viu mm

Viu မှာ ရှိတဲ့ ရုပ်ရှင်နဲ့ ရုပ်သံဇာတ်လမ်းအားလုံးကို MPT နဲ့အတူ အခမဲ့ ကြည့်ရှုနိုင်ပါပြီ

MPT မိုဘိုင်းဒေတာ အသုံးပြုသူတိုင်း ရုပ်ရှင်နဲ့ ရုပ်သံဇာတ်လမ်းထောင်ပေါင်းများစွာကို Viu မှာ စာရင်းသွင်းခပေးဆာင်ရန်မလိုဘဲ အခမဲ့ ကြည့်ရှုနိုင်ပါပြီ။
Running Man, At Eighteen ကဲ့သို့သော ကိုရီးယားဇာတ်လမ်းတွဲများကို နှစ်သက်ပါသလား။ နောက်ဆုံးထွက်ရှိထားတဲ့အပိုင်းကို မြန်မာ စာတန်းထိုးဖြင့် ကြည့်ရှုလိုက်ပါ။ သို့မဟုတ် မြန်မာ ရုပ်ရှင်ဇာတ်ကားတွေဖြစ်တဲ့ ငယ်ကျွန်၊ လူကြိုက်များတဲ့ မင်္ဂလာရှိတဲ့အရပ် စီးရီး၊ အိန္ဒိယ အက်ရှင်ဇာတ်ကား Super Hit နဲ့ရုပ်သံစီးရီး များကိုလည်း ကြည့်ရှုနိုင်ပါပြီ။ နိုင်ငံ (၆)နိုင်ငံရဲ့ အရမ်းကောင်းတဲ့ ဇာတ်ကားတွေနဲ့ ရုပ်သံစီးရီးတွေကို လူတိုင်းကြည့်ရှုနိုင်ပါပြီ။

Viu Data Pack မှာ ပါဝင်မည့် အစီအစဉ်များ

ထောင်ပေါင်းများစွာသော ဖျော်ဖြေရေး ရုပ်သံဇာတ်လမ်းများ နှင့် TV show များကို ကြည့်ရှုနိုင်ခြင်း
ထိုင်း၊ကိုရီးယား၊ဂျပန်၊အိန္ဒိယ၊ တရုတ်နှင့် မြန်မာ နိင်ငံများမှ အသစ် အသစ်သော
အစီအစဉ်ကောင်းများစွာကို မလွတ်တမ်းကြည့်ရှုနိုင်ခြင်း
ကိုရီးယား နောက်ဆုံးထွက် ရုပ်သံစီးရီးများကို ယင်းနိုင်ငံများမှ ထုတ်လွှင့်ပြီး ၂၄ နာရီအတွင်းမြန်မာစာတမ်းထိုးဖြင့် ကြည့်ရှုနိုင်ခြင်း
မည်သည့် ဇာတ်လမ်းတွဲကို မဆို Download ဆွဲ၍ ကြည့်ရှုနိုင်ခြင်း
Viu မှ ဇာတ်လမ်းများ အားလုံးကို မြန်မာစာတမ်းထိုးဖြင့် ကြည့်ရှုနိုင်ခြင်း
Viu မှာပဲရနိုင်တဲ့ Original shows များကို ကြည့်ရှုနိုင်ခြင်း

Viu တွင် မည်ကဲ့သို့ စတင်ကြည့်နိုင်မလဲ။

အသုံးပြုသူများသည် MPT မိုဘိုင်း ဒေတာအသုံးပြုပြီး Viu app (သို့) www.viu.com သို့ဝင်ရောက်ပြီး နှစ်သက်ရာ ဇာတ်ကားများကို ကြည့်ရှုနိုင်ပါသည်။
Viu app ကို Google Play store (သို့) MPT Lotaya portal မှာ ဒေါင်းလုတ် ရယူနိုင်င်ပါသည်။ စားရင်းသွင်းခ ပေးဆောင်ရန်မလိုပါ။ ဒေတာ အသုံးပြုခကျသင့်မည်ဖြစ်ပြီး ဝယ်ယူထားသော ပက်ကေ့ချ်အလိုက် (သို့) သုံးသလောက်ပေး အင်တာနက်မှ ဖြတ်တောက်သွားမည် ဖြစ်ပါသည်။

