MPT သုံးစွဲသူများအနေဖြင့် မိုဘိုင်းငွေကြေးဝန်ဆောင်မှုပေးနေသည့် MPT Pay၊ KBZ Pay၊ CB Pay များ အပါအဝင် ဘဏ်လုပ်ငန်းဆောင်ရွက်နိုင်သည့် အက်ပလီကေးရှင်း များ နှင့် Microsoft Office အက်ပလီကေးရှင်း များကို MPT ကွန်ရက်​ပေါ်တွင် အသုံးပြုနိုင်ပြီ

နိုင်ငံတစ်၀န်းရှိ သုံးစွဲသူများအဆင်ပြေလွယ်ကူစေရန်အတွက် MPT ၏ ထပ်ဆောင်းကြိုးပမ်းမှုများနှင့်အတူ MPT သုံးစွဲသူများအနေဖြင့် မိမိတို့၏ ငွေကြေးဆိုင်ရာ လုပ်ဆောင်ချက်များနှင့် နေ့စဥ် ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများကို အဆင်ပြေလွယ်ကူစွာ ဆောင်ရွက်နိုင်ရန် မိုဘိုင်းငွေကြေး အက်ပလီကေးရှင်းများ နှင့် Microsoft Office အက်ပလီကေးရှင်းများကို MPT ၏ 3G/4G ကွန်ရက်ပေါ်တွင် အသုံးပြုနိုင်ပြီဖြစ်သည်။

MPT 3G / 4G ကွန်ရက်ရရှိနိုင်သည့် မည်သည့်နေရာတွင်မဆို မိုဘိုင်းဘဏ်လုပ်ငန်း / ငွေရေးကြေးရေး ဆိုင်ရာ မိုဘိုင်း အက်ပလီကေးရှင်းများနှင့် ငွေကြေးလွှဲပြောင်းဆောင်ရွက်ခြင်းများကို မိုဘိုင်းဒေတာဖွင့်ထားရုံဖြင့် (VPN ဝန်ဆောင်မှုအသုံးပြုထားပါက ပိတ်ထားရန်လိုအပ်သည်) အသုံးပြုနိုင်ပြီဖြစ်သည်။ MPT အသုံးပြုသူများအနေဖြင့် KBZ၊ CB၊ AYA နှင့် MPT Pay၊ KBZ Pay၊ CB Pay အစရှိသည့် မိုဘိုင်းငွေကြေးဝန်ဆောင်မှု များနှင့် မိုဘိုင်းငွေကြေး အက်ပလီကေးရှင်းများကို MPT ၏ ကွန်ရက်​ပေါ်တွင် အသုံးပြုနိုင်ပြီဖြစ်သည်။ ထို့အပြင် ရုံးလုပ်ငန်းများကို အချိန်မရွေး အဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်ရန် Outlook နှင့် Microsoft Teams စသည့် Microsoft Office 365 အက်ပလီကေးရှင်း ဝန်ဆောင်မှုများကိုလည်း အသုံးပြုနိုင်ပြီဖြစ်သည်။

ဖော်ပြပါဝန်ဆောင်မှု ရရှိနိုင်ခြင်းကြောင့် နိုင်ငံတစ်ဝန်းလုံးရှိသုံးစွဲသူများအနေဖြင့် ယခုကဲ့သို့ ခက်ခဲသောကာလများတွင်၎င်းတို့၏ နေ့စဉ်ဘဏ်လုပ်ငန်းနှင့် စီးပွားရေးလိုအပ်ချက်များအတွက် မရှိမဖြစ်ဝန်ဆောင်မှုများကို အသုံးပြုနိုင်မည်ဟု MPT ကယုံကြည်ပါသည်။

MPT သည် သုံးစွဲသူများအနေဖြင့် မိုဘိုင်းအင်တာနက် မရရှိသည့် အချိန်မှစကာ လွယ်ကူအဆင်ပြေစွာ ဆက်သွယ်နိုင်စေရန်အတွက် MPT4U နှင့် MPT Pay အက်ပလီကေးရှင်း များကို MPT ကွန်ရက်​ပေါ်တွင် ၀င်ရောက်အသုံးပြုနိုင်မည့် နည်းလမ်းများကို ဆောင်ရွက်ပေးခဲ့သည့်အပြင် သုံးစွဲသူများအနေဖြင့် မိမိတို့ ချစ်ခင်ရသူများနှင့်ဆက်သွယ်ပြောဆိုနိုင်ရန်နှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာ ဆက်သွယ်မှုများတွင်အသုံးပြုရန် အတွက် အဆင်ပြေဆုံးသော အသံ (Voice) နှင့် စာတို (SMS) ပက်ကေ့ချ် များကိုလည်းပေးအပ်ခဲ့ပါသည်။

