး။၀၉-၂၆၁၂၅၉xxx
လုပ်ငန်းအသစ်အတွက်ထောက်ပံ့ခြင်း (မိမိကိုယ်တိုင်အတွက်)ကိုဆန်းလင်းအောင်၆၃၆၂မင်းလှမြို့နယ်၊
ပဲခူးတိုင်းဒေသကြီး။
၀၉-၄၂၁၈၉၁xxx
လုပ်ငန်းအသစ်အတွက်ထောက်ပံ့ခြင်း (မိမိကိုယ်တိုင်အတွက်) ကိုကျော်ရဲအောင်၅၈၄၇မရမ်းကုန်းမြို့နယ်၊
ရန်ကုန်မြို့၊
ရန်ကုန်တိုင်းဒေသကြီး။
၀၉-၄၀၂၆၇၁xxx
ရပ်ရွာအဖွဲ့အစည်းများ
အတွက် ကူညီထောက်ပံ့ခြင်း
မနိုင်းစိမ်း၇၀၅၃မင်းတပ်မြို့၊
ချင်းပြည်နယ်။
၀၉-၂၆၈၂၄၇xxx
ရပ်ရွာအဖွဲ့အစည်းများ
အတွက် ကူညီထောက်ပံ့ခြင်း
ကိုသန်းဇော်ဦး၇၂၃၀လှိုင်သာယာမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး။ ၀၉-၄၂၉၁၁၄xxx
လုပ်ငန်းအသစ်အတွက်ထောက်ပံ့ခြင်း (မိမိကိုယ်တိုင်အတွက်)သန်းသန်းချစ်၆၀၂၈ဟဲဟိုးမြို့၊ ရှမ်းပြည်နယ်တောင်ပိုင်း။၀၉-၄၂၈၃၈၄xxx

ဆက်လက်ပြီး ကံထူးရှင် (၇) ဦး၏ အိပ်မက်များကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် အကြောင်းအရာများကို MPT ရွှေအိပ်မက် Facebook Page စာမျက်နှာ နှင့် MPT Facebook Page စာမျက်နှာများတွင် ဖော်ပြပေးသွားမည်ဖြစ်သည်။

COVID-19 စစ်ဆေးတွေ့ရှိမှုအတွက် အသိပေးခြင်း

(ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၁ ရက်)

ရန်ကုန်တိုင်းဒေသကြီးရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း (၃) ဦး တို့တွင်ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံ စစ်ဆေးတွေ့ရှိရကြောင်း နှင့်ယခုစစ်ဆေးတွေ့ရှိခဲ့သည့် အဆိုပါ ဝန်ထမ်း (၃)ဦး သည်သုံးစွဲသူများနှင့် တိုက်ရိုက်ထိတွေ့ခဲ့ခြင်းမရှိကြောင်း MPT က အတည်ပြု ထုတ်ပြန်လိုက်ပါသည်။

ယခုကဲ့သို့ ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိရသည့်ဖြစ်ရပ်အတွက် မိမိတို့အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန နှင့် တာဝန်ရှိသူများ၏ညွှန်ကြားချက်များအတိုင်း လျင်လျင်မြန်မြန် ထိထိရောက်ရောက် လိုက်နာဆောင်ရွက်လျက်ရှိပါသည်။

မိမိတို့အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏လမ်းညွှန်ချက်များအတိုင်း လုပ်ငန်းခွင်အတွင်းနှင့်လုပ်ငန်းခွင်ပြင်ပသို့ ရောဂါပိုးပျံ့နှံ့ကူးစက်မှု မရှိစေရန်အတွက် အကောင်းဆုံး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် ယခုကဲ့သို့ ကိုဗစ်-၁၉ ကူးစက်မှု အရေးပေါ် အခြေအနေတွင် မြန်မာပြည်သူများအတွက် အရေးပါသော အခန်းကဏ္ဍဖြစ်သည့် ဆက်သွယ်ရေးဝန်ဆောင်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးကိုလည်းလုပ်ဆောင်သွားမည် ဖြစ်ပါသည်။