မေးလေ့ရှိသော မေးခွန်းများ

၁. Viu ဆိုတာဘာလဲ။

Viu ဆိုတာ ရုပ်ရှင်ဝန်ဆောင်မှုလုပ်ငန်းမှာ ထိပ်တန်းရောက်နေတဲ့ ဝန်ဆောင်မှုတစ်ခုဖြစ်ပြီးတော့ အာရှနိုင်ငံ ၆နိုင်ငံဖြစ်တဲ့ ကိုရီးယား၊ အိန္ဒိယ၊တရုတ်၊ ထိုင်း၊ ဂျပန်နဲ့ မြန်မာနိုင်ငံအတွင်းက အကောင်းဆုံးဆိုတဲ့ ထောင်နဲ့ချီ ရုပ်ရှင်တွေ၊ တီဗီရှိုးအစီအစဉ်တွေကို မြန်မာစာတန်းထိုးနဲ့ အပြည့်အဝနဲ့ ကြည့်ရှုနိုင်မယ့် ဝန်ဆောင်မှု တစ်ခုဖြစ်ပါတယ်။

၂. Viu အက်ပလီကေးရှင်ကို ဘယ်နေရာကနေ ဒေါင်းလုတ်လုပ်လို့ရမလဲ။

Viu အက်ပလီကေးရှင်းကို Google Play Store ဒါမှမဟုတ် https://www.viu.com/ott/web/mm/viu.apk ကနေ ဒေါင်းလုတ် ပြုလုပ်နိုင်ပါတယ်။

၃. Viu မှာ ဗီဒီယိုတွေကြည့်ဖို့ ပိုက်ဆံပေးရမှာလား။

MPT ရဲ့မိုဘိုင်း ဒေတာ အသုံးပြုနေသ၍ အားလုံးကို စာရင်းသွင်းခ ပေးဆောင်ရန်မလိုဘဲ ကြည့်ရှုနိုင်ပါတယ်။ ဒေတာ အသုံးပြုခကျသင့်မည်ဖြစ်ပြီး ဝယ်ယူထားသော ပက်ကေ့ချ်အလိုက် (သို့) သုံးသလောက်ပေး အင်တာနက်မှ ဖြတ်တောက်သွားမည် ဖြစ်ပါသည်။

၄. ဗီဒီယိုတွေကို အရေအတွက် အကန့်အသတ်နဲ့ ကြည့်ရှုရမှာလား။

ဗီဒီယိုတွေကို ဘယ်နှစ်ကားပဲကြည့်ရမယ်လို့ သတ်မှတ်ထားတာမျိုးမရှိပါဘူး။ MPT ရဲ MPT ရဲ့ မိုဘိုင်း ဒေတာ အသုံးပြုနေသ၍ တိုက်ရိုက် (သို့) app ထဲသို့ဒေါင်းပြီး ကြည့်ရှုနိုင်ပါတယ်။

၅. Viu က ဗီဒီယိုတွေကိုကြည့်ဖို့ အကောင့်ဖွင့်ဖို့လိုအပ်လား။

MPT ကွန်ရက်ကနေ Viu app ထဲကို ဝင်ပြီး ကြိုက်နှစ်သက်ရာ ဗီဒီယိုတွေကို ကြည့်နိုင်ပါပြီ။ အဲ့ဒါကြောင့် အကောင့် ဖွင့်ဖို့လိုမှာမဟုတ်ပါဘူး။

၆. ဝိုင်ဖိုင် နဲ့ရော အခမဲ့ ကြည့်ရှုနိုင်ပါသလား။

မရနိုင်ပါ။ MPT ရဲ့မိုဘိုင်း ဒေတာ နှင့် သာ အခမဲ့ ကြည့်ရှုနိုင်ပါတယ်။

၇. ဒေါင်းလုတ် လုပ်ထားတဲ့ video တွေကို ဘယ်နှစ်ရက် သိမ်းနိုင်ပါသလဲ?