MPT အနေဖြင့် ဝန်ဆောင်မှုများကို အကောင်းဆုံးနည်းလမ်းများဖြင့် ဆက်လက်ပေးအပ်သွားနိုင်ရေးအတွက် အလေးထားဆောင်ရွက် သွားမည်ဖြစ်ပါသည်။

FTTH/ADSL အသုံးပြုသူများအတွက် ​ကြေညာချက်

ဧပြီလအတွင်း ဖြစ်ပေါ်နေသော အင်တာနက် ပြတ်တောက်မှုအခြေအနေကြောင့် FTTH/ADSL အင်တာနက်ဝန်ဆောင်မှု သုံးစွဲသူများအား MPT မှ ပြန်လည်ဖြည့်ဆည်းပေးသည့်အနေဖြင့် ၂၀၂၁ ခုနှစ်​မေလအစောပိုင်းတွင် ထွက်ရှိမည့် လူကြီးမင်း ၏ ဇွန်လအတွက် FTTH/ADSLအသုံးပြုခြင်း ငွေတောင်းခံလွှာအပေါ် ၂၀ % လျှော့ပေးသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

အခြေအနေများကို ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်ပြီး သုံးစွဲသူများသို့အကောင်းဆုံးဝန်ဆောင်မှုပေးအပ်သွားနိုင်ရန် MPT မှ လုပ်ဆောင်ပေးသွားမည်ဖြစ်ပါသည်။

MPTကို ရွေးချယ်မှု အတွက်ကျေးဇူးတင်ပါသည်။

MPT က နိုင်ငံတစ်ဝန်းရှိသုံးစွဲသူများ အဆင်ပြေစေရန် မိုဘိုင်းဖုန်းအချင်းချင်း ဖုန်းဘေလ် လွှဲပြောင်း ပေးနိုင်သည့် ဝန်ဆောင်မှုကို အခမဲ့ပေးအပ်သွားမည်

MPT သုံးစွဲသူများအနေဖြင့် ချစ်ခင်ရသူ မိသားစုများ၊ သူငယ်ချင်းများ ထံသို့ မိုဘိုင်းဖုန်းအချင်းချင်း မိမိတို့၏ ဖုန်းမှလက်ကျန် ဖုန်းဘေလ်များအား လွှဲပြောင်းနိုင်သည့် ဝန်ဆောင်မှုကို ၂၀၂၁ ခုနှစ်၊ ဧပြီလ (၁၂) ရက်မှစတင်ကာ ဝန်ဆောင်ခပေးရန်မလိုဘဲ အသုံးပြုနိုင်ပြီ ဖြစ်သည်။ ယခုလို အခက်အခဲများနှင့် ကြုံတွေ့နေရသည့်ကာလတွင် သုံးစွဲသူများအကြား ဆက်သွယ်မှုများ အဆင်ပြေနိုင်စေရန်အတွက် MPT အနေဖြင့် ဆောင်ရွက်ပေးလိုက်ခြင်း ဖြစ်သည်။

ယခင်က ၀န်ဆောင်ခအဖြစ် လွှဲပြောင်းသည့်ပမာဏ၏ ၅% ကိုငွေလွှဲသူ၏ မူလ ဖုန်းလက်ကျန်ငွေထဲမှ ကောက်ခံခဲ့ပြီး ယခုပရိုမိုးရှင်းကို မိတ်ဆက်လိုက်ခြင်းအတွက် အဆိုပါ ဝန်ဆောင်ခမှာ ကျသင့်ခြင်း မရှိတော့ဘဲ ဆောင်ရွက်နိုင်ပြီဖြစ်သည်။ ယင်းသို့လွှဲပြောင်းခြင်းနှင့် ပတ်သက်သည့် စည်းမျဥ်း စည်းကမ်း များမှာမူ ယခင်အတိုင်း အကျုံးဝင်မည်ဖြစ်သည်။ အဆိုပါဝန်ဆောင်မှု ကို ၂၀၂၁ ခုနှစ်၊ ဧပြီလ (၁၂) ရက်မှစ၍ နောက်ထပ်အပြောင်းအလဲကို မကြေညာမချင်း အသုံးပြုနိုင်မည်ဖြစ်သည်။