ယခုကဲ့သို့ ဖြစ်ရပ်များအတွက် အဆင်မပြေမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက်လည်း တောင်းပန်မှုပြုကာ နားလည်ပေးမှုအတွက် ကျေးဇူးတင်ရှိပါသည်။

MPT Club Products FAQs MM

MPT Club

1. MPT Club အစီအစဉ်မှာ ဘယ်လို ပါဝင်ရမှာပါလဲ။

အောက်ဖော်ပြပါနည်းလမ်းများအနက်မှ ကြိုက်နှစ်သက်ရာ တစ်မျိုးကိုသုံး၍ တစ်ကြိမ်လျှောက်ထားရုံဖြင့် MPT Club အစီအစဉ်တွင် ပါဝင်နိုင်ပါသည်။

(၁)       USSD ကို အသုံးပြုခြင်းနည်းလမ်း – *345# ကို ရိုက်နှိပ်ခေါ်ဆိုခြင်း။

(၂)        SMS ကို အသုံးပြုခြင်းနည်းလမ်း – 345သို့ REG M/F ဟု စာတို(SMS)ပေးပို့ခြင်း။

2. MPT Club အစီအစဉ်မှာ ဘယ်သူတွေပါဝင်နိုင်ပါသလဲ။

MPT SIM Card အသုံးပြုနေသူ (active customer) များအားလုံး MPT Club အစီအစဉ်တွင် ပါဝင်နိုင်ပါသည်။ ( GSM/WCDMA/CDMA ဖုန်းများ၏ Prepaid စနစ်(သို့) Postpaid စနစ်အသုံးပြုနေသူများအားလုံး)

3. MPT Club အစီအစဉ်တွင် ပါဝင်ရန် အခကြေးငွေ ပေးရန်လိုအပ်ပါသလား(သို့) MPT Club အစီအစဉ်တွင် ပါဝင်ခြင်းကြောင့် ကုန်ကျစားရိတ် တစ်စုံတစ်ရာရှိမှာပါလား။

အခကြေးငွေပေးဆောင်ရန် လုံးဝမလိုအပ်ပါ။ အပိုဆောင်းကုန်ကျစားရိတ်လည်း ရှိမည်မဟုတ်ပါ။

4. MPT Club အစီအစဉ်ကို အသုံးပြုပါက လက်ရှိကျသင့်နေသော အသုံးပြုခနှုန်းထားများ (ဖုန်းခေါ်ဆိုခ နှုန်းထား၊ အင်တာနက်အသုံးပြုခနှုန်းထား၊ SMS ပေးပို့ခများ) ပြောင်းလဲသွားမှာပါလား။ Voice Package၊ Data Package တွေရော ဘာတွေပြောင်းလဲသွားမှာလဲ။

ပြောင်းလဲမှုမရှိပါ။ လက်ရှိ အသုံးပြုနေသော နှုန်းထားများအတိုင်းဆက်လက်အသုံးပြုနိုင်မည်ဖြစ်ပြီး MPT Point များကို ထပ်ဆောင်းလက်ဆောင်အဖြစ် ရရှိမည်ဖြစ်ပါသည်။

5. MPT၏ မိတ်ဖက်(partner) ဆိုင်တွေက ဘယ်သူတွေပါလဲ။

အချိန်နှင့်တပြေးညီ ပြောင်းလဲမှုရှိနိုင်ပါသည် )။ https://www.mpt.com.mm/en/mpt-club-en/   တွင် ကြည့်ရှူနိုင်ပါသည်။

6. MPT၏ မိတ်ဖက်(partner) ဆိုင်တွေက ရရှိထားတဲ့ MPT Point တွေကိုရော MPT ဝန်ဆောင်မှုတွေနဲ့လဲလှယ်နိုင်ပါသလား။ အပြန်အလှန်အားဖြင့် MPTက ရရှိထားတဲ့ MPT Point တွေကိုရော MPTမိတ်ဖက်(partner) ဆိုင်တွေမှာ လဲလှယ်နိုင်ပါသလား။