ဒေါင်းလုတ် video တွေကို ၇ ရက် သိမ်းထားနိုင်ပါတယ်။ ၇ ရက်ကျော်သွားသောအခါ သက်တမ်းတိုးရန် နှိပ်ပြီး သက်တမ်းတိုးနိုင်ပါတယ်။

၈. Viu app ကို ဖွင့်သော်လည်း ဇာတ်ကား တွေကို ကြည့်လို့မရဘူး။ ဘယ်လို လုပ်ရမလဲ။

MPT ရဲ့မိုဘိုင်းဒေတာကို ဖွင့်ထားလား သေချာ စစ်ဆေးပေးပါ။ ဖွင့်ထားသော်လည်း ကြည်လို့မရပါက app ကို ပိတ်လိုက်ပါ။ android settings ထဲရှိ cache များကို ရှင်းလင်းပြီး restart ပြုလုပ်ပါ။

၉. Viu အထူးကြည့်ရှုခွင့်ကို ဝယ်ထားပြီးသာ ဆိုရင် ဘယ်လို လုပ်ရမလဲ။

ဝယ်ထားသော ကြည့်ရှုခွင့် ကုန်သည်အထိ ဆက်လက် အသုံးပြုပါ။ ကုန်ဆုံးပြီးနောက် ထပ်မံ ဝယ်ယူရန် မလိုတော့ဘဲ MPT မိုဘိုင်း ဒေတာကို သုံး၍ ကြည့်ရှုနိုင်ပါပြီ။

၁၀. Viu app နှင့် ပတ်သက်ပြီး အခက်အခဲ ရှိပါက ဘယ်လို လုပ်ရမလဲ။

• Data နဲ့ပတ်သက်၍ အဆင်မပြေပါက MPT ရဲ့ ဖုန်းနံပါတ် ၁၀၆ ကိုခေါ်ဆိုမေးမြန်းနိုင်ပါတယ်။
• Viu App နဲ့ပတ်သက်၍ အဆင်မပြေပါက Viu ကိုအောက်ပါအတိုင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
o [email protected] ကို အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်။
o Viu Myanmar Facebook Page ကို အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်။
o ဖုန်းနံပါတ် 09969900000 ကို တနင်္လာမှ သောကြာနေ့အထိ နံနက် (၉) နာရီမှ ညနေ (၆) နာရီ (ရုံးချိန်အတွင်း) ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

ပရိုမိုးရှင်းပက်​ကေ့ချ် ပြောင်းလဲမှုများအကြောင်း သုံးစွဲသူများအားအသိပေးခြင်း

၂၀၂၁ ခုနှစ် ဇူလှိုင်လ ၁၃ ရက်​နေ့မှစပြီး ပရိုမိုးရှင်းပက်​ကေ့ချ်ဝန်​ဆောင်မှုအချို့ကို ပြင်ဆင်သတ်မှတ်သွားမည်ဖြစ်​ကြောင်း ဆက်သွယ်​ရေးညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားချက်အရ အသိ​ပေး​အ​ကြောင်းကြားအပ်ပါသည်။

လက်ရှိ၀ယ်ယူထား​သော ပက်​ကေ့ချ် အစီအစဥ်များကို ၄င်းတို့၏ သက်တမ်းကုန်ဆုံးရက်အထိ ​ပေးအပ်ထားသည့် ​ဒေတာ ပမာဏအားလုံးကို အသုံးပြုနိုင်မည်ဖြစ်သည်။

မြန်မာပြည်သူများအကြား အ​ကောင်းဆုံး ချိတ်ဆက်မှုရရှိ​စေနိုင်​ရေးအတွက် MPT အနေဖြင့် သုံးစွဲသူများ၊ စီးပွားရေး လုပ်ငန်းများနှင့် လူမှုအသိုင်းအဝန်းအပေါ် သက်ရောက်မှု အနည်းဆုံးဖြစ်စေရန် အကောင်းဆုံးကြိုးစားလုပ်ဆောင်လျက်ရှိကာ ဆက်သွယ်ရေး ဝန်ဆောင်မှုများကို မည်သည့်အခြေအနေတွင် မဆို ရယူအသုံးပြုနိုင်ရေးမှာ အရေးကြီးကြောင်း ကောင်းစွာမှတ်ယူထားပါသည်။

