ခေတ်မီအိတ်ချိန်းစက်များ လဲလှယ်ပြီးဖြစ်ပါသဖြင့် အော်တိုတယ်လီဖုန်းနံပါတ်များအား ပြောင်းလဲပါမည်

(ရန်ကုန်၊ ၂၀၂၁ ခုနှစ်၊  အောက်တိုဘာလ ၂၈ ရက်) – မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေဖြင့် ပိုမိုကောင်းမွန်သည့် အရည်အသွေး နှင့် ခေတ်မီဝန်ဆောင်မှုများကို ပေးနိုင်ရန်အတွက် အောက်ဖော်ပြပါ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အိတ်ချိန်းများကို ခေတ်မီအိတ်ချိန်းစက်များနှင့် ပြောင်းလဲတပ်ဆင်ပြီး ကေဘယ်လ်ကွန်ရက်စနစ် (Copper Cable Network) အား မြန်နှုန်းမြှင့် သတင်းအချက်အလက် ဝန်ဆောင်မှုပေးနိုင်သည့် ဖန်ကြိုးမျှင် (Fiber Cable) စနစ်သုံး တယ်လီဖုန်းများဖြင့် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက် မှစတင်၍ အောက်ပါအတိုင်း ပြောင်းလဲသွားမည် ဖြစ်ပါသည်။

နယ်မြေအိတ်ချိန်းလက်ရှိအသုံးပြုနေသော ဖုန်းနံပါတ်အသစ်ပြောင်းလဲမည့်
ဖုန်းနံပါတ်
ပဲခူးတိုင်းဒေသကြီး (အရှေ့)ဖြူး အိတ်ချိန်း၀၅၄-၄၀xxx၀၅၄-၂၈၄၀xxx
ကရင်ပြည်နယ်လှိုင်းဘွဲ့ အိတ်ချိန်း၀၅၈-၄၅xxx၀၅၈-၂၀၄၅xxx
ရခိုင်ပြည်နယ်ကျောက်ဖြူ အိတ်ချိန်း၀၄၃-၄၆xxx၀၄၃-၂၀၄၆xxx
စစ်ကိုင်းတိုင်း
ဒေသကြီး
စစ်ကိုင်း အိတ်ချိန်း၀၇၂-၂၁xxx၀၇၂-၂၀၂၁xxx
၀၇၂-၂၂xxx၀၇၂-၂၀၂၂xxx
၀၇၂-၂၃xxx၀၇၂-၂၀၂၃xxx
*ရှမ်းပြည်နယ် (မြောက်ပိုင်း)*နမ့်ခမ်း အိတ်ချိန်း၀၈၂-၆၁xxx၀၈၂-၂၉၆၁xxx
*ပဲခူးတိုင်းဒေသကြီး (အနောက်)*ကြို့ပင်ကောက် အိတ်ချိန်း၀၅၃-၅၀xxx၀၅၃-၂၀၅၀xxx
၀၅၃-၅၁xxx၀၅၃-၂၀၅၁xxx

*ရန်ကုန်တိုင်းဒေသကြီး

*သန်လျင်အိတ်ချိန်း
၀၅၆-၂၁xxx၀၅၆-၂၀၂၁xxx
၀၅၆-၂၂xxx၀၅၆-၂၀၂၂xxx
၀၅၆-၂၃xxx၀၅၆-၂၀၂၃xxx

* ယခင်ထုတ်ပြန်ထားပြီးဖြစ်ကာ လုပ်ငန်းဆောင်ရွက်သည့်ရက် ပြင်ဆင်ထားသည့်နေရာများ
နံပါတ်အဟောင်းမှ နံပါတ်အသစ်သို့ ပြောင်းလဲစဉ်ကာလအတွင်းတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိမိတို့၏ ဝန်ဆောင်မှုကို အသုံးပြုနေသူများ ဆက်သွယ်မှုအဆင်ပြေစေရန် Call Forward ဝန်ဆောင်မှုကို ပြောင်းလဲတပ်ဆင်သည့်နေ့မှစ၍ (၃) လအထိ အခမဲ့ပေးထားမည်ဖြစ်ပြီး သုံးစွဲသူများသည် နံပါတ်အသစ်သို့ ပြောင်းလဲနေစဉ်ကာလအတွင်းတွင် လက်ရှိနံပါတ် (သို့မဟုတ်) နံပါတ်အသစ်သို့ ခေါ်ဆိုနိုင်မည် ဖြစ်ပါသည်။