လွတ်လပ်စွာလဲလှယ်နိုင်ပါသည်။ မည်သည့်နေရာမှမဆို ရရှိထားသော MPT Point များကို MPT ဝန်ဆောင်မှုအတွက်ဖြစ်စေ၊ မည်သည့် MPTမိတ်ဖက်(partner) ဆိုင်တွင်ဖြစ်စေ လဲလှယ်အသုံးပြုနိုင်ပါသည်။

7. မိမိမှာ ယနေ့ ဖုန်းအသုံးပြုသော ငွေ ပမာဏ ရှိသော် လည်း အဘယ်ကြောင့် Point များကို နောက်နေ့ တွင် လက်ခံ မရရှိ သနည်း။

ဖုန်းအသုံးပြု သောငွေပမာဏ အပေါ် Point များကို တွက်ချက် ထားပြီး 1 Point သို့ ရောက်ရှိ သည်မှ စ၍ Point ရရှိကြောင်း စာတို ရရှိ သွားမည် ဖြစ်သည်။

8. တစ်ရက်အတွင်းမှာ ဝန်ဆောင်မှုတွေ အများကြီး လဲလှယ်ရယူနိုင်ပါသလား။

လူကြီးမင်း၏ MPT Point များကို သုံးပြီး အကြိမ်အရေအတွက် အကန့်အသတ်မရှိ လဲလှယ်ရယူနိုင်ပါသည်။

9. သတ်မှတ်ထားတဲ့ USSD Code ကို ရိုက်နှိပ်ပြီး MPT Point ကို MPT ဝန်ဆောင်မှုနဲ့ လဲလှယ်ပါတယ်။ ဒါပေမယ့် လဲလှယ်လို့မရပါဘူး။ ဘာဖြစ်လို့ပါလဲ။

(၁)         မိမိလဲလှယ်လိုသည့် MPT ဝန်ဆောင်မှုအတွက် လုံလောက်သော MPT Point မရှိပါက လဲလှယ်နိုင်မည်မဟုတ်ပါ။

(၂)          လူကြီးမင်း၏ ဖုန်းနံပါတ်သည် one-way blocked (သို့)two-way blocked ဖြစ်နေပါက လဲလှယ်နိုင်မည်မဟုတ်ပါ။

(၃)         ဖုန်းငွေဖြည့်ကာ ဖုန်းနံပါတ်ကို Active အဆင့်ရောက်အောင်ပြုလုပ်ခြင်း ပြီးမှ ပြန်လည်လဲလှယ်ပါ။

10. MPT Club member program ဆိုတာ ဘာလဲ။

MPT Club member program ဆိုတာ မူလ MPT Club ခံစားခွင့် များ ကို ထပ်မံ တိုးမြင့် ပြောင်းလဲပေးလိုက်ခြင်းဖြစ်သည်။

11. မိမိ ရောက်ရှိနေသော အခြေအနေ ရှိ ခံစားခွင့် ကိုမည်မျှ ကြာခံစား နိုင်သနည်း။

မိမိ ရောက်ရှိနေသော level ကို ရောက်ရှိသော လ မှ နောက် ၃ လ အထိ ခံစားနိုင် ခွင့်ရှိမည်ဖြစ်သည်။

12. နောက် member Level တက်ရန် မည်မျှ စောင့်ရမည်နည်း။

သတ်မှတ် ထား သော Member Level တခု ခြင်းစီ၏ ငွေပမာဏ ပေါ် ပြည့်မှီ ခဲ့ပါက နောက် လတွင် member level  တိုးမြင့်ပြောင်းလဲ သွားမည် ဖြစ်သည်။

13. လက်ရှိ Member Level ၏ အသုံးစရိတ် ကို ထိန်းသိမ်း ထားနိုင်ခြင်း မရှိပါက ခံစားခွင့်များ မည်သို့ ပြောင်းလဲသွားမည်နည်း။

လက်ရှိ Member Level ၏ အသုံးစရိတ် ကို ထိန်းသိမ်း ထားနိုင်ခြင်း မရှိ ခဲ့ပါသော်လည်း  လက်ရှိ Member Level  ၏အကျိုး ခံစားမှူကို နောက် ၃ လ ကြာမြင့် သည်အထိ ခံစားခွင့် ရှိသည်။