COVID-19 စစ်ဆေးတွေ့ရှိမှုအတွက် အသိပေးခြင်း  

(ရန်ကုန်၊ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၉ ရက်)

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ MPT Own Shop တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း (၁)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိရကြောင်း MPT က အတည်ပြု ထုတ်ပြန်လိုက်ပါသည်။

ယခုကဲ့သို့ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိရသည့်ဖြစ်ရပ်အတွက် မိမိတို့အနေဖြင့် သက်ဆိုင်ရာရုံးအတွင်း ဆေးဖြန်းခြင်း နှင့် ထိတွေ့ခဲ့သူများအား စုံစမ်းစစ်ဆေးပြီး လိုအပ်သော ကာကွယ်မှုအစီအစဉ်များကိုလျင်လျင်မြန်မြန်ထိထိရောက်ရောက် ဆောင်ရွက်လျက်ရှိပါသည်။ ကိုရိုနာဗိုင်းရပ်စ် (ကိုဗစ်-၁၉) ရောဂါ စတင်ပြန့်ပွားချိန်ကပင်စတင်ပြီး တိကျခိုင်မာသော ကြိုတင်ကာကွယ်ရေး စီမံဆောင်ရွက်ချက်များကို ဆောင်ရွက်လျက်ရှိကာ မိမိတို့၏ သုံးစွဲသူများနှင့် ဝန်ထမ်းများ၏ ကျန်းမာရေးနှင့် လုံခြုံစိတ်ချမှုတို့အတွက် ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော် ကျင့်သုံးလျက်ရှိပါသည်။

မကြာသေးမီရက်များအတွင်း ကိုဗစ်-၁၉ ဖြစ်ပွားမှုအသစ်များတိုးပွားလာသည်နှင့်အမျှ MPT အနေဖြင့် မြန်မာပြည်သူလူထုအား ကိုဗစ်-၁၉ ကိုတိုက်ဖျက်ရာတွင် အချင်းချင်းလုံခြုံမှုရှိစေရန် နှင့်ပြန့်ပွားမှုကိုရပ်တန့်ရန်အတွက် ကျန်းမာရေးလမ်းညွှန်မှုများကိုတင်းကြပ်စွာလိုက်နာရန် ဆန္ဒပြုတိုက်တွန်းအပ်ပါသည်။

ကျွန်ုပ်တို့၏ သုံးစွဲသူများနှင့်မိတ်ဖက်စီးပွားရေးလုပ်ငန်းများ၏လုံခြုံမှုနှင့်အကျိုးစီးပွားကို ရှေးရှု၍ MPTသည်တစ်နိုင်ငံလုံးရှိသုံးစွဲသူများအားပိုမိုကောင်းမွန်သောကြိုတင်ကာကွယ်မှုအတွက် ယခုအချိန်မှစ၍ နောက်ပိုင်းထုတ်ပြန်ချက်များတွင် အများပြည်သူများ၊မိတ်ဖက်စီးပွား​ရေးလုပ်ငန်းများ နှင့်သုံးစွဲသူတို့နှင့်ဆက်စပ်သည့် ဖြစ်ရပ်များကိုသာကြေညာချက် ထုတ်ပြန်သွားမည်ဖြစ်သည်။

ယခုကဲ့သို့ ကိုဗစ်-၁၉ ကူးစက်မှုအရေးပေါ် အခြေအနေတွင် မြန်မာပြည်သူများအတွက် အရေးပါသော အခန်းကဏ္ဍ ဖြစ်သည့် ဆက်သွယ်ရေးဝန်ဆောင်မှုများကို စဉ်ဆက်မပြတ်ပေးစွမ်းနိုင်ရေးကိုလည်း လုပ်ဆောင်သွားမည် ဖြစ်ပါသည်။

ယခုကဲ့သို့ဖြစ်ရပ်များအတွက် မိမိတို့၏ ဝန်ဆောင်မှုကိုသုံးစွဲသူများနှင့် စီးပွားဖက်လုပ်ငန်းများတွင် အဆင်မပြေမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက်လည်း တောင်းပန်မှုပြုကာ နားလည်ပေးမှုအတွက် ကျေးဇူးတင်ရှိပါသည်။