MPT သုံးစွဲသူ မိဘပြည်သူများသို့ အကြောင်းကြားခြင်း

ယနေ့နံနက်ပိုင်း တွင် MPT ၏ ပဲခူးတိုင်းဒေကြီးနှင့် ကျိုက်ထိုမြို့ကြားတွင် ချိတ်ဆက်ထားသည့် ဖိုင်ဘာဆက်ကြောင်းပြတ်တောက်မှု ဖြစ်ပွားခဲ့ပါသဖြင့် ကရင်ပြည်နယ်၊မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် နာရီအနည်းငယ်ခန့် တယ်လီကွန်း ဝန်ဆောင်မှု အခက်အခဲအချို့ဖြစ်ပေါ်ခဲ့ရပါသည်။ယခုအခါ သက်ဆိုင်ရာအင်ဂျင်နီယာအဖွဲ့က ပြန်လည်ပြင်ဆင်ပြီးဖြစ်ပါသဖြင့် တယ်လီကွန်းဆက်သွယ်ရေးဝန်ဆောင်မှုများကိုယခင်အတိုင်းပြန်လည်အသုံးပြုနိုင်ပြီဖြစ်ပါသည်။ အဆင်မပြေမှုများဖြစ်ပေါ်ခဲ့သည့်အတွက်လည်းအနူးအညွတ်တောင်းပန်အပ်ပါသည်။

MPT4U အက်ပလီကေးရှင်းတွင် “RedFox Run” ဂိမ်း ကစားပြီး Foodpanda ဘောက်ချာကုတ်များနှင့် လဲလှယ်နိုင်သော အထူးဆုလက်ဆောင်များရနိုင်ပြီ

(ရန်ကုန်၊ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်)- MPT သုံးစွဲသူများသည် သီတင်းကျွတ်အားလပ်ရက်များ အတွင်း ဒီဂျစ်တယ်ဂိမ်းကစားခြင်းအတွေ့အကြုံကိုခံစားရင်း foodpanda ဘောက်ချာကုတ်များကို ရယူနိုင်မည့် “RedFox Run” ဂိမ်းအစီအစဉ်ကို MPT က မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း ယနေ့ထုတ်ပြန်ကြေညာလိုက်သည်။
MPT သုံးစွဲသူများသည် ဒေတာအခမဲ့ဖြင့် MPT4U အက်ပလီကေးရှင်းတွင် “RedFox Run” ဂိမ်းကစားပြီး ကျပ် ၁၀,၀၀၀ အထိ တန်ဖိုးရှိသော foodpanda ဘောက်ချာကုတ်များကို ရယူနိုင်မည် ဖြစ်သည်။ သုံးစွဲသူများကို ဆုလက်ဆောင်များ ပိုမိုရရှိစေမည့်အခွင့်အရေးပေးနိုင်ရန်အတွက် အဆိုပါ ဂိမ်းအစီအစဉ်ကို အောက်တိုဘာလ ၁၈ ရက် မှ ၂၄ ရက်အထိ တစ်ကြိမ်နှင့် အောက်တိုဘာလ ၂၅ ရက်မှ ၃၀ ရက်အထိတစ်ကြိမ် အဖြစ် အပိုင်း ၂ ပိုင်းခွဲပြီး အသီးသီး ဆောင်ရွက်ပေးထားပါသည်။
MPT သုံးစွဲသူတစ်ဦးချင်းစီအနေဖြင့် MPT4U အက်ပလီကေးရှင်းတွင် ဂိမ်းကစားခြင်းကို ဂိမ်းအစီအစဉ်၏ အပိုင်း ၂ ပိုင်း လုံးတွင် ၁ ကြိမ်စီ ပါဝင်ကစားနိုင်ပြီး “ဂိမ်းတွင်ပါဝင်ခြင်း ဆုလက်ဆောင်” နှင့် “ဂိမ်းကစားခြင်း၏ အဆင့်ပေါ် မူတည်သည့် ဆုလက်ဆောင်” ဟူ၍ ဆုလက်ဆောင်၂ မျိုးကို ရနိုင်မည့် အခွင့်အရေးများ ရရှိမည် ဖြစ်သည်။

“ဂိမ်းတွင်ပါဝင်ခြင်း ဆုလက်ဆောင်” အစီအစဉ်၌ MPT4U အက်ပလီကေးရှင်းတွင် “Redfox Run” ဂိမ်း ကစားသူတိုင်းသည် ၎င်းတို့ ဂိမ်းကစားသည့် အကြိမ်ရေမည်မျှပင်ရှိစေကာမူ ၅၀၀ကျပ် တန်ဖိုးရှိ foodpanda ဘောက်ချာကုတ်ကို တစ်ကြိမ်တိတိ ရရှိမည် ဖြစ်သည်။

“ဂိမ်းကစားခြင်း၏ အဆင့်ပေါ်မူတည်သည့် ဆုလက်ဆောင်” အစီအစဉ်တွင်မူ သုံးစွဲသူများသည် အောက်ဖော်ပြပါ ဇယားရှိ ဂိမ်းအစီအစဉ် အပိုင်းတစ်ပိုင်းစီအလိုက် ၎င်းတို့ရရှိသည့် အဆင့်ပေါ်မူတည်၍ foodpanda ဘောက်ချာကုတ် ဆုလက်ဆောင်များကို ရရှိမည် ဖြစ်သည်။