14. Diamond, Platinum, Member ဆိုတာ ဘာလဲ။

Diamond, Platinum, Member ဆိုတာ အဖွဲ့ ဝင်များ မိမိရောက်ရှိနေသော အခြေအနေများကို ဖော်ပြထားခြင်းဖြစ်သည်။မိမိရောက်ရှိနေသော အခြေအနေ အလိုက် အခွင့် အရေးများကိုခံစားနိုင်သည်။

15. အဖွဲ့ ဝင် ၏ သက်တမ်းကာလမှာ မည်မျှနည်း။

အဖွဲ့ဝင်၏ သက်တမ်းကာလမှာ ၃လဖြစ်ပါတယ်။ အဖွဲ့ဝင် များ၏ Member Level ပြောင်းလဲ မှုရှိ ပါက သုံးသပ် ချက်များကို လတစ်လ ၏ ၁ ရက်နေ့ တွင် အသိပေးစာတို ရရှိမည် ဖြစ်သည်။

16. Membership level များကို မည်သို့ ပိုင်းခြား ထားသနည်း။

Membership level ပိုင်းခြားမှုများကို အောက်ဖော်ပြပါ အတိုင်း သိရှိနိုင် ပါသည်။

Membership level ပိုင်းခြားမှုများကို အသုံးပြု သူ၏ ၃လ ပျမ်းမျှ အသုံးစရိတ် ကို အခြေခံ ၍ level များကို သတ်မှတ် ထားခြင်း ဖြစ်ပါသည်။

Member – <=9,999MMK

Platinum – 10,000 MMK to 29,999 MMK

Diamond – >=30,000 MMK

17. Point များကို ရရှိကြောင်း မည်သို့သိရှိမည်နည်း။

ယနေ့အသုံးပြုလိုက်သော ဖုန်းငွေ ပမာဏ အပေါ် မူတည် ၍ နောက်တနေ့ တွင် မနက် ၉နာရီ မှ ညနေ့ ၃ နာရီ နောက်ဆုံး ထား၍ Point များကို ပေးပို့သွားမည် ဖြစ်သည်။ Point မည်မျှရရှိ ကြောင်းကိုစာတို လက်ခံရရှိမည် ဖြစ်သည်။

18. Point များကို မည်သို့ အချိန်အတိုင်းအတာ ဖြင့် တွက်ချက် သနည်း။

တနေ့အသုံးစရိတ် ၂၄ နာရီ ဖြင့် တွက်ချက်သည်။ ည ၁၂ နာရီ အထိ အသုံးစရိတ်များ ပါဝင်သည်။

19. အဘယ်ကြောင့် MPT Club ကို ဖုန်းဘေဖြည့် ရာမှ ပွိုင့် ရရှိနေမှု ကို usage သို့ ဖုန်းဘေ အသုံးပြုမှု အပေါ် ပြောင်းလဲလိုက် သနည်း။

MPT Club customer များကို ဖုန်းဘေ အသုံးပြု လိုက်တိုင်း ပိုမို ကောင်းမွန်သော ဝန်ဆောင် များကို ပေးလိုသောကြောင့် ဖြစ်သည်။

20. Welcome Point Bonus ကို ဘယ်အချိန်ရမှာလဲ။

Welcome Point Bonus  50 points ကို ငွေဖြည့်စရာမလိုပဲ MPT Club ကို register ပြီးပြီးချင်း       စတင်ရရှိမည်ဖြစ်သည်။သို့သော် ပထမ ဆုံး  အ ကြိမ် အဖွဲ့ ၀င် သူများသာ Welcome Point Bonus  50 points ကို ငွေဖြည့်စရာမလိုပဲ ရရှိမည် ဖြစ်သည်။