MPT Pay သုံးစွဲသူများအနေဖြင့် ငွေကြေးလွှဲပြောင်းပေးခြင်းနှင့် ငွေပေးချေခြင်းဆိုင်ရာ လုပ်ဆောင်ချက်များကို KBZ Mobile & Internet Banking မှတစ်ဆင့် လွယ်ကူစွာ ငွေသွင်းနိုင်ပြီ

(ရန်ကုန်၊ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၇ ရက်) – MPT Pay သည် သုံးစွဲသူများအား အကောင်းဆုံးနှင့် အဆင်ပြေချောမွေ့စွာဝန်ဆောင်မှုများပေးရန် ကြိုးစားလျက်ရှိပြီး ယခုအခါ MPT Pay သုံးစွဲသူများသည် KBZ Bank ၏ Mobile Banking နှင့် Internet Banking မှတစ်ဆင့် MPT Pay အကောင့်ထဲသို့ လွယ်ကူလျင်မြန်စွာ ငွေဖြည့်သွင်းခြင်းဖြင့် ၄င်းတို့၏ E-Wallet အကောင့်များကို အဆင်ပြေလွယ်ကူစွာ ဆောင်ရွက်နိုင်စေမည် ဖြစ်သည်။

အဆိုပါ ငွေဖြည့်သွင်းခြင်းဝန်ဆောင်မှုသည် သုံးစွဲသူများအား ၂၄ နာရီ ၇ ရက်သတ္တပတ်လုံး လက်လှမ်းမှီနိုင်သော MPT Pay အက်ပလီကေးရှင်းကို အသုံးပြုခြင်းအားဖြင့် ၎င်းတို့၏ E-Wallets များကို စိတ်ချလုံခြုံမှုရှိစွာ စီမံဆောင်ရွက်နိုင်မည်ဖြစ်သည်။

MPU ကတ်၊ Visa & Master ကတ်၊ AYA ဘဏ်၊ CB ဘဏ်၊ UAB ဘဏ် နှင့်ယခုအခါ KBZ ဘဏ် ၏ Mobile Banking နှင့် Internet Banking စနစ်အပါအဝင် ဘဏ်လိုင်းများစွာ မှတစ်ဆင့်ငွေသွင်းနိုင်ပြီဖြစ်သည်။

KBZ Mobile နှင့် Internet Banking တွင် ငွေဖြည့်သွင်းခြင်း ဝန်ဆောင်မှုကိုအသုံးပြုရန်အတွက် သုံးစွဲသူများသည် KBZ Mobile & Internet Banking အတွင်းရှိ “Quick Pay” သင်္ကေတကိုသုံးပြီး E-Wallet လုပ်ဆောင်ချက်များကိုပိုမိုလွယ်ကူစွာအသုံးပြုနိုင်မည်ဖြစ်သည်။ KBZ Mobile & Internet Banking မှ တစ်ဆင့် ငွေဖြည့်သွင်းခြင်းအတွက် မည်သည့်ဝန်ဆောင်ခမျှ ပေးဆောင်ရန်မလိုပါ။