အဆင့်foodpanda ဆုလက်ဆောင် ဘောက်ချာကုတ် တန်ဖိုးဂိမ်းအစီအစဉ်တစ်ခုစီ၏ ကံထူးရှင် အရေအတွက်
၁ မှ ၅၁၀,၀၀၀၅ ဦး
၆ မှ ၁၅၅၅,၀၀၀၁၅၀ ဦး
၁၅၆ မှ ၄၅၅၂,၅၀၀၃၀၀ ဦး
၄၅၆ မှ ၂,၅၀၅၁,၀၀၀၂,၀၅၀ ဦး

ဂိမ်းအစီအစဉ်တွင် ပါဝင်ကစားသူများ၏ နောက်ဆုံးရရှိသည့် အဆင့်များကို ဂိမ်းအစီအစဉ်၏ အပိုင်းတစ်ပိုင်း ပြီးဆုံးသည့် အချိန်တွင် စစ်ဆေးနိုင်မည် ဖြစ်သည်။ ရရှိလာသည့် ဆုလက်ဆောင်ကို foodpanda လျှော့စျေး ဘောက်ချာကုတ်နှင့် လဲလှယ်ရယူရန်အတွက် သုံးစွဲသူများသည် “Redfox Run” ဂိမ်း စာမျက်နှာသို့ သွားရောက် လုပ်ဆောင်ရမည် ဖြစ်သည်။
MPT4U အက်ပလီကေးရှင်းတွင် “Redfox Run” ဂိမ်းကစားပြီး ဘောက်ချာကုတ်များ လဲလှယ်နိုင်မည့် ဆောင်ရွက်မှု အဆင့်ဆင့်ကို အောက်ပါအတိုင်း ပြုလုပ်နိုင်မည် ဖြစ်သည်။

၁။ MPT4U အက်ပလီကေးရှင်း၏ ဂိမ်းစာမျက်နှာသို့ သွားပါ။

၂။ Redfox Run ဂိမ်းကို ကစားပါ။

၃။ ဂိမ်းကစားပြီးနောက် ရရှိလာသည့် အဆင့်များကို ဖော်ပြထားပါသည်။

၄။ Redfox စာမျက်နှာသို့သွားပြီး ဆုလက် ဆောင် ကုတ်များကို ထည့်ပါ။ ထို့နောက် foodpandaဘောက်ချာကုတ်များနှင့်လဲလှယ်ပါ။

၅။ foodpanda ဘောက်ချာကုတ်များကို
အသုံးပြုနိုင်ပြီဖြစ်သည်။

MPT4U အက်ပလီကေးရှင်းတွင် အဆိုပါ ဂိမ်းကို ကစားရန် သုံးစွဲသူများသည် MPT4U အက်ပလီကေးရှင်းကို ဒေါင်းလုတ်ရယူရန်လိုအပ်ပြီး iOS အသုံးပြုသူများအနေဖြင့် App Store နှင့် Android အသုံးပြုသူ များအနေဖြင့် http://bit.ly/DataFreeApp (သို့) https://lotaya.mpt.com.mm/event/191 (သို့) USSD ကုတ် * 4040 # ကို ခေါ်ဆို ခြင်းဖြင့် MPT4U အက်ပလီကေးရှင်းကို အခမဲ့ ဒေါင်းလုတ် ရယူနိုင် ပါသည်။

MPT4U အက်ပလီကေးရှင်းသည် MPT သုံးစွဲသူများအတွက် တစ်နေရာတည်းတွင် ဝန်ဆောင်မှုအားလုံး ရရှိနိုင်သည့် အက်ပလီကေးရှင်းတစ်ခုဖြစ်ပြီး နိုင်ငံတစ်ဝန်းရှိ သုံးစွဲသူများအတွက် ငွေဖြည့်သွင်းခြင်း၊ ပက်ကေ့ချ်များဝယ်ယူခြင်း၊ မိမိ၏ နေ့စဉ်အသုံးပြုမှုများကို စစ်ဆေးခြင်းနှင့် အခြားစိတ်ဝင်စားစရာများနှင့် ဖျော်ဖြေရေးများ စသည့် အကြောင်းအရာများအပါအဝင် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို အဆင်ပြေ လွယ်ကူစွာ အသုံးပြုနိုင်ရန် ဆောင်ရွက်ထားပါသည်။ ထို့ပြင် သုံးစွဲသူများသည် MPT4U အက်ပလီကေးရှင်းတွင် Cut the Fruit ၊ Freekicks Master ၊ Yati Sensation ၊ Crazy Balls နှင့် Boom Night ကဲ့သို့ လူကြိုက်များသည့် ဂိမ်းများကိုလည်း ကစားနိုင်ပါသည်။
“RedFox Ran” ဂိမ်းအစီအစဉ် သို့မဟုတ် MPT4U အက်ပလီကေးရှင်းနှင့် ပတ်သက်ပြီး အသေးစိတ် သိရှိလိုပါက Hotline နံပါတ် 106 သို့ခေါ်ဆို၍လည်းကောင်း သို့မဟုတ် MPT ၏ ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm တွင် ဝင်ရောက်ကြည့်ရှု၍လည်းကောင်း လေ့လာနိုင်ပါသည်။