21. Post Paid ကို အသုံးပြုသူတွေကရော MPT pointsဘယ်လိုရနိုင်လဲ။

ကျသင့်တဲ့ bill ကိုပေးဆောင်ပီးမှသာရနိုင်ပါသည်။

22. MPT Club ကို Unregister ပြုလုပ်ပါက Point လက်ကျန်များ ပျက်သွားမှာပါလား။

MPT Club  ကို  Unregister ပြုလုပ်ပါက Point လက်ကျန် များ ပြန်လည် ရရှိမည် မဟုတ်ပါ။

23. MPT Club Hti Pauk game ဆော့ ပြီး point ကို မည်သည့် အချိန် တွင် ရရှိမည်နည်း။

ချက်ချင်း လက်ခံရရှိ မည် ဖြစ်သည်။

24. MPT Club member များအတွက် ထိပေါက် game ၏ ပေါက်မဲ များမှာ မည်သည့် ပေါက်မဲ များဖြစ်သနည်း။

ပေါက်မဲ များမှာ Point များ ဖြစ်ပါသည်။ ဗလာမပါ။

1 Point

2 Points

5 Points

10 Points

50 Points

100 Points တို့ ဖြစ်သည်။

MPT ၏ “ရွှေအိပ်မက်” အစီအစဉ်တွင် ဝင်ရောက်ယှဉ်ပြိုင်သူ (၇,၀၀၀) ကျော်ထဲမှ ကံထူးရှင်များကို ရွေးချယ်ကြေညာသွားမည်

(ဒီဇင်ဘာလ (၁၁)ရက်နေ့တွင် “ရွှေအိပ်မက်” အစီအစဉ်၌ ပါဝင်ယှဉ်ပြိုင်ခဲ့သူများ၏စိတ်ကူးအိပ်မက်များကို အမှန်တကယ် အကောင်အထည်ဖော်နိုင်မည့် ကံထူးရှင်(၇)ဦးရွေးချယ်ခြင်းကို အွန်လိုင်းမှ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်သွားမည်။)

(ရန်ကုန်၊ ၂ဝ၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာလ ၇ ရက်) – မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သော MPT သည် MPT နှင့် KSGM တို့ Joint Operations ပူးပေါင်းဆောင်ရွက်မှုအဖြစ် မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူလူထု၊ စီးပွားရေးလုပ်ငန်းများနှင့် လူမှုအသိုင်းအဝိုင်းများအား အကောင်းဆုံး ဆက်သွယ်ရေးဆိုင်ရာဝန်ဆောင်မှုများကို ပေးအပ်လာသည်မှာ မကြာသေးမီက (၇)နှစ်မြောက်သို့ ရောက်ရှိခဲ့ပြီး အောင်မြင်မှုမှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့ခြင်း အထိမ်းအမှတ်အဖြစ် ၂ဝ၂ဝပြည့်နှစ်၊ စက်တင်ဘာလတွင် ထူးခြားဆန်းသစ်သည့် “အနာဂါတ်တွေပုံဖော်ဖို့ ရွှေအိပ်မက်နဲ့ ရှယ်လန်းစို့”အစီအစဉ်ကို မိတ်ဆက်ပေးခဲ့ ပါသည်။

ယခုအခါတွင် “ရွှေအိပ်မက်” အစီအစဉ်ကို အောင်မြင်စွာ ပြုလုပ်ခဲ့ပြီး အဆိုပါအစီအစဉ်မှ ကံထူးရှင်(၇)ဦးကို ဒီဇင်ဘာလ (၁၁)ရက်၊ နံနက်(၁၁)နာရီမှ မွန်းလွဲ(၁၂)နာရီအထိကျင်းပပြုလုပ်မည့် အွန်လိုင်းမှ တိုက်ရိုက် ထုတ်လွှင့် တင်ဆက်မှုတွင် ရွေးချယ်ကြေညာပေးသွားမည်ဖြစ်သည်။ အဆိုပါကံထူးရှင်ရွေးချယ်ပွဲကို MPT ၏ တရားဝင် Facebook Page နှင့် ရွှေအိပ်မက် Facebook Page https://web.facebook.com/mptGoldendream/ တို့တွင် တိုက်ရိုက်ထုတ်လွှင့်သွားမည် ဖြစ်သည်။

