Data Carry Plus နှင့် All in One ထောဘီ ၁၀ဆ (Auto-renewal) အလိုအလျောက် သက်တမ်းတိုး ပက်ကေ့ချ်များကို MPT4U မှတစ်ဆင့် ဝယ်ယူနိုင်ပြီ

(ရန်ကုန်၊ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်)- ဝန်ဆောင်မှုများကို စဉ်ဆက်မပြတ်ပေးအပ်လျက်ရှိပြီး သုံးစွဲသူများ၏ နေ့စဉ်ဘဝများကို ပြီးပြည့်စုံစေရန် ဆောင်ရွက်ပေးနေသည့် MPT သည် Data Carry Plus အလိုအလျောက် သက်တမ်းတိုးပက်ကေ့ချ်များ (Auto-renewal) နှင့် “All in one ထောဘီ ၁၀ အလိုအလျောက် သက်တမ်းတိုးပက်ကေ့ချ်များ (Auto-renewal) ကို ဝယ်ယူရန်အတွက် ရွေးချယ်စရာ နည်းလမ်းသစ်ဖြစ်သည့် MPT4U အက်ပလီကေးရှင်းတွင် ဖေဖော်ဝါရီ ၁၈ ရက်မှ စတင်ကာ ဝယ်ယူရရှိနိုင်ပြီဖြစ်သည်။

MPT4U အက်ပလီကေးရှင်းမှတစ်ဆင့် အလိုအလျောက် သက်တမ်းတိုးပက်ကေချ့်များကို ဝယ်ယူနိူင်သည့်အတွက် ပုံမှန်ထက် လုပ်ဆောင်ချက်အဆင့်များကို လျှော့ချနိုင်ပြီး ပိုမိုလွယ်ကူစွာ  ဝယ်ယူနိုင်မည်ဖြစ်ပြီး သုံးစွဲသူများသည် မိမိတို့၏ဒေတာအသုံးပြုမှုများ၊ အသံနှင့် ဒေတာပက်ကေ့ချ်များကို အလွယ်တကူ ကြည့်ရှုနိုင်သည့်အပြင် တစ်နေရာတည်းတွင် ဝန်ဆောင်မှုများကို စုံစုံလင်လင်ရယူ အသုံးပြု နိုင်မည်ဖြစ်သည်။

MPT သုံးစွဲသူများသည် Data Carry Plus အလိုအလျောက် သက်တမ်းတိုးပက်ကေ့ချ်များ (Auto-renewal) နှင့် “All in one ထောဘီ ၁၀ အလိုအလျောက် သက်တမ်းတိုးပက်ကေ့ချ်များ (Auto-renewal) ကို MPT4U အက်ပလီကေးရှင်းတွင် ဝယ်ယူနိုင်သည့်အပြင် လက်ရှိစာရင်းသွင်း ဝယ်ယူမှုနည်းလမ်းများ ဖြစ်သည့် Direct USSD နှင့် Common USSD တို့တွင်လည်း ဝယ်ယူနိုင်မည်ဖြစ်သည်။

သုံးစွဲသူများအနေဖြင့် Data Carry Plus အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ်များကို ယခုအသစ်မိတ်ဆက်လိုက်သော ရွေးချယ်စရာ နည်းလမ်းသစ်ဖြစ်သည့် MPT4U အက်ပလီကေးရှင်းမှတစ်ဆင့် ဝယ်ယူနိုင်ရုံမက မိမိကြိုက်နှစ်သက်ရာ ဒေတာအသုံးပြုမှုအတွက် 1000GB အထိ အပိုလက်ဆောင်ဒေတာများကိုလည်း ကံထူးနိုင်မည် ဖြစ်သည်။

Data Carry Plus အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ်များ (Auto-renewal) ကို *777# (သို့မဟုတ်) *106# (သို့မဟုတ်) MPT4U အက်ပလီကေးရှင်း (သို့မဟုတ်) CRM Portal မှတစ်ဆင့် ဝယ်ယူနိုင်ပါသည်။

MPT4U အက်ပလီကေးရှင်းမှတစ်ဆင့် Data Carry Plus Auto Renewal ပက်ကေ့ချ်များ ဝယ်ယူနည်း

 