နိုင်ငံတစ်ဝန်းရှိသုံးစွဲသူများနှင့် မြန်မာပြည်သူပြည်သားများအတွက် “ အတူလက်တွဲအမြဲရှိမည် MPT”

(ရန်ကုန်၊ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်)- နိုင်ငံတစ်ဝန်းရှိ ဝန်ထမ်းပေါင်း ၈,၀၀၀ ကျော်နှင့် ရုံးခွဲပေါင်း ၃၀၀ ကျော်ဖြင့် လုပ်ငန်းလည်ပတ်ဆောင်ရွက်နေသော MPT သည် မြန်မာပြည်သူပြည်သားများအတွက် မရှိမဖြစ်လိုအပ်သော ဆက်သွယ်ရေးဝန်ဆောင်မှုများကို အမြဲတစေ ပံ့ပိုးပေးလျက်ရှိပြီး မြန်မာပြည်သူ ပြည်သားများ၏ နေ့စဉ် ဘဝတွင်အရေးပါသည့် ယုံကြည်စိတ်ချရသော ဝန်ဆောင်မှုများကို ပေးအပ်ရန် ကတိကဝတ်ထား ဆောင်ရွက်နေပါသည်။

ပြီးခဲ့သည့်နှစ်တွင် ကမ္ဘာ့ကပ်ရောဂါ နိုဗယ်ကိုရိုနာဗိုင်းရပ်စ် (ကိုဗစ်-၁၉) ကူးစက်ပြန့်ပွားမှုနှင့် အတူ MPT သည် သုံးစွဲသူများနှင့် ဝန်ထမ်းများအပေါ်တွင် သက်ရောက်မှုများကို လျှော့ချကာ ခိုင်မာသော လုပ်ငန်းလည်ပတ်မှု အစီအစဉ်ကို ဆောင်ရွက်ခဲ့ပြီး ခက်ခဲသောအခြေအနေများတွင်လည်း ကတိကဝတ်ထားရှိခဲ့သည့်အတိုင်း ဝန်ဆောင်မှုများကို ယနေ့ထိတိုင် ပေးအပ်လျက်ရှိပါသည်။ ထို့ကြောင့် MPT သည် “အတူလက်တွဲအမြဲရှိမည် MPT” ဟူသည့် ဆောင်ပုဒ်နှင့်အတူ မြန်မာပြည်သူပြည်သားများသို့ နောင်လာမည့် နှစ်ပေါင်းများစွာထိ ၎င်း၏ ဝန်ဆောင်မှုများ ပေးအပ်ခြင်းကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယနေ့ ထုတ်ပြန်ကြေညာ လိုက်သည်။

ပြည်တွင်းဆက်သွယ်ရေး အော်ပရေတာ ဖြစ်သည့် MPT သည် မြန်မာပြည်သူ ပြည်သားများနှင့် အမြဲတစေ အတူ ရှိနေပြီး နှစ်ပေါင်း ၁၀၀ ကျော်တိုင် သမိုင်းမှတ်တမ်း ရှိခဲ့ပါသည်။ MPT သည် ဂျပန်နိုင်ငံမှ မိတ်ဖက်အဖွဲ့အစည်း ဖြစ်သည့် KDDI Summit Global Myanmar (KSGM) နှင့် ပူးပေါင်းဆောင်ရွက်ကာ မြန်မာပြည်သူပြည်သားများ အတွက် အကောင်းဆုံးပေးစွမ်းနိုင်ရန်ရည်ရွယ်ပြီး ရင်းနှီးမြှုပ်နှံမှုများနှင့် ခေတ်မီဆန်းသစ်သော နည်းပညာများဖြင့် ပေါင်းစပ်ကာ လုပ်ငန်းဆောင်ရွက်မှုများကို စဉ် ဆက်မပြတ် တိုးတက်စေရန် အကောင်းဆုံးလုပ်ဆောင်နေပါသည်။ သုံးစွဲသူများအတွက် အသင့်တော်ဆုံးနှင့် အဆင်ပြေ ချောမွေ့စွာ ဆက်သွယ်နိုင်ရန်အတွက် MPT သည် ပြီးခဲ့သည့်နှစ် ကိုဗစ်-၁၉ ကာလမှ စတင်၍ သုံးစွဲသူများ စဉ်ဆက်မပြတ် အချိန်တိုင်း ဆက်သွယ်နိုင်ရန် မိုဘိုင်းလ်ဖုန်းအချင်းချင်း ဖုန်းဘေလ်အခမဲ့ လွှဲပြောင်းပေးနိုင်သည့် ဝန်ဆောင်မှု အပါအဝင် အခြားသော ဝန်ဆောင်မှုများဖြစ်သည့် Data Carry Plus ပက်ကေ့ချ် ၊ ကြိုက်ရာခေါ်အသံ ပက်ကေ့ချ် နှင့် မကြာသေးမီက မိတ်ဆက်ခဲ့သည့် “All in one ထောဘီ ၁၀ ဆ” ပက်ကေ့ချ်အစရှိသည့် ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

