Month: ဧပြီ 2022
MPT-KSGM Joint Operations ၏ ဒုတိယအမှုဆောင်အရာရှိချုပ်အဖြစ် Mr. Kazuhiko MASUDA က ၂၀၂၂ ခုနှစ် ဧပြီလမှ စတင်ကာ တာဝန်ယူဆောင်ရွက်
(ရန်ကုန်၊ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၉ ရက်)- Mr. Kazuhiko Masuda မှာ ၂၀၂၂ ခုနှစ် ဧပြီလ (၁) ရက်နေ့မှ စတင်ပြီး MPT-KSGM Joint Operations ၏ ဒုတိယ အမှုဆောင်အရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်နေပြီ ဖြစ်ကြောင်း သတင်းထုတ်ပြန် ကြေညာလိုက်ပါသည်။ Mr. Kazuhiko Masuda မှာ လွန်ခဲ့သည့် ၂၀၂၁ ခုနှစ် ဧပြီလကပင် MPT-KSGM Joint Operations တွင် အကြံပေးအရာရှိအဖြစ် စတင်ဝင်ရောက်ခဲ့ပြီး ဒုတိယအမှုဆောင်အရာရှိချုပ် ဟောင်းဖြစ်သူ Dr. Noboru EDAGAWA နှင့်အတူ MPT-KSGM JO ၏ လုပ်ငန်းဆောင်ရွက်မှုများကို ပံ့ပိုး ကူညီ ခဲ့ပါသည်။
သုံးစွဲသူရှေးရှုဝန်ဆောင်မှုများ CLP (Closet Life Platformer)များ ၊ မရှိမဖြစ်အရေးပါသည့် တယ်လီကွန်း ဝန်ဆောင်မှုများနှင့် တယ်လီကွန်းမဟုတ်သော ဝန်ဆောင်မှုများအပါအဝင် ယုံကြည်စိတ်ချရပြီး အရည်အသွေး မြင့်မားသည့် ဝန်ဆောင်မှုများကို မြန်မာပြည်သူများထံ စဉ်ဆက်မပြတ် ပံ့ပိုးပေးနိုင်ရန် ရည်ရွယ်ချက်နှင့်အတူ နိုင်ငံတစ်ဝန်းရှိ MPT သုံးစွဲသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဒုတိယအမှုဆောင်အရာရှိချုပ် အသစ် ဖြစ်သည့် Mr. Kazuhiko Masuda သည် စားသုံးသူ စီးပွားရေးလုပ်ငန်းဆိုင်ရာ လုပ်ငန်းအတွေ့အကြုံများလည်း အပြည့်အဝရှိထားသူတစ်ဦးဖြစ်ပါသည်၊၊
Mr. Kazuhiko Masuda သည် Musashi Institute of Technology မှ အင်ဂျင်နီယာဘွဲ့ကို ရရှိထားပြီး ဂျပန်နိုင်ငံရှိ KDDI Corporation (KDDI) တွင် ဆက်သွယ်ရေးနှင့် စားသုံးသူစီးပွားရေးဆိုင်ရာ လုပ်ငန်းအတွေ့အကြုံ အနှစ် (၃၀) ကျော်ရှိကာ စီမံကိန်းများရေးဆွဲခြင်း၊ စီမံခန့်ခွဲမှုနှင့် စားသုံးသူစီးပွားရေးဆိုင်ရာ ဧရိယာများတွင် ဦးဆောင်သူတစ်ဦးအဖြစ် ဆောင်ရွက်ခဲ့ပါသည်။
Mr. Kazuhiko Masuda က ယခုလို ဒုတိယအမှုဆောင်အရာရှိချုပ်တာဝန်ကို ခန့်အပ်ခံရခြင်းအတွက် “ကျွန်တော့်အနေနဲ့ MPT-KSGM JO ကဝန်ထမ်းများ၊ လုပ်ဖော်ကိုင်ဖက်များနဲ့ မိတ်ဖက်လုပ်ငန်းများနဲ့အတူ မြန်မာနိုင်ငံက ပြည်သူများအတွက် ယုံကြည်စိတ်ချရပြီး အရည်အသွေးမြင့်မားတဲ့ တယ်လီကွန်းဝန်ဆောင်မှုတွေ ကို လက်ရှိအခြေအနေမှာ ဆက်လက်ပြီးပေးအပ်နိုင်ဖို့အတွက် အခုလိုအခွင့်အရေး ရရှိခဲ့တဲ့အတွက် အလွန်ပဲ ဂုဏ်ယူ ဝမ်းမြောက်မိပါတယ်။ ကျွန်တော်တို့ရဲ့ရှေ့မှာ စိန်ခေါ်မှုများစွာရှိနေပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု အတွေ့အကြုံသက်တမ်း (၇) နှစ်ကျော် နဲ့အတူ ပြိုင်ဆိုင်မှုမြင့်မားတဲ့ စျေးကွက်အတွင်းမှာ ကျွန်တော်တို့ကို သုံးစွဲသူတွေရဲ့ နေ့စဥ် လိုအပ်ချက်တွေကို အကောင်းမွန်ဆုံး ပံ့ပိုးပေးနိုင်ဖို့ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ကျွန်တော်အနေနဲ့ အခုလို ပူးပေါင်းဆောင်ရွက်မှုကတစ်ဆင့် ကတိကဝတ် တစ်ခုဖြစ်တဲ့ “အတူလက်တွဲ အမြဲရှိမည် MPT” ဆိုတဲ့အတိုင်း လူမှုအသိုင်းအဝန်းအတွက် မရှိမဖြစ်လိုအပ်တဲ့ အထောက်အပံ့ကိုပေးစွမ်းရာမှာ ကျွန်တော့်ရဲ့ အတွေ့အကြုံတွေနဲ့အတူပေါင်းစပ်ပြီး မြန်မာပြည်သူတွေအတွက် အခုလိုခက်ခဲတဲ့ကာလမှာ ဆက်သွယ်ရေး ဝန်ဆောင်မှုတွေကို စဥ်ဆက်မပြတ် ဆက်လက်ပေးစွမ်းနိုင်ဖို့ အတွက်ကိုလည်း စိတ်လှုပ်ရှားနေပါပြီ” ဟုပြောကြားခဲ့သည်။
“ခုလို နှစ်တစ်နှစ်ရဲ့ကူးပြောင်းမှုအစမှာ ကျွန်တော်တို့ကို ယုံယုံကြည်ကြည်နဲ့ ထောက်ပံ့ပေးမှုတွေအတွက် ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေအားလုံးကို အထူးကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။ ကျန်းမာပြီး ကြွယ်ဝတဲ့ နှစ်သစ်ဖြစ်ပါစေလို့ MPT ကိုယ်စား ကျွန်တော်က ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
MPT အနေဖြင့် သုံးစွဲသူများကို ၎င်းတို့၏ ဒီဂျစ်တယ်လူမှုဘဝများ တိုးတက်ကောင်းမွန်လာစေရန်အတွက် ကြိုးပမ်း ဆောင်ရွက်ခြင်းနှင့်အတူ အပြောင်းအလဲများတွင် တစ်ပြေးညီလိုက်ပါနိုင်ရန် မိမိတို့၏ မိတ်ဖက်အဖွဲ့အစည်းများနှင့် အတူလက်တွဲပြီး ဆန်းသစ်တီထွင် ထားသော ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို သုံးစွဲသူ ပြည်သူများသို့ ဆက်လက်ပေးအပ်သွားမည် ဖြစ်သည်။၊ လာမည့်နှစ်သစ်တွင် MPT အနေနှင့် ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဦးဆောင်ရပ်တည် ဆောင်ရွက်သွားရန် ရည်ရွယ်ထားပြီး တစ်ချိန်တည်းတွင် “ရှေ့သို့လှမ်းချီ မြန်မာပြည်” ဆိုသည့် ကတိကဝတ်အတိုင်း လုပ်ဆောင်နိုင်မှုများ၊ ဝန်ဆောင်မှုများ တိုးမြှင့်ခြင်းနှင့်အတူ သုံးစွဲသူများအတွက် ပိုမိုကောင်းမွန်သော အတွေ့အကြုံများဖန်တီးပေးရန်အတွက် ကျယ်ပြန့်သော ကွန်ရက်ဖြင့် ဝန်ဆောင်မှုများ ဆက်လက် ပေးအပ်သွားမည်ဖြစ်သည်။
