MPT သုံးစွဲသူများအနေဖြင့် MPT4U မှတစ်ဆင့် လိုတရ ရှိ အသစ်အသစ်သော ဆောင်းပါးအမျိုးအစားများစွာကို ဒေတာအခမဲ့ဖြင့်ဖတ်ရှုနိုင်ပြီ

MPT က မိမိတို့ တန်ဖိုးထားရသော သုံးစွဲသူများသို့ ဝန်ဆောင်မှုအမျိုးမျိုးကို ပေးအပ်ရန်အတွက်
MPT4U အက်ပလီကေးရှင်းတွင် လိုတရ၏ နေ့စဥ်သုတရသစုံလင်သည့် ဖျော်ဖြေရေးဆောင်းပါး များစွာကို ဒေတာကုန်ကျမှုမရှိဘဲ နိုင်ငံတစ်ဝန်းလုံးတွင် ဖြန့်ကျက်ထားသော MPT ၏ 3G/4G/LTE ကွန်ရက်ပေါ်မှတစ်ဆင့် ဖတ်ရှုနိုင်ပြီဖြစ်သည်။

MPT4U အက်ပလီကေးရှင်း ထည့်သွင်းထားသည့် မည်သည့် Android သို့မဟုတ် iOS ဖုန်းမဆို ဗုဒ္ဓ၏အဆုံးအမတရားတော်များ၊ လူနေမှုဘဝဆိုင်ရာ ဆောင်းပါးများ၊ အလှအပရေးရာ၊ ပဟေဠိများ၊ ပုံပြင်ဇတ်လမ်းတိုများ သို့မဟုတ် (၇) ရက် သားသမီး ဗေဒင်အစရှိသည်တို့ကို MPT4U ရှိ လိုတရ အမှတ်အသားကို တို့ထိလိုက်ရုံဖြင့် စိတ်ဝင်စားဖွယ် ကောင်းသော အကြောင်းအရာများကို ဒေတာကုန်ကျမှုမရှိဘဲ ဖတ်ရှုနိုင်မည်ဖြစ်သည်။ သုံးစွဲသူများသည် လိုတရ ဝန်ဆောင်မှုကို MPT4U အက်ပလီကေးရှင်းမှသာမက လိုတရ ဝက်ဘ်ဆိုက်စာမျက်နှာဖြစ်သည့် http://lotaya.mpt.com.mm/ တွင်လည်း ဝင်ရောက် အသုံးပြုနိုင်မည်ဖြစ်သည်။

iOS နှင့် Android ဖုန်းအသုံးပြုသည့် သုံးစွဲသူများအတွက် https://bit.ly/MPT4Ufree / (URL: https://lotaya.mpt.com.mm/event/191) (သို့မဟုတ်) USSD ကုတ် * 4040 # ကိုခေါ်ဆို ခြင်းဖြင့် MPT4U အက်ပလီကေးရှင်းကိုအခမဲ့ ဒေါင်းလုတ်ရယူနိုင်ပါသည်။

MPT4U အက်ပလီကေးရှင်းကိုအသုံးပြုသည့် သုံးစွဲသူများသည် လက်ကျန်ငွေ စစ်ဆေးနိုင်ခြင်း၊ ဖုန်းငွေဖြည့်သွင်းနိုင်ခြင်း၊ ပက်ကေ့ချ်အသစ် (သို့မဟုတ်) အခြားသူ တစ်ဦးအတွက် လက်ဆောင်ပက်ကေ့ချ် ဝယ်ယူခြင်း၊ လက်ကျန်ငွေလွှဲပြောင်းခြင်း သို့မဟုတ် မိသားစုဝင်များ၏ အကောင့်များကို ၎င်းတို့ကိုယ်စား စီမံခန့်ခွဲ နိုင်ခြင်းနှင့် ထပ်တိုးဝန်ဆောင်မှုများကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်မည်ဖြစ်သည်။

MPTအနေဖြင့် ခက်ခဲသည့်အချိန်ကာလအတွင်းတွင် မြန်မာပြည်နှင့်အတူရှိနေပြီး ဆက်သွယ်ရေး ဝန်ဆောင်မှုများကို သုံးစွဲသူများသို့ အကောင်းဆုံး ကြိုးပမ်းအားထုတ်မှုများဖြင့်ပေးအပ်သွားမည်ဖြစ်ကာ သုံးစွဲသူများ၏ နေ့စဉ်ဘဝကို ပိုမိုကောင်းမွန်စေရန် အမြဲကြိုးပမ်းဆောင်ရွက်နေသည်နှင့်အညီ လိုတရ ဝန်ဆောင်မှုကို MPT4U တွင် လွယ်လင့်တကူ ဝင်ရောက်ဖတ်ရှုနိုင်အောင် ယခုလို ဆောင်ရွက်လိုက်ခြင်းဖြစ်သည်။