MPT သည် ဆက်သွယ်ရေး ဝန်ဆောင်မှုများ ပေးအပ်နေသည်သာမက မြန်မာပြည်သူပြည်သားများအတွက် လိုအပ်သော ကူညီထောက်ပံ့မှုများကို ပညာရေး၊ ကျန်းမာရေး၊ စွန့်ဦးတီထွင်နှင့်စီးပွားရေးလုပ်ငန်းငယ် စသည့် အဓိကမဏ္ဍိုင်ကြီး သုံးရပ်ဖြင့် ဖြည့်ဆည်း ဆောင်ရွက်ပေးလျက် ရှိသည်။ ကိုဗစ်-၁၉ ကာလအတွင်း MPT သည် ၎င်း၏ လူမှုအကျိုးပြုလှုပ်ရှားမှု အစိတ်အပိုင်းတစ်ခုအဖြစ် မြန်နှုန်းမြင့် ဖိုင်ဘာအင်တာနက်လိုင်းများ ချိတ်ဆက် ဆောင်ရွက်ခြင်း၊ ငွေဖြည့်ကတ်များနှင့် ဆင်းမ်ကတ်များ လှူဒါန်းခြင်း၊ ကိုဗစ်- ၁၉ ကုသရေးစင်တာများ အတွက် ဖုန်းခေါ်ဆိုခြင်းတွင် အခပေးရန် မလိုသည့်(toll-free call) ဝန်ဆောင်မှုအပါအဝင် မရှိမဖြစ် လိုအပ်သော ကူညီထောက်ပံ့မှုများကို နိုင်ငံတစ်ဝန်းရှိ မြန်မာ့လူမှုအသိုက်အဝန်းသို့ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။ မိမိတို့ အချင်းချင်းအမြဲအတူတကွရှိနေခြင်းကြောင့် အောင်မြင်မှုပိုမိုရရှိ နိုင်မည်ဟု ယုံကြည်ထားသည်နှင့်အညီ MPT သည် ယနေ့အချိန်ထိ မြန်မာပြည်သူပြည်သားများနှင့် မြန်မာ့ လူမှုအသိုက်အဝန်းသို့ ကျပ် သန်း ၂၀,၀၀၀ ကျော်ကို သုံးစွဲကာ ထောက်ပံ့ဆောင်ရွက်ခဲ့ပြီး ဖြစ်သည်။

အလေးအနက်ထားဆောင်ရွက်ခြင်းနှင့် စဉ် ဆက်မပြတ်တိုးတက်မှုရှိနေသည့် ပြည်တွင်းဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် MPT သည် နယ်ပယ်စုံရှိ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ နိုင်ငံတစ်ဝန်းရှိ မြန်မာပြည်သူပြည်သားများ၏ လိုအပ်ချက်များကို တစ်နေရာတည်းတွင်ဖြည့်ဆည်းပေးနိုင်ရန် နှင့် ရာသက်ပန် လက်တွဲဖော်အဖြစ် အမြဲတစေရှိစေရန် ကတိပြုကာ “အတူလက်တွဲအမြဲရှိမည် MPT” ဟူသည့် ဆောင်ပုဒ် နှင့်အတူ ၎င်း၏ သုံးစွဲသူများသို့ ပံ့ပိုးမှုများကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သည်။