အလိုအလျောက် icon

Auto renew ပက်ကေ့ချ် များကိုဖော်ပြထားပါသည်။

ဝန်ဆောင်မှု ဖော်ပြချက်များ

ဝယ်ယူမှုကိုအတည်ပြုပါ။

ဝယ်ယူမှု အောင်မြင်ပါသည်။

“All in one ထောဘီ ၁၀ ဆ” အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ်များကို (Auto-renewal) ရယူရန် *5010# (သို့မဟုတ်) *106# (သို့မဟုတ်) MPT4U အက်ပလီကေးရှင်း (သို့မဟုတ်)CRM Portal မှတစ်ဆင့် ဝယ်ယူနိုင်ပါသည်။

 

MPT4U အက်ပလီကေးရှင်းမှတစ်ဆင့် Auto Renewal Htaw B 10X ပက်ကေ့ချ်များ ဝယ်ယူနည်း

 

အလိုအလျောက် icon

Auto renew ပက်ကေ့ချ် များကိုဖော်ပြထားပါသည်။

ဝန်ဆောင်မှု ဖော်ပြချက်များ

ဝယ်ယူမှုကိုအတည်ပြုပါ။

ဝယ်ယူမှု အောင်မြင်ပါသည်။

သုံးစွဲသူများသည် Data Carry Plus အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ်များကို (Auto-renewal) နှင့် “All in one ထောဘီ ၁၀ ဆ” အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ်များကို (Auto-renewal) ဝယ်ယူအသုံးပြုနိုင်ရန် MPT4U အက်ပလီကေးရှင်းကို iOS Version 1.4.10 နှင့် Android Version 4.4.1 သို့ အဆင့်မြှင့်တင်ရန်လိုအပ်ပါသည်။

MPT4U အက်ပလီကေးရှင်းသည် MPT သုံးစွဲသူများအားလုံးအတွက် MPT ၏ ဝန်ဆောင်မှုများကို ၂၄ နာရီ ၇ ရက်ပတ်လုံး အဆင်ပြေလွယ်ကူစွာ ရယူနိုင်စေရန် အကြံပြုထားသော အက်ပလီကေးရှင်းတစ်ခုဖြစ်သည်။ ဖေဖော်ဝါရီလ ၁၅ ရက်မှ ၂၈ ရက်အတွင်း သုံးစွဲသူများသည် ကြင်ကြင်နာနာပက်ကေ့ချ်များကို ဝယ်ယူခြင်းဖြင့် ထိပေါက်ဂိမ်းကစားပြီး ထောဘီဖုန်းဘေလ် ၁၀၀,၀၀၀ ကျပ်အထိ ကံထူးနိုင်သည့် အခွင့်အရေးကဲ့သို့သော အကျိုးခံစားခွင့်များကို ထပ်မံခံစားခွင့် ရရှိနိုင်မည်ဖြစ်သည်။
ထို့အပြင် MPT သည် စိတ်လှုပ်ရှားဖွယ်ရာ MPT Special Day တွင် “MPT Special Flash” ပရိုမိုးရှင်းကို ဆောင်ရွက်ပေးထားပြီး သုံးစွဲသူများသည် ဖေဖော်ဝါရီလ ၂၂ ရက်တွင် အထူးခံစားခွင့်များရယူရန် စာရင်းသွင်းဝန်ဆောင်ခ ပေးအပ်ရန်မလိုဘဲ *7222# သို့ခေါ်ဆိုနိုင်ပြီး မိမိတို့ချစ်ရသူများနှင့်အတူ အဆိုပါပရိုမိုးရှင်းတွင် ပါဝင်နိုင်ပါသည်။ ဖေဖော်ဝါရီလအတွက် ပရိုမိုးရှင်းအစီအစဉ်များ၏ စည်းကမ်း သတ်မှတ်ချက်များကို https://bit.ly/34b6I1h တွင် ကြည့်ရှုနိုင်ပါသည်။
MPT ၏ ပရိုမိုးရှင်းအစီအစဉ်သစ်များ၏ အကျိုးခံစားခွင့်များကို ရယူနိုင်ရန် သုံးစွဲသူများသည် MPT ၏ ဆိုရှယ်မီဒီယာများဖြစ်သော MPT Viber ၊ MPT Telegram နှင့် MPT4U အက်ပလီကေးရှင်းတို့နှင့် ချိတ်ဆက်ထားရန်လိုအပ်ပြီး သုံးစွဲသူများအနေဖြင့် 106 Call Center သို့ ခေါ်ဆိုမေးမြန်းနိုင်သည့်အပြင် မိမိသိရှိလိုသည်များကိုလည်း တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Live Chatbot ဝန်ဆောင်မှု ဖြစ်သော တူတူChat မှတစ်ဆင့် စုံစမ်းမေးမြန်းနိုင်ပါသည်။
MPT သည် မြန်မာပြည်သူပြည်သားများအတွက် ဆက်သွယ်ရေးသည် မရှိမဖြစ်လိုအပ်ကြောင်း နှင့် ယခုကဲ့သို့ ခက်ခဲသောအချိန်များတွင် သူငယ်ချင်းများ၊ မိသားစုများနှင့် ချစ်ရသောသူများနှင့် စဉ်ဆက်မပြတ်ဆက်သွယ်နိုင်ရန် လိုအပ်ကြောင်း နားလည်ထားပါသည်။ ထို့ကြောင့် MPT သည် သုံးစွဲသူများ လွယ်ကူအဆင်ပြေစေရန်အတွက် “အတူလက်တွဲအမြဲရှိမည် MPT” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ မြန်မာပြည်သူပြည်သူများ၏ မတူညီကွဲပြားသော လိုအပ်ချက်များအတွက် ပြီးပြည့်စုံသော ဝန်ဆောင်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပါသည်။