MPT က မြန်မာနှစ်သစ်ကို “နှစ်ဦးထိပေါက်” သင်္ကြန်ပရိုမိုးရှင်းဖြင့် ကြိုဆို
(ရန်ကုန်၊ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၈ ရက်)- MPT သည် မြန်မာနှစ်သစ်ကို ကြိုဆိုသောအားဖြင့် သုံးစွဲသူများအတွက် “ နှစ်ဦးထိပေါက်” သင်္ကြန်ပရိုမိုးရှင်း အစီအစဉ်ကို မိတ်ဆက်လိုက်ပြီဖြစ်သည်။ MPT သုံးစွဲသူများသည် MPT4U အက်ပလီကေးရှင်းမှ တစ်ဆင့် “ထိပေါက်” ကစားပြီး ထောဘီ ကျပ် ၁ သန်းအထိ လက်ဆောင်ဆု ကံထူးနိုင်မည့် အခွင့်အရေးများကို ရရှိနိုင်မည် ဖြစ်သည်။ အဆိုပါပရိုမိုးရှင်းအစီအစဉ်ကို ရယူရန်နှင့် “ထိပေါက်” ကစားနိုင်ရန်အတွက် သုံးစွဲသူများသည် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၈ ရက် မှ ၁၇ ရက်အထိ ၉၇၉ ကျပ်နှင့် အထက် Data Carry Plus ပက်ကေ့ချ်များ (အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ်များ အပါအဝင်) [သို့မဟုတ်] “ကြင်ကြင်နာနာ” ပက်ကေ့ချ်များကို ဝယ်ယူရန်လိုအပ်ပါသည်။
ထို့အပြင် သုံးစွဲသူများသည် ၉၇၉ ကျပ်နှင့် အထက် Data Carry Plus ပက်ကေ့ချ်များ (အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ်များ အပါအဝင်)ကို ဝယ်ယူခြင်းဖြင့် 1000GB အထိ အပိုလက်ဆောင် ဒေတာများကို ကံထူးရရှိနိုင်ပြီး မိမိချစ်ခင်ရသူများကို ဒေတာမျှဝေခံစားနိုင်သည့် ကြင်ကြင်နာနာ ပက်ကေ့ချ်များကို ဝယ်ယူခြင်းဖြင့် MPT Club ပွိုင့် ၁,၀၀၀ ပွိုင့်အထိ အပိုဆောင်း အကျိုးခံစားခွင့်များကိုလည်း ရရှိနိုင်မည်ဖြစ်သည်။
“နှစ်ဦးထိပေါက်” သင်္ကြန်ပရိုမိုးရှင်း အစီအစဉ် အသေးစိတ်ကို MPT ဝက်ဘ်ဆိုက်တွင် ကြည့်ရှုနိုင်ပြီး အသေးစိတ်ပက်ကေ့ချ်များကို အောက်ပါဇယားတွင်ကြည့်ရှုနိုင်ပါသည်။
ပက်ကေ့ချ် | သက်တမ်း (ရက်) | နှုန်းထား (ကျပ်) ကုန်သွယ်ခွန်ပါဝင်ပြီး | ဒေတာ | အပိုလက်ဆောင် ကံစမ်း ဒေတာ | သင်္ကြန် ပရိုမိုးရှင်း | ဝယ်ယူရန် |
---|---|---|---|---|---|---|
Data Carry Plus (Auto Renewal) | ၃၀ ရက် | ၉၇၉ ကျပ် | 470 MB | 1000GB အထိ အပိုလက်ဆောင် ကံစမ်း ဒေတာ | ထောဘီ ကျပ် ၁သန်း အထိ လက်ဆောင် ဆု | ရယူနိုင်သော နည်းလမ်းများ အားလုံး (SMS, Direct USSD, USSD, MPT4U, Web SC, DMS, CRM Portal, UCC Portal (Call Center), Billing Portal, MPT Pay |
၁,၂၇၉ ကျပ် | 615 MB | |||||
၁,၇၇၉ ကျပ် | 860 MB | |||||
၂,၆၆၉ ကျပ် | 1290 MB | |||||