ငွေဖြည့်သွင်းခြင်း အသေးစိတ်အဆင့်များကိုအောက်တွင်ဖော်ပြထားပါသည်။

အဆင့် ၁။ “ Quick Pay” ကိုနှိပ်ပါ။

အဆင့် ၂။ Search တွင်“MPT Pay” ကိုရိုက်ရှာပါ။

အဆင့် ၃။ MPT Pay Mobile Wallet ကိုရွေးချယ်ပါ။

အဆင့် ၄။ လိုအပ်သောအချက်အလက်များကိုမှန်ကန်စွာထည့်ပြီး“Submit” ကိုနှိပ်ပါ။

အဆင့် ၅။ “PIN” နံပါတ်ကိုထည့်ပြီး“OK” ကိုနှိပ်ပါ။

လုပ်ဆောင်ချက်အောင်မြင်မည်ဖြစ်ပြီး အောင်မြင်ကြောင်း SMS ရရှိမည်ဖြစ်ပါသည်။

လတ်တလောတွင်ဖြစ်ပွားလျက်ရှိသည့် COVID-19 ကူးစက်ဖြစ်ပွားမှုများပြားလာခြင်းနှင့်အတူ ငွေဖြည့်သွင်း ခြင်းဝန်ဆောင်မှုသည် နေ့စဉ်ငွေရေးကြေးရေးကိုအသုံးပြုမည့် အွန်လိုင်း ငွေကြေးလွှဲပြောင်းခြင်း နှင့် ငွေပေးချေခြင်းဆိုင်ရာ လုပ်ဆောင်ချက်များကို ကိုပိုမိုလွယ်ကူစွာနှင့်လုံခြုံစိတ်ချစွာအသုံးပြုနိုင်ရန် MPT Pay သုံးစွဲသူများကို များစွာအထောက်အကူဖြစ်စေမည်ဖြစ်သည်။

MPT Pay သည် သုံးစွဲသူများ၏ မျှော်လင့်ချက်ထက်ပိုမိုသည့် ခံစားမှုကို ရရှိနိုင်စေရန် ခေတ်မီနည်းပညာများကို အသုံးပြုကာ ဆောင်ရွက် ထားခြင်းနှင့်အတူ ငွေရေးကြေးရေးကဏ္ဍတွင် လူတိုင်းလက်လှမ်းမီ ပါဝင်နိုင်ရေးကို အထူး အလေးထားကာ ဦးတည်ဆောင်ရွက် လျက်ရှိပါသည်။

MPT Pay သည် လက်ရှိအချိန်တွင် မြန်မာနိုင်ငံအတွင်း တိုးတက်မှုအမြန်ဆုံး မိုဘိုင်းငွေကြေးဝန်ဆောင်မှုတစ်ခုဖြစ်ပြီး သုံးစွဲသူများ အဆင်ပြေလွယ်ကူစေရန် နိုင်ငံတစ်ဝန်းရှိ မြို့နယ်ပေါင်း ၃၁၀ မှ ကိုယ်စားလှယ်ပေါင်း ၂၈,၀၀၀ ကျော်ရှိသည့် ကိုယ်စားလှယ်ကွန်ရက်ဖြင့် လည်ပတ် နေပါသည်။ သုံးစွဲသူများအတွက် ရိုးရှင်းလွယ်ကူစေမည့် MPT Pay ၏ နည်းပညာကို အသုံးပြုခြင်းဖြင့် အီလက်ထရောနစ်စနစ်သုံး ငွေကြေးလွှဲပြောင်းခြင်းနှင့် ငွေပေးချေခြင်းဆိုင်ရာ လုပ်ဆောင်ချက်များ ဖြစ်သည့် OTC (နှစ်ဦးနှစ်ဖက်တိုက်ရိုက်ငွေလွှဲပြောင်းခြင်း)၊ လစာပေးခြင်းဆိုင်ရာ ဝန်ဆောင်မှုနှင့် ပင်စင်ဝန်ဆောင် မှုများ၊ Mobile Wallet ဖြင့် ငွေပေးချေခြင်း၊ MPT နှင့်အခြားသော အော်ပရေတာများသို့ ဖုန်းငွေဖြည့်သွင်းခြင်း နှင့် အင်တာနက်ပက်ကေ့ချ်များဝယ်ယူခြင်း၊ ငွေတောင်းခံလွှာများကို ပေးချေခြင်း၊ ဈေးဆိုင်များတွင် ငွေပေး ချေ ခြင်း၊ CB ဘဏ် နှင့် AYA ဘဏ်များ၏ ATM တွင် ငွေသားထုတ်ယူနိုင်ခြင်း၊ MPT Pay ကိုယ်စားလှယ် ဆိုင်များတွင် ငွေသွင်း၊ ငွေထုတ်ခြင်းအပြင် လူအများသို့ ငွေထုတ်ပေးခြင်းနှင့် အခြားသော ငွေကြေးဆိုင်ရာဝန်ဆောင်မှုများကို သုံးစွဲသူများအနေဖြင့် လုံခြုံစွာနှင့် အဆင်ပြေလွယ်ကူစွာ ဆောင်ရွက်နိုင်စေမည်ဖြစ်သည်။