ခေတ်မီအိတ်ချိန်းစက်များ လဲလှယ်ပြီးဖြစ်ပါသဖြင့် အော်တိုတယ်လီဖုန်း နံပါတ်များအား ပြောင်းလဲပါမည်

(ရန်ကုန်၊ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ရက်) – မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေဖြင့် ပိုမိုကောင်းမွန်သည့် အရည်အသွေး နှင့် ခေတ်မီဝန်ဆောင်မှုများကို ပေးနိုင်ရန်အတွက် အောက်ဖော်ပြပါ တိုင်းဒေသကြီးရှိ အိတ်ချိန်းများကို ခေတ်မီအိတ်ချိန်းစက်များနှင့် ပြောင်းလဲတပ်ဆင်ပြီး လက်ရှိအသုံးပြုနေသော အော်တိုတယ်လီဖုန်းနံပါတ်များကို ဂဏန်း (၇) လုံးပါရှိသည့် အော်တိုတယ်လီဖုန်းနံပါတ်အသစ်များဖြင့် အောက်ပါအတိုင်း ပြောင်းလဲသွားမည် ဖြစ်ပါသည်။

နယ်မြေအိတ်ချိန်းMigration စတင်ပြုလုပ်မည့် ရက်စွဲလက်ရှိအသုံးပြု
နေသော ဖုန်းနံပါတ်
အသစ်ပြောင်းလဲ မည့်ဖုန်းနံပါတ်


ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)
မိုးညို အိတ်ချိန်း၁၃-၂-၂၀၂၂၀၅၃-၈၃xxx၀၅၃-၂၀၈၃xxx
ပေါင်းတည် အိတ်ချိန်း၁၃-၂-၂၀၂၂၀၅၃-၃၈xxx၀၅၃-၂၀၃၈xxx
၁၃-၂-၂၀၂၂၀၅၃-၃၉xxx၀၅၃-၂၀၃၉xxx
ရွှေတောင်အိတ်ချိန်း၁၄-၂-၂၀၂၂၀၅၃-၅၅xxx၀၅၃-၂၀၅၅xxx
နတ်တလင်း အိတ်ချိန်း၁၅-၂-၂၀၂၂၀၅၃-၃၆xxx၀၅၃-၂၀၃၆xxx

နံပါတ်အဟောင်းမှ နံပါတ်အသစ်သို့ ပြောင်းလဲစဉ်ကာလအတွင်းတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိမိတို့၏ ဝန်ဆောင်မှုကို အသုံးပြုနေသူများ ဆက်သွယ်မှုအဆင်ပြေစေရန် Call Forward ဝန်ဆောင်မှုကို ပြောင်းလဲတပ်ဆင်သည့်နေ့မှစ၍ (၃) လအထိ အခမဲ့ပေးထားမည်ဖြစ်ပြီး သုံးစွဲသူများသည် နံပါတ်အသစ်သို့ ပြောင်းလဲနေစဉ်ကာလအတွင်းတွင် လက်ရှိနံပါတ် (သို့မဟုတ်) နံပါတ်အသစ်သို့ ခေါ်ဆိုနိုင်မည် ဖြစ်ပါသည်။