ခေတ်မီအိတ်ချိန်းစက်များ လဲလှယ်ပြီးဖြစ်ပါသဖြင့် အော်တိုတယ်လီဖုန်း နံပါတ်များအား ပြောင်းလဲပါမည်

(ရန်ကုန်၊ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်) – မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေဖြင့် ပိုမိုကောင်းမွန်သည့် အရည်အသွေး နှင့် ခေတ်မီဝန်ဆောင်မှုများကို ပေးနိုင်ရန်အတွက် အောက်ဖော်ပြပါ တိုင်းဒေသကြီး နှင့် ပြည်နယ်ရှိ အိတ်ချိန်းများကို ခေတ်မီအိတ်ချိန်းစက်များနှင့် ပြောင်းလဲတပ်ဆင်ပြီး လက်ရှိအသုံးပြုနေသော အော်တိုတယ်လီဖုန်းနံပါတ်များကို ဂဏန်း (၇) လုံးပါရှိသည့် အော်တိုတယ်လီဖုန်းနံပါတ် အသစ်များဖြင့် အောက်ပါအတိုင်း ပြောင်းလဲသွားမည် ဖြစ်ပါသည်။

နယ်မြေအိတ်ချိန်းMigration စတင်ပြုလုပ်မည့် ရက်စွဲလက်ရှိအသုံးပြု
နေသော ဖုန်းနံပါတ်
အသစ်ပြောင်းလဲ မည့်ဖုန်းနံပါတ်
*ရန်ကုန်တိုင်း
ဒေသကြီး
*မရမ်းကုန်း (၁) အိတ်ချိန်း၂၅-၁-၂၀၂၂၀၁-၆၆xxxx၀၁-၈၆၆xxxx
ရှမ်းပြည်နယ် (တောင်ပိုင်း)ဟဲဟိုး အိတ်ချိန်း၃၁-၁-၂၀၂၂၀၈၁-၆၃xxx၀၈၁-၂၃၆၃xxx

* ယခင်ထုတ်ပြန်ထားပြီးဖြစ်ကာ လုပ်ငန်းဆောင်ရွက်သည့်ရက် ပြင်ဆင်ထားသည့်နေရာ

အောက်ပါဇယားတွင် ဖော်ပြထားသော တိုင်းဒေသကြီး နှင့် ပြည်နယ်များရှိ အိတ်ချိန်းများကို ခေတ်မီအိတ်ချိန်းစက်များနှင့် ပြောင်းလဲတပ်ဆင်ပြီး ကေဘယ်လ်ကွန်ရက်စနစ် (Copper Cable Network) အား မြန်နှုန်းမြှင့် သတင်းအချက်အလက် ဝန်ဆောင်မှုပေးနိုင်သည့် ဖန်ကြိုးမျှင် (Fiber Cable) စနစ် နှင့် ကြိုးမဲ့စနစ်သုံး (Fixed Wireless) တယ်လီဖုန်းများဖြင့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက် မှစတင်၍ အောက်ပါအတိုင်း ပြောင်းလဲသွားမည် ဖြစ်ပါသည်။

နယ်မြေအိတ်ချိန်းလက်ရှိအသုံးပြု
နေသော ဖုန်းနံပါတ်
အသစ်ပြောင်းလဲ မည့်ဖုန်းနံပါတ်

မန္တလေးတိုင်းဒေသကြီး
ရမည်းသင်း အိတ်ချိန်း၀၆၄-၄၀xxx၀၆၄-၂၀၄၀xxx
သပိတ်ကျင်း အိတ်ချိန်း၀၈၆-၃၀xxx၀၈၆-၄၇၃၀xxx
ဝဲလောင် အိတ်ချိန်း၀၆၆-၇၃xxx၀၆၆-၄၇၇၃xxx
ဇီးပင်ကြီး အိတ်ချိန်း၀၂-၅၀xxx၀၂-၄၇၅၀xxx
မကွေးတိုင်းဒေသကြီးမြို့သစ် အိတ်ချိန်း၀၆၃-၅၃xxx၀၆၃-၄၇၅၃xxx
စကု အိတ်ချိန်း၀၆၅-၄၀xxx၀၆၅-၄၇၄၀xxx