MPT Pay နှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များနှင့် ဝန်ဆောင်မှုများအကြောင်း ပိုမိုသိရှိလိုပါက MPT Pay ၏ တရားဝင်ဝက်ဘ်ဆိုက်စာမျက်နှာဖြစ်သော https://mptpay.com.mm/သို့ ဝင်ရောက်ကြည့်ရှုနိုင်သည့်အပြင် MPT ဖုန်းနံပါတ်များအတွက် MPT Pay Call Center 990 နှင့် အခြားမိုဘိုင်းဖုန်းများအတွက် 01-2323990 သို့ဆက်သွယ်နိုင်ပါသည်။ Android အသုံးပြုသူများအနေဖြင့် “MPT Pay”အက်ပလီကေးရှင်း ကို

https://bit.ly/MPTPayAndroid​ နှင့် https://bit.ly/MPTPay_iOS မှတစ်ဆင့် ဒေါင်းလုတ်ပြုလုပ်၍ ရယူ အသုံးပြုနိုင်ပါသည်။

COVID-19 စစ်ဆေးတွေ့ရှိမှုအတွက် အသိပေးခြင်း  

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း (၂)ဦး၊ မူဆယ်မြို့ တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း (၁) ဦး နှင့် ရန်ကုန်တိုင်းဒေသကြီးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း(၁)ဦး စုစုပေါင်းဝန်ထမ်း (၄)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိရကြောင်း MPT က အတည်ပြု ထုတ်ပြန်လိုက်ပါသည်။ 

ယခုကဲ့သို့ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိရသည့်ဖြစ်ရပ်အတွက် မိမိတို့အနေဖြင့် သက်ဆိုင်ရာရုံးများအတွင်း ဆေးဖြန်းခြင်း နှင့် ထိတွေ့ခဲ့သူများအား စုံစမ်းစစ်ဆေးပြီး လိုအပ်သော ကာကွယ်မှုအစီအစဉ်များကိုလျင်လျင်မြန်မြန်ထိထိရောက်ရောက် ဆောင်ရွက်လျက်ရှိပါသည်။ ကိုရိုနာ ဗိုင်းရပ်စ် (ကိုဗစ်-၁၉) ရောဂါ စတင်ပြန့်ပွားချိန်ကပင်စတင်ပြီး တိကျခိုင်မာသော ကြိုတင်ကာကွယ်ရေး စီမံဆောင်ရွက်ချက်များကို ဆောင်ရွက်လျက်ရှိကာ မိမိတို့၏ သုံးစွဲသူများနှင့် ဝန်ထမ်းများ၏ ကျန်းမာရေးနှင့် လုံခြုံစိတ်ချမှုတို့အတွက် ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော် ကျင့်သုံးလျက်ရှိပါသည်။ 

မိမိတို့အနေဖြင့်  လုပ်ငန်းခွင်အတွင်းနှင့်လုပ်ငန်းခွင်ပြင်ပသို့ ရောဂါပိုးပျံ့နှံ့ကူးစက်မှုမရှိစေရန် အတွက် အကောင်းဆုံး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် ယခုကဲ့သို့ ကိုဗစ်-၁၉ ကူးစက်မှုအရေးပေါ် အခြေအနေတွင် မြန်မာပြည်သူများအတွက် အရေးပါသော အခန်းကဏ္ဍ ဖြစ်သည့် ဆက်သွယ်ရေးဝန်ဆောင်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးကိုလည်း လုပ်ဆောင်သွားမည် ဖြစ်ပါသည်။  

ယခုကဲ့သို့ဖြစ်ရပ်များအတွက် မိမိတို့၏ ဝန်ဆောင်မှုကိုသုံးစွဲသူများနှင့် စီးပွားဖက်လုပ်ငန်းများတွင် အဆင်မပြေမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက်လည်း တောင်းပန်မှုပြုကာ နားလည်ပေးမှုအတွက် ကျေးဇူး တင်ရှိပါသည်။