ပါဝင်ယှဉ်ပြိုင်သူ (၇,၀၀၀) ကျော်နှင့်အတူ “ရွှေအိပ်မက်” အစီအစဉ်ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ပြိုင်ပွဲဝင်များအနေဖြင့် ၎င်းတို့၏အိပ်မက်များကို အမှန်တကယ် အကောင်အထည်ဖော်နိုင်ရန် ဆုငွေ ကျပ် သိန်း (၅၀၀) အထိ ရရှိမည်ဖြစ်ကာ မိသားစုကို ထောက်ပံ့ခြင်း၊ လုပ်ငန်းသစ်စတင်ခြင်း၊ ရပ်ရွာအဖွဲ့အစည်းများအတွက် ကူညီထောက်ပံ့ခြင်းများကို ပြုလုပ်ဆောင်ရွက်ခြင်းဖြင့် ၎င်းတို့၏ ဘဝများကိုပြောင်းလဲစေနိုင်မည် ဖြစ်သည်။ ပြိုင်ပွဲဝင်သူများအနက်မှ ကံထူးရှင် (၇)ဦးကို အောက်ဖော်ပြပါ အမျိုးအစားများမှ မဲနှိုက် ရွေးချယ်ကြေညာသွားမည် ဖြစ်သည်။
၁။ မိသားစု (ပြိုင်ပွဲဝင် ၃,၀၀၀ကျော်မှ လက်ခံရရှိခဲ့သောအိပ်မက်များ)
၂။ လုပ်ငန်းအသစ်အတွက်ထောက်ပံ့ခြင်း (မိမိကိုယ်တိုင်အတွက်) (ပြိုင်ပွဲဝင် ၃,၀၀၀ကျော်မှလက်ခံရရှိခဲ့သော အိပ်မက်များ)
၃။ ရပ်ရွာအဖွဲ့အစည်းများအတွက် ကူညီထောက်ပံ့ခြင်း (မြန်မာလူ့အဖွဲ့အစည်းအတွက်) (ပြိုင်ပွဲဝင် ၇၀၀ကျော်မှ လက်ခံရရှိခဲ့သောအိပ်မက်များ)
MPT-KGSM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr.Tetsunori Nagashima က “ရွှေအိပ်မက်”အစီအစဉ်ဟာဆိုရင် အခုအချိန်မှာတကယ့်ကို အောင်အောင်မြင်မြင်နဲ့ ပါဝင်ယှဥ်ပြိုင်သူ အများဆုံးကို ရောက်ရှိနေပြီး ဒီဇင်ဘာလ (၁၁)ရက်နေ့မှာ MPT ရဲ့ Facebook Page နဲ့ ရွှေအိပ်မက် Facebook Page မှာ အွန်လိုင်းတိုက်ရိုက်ထုတ်လွှင့်မှုကနေတစ်ဆင့် ကံထူးရှင်(၇)ဦးကို ရွေးချယ် ကြေညာ ပေးသွားမှာ ဖြစ်ပါတယ်။ အခုလို “ရွှေအိပ်မက်” အစီအစဉ်နဲ့အတူ MPT သုံးစွဲသူတွေကြားမှာ အားပေးမှုတွေ၊ စိတ်လှုပ်ရှား ပျော်ရွှင်မှုတွေကို တွေ့ရတဲ့အတွက် ကျွန်တော်တို့ တကယ့်ကို ၀မ်းသာပြီးတော့ သူတို့ရဲ့ စိတ်ကူးအိပ်မက်တွေကို ကူညီပြီး အကောင်အထည်ဖော်ပေးနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့ရဲ့ MPT သုံးစွဲသူ ၇၀၀၀ ကျော်ဟာ သူတို့ရဲ့အိပ်မက်တွေ၊ ဘဝမှတ်တမ်းတွေ၊ တီထွင်ဖန်တီးမှုတွေနဲ့ အပြုသဘောဆောင်တဲ့ ကောင်းမွန်တဲ့ပြောင်းလဲမှုတွေကို ဒီနေရာမှာ ထုတ်ဖော်ပြသပေးကြတဲ့အတွက် အတိုင်းမသိ ဝမ်းမြောက်မိတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့အနေနဲ့ သုံးစွဲသူတွေကို သူတို့ရဲ့ စိတ်ကူးအိပ်မက်တွေ အမှန်တကယ်ဖြစ်လာအောင် ဖြည့်ဆည်းပေးနိုင်ဖို့နဲ့ မြန်မာနိုင်ငံအနှံ့အပြားမှာ စည်းလုံးခိုင်မာတဲ့ မိသားစုတွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ လူမှုအဖွဲ့အစည်းတွေအဖြစ် ဖော်ဆောင်နိုင်ဖို့အတွက် ယုံကြည်မျှော်လင့်မိပါတယ်” ဟု ပြောကြားခဲ့သည်။