ဝန်ဆောင်မှုကို ရယူရန်အတွက် အောက်ပါ USSD code ကိုရိုက်ပြီး အသုံးပြုနိုင်မည်ဖြစ်သည်။

*223*လွှဲမည့်ငွေပမာဏ*ငွေလက်ခံရယူမည့်သူ၏ Mobile Phone နံပါတ်# [ပေးပို့ပါ]
ဥပမာ။ *223*1000*09456456456#[send]

စည်းမျဥ်း စည်းကမ်းများ

• MPT ကြိုတင်ငွေဖြည့်သွင်းသည့် စနစ် အသုံးပြုသူများသာ အသုံးပြုနိုင်ပါသည်။
• တစ်ကြိမ်လျှင် ဖုန်းငွေ ကျပ် ၃၀၀ မှ ၁၀,၀၀၀ ကြား လွှဲပြောင်းပေးနိုင်မည်ဖြစ်သည်။
• တစ်ရက်တွင် (၅) ကြိမ်သာ ငွေလွှဲနိုင်မည်ဖြစ်သည်။
• ဖုန်းငွေအနည်းဆုံး ၃,ဝဝဝ ကျပ်နှင့်အထက်အသုံးပြုပြီးမှသာ ဖုန်းဘေလ်လွှဲပြောင်း ပေးနိုင်သည့် ဝန်ဆောင်မှုကို စတငအသုံးပြုနိုင်ပါမည်။
• ဝန်ဆောင်ခ အခမဲ့ဖြင့် အသုံးပြုမှုကို ၂၀၂၁ ခုနှစ် ဧပြီလ (၁၂) ရက်မှစတင်ကာ နောက်ထပ်အပြောင်းအလဲကို မကြေညာမချင်းအသုံးပြုနိုင်မည်ဖြစ်သည်။

လက်ကျန်ငွေလွှဲပြောင်းခြင်း ၀န်ဆောင်မှုနှင့်ပတ်သက်သော မေးခွန်းများအတွက် https://bit.ly/3d00LpK သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

MPT အနေဖြင့် ယခုကဲ့သို့ခက်ခဲသောအချိန်ကာလအတွင်း နိုင်ငံတစ်ဝန်းလုံးရှိ မြန်မာပြည်သူ ပြည်သားများ အားလုံး ကျန်းမာပြီး ဘေးကင်းလုံခြုံမှု ရှိပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။

MPT သုံးစွဲသူများ နှင့် မိတ်ဖက်လုပ်ငန်းများအနေဖြင့် MPT4U နှင့် MPT Pay အက်ပလီကေးရှင်း များကို အင်တာနက်မလိုအပ်ဘဲ အသုံးပြုနိုင်ပြီ

MPT အနေဖြင့် သုံးစွဲသူပြည်သူများသို့ ဝန်ဆောင်မှုများကို အကောင်းဆုံးနှင့် အဆင်အပြေဆုံး ပေးအပ်နိုင်ရန်အတွက် MPT4U နှင့် MPT Pay အက်ပလီကေးရှင်းများကို အင်တာနက်မလိုဘဲ ရယူ သုံးစွဲနိုင်မည့် နည်းလမ်းကို စတင် မိတ်ဆက်လိုက်ပြီဖြစ်သည်။

ယခုလိုမိတ်ဆက်လိုက်ခြင်းကြောင့် MPT4U အက်ပလီကေးရှင်းကို သုံးစွဲသူများအနေဖြင့် MPT ၏ 3G / 4G ကွန်ရက်ရရှိနိုင်သည့် မည်သည့်နေရာတွင်မဆို ဒေတာ၀န်ဆောင်ခပေးရန် မလိုဘဲ ဖုန်းဘေလ်ဖြည့်သွင်းခြင်း၊ ပက်ကေ့ချ်များ၀ယ်ယူခြင်း၊ ငွေလက်ကျန်လွှဲပြောင်းခြင်း နှင့် နေ့စဉ်ဖုန်းအသုံးပြုမှုကိုစစ်ဆေးခြင်းကဲ့သို့သော ဝန်ဆောင်မှုများကို အင်တာနက်မလိုဘဲ အက်ပလီကေးရှင်းဖြင့် အသုံးပြုနိုင်မည်ဖြစ်သည်။