လိုတရ တွင် အသုံးဝင်သော လုပ်ဆောင်ချက်များမှာ-

  • ဖဲကြိုးသင်္ကေတသည် သင်နှစ်သက်ရာအကြောင်းအရာကိုသိမ်းဆည်းနိုင်ပြီး ယင်းတို့ကိုအချိန်မရွေးပြန်လည်ဖတ်ရှုနိုင်သည်။
  • ရှာဖွေရေးသင်္ကေတသည် သင်ဖတ်ချင်သောအကြောင်းအရာကို ထိရောက်စွာရှာဖွေနိုင်သည်။
  • သင်ရှာဖွေလိုသည့် နှစ်သက်ရာအချက်အလက်အတွက် စာလုံးလမ်းညွှန်စနစ် လုပ်ဆောင်ချက်သည် သင်ရွေးချယ်ထားသော အဓိကကျသည့် စာလုံးအတွက်သက်ဆိုင်ရာ စာလုံးများကိုပြသလိမ့်မည်ဖြစ်သည်။
  • MPT ဆင်းမ်ကတ်များ မှတ်ပုံတင်ခြင်းအတွက် လိုအပ်သည့် အချက်အလက်များ

    မြန်မာနိုင်ငံရှိ လိုင်စင်ရဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်သည့် MPT အနေဖြင့် ခက်ခဲသော ကာလများအတွင်း မြန်မာပြည်နှင့်အတူရှိနေပြီး ဆက်သွယ်ရေး ဝန်ဆောင်မှုများကို တစ်နိုင်ငံလုံးရှိ သုံးစွဲသူများသို့ အကောင်းဆုံးဝန်ဆောင်မှုများပေးရန် စဥ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

    လတ်တလောတွင် သုံးစွဲသူများထံမှရရှိသည့် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းနှင့်ပတ်သက်သော သတင်းအချက်အလက်များအရ မကြာမီရက်များအတွင်း ကိုယ်ရေးအချက်အလက်များကို ပြည့်စုံမှန်ကန်စွာ စာရင်းသွင်းမထားသည့် အချို့သော သုံးစွဲသူများအနေဖြင့် သက်ဆိုင်ရာအာဏာပိုင်များ၏ ညွှန်ကြားချက်အရ အထွက်ဖုန်းခေါ်ဆိုမှု ပိတ်ထားခံရခြင်းများ ကြုံတွေ့ ရနိုင်သည့်အတွက် MPT အနေဖြင့် စိတ်မကောင်းဖြစ်ရပါသည်။

    မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးအော်ပရေတာအားလုံးမှာ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန (PTD) ၏ ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းဆိုင်ရာ ညွှန်ကြားချက်များကို အားလုံးတူညီစွာဖြင့် လိုက်နာဆောင်ရွက်ရန် လိုအပ်သည်။

    သုံးစွဲသူများအား ၎င်းတို့၏ဆင်းမ်ကတ် မှတ်ပုံတင်ခြင်းကို ပြန်လည်စိစစ်ရန် ကြေညာပြီးနောက် သုံးစွဲသူ အချို့၏ အထွက်ဖုန်းခေါ်ဆိုမှုကို သက်ဆိုင်ရာအာဏာပိုင်များ၏ညွှန်ကြားချက်အရ ပိတ်ထားခြင်းများ ရှိခဲ့ပါသည်။ သို့ရာတွင် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်း အနေဖြင့် မိမိတို့၏ ဆင်းမ်ကတ်များအား မှတ်ပုံတင်ခြင်းဆိုင်ရာ နည်းလမ်းအမျိုးမျိုးမှတစ်ဆင့် အချက်အလက်များကို သေချာစွာ ပြန်လည်စိစစ်ပြီး ပြည့်စုံမှန်ကန်သော မှတ်ပုံတင်ခြင်းကို အလွယ်တကူ အောင်မြင်စွာ ဆောင်ရွက်နိုင်ကာ အထွက်ခေါ်ဆိုခြင်း ဝန်ဆောင်မှုကိုလည်း မကြာမီတွင် ပုံမှန်အတိုင်း ပြန်လည်အသုံးပြုနိုင်မည်ဖြစ်သည်။