စစ်မှန်သည့် ပြည်တွင်းမှဆက်သွယ်ရေး အော်ပရေတာဖြစ်သော MPT သည် မြန်မာပြည်သူများအကြား အကောင်းဆုံး ဆက်သွယ်ချိတ်ဆက်မှု ရရှိစေနိုင်ရေးအတွက် အမြဲတစေ ကြိုးပမ်း ဆောင်ရွက်လျက်ရှိပြီး ပြည်သူများ၊ စီးပွားရေး လုပ်ငန်းများနှင့် လူမှုအသိုက်အဝန်းအပေါ်တွင် သက်ရောက်မှုများကိုလျှော့ချကာ သုံးစွဲသူများကို ထောက်ပံ့ပေးရန် နည်းလမ်းများကို စဉ်ဆက်မပြတ် ရှာဖွေနေပြီး ဒီဂျစ်တယ် လူမှုဘဝများ ပိုမိုတိုးတက်စေရေးအတွက် အကောင်းဆုံး ဆောင်ရွက်လျက်ရှိပါသည်။

MPT ၏ လူမှုအကျိုးပြုလှုပ်ရှားမှုများအပါအဝင် ဝန်ဆောင်မှုများနှင့် ပတ်သက်ပြီး အသေးစိတ် သိရှိလိုပါက Hotline နံပါတ် 106 သို့ခေါ်ဆို၍လည်းကောင်း သို့မဟုတ် MPT ၏ ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm တွင် ဝင်ရောက်ကြည့်ရှု၍လည်းကောင်း လေ့လာနိုင်ပါသည်။

MPT ၏ “All in One ထောဘီ ၁၀ ဆ” ပက်ကေ့ချ်ဖြင့် နိုင်ငံတစ်ဝန်းရှိသုံးစွဲသူများက ၎င်းတို့၏ ဖုန်းဘေလ်များကို ၁၀ ဆ ပွား ပြောင်းလဲနိုင်ပြီ

(နိုင်ငံတစ်ဝန်းဖြန့်ကျက်ထားသော 2G၊ 3G နှင့် 4G/LTE ကွန်ရက်ပေါ်မှတစ်ဆင့် MPT သုံးစွဲသူများ အဆင်ပြေ ချောမွေ့စွာ ဆက်သွယ်ဆောင်ရွက်နိုင်ရန်အတွက် သုံးစွဲသူများသို့ အကျိုးကျေးဇူးများကို ပိုမိုပေးအပ်နိုင်မည့် တစ်ခုတည်းဖြင့် အားလုံးအတွက် အသုံးပြုနိုင်သည့်ပက်ကေ့ချ်ကို MPT က မိတ်ဆက်)

 (ရန်ကုန်၊ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်)- MPT သုံးစွဲသူများအနေဖြင့် မိမိတို့၏ လိုအပ်ချက်များနှင့် ကိုက်ညီသည့် ကြိုက်နှစ်သက်ရာ “All in one ထောဘီ ၁၀ ဆ” ပက်ကေ့ခ်ျ များကို  “Regular” နှင့် “Autorenewal” ဟူ၍ ပက်ကေ့ချ်ပုံစံ ၂ မျိုးဖြင့် ရယူအသုံးပြုနိုင်မည်ဖြစ်ကာ ရှိရင်းဖုန်းဘေလ်များကို  အဆပေါင်း ၁၀ ဆ ပွား၍ အမြင့်ဆုံးအဖြစ် ရက်ပေါင်း ၉၀ အထိ အသုံးပြုနိုင်ပြီဖြစ်သည်။

နိုင်ငံတစ်ဝန်းမှ MPT Prepaid(ဆွေသဟာ၊ ရှယ်ပြော နှင့် ရွှေစကား)သုံးစွဲသူများသည် “All in one ထောဘီ ၁၀ ဆ” ပက်ကေ့ချ် အသစ်များကို အသုံးပြုပြီး  ရှိရင်းဖုန်းဘေလ်များကို အဆပေါင်း ၁၀ ဆ ပွားကာ စိတ်တိုင်းကျ လဲလှယ်ရယူနိုင်မည့်အပြင် သုံးစွဲသူများသည်  ထောဘီ ၁၀ ဆ ဖုန်းဘေလ်ကို မည်သည့်  ပြည်တွင်း မိုဘိုင်းလ် ဖုန်းကိုမဆို ခေါ်ဆိုခြင်းနှင့် စာတို (SMS) ပေးပို့ခြင်းတို့အပြင် သုံးသလောက်ပေး ဒေတာ အသုံးပြုခြင်းတို့အတွက် သတ်မှတ်ထားသော အထူးနှုန်းထားများဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။ ထို့အပြင် အဆိုပါ ပက်ကေ့ချ်များကို ရယူထားသော သုံးစွဲသူများ အနေဖြင့် MPT အချင်းချင်း အကန့်သတ်မရှိ စာတို(SMS) ပေးပို့ခြင်း ကိုလည်း အခမဲ့ လုပ်ဆောင်နိုင်မည် ဖြစ်သည်။