MPT Pay အက်ပလီကေးရှင်းကို အသုံးပြုသူများအနေဖြင့်လည်း ငွေလက်ခံခြင်းနှင့် ငွေလွှဲပြောင်းခြင်း၊ မိုဘိုင်းဖုန်းများသို့ ဖုန်းဘေလ်ဖြည့်သွင်းခြင်း၊ အွန်လိုင်းမှ တစ်ဆင့်ငွေပေးချေ ခြင်းစသည့် ဝန်ဆောင်မှု များကို မိုဘိုင်းအင်တာနက်မရရှိချိန်တွင် အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်မည်ဖြစ်သည်။

အဆိုပါ MPT4U နှင့် MPT Pay အက်ပလီကေးရှင်း များကိုအဆင်ပြေလွယ်ကူစွာ အသုံးပြုနိုင်ရန်အတွက် သုံးစွဲသူများသည် ၎င်းတို့၏ဖုန်းတွင် VPN ဝန်ဆောင်မှုကိုအသုံးပြုထားပါက ယင်းတို့ကို ပိတ်ထား ရန်လိုအပ်သည်။ အက်ပလီ​ကေးရှင်းများကို Android ဖုန်းများတွင်သာ အသုံးပြုနိုင်မည်ဖြစ်ပြီး iOS ဖုန်းများတွင် မကြာမီအသုံးပြုနိုင်မည်ဖြစ်သည်။

MPT နှင့် MPT Pay ၏ အရောင်းကိုယ်စားလှယ်များ၊ စျေးဆိုင်များ အနေဖြင့်လည်း အင်တာနက် မရရှိနိုင်သည့် အချိန်မျိုး တွင် သုံးစွဲသူများနည်းတူ အဆိုပါအက်ပလီပကေးရှင်းများကို ဆက်လက်အသုံးပြုနိုင်ပြီး နိုင်ငံတစ်ဝန်းရှိ သုံးစွဲသူများကို အကောင်းဆုံးဝန်ဆောင်မှုများ ဆက်လက်ပေး အပ်နိုင်မည်ဖြစ်သည်။

သုံးစွဲသူများသည် MPT ဆင်းမ်ကတ်နှင့်ကွန်ရက်ကိုအသုံးပြုခြင်း မရှိပါက အဆိုပါအက်ပလီကေးရှင်း များကို အသုံးပြုနိုင်မည်မဟုတ်ပါ။

ဤနည်းလမ်းအသစ်ဖြင့် ယခုလိုခက်ခဲသောကာလအတွင်း MPT ၀န်ဆောင်မှုများကို အင်တာနက် ပြတ်တောက်ခြင်းအတွက် စိုးရိမ်ရန်မလိုဘဲ ဖိုင်ဘာအင်တာနက်ရရှိသည့် အချိန်အတိုင်း ဝင်ရောက် ကြည့်ရှုနိုင်မည်ဖြစ်ကာ ဝန်ဆောင်မှုများကို အဆင်ပြေချောမွေ့စွာဖြင့် စဥ်ဆက်မပြတ် အသုံးပြု နိုင်မည်ဖြစ်သည်။

MPT အနေဖြင့် ယခုကဲ့သို့ခက်ခဲသော အချိန်ကာလအတွင်း နိုင်ငံတစ်ဝန်းလုံးရှိ မြန်မာပြည်သူ ပြည်သား များ အားလုံး ကျန်းမာပြီး ဘေးကင်းလုံခြုံမှု ရှိပါစေကြောင်း နှင့် ဝန်ဆောင်မှုများ ကိုလည်း အကောင်းဆုံးနည်းလမ်းများဖြင့် ပေးအပ်သွားနိုင်ရေးအတွက် အလေးထားဆောင်ရွက် သွားမည်ဖြစ်ပါသည်။