    ထို့ကြောင့် ဆင်းမ်ကတ်ပြန်လည်မှတ်ပုံတင်ရန်အတွက် SMS လက်ခံရရှိသူများအနေဖြင့် MPT4U အက်ပလီကေးရှင်း (သို့မဟုတ်) * 601 # သို့ခေါ်ဆိုခြင်း (သို့မဟုတ်) https://my.mpt.com.mm/ မှ တစ်ဆင့် ကိုယ်ရေးအချက်အလက်များအား ပြည့်စုံမှန်ကန်စွာ ပြင်ဆင်ဖြည့်စွက်၍ မှတ်ပုံတင်ခြင်းလုပ်ဆောင်မှုကို ပြီးပြည့်စုံအောင် ဆောင်ရွက်နိုင်ပါသည်။ MPT Own Shop များ နှင့် MPT အမှတ်တံဆိပ်စတိုးဆိုင် များတွင်လည်း ဆင်းမ်ကတ်မှတ်ပုံတင်ခြင်း အချက်အလက်များ ပြီးပြည့်စုံအောင် ​ဆောင်ရွက်ခြင်းအတွက် ကူညီရန် အသင့်ရှိနေပါသည်။

    ဆင်းမ်ကတ်များကို ပြန်လည်မှတ်ပုံတင်ခြင်းအတွက် လိုအပ်သည့်အချက်များမှာ-

    (၁) အသုံးပြုသူ၏ အမည်

    (၂) နိုင်ငံသားစိစစ်ရေးကတ်၏ မူရင်း (ရှေ့နှင့်နောက်) ဓာတ်ပုံ (အမည်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်မှာ ကြည်လင်ပြတ်သားမှုရှိရပါမည်)

    (၃)နိုင်ငံသားစိစစ်ရေးကတ်အမှတ် တို့ဖြစ်ပါသည်။

    MPT ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းအား အောင်မြင်စွာ လုပ်ဆောင်ပြီးနောက် ဆင်းမ်ကတ်ကို ပုံမှန်အတိုင်း ပြန်လည်အသုံးပြုနိုင်မည် ဖြစ်သည်။

    MPT သည် မြန်မာပြည်သူများအတွက် ခက်ခဲသောအခြေအနေများတွင် စဥ်ဆက်မပြတ်ဆက်သွယ်နိုင်ရန် လိုအပ်သော ဆက်သွယ်ရေးဝန်ဆောင်မှုများကို အဆင်ပြေချောမွေ့စွာ ရရှိအသုံးပြုနိုင်ရေးကို အကောင်းဆုံး ကြိုးပမ်းဆောင်ရွက်သွားမည်ဟု သန္နိဌာန်ပြုထားပါသည်။ ထို့ကြောင့် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းအတွက် SMS မှတစ်ဆင့်အသိပေးစာရရှိသော သုံးစွဲသူများအနေဖြင့် မိမိကိုယ်ရေးအချက်အလက်များကို သေချာစွာပြန်လည်စိစစ်ပြီး လိုအပ်သော အချက်အလက်များကို အမြန်ဆုံးဖြည့်စွက်၍ ပြန်လည်ပေးပို့ပါရန် အလေးအနက်ထား တိုက်တွန်းနှိုးဆော်အပ်ပါသည်။

    ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက Hotline ဖုန်းနံပါတ် 106 သို့ ခေါ်ဆို၍သော်လည်းကောင်း (သို့မဟုတ်) MPT ၏ ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm တွင်ဝင်ရောက်ကြည့်ရှု၍သော်လည်းကောင်း၊ MPT ဆိုင်များသို့သွားရောက်၍ သော်လည်းကောင်း ဆက်သွယ်ဆောင်ရွက်နိုင်ပါသည်။

    MPT အနေဖြင့် မြန်မာပြည်သူလူထုအား မည်သည့်အခြေအနေမဆို အချိန်တိုင်း ဆက်သွယ်ချိတ်ဆက်နိုင်ရန်အတွက် ဆက်သွယ်ရေးဝန်ဆောင်မှုများကို စဥ်ဆက်မပြတ် ပေးစွမ်းနိုင်ရေး အကောင်းဆုံးကြိုးပမ်းမှုများနှင့်အတူ အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုပါသည်။