Regular ပက်ကေ့ချ်တွင် အမျိုးအစား ၃ မျိုးအဖြစ်  ၃,၀၀၀ ကျပ်၊ ၅,၀၀၀ ကျပ်နှင့် ၁၀,၀၀၀ ကျပ် ဟူ၍ အောက်ပါအတိုင်း သတ်မှတ်ထားပြီး ၁၅ ရက်၊ ရက် ၃၀ နှင့် ရက် ၉၀ အဖြစ် အသီးသီး အသုံးပြုနိုင်မည်ဖြစ်သည်။ သုံးစွဲသူများသည် ရှိရင်း ဖုန်းဘေလ် ၃,၀၀၀ ကျပ်မှ ပြောင်းလဲထားသည့်  ထောဘီ ၁၀ဆ ဖုန်းဘေလ် အတွက် ဒေတာ 2727 MB (သို့) MPT မှ မည်သည့် ပြည်တွင်း ဖုန်းကိုမဆို ခေါ်ဆိုမှုအတွက် ၂၇၃ မိနစ်အထိ (သို့)  မည်သည့် ပြည်တွင်းဖုန်းကိုမဆို စာတို (SMS) ပေးပို့မှု ၅၄၅ စောင်အထိ နှင့် MPT အချင်းချင်း အကန့်သတ်မရှိ စာတို(SMS) ပေးပို့ခြင်းတို့အတွက်  အသုံးပြုနိုင်မည် ဖြစ်သည်။ ထို့အပြင် MPT သုံးစွဲသူတိုင်းသည် regular “All in one ထောဘီ ၁၀ ဆ” ပက်ကေ့ချ်ကို မည်သည့်နည်းလမ်းဖြင့်မဆို ဝယ်ယူအသုံးပြုခြင်းဖြင့် ထိတိုင်းထော (ထောဘီထိပေါက်) ဂိမ်းထဲ၌ ကံစမ်းရန် အခွင့်အရေး(၁)ကြိမ် ရရှိပြီး ထောဘီဖုန်းဘေလ် အဆပေါင်း ၁၀၀ အထိ ကံထူးနိုင်မည် ဖြစ်ပါသည်။

All in One ထောဘီ ၁၀ဆ ဖုန်းဘေလ်သက်တမ်းရယူနိုင်သည့်နည်းလမ်းများလက်ကျန် ဖုန်းဘေလ် စစ်ရန်
SMSတိုက်ရိုက် USSDဘုံ USSD
အခြား
ပုံမှန်ဖုန်းဘေလ် ၃,၀၀၀ ကျပ် = ထောဘီ ၁၀ ဆ ဖုန်းဘေလ် ၃၀,၀၀၀ ကျပ်၁၅ ရက်1332 သို့ 30000 ဟု ပေးပို့ပါ*5010*1*1#

*5010#


SMS, USSD Menu (*106#)၊ MPT4U App၊ Web SC၊ DMS၊ CRM၊ MPT Pay App၊ SDP များမှ တစ်ဆင့်


*224#
ပုံမှန်ဖုန်းဘေလ် ၅,၀၀၀ ကျပ်= ထောဘီ ၁၀ ဆ ဖုန်းဘေလ် ၅၀,၀၀၀ ကျပ်၃၀ ရက်1332 သို့ 50000 ဟု ပေးပို့ပါ*5010*2*1#
ပုံမှန်ဖုန်းဘေလ် ၁၀,၀၀၀ ကျပ်= ထောဘီ ၁၀ ဆ ဖုန်းဘေလ် ၁၀၀,၀၀၀ ကျပ်၉၀ ရက်1332 သို့ 100000 ဟု ပေးပို့ပါ*5010*3*1#

အလုပ်များပြီး အချိန်မအားလပ်သော သုံးစွဲသူများအနေဖြင့် (Autorenewal) “All In One ထောဘီ ၁၀ ဆ” ပက်ကေ့ချ်ကို အဆိုပြုရွေးချယ်ဝယ်ယူနိုင်ပြီး ပက်ကေ့ချ်၏ လက်ကျန် ထောဘီ ပမာဏ ၁,၀၀၀ ကျပ် အောက် ရောက်ရှိသွားချိန် (သို့) ပက်ကေ့ချ်သက်တမ်း ကုန်ဆုံးချိန်တွင် အလိုအလျောက် သက်တမ်းတိုး ဝယ်ယူသွားမည် ဖြစ်သည်။ အဆိုပါ ပက်ကေ့ချ်၏ အသေးစိတ်အချက်အလက်များကို အောက်ပါဇယားတွင်ကြည့်ရှုနိုင်ပါသည်။

All in One ထောဘီ ၁၀ဆ ဖုန်းဘေလ် (Autorenewal)သက်တမ်းရယူနိုင်သည့်နည်းလမ်းများလက်ကျန် ဖုန်းဘေလ် စစ်ရန်
တိုက်ရိုက် USSDဘုံ USSD
ပုံမှန်ဖုန်းဘေလ် ၂,၉၀၀ ကျပ် = ထောဘီ ၁၀ ဆ ဖုန်းဘေလ် ၃၀,၀၀၀ ကျပ်၁၅ ရက်ရယူရန် : *5010*1*3#
ပယ်ဖျက်ရန်:*5010*1*4#