*ရှမ်းပြည်နယ် (တောင်ပိုင်း)
*တောင်ကြီး အိတ်ချိန်း၀၈၁-၂၀၀xxx၀၈၁-၂၂၀၀xxx
၀၈၁-၂၀၁xxx၀၈၁-၂၂၀၁xxx
၀၈၁-၂၀၂xxx၀၈၁-၂၂၀၂xxx

* ယခင်ထုတ်ပြန်ထားပြီးဖြစ်ကာ လုပ်ငန်းဆောင်ရွက်သည့်ရက် ပြင်ဆင်ထားသည့်နေရာ

နံပါတ်အဟောင်းမှ နံပါတ်အသစ်သို့ ပြောင်းလဲစဉ်ကာလအတွင်းတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိမိတို့၏ ဝန်ဆောင်မှုကို အသုံးပြုနေသူများ ဆက်သွယ်မှုအဆင်ပြေစေရန် Call Forward ဝန်ဆောင်မှုကို ပြောင်းလဲတပ်ဆင်သည့်နေ့မှစ၍ (၃) လအထိ အခမဲ့ပေးထားမည်ဖြစ်ပြီး သုံးစွဲသူများသည် နံပါတ်အသစ်သို့ ပြောင်းလဲနေစဉ်ကာလအတွင်းတွင် လက်ရှိနံပါတ် (သို့မဟုတ်) နံပါတ်အသစ်သို့ ခေါ်ဆိုနိုင်မည် ဖြစ်ပါသည်။

ဆက်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုများအပေါ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပြင်ဆင်ချက်များနှင့် စပ်လျဉ်း၍ သုံးစွဲသူများအား အသိပေးခြင်း

(ရန်ကုန်၊ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်)- ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၆ ရက်တွင် ထုတ်ပြန်ခဲ့သည့် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေအရ ဆင်းမ်ကတ်အသစ်ကို စတင်အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးသည့် ဝန်ဆောင်မှုများအတွက် ကုန်သွယ်လုပ်ငန်းခွန်ကို တစ်ကြိမ်တည်း မြန်မာကျပ် ၂၀,၀၀၀ တိတိ ပေးဆောင်ရမည်ဖြစ်ပြီး မိုဘိုင်းလ်၊ ကြိုးဖုန်း နှင့် ဖိုင်ဘာ နည်းပညာများဖြင့် အသုံးပြုသော အင်တာနက်ဒေတာ သုံးစွဲမှုများအပေါ်တွင် ကုန်သွယ်လုပ်ငန်းခွန် ၁၅% ကျသင့်စေရမည် ဖြစ်သည်။

အထက်ပါညွှန်ကြားချက်အရ အထူးသဖြင့် အင်တာနက်ဒေတာသုံးစွဲမှုများအတွက် MPT၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုနှုန်းထားများ နှင့် ဆင်းမ်ကတ်အသစ်ကို စတင်အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးသည့် ဝန်ဆောင်မှု (SIM card activation) အပေါ် တွင် ပြောင်းလဲမှုများရှိမည် ဖြစ်ကြောင်း သုံးစွဲသူများသို့ အသိပေးအကြောင်းကြားအပ်ပါသည်။ ဖုန်းခေါ်ဆိုမှု (အသံ) နှင့် စာတို (SMS) သုံးစွဲမှုများအတွက်မူ ပြောင်းလဲမှုမရှိဘဲ ယခင်အတိုင်း အသုံးပြုနိုင်မည် ဖြစ်သည်။ MPT ၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများအပေါ် မည်ကဲ့သို့ပြောင်းလဲအကျိုးသက်ရောက်သွားမည်ကို သုံးစွဲသူများနှင့် မိတ်ဖက်အဖွဲ့အစည်းများကို အသိပေး အကြောင်းကြားသွားမည် ဖြစ်သည်။

MPT သည် သုံးစွဲသူများသို့ ဆက်သွယ်ရေးဝန်ဆောင်မှုများကို အကောင်းဆုံးကြိုးပမ်းအားထုတ်မှုများဖြင့် ဆက်လက်ပေးအပ်သွားနိုင်ရန် အမြဲတစေ ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ဖြစ်ပေါ်လာသော အပြောင်းအလဲများ နှင့် သုံးစွဲသူများ၏ အဆင်မပြေမှုများအတွက် နားလည်ပေးမှုပြုပေးပါရန် MPT အနေဖြင့် မေတ္တာရပ်ခံအပ်ပါသည်။