လူသားတို့၏ သမိုင်းကြောင်း တစ်လျှောက်ကိုဆန်းစစ်ပါက ကမ္ဘာ့အကြီးကျယ်ဆုံးသော တီထွင်မှုများမှာ စိန်ခေါ်မှုများရှိနေသည့် ကာလများတွင် ဖန်တီးခဲ့ကြခြင်းဖြစ်ပြီး ယခုကဲ့သို့ MPT ၏ ထူးခြားသည့် အစီအစဉ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါကို ရင်ဆိုင်တွန်းလှန်နေရသော မြန်မာနိုင်ငံသားများအတွက် ပျော်ရွှင်မှုနှင့် မျှော်လင့်ချက်များရရှိစေကာ တစ်နည်းအားဖြင့် မိမိတို့နေအိမ်တွင်နေထိုင်စဉ် တီထွင်ကြံဆမှုနှင့် အိပ်မက်များ အကောင်အထည် ဖော်နိုင်ရန် အားပေးလိုက်ခြင်းလည်း ဖြစ်သည်။.

“ရွှေအိပ်မက်” အစီအစဉ်အကြောင်း အသေးစိတ်သိရှိလိုပါက Hotline ဖုန်းနံပါတ် 106 သို့ ခေါ်ဆို၍ သော် လည်းကောင်း၊ MPT ၏ ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့မဟုတ် MPT ၏ တရားဝင် ဖေ့စ်ဘုတ်ခ် စာမျက်နှာဖြစ်သော www.facebook.com/mptofficialpage တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။

COVID-19 စစ်ဆေးတွေ့ရှိမှုအတွက် အသိပေး​ခြင်း

(ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၄ ရက်)

ရန်ကုန်တိုင်းဒေသကြီးရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း (၃) ဦး တို့တွင်ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံ စစ်ဆေးတွေ့ရှိရကြောင်း နှင့်ယခုစစ်ဆေးတွေ့ရှိခဲ့သည့် အဆိုပါ ဝန်ထမ်း (၃)ဦး သည်သုံးစွဲသူများနှင့် တိုက်ရိုက်ထိတွေ့ခဲ့ခြင်းမရှိကြောင်း MPT က အတည်ပြု ထုတ်ပြန်လိုက်ပါသည်။

ယခုကဲ့သို့ ကိုဗစ်- ၁၉ ရောဂါပိုး ထပ်မံတွေ့ရှိရသည့်ဖြစ်ရပ်အတွက် မိမိတို့အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန နှင့် တာဝန်ရှိသူများ၏ညွှန်ကြားချက်များအတိုင်း လျင်လျင်မြန်မြန် ထိထိရောက်ရောက် လိုက်နာဆောင်ရွက်လျက်ရှိပါသည်။

မိမိတို့အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏လမ်းညွှန်ချက်များအတိုင်း လုပ်ငန်းခွင်အတွင်းနှင့်လုပ်ငန်းခွင်ပြင်ပသို့ ရောဂါပိုးပျံ့နှံ့ကူးစက်မှု မရှိစေရန်အတွက် အကောင်းဆုံး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် ယခုကဲ့သို့ ကိုဗစ်-၁၉ ကူးစက်မှု အရေးပေါ် အခြေအနေတွင် မြန်မာပြည်သူများအတွက် အရေးပါသော အခန်းကဏ္ဍဖြစ်သည့် ဆက်သွယ်ရေးဝန်ဆောင်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးကိုလည်းလုပ်ဆောင်သွားမည် ဖြစ်ပါသည်။

ယခုကဲ့သို့ ဖြစ်ရပ်များအတွက် အဆင်မပြေမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက်လည်း တောင်းပန်မှုပြုကာ နားလည်ပေးမှုအတွက် ကျေးဇူးတင်ရှိပါသည်။