*5010#


*224#
ပုံမှန်ဖုန်းဘေလ် ၄,၈၀၀ ကျပ်= ထောဘီ ၁၀ ဆ ဖုန်းဘေလ် ၅၀,၀၀၀ ကျပ်၃၀ ရက်ရယူရန် : *5010*2*3#
ပယ်ဖျက်ရန် : 5010*2*4#
ပုံမှန်ဖုန်းဘေလ် ၉,၆၀၀ ကျပ်= ထောဘီ ၁၀ ဆ ဖုန်းဘေလ် ၁၀၀,၀၀၀ ကျပ်၉၀ ရက်ရယူရန် : *5010*3*3#
ပယ်ဖျက်ရန် : 5010*3*4#

“Regular” နှင့် “Autorenewal” ပက်ကေ့ချ် နှစ်မျိုးလုံးသည် တူညီသော ထောဘီ ၁၀ဆ အကျိုးခံစားခွင့်များကို ရရှိမည်ဖြစ်ပြီး Autorenewal ပက်ကေ့ချ် အသုံးပြုသူများအတွက် ပိုမိုချွေတာနိုင်ရန် ဆောင်ရွက်ထားပါသည်။ ထောဘီ ၁၀ ဆ ဖုန်းဘေလ်များကို သုံးစွဲသူများစိတ်ကြိုက် အကြိမ်ရေအကန့်အသတ်မရှိ ရယူလဲလှယ်နိုင်ပြီး ဒေတာပက်ကေ့ချ် များ၊ အသံ ပက်ကေ့ချ်များ၊ ထပ်ဆောင်းဝန်ဆောင်မှုများ (VAS) ကို ဝယ်ယူခြင်းများအတွက် အသုံးပြုနိုင်မည် မဟုတ်ပါ။
မိမိတို့ခင်မင်ရသူများနှင့် မိတ်ဆွေများသို့ လက်ဆောင်အဖြစ်ပေးလိုပါက “Regular” All in one ထောဘီ ၁၀ဆ ဖုန်းဘေလ် ပက်ကေ့ချ်ကို MPT4U (သို့မဟုတ်) *5010# ကိုခေါ်ဆိုပြီး ညွှန်ကြားချက်အတိုင်း ဆက်လက် လုပ်ဆောင်နိုင်မည်ဖြစ်သည်။ “Autorenewal” ပက်ကေ့ချ်များတွင် ဖုန်းဘေလ်ပမာဏမတူညီသော ပက်ကေ့ချ်ကို ပြောင်းလဲ ဝယ်ယူ၍ မရသည်မှအပ ထောဘီ ပက်ကေ့ချ်များကို အကြိမ်အရေအတွက် အကန့်အသတ်မရှိ ဝယ်ယူနိုင်မည်ဖြစ်ပြီး ထောဘီ ၁၀ဆ ဖုန်းဘေလ် ပမာဏများအားလုံး ပေါင်းစည်းသွားမည် ဖြစ်ကာ အမြင့်ဆုံးသက်တမ်းရှိသည့် ပက်ကေချ့်၏ သက်တမ်းကာလအတိုင်း အသုံးပြုနိုင်မည်ဖြစ်သည်။
MPT သည် မြန်မာပြည်သူများအကြား အကောင်းဆုံး ဆက်သွယ်ချိတ်ဆက်မှုရရှိစေနိုင်ရေးအတွက် အမြဲတစေ ကြိုးပမ်း ဆောင်ရွက်လျက်ရှိပြီး ပြည်သူများ၊ စီးပွားရေး လုပ်ငန်းများနှင့် လူမှုအသိုက်အဝန်းအပေါ်တွင် သက်ရောက်မှုများကိုလျှော့ချကာ သုံးစွဲသူများကို ထောက်ပံပေးရန် နည်းလမ်းများကိုရှာဖွေနေပြီး ဒီဂျစ်တယ် လူမှုဘဝများ ပိုမိုတိုးတက်စေရေးအတွက် အကောင်းဆုံးဆောင်ရွက်လျက်ရှိပါသည်။
All in one ထောဘီ ၁၀ ဆ ပက်ကေ့ချ်များနှင့် ပတ်သက်ပြီး အသေးစိတ် သိရှိလိုပါက Hotline နံပါတ် 106 သို့ခေါ်ဆို၍လည်းကောင်း သို့မဟုတ် MPT ၏ ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm တွင် ဝင်ရောက်ကြည့်ရှု၍လည်းကောင်း လေ့လာနိုင်ပါသည်။