Data Carry Plus | ၉၉၉ ကျပ် | 470 MB | ||||
၁,၂၉၉ ကျပ် | 615 MB | |||||
၁,၇၉၉ ကျပ် | 860 MB | |||||
၂,၆၉၉ ကျပ် | 1290 MB | |||||
၄,၄၉၉ ကျပ် | 2160 MB | |||||
၈,၉၉၉ ကျပ် | 4330 MB | |||||
၁၇,၉၉၉ ကျပ် | 8660 MB | |||||
၂၆,၉၉၉ ကျပ် | 13030 MB |
ပက်ကေ့ချ် | သက်တမ်း (ရက်) | နှုန်းထား (ကျပ်) ကုန်သွယ်ခွန် ပါဝင်ပြီး | ဒေတာ | အဖွဲ့ဝင် ရရှိနိုင်သော ဒေတာ | ပိုင်ရှင်ရရှိနိုင်သော အသံမိနစ် နှင့် စာတိုပမာဏ | ပိုင်ရှင်ရရှိနိုင်သော MPT Club points ပမာဏ | သင်္ကြန် ပရိုမိုးရှင်း | ဝယ်ယူရန် |
---|---|---|---|---|---|---|---|---|
ကြင်ကြင်နာနာ ပက်ကေ့ချ် | ၃၀ ရက် | ၂,၉၉၈ ကျပ် | 1 GB | 500 MB | 130 On-net mins and On-net SMS | 400 points | ထောဘီ ကျပ် ၁သန်းအထိ လက်ဆောင်ဆု | MPT4U App |
၅,၄၉၈ ကျပ် | 2 GB | 500 MB | 190 On-net mins and On-net SMS | 600 points | ||||
၉,၉၉၈ ကျပ် | 4 GB | 500 MB | 240 On-net mins and On-net SMS | 1000 points |
ထောဘီဖုန်းဘေလ်ကို ရရှိထားသော အပိုဆုလက်ဆောင်အပေါ်မူတည်၍ ၃ ရက် (သို့မဟုတ်) ၇ ရက်အတွင်း အသုံးပြုနိုင်ပါသည်။
ဆွေသဟာ/ ရှယ်ပြော/ ရွှေစကား ဝန်ဆောင်မှု အစီအစဉ် ရယူသုံးစွဲထားသော MPT GSM/ WCDMA ကြိုတင် ငွေဖြည့်စနစ် သုံးစွဲသူများအားလုံးသည် “နှစ်ဦးထိပေါက်” သင်္ကြန် ပရိုမိုးရှင်း အစီအစဉ်ကို ဝယ်ယူရရှိနိုင်သည့် ကြိုက်နှစ်သက်ရာနည်းလမ်းများ မှတစ်ဆင့် ရယူနိုင်မည်ဖြစ်သည်။
MPT သည် “အတူလက်တွဲအမြဲရှိမည် MPT” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ သုံးစွဲသူအတွေ့အကြုံများ ဆက်လက် တိုးတက်ကောင်းမွန်လာစေရန် နည်းလမ်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကာ “မြန်မာပြည်သူ ပြည်သားများ၏ ဒီဂျစ်တယ် လူမှုဘဝတိုးတက်ကောင်းမွန်လာစေရန်နှင့် လိုအပ်သော ဆက်သွယ်ရေး ဝန်ဆောင်မှုများပေးအပ်ရန် အမြဲကြိုးစားလျက်ရှိပြီး နှစ်သစ်ကူးသင်္ကြန်ကာလအတွင်း မြန်မာပြည်သူ ပြည်သားများအားလုံး ကျန်းမာ၊ ရွှင်လန်းချမ်းမြေ့ ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ “ကျပ် ၁ သန်းအထိ ထောဘီလက်ဆောင်ဆု” ရရှိနိုင်မည့် MPT ၏ သင်္ကြန်ပရိုမိုးရှင်းအစီအစဉ်တွင် မိမိ မိသားစု၊ သူငယ်ချင်းများနှင့်အတူ ပါဝင်ဆင်နွှဲရန် ဖိတ်ခေါ်အပ်ပါသည်။
သုံးစွဲသူများအနေဖြင့် MPT အကြောင်းကို အသေးစိတ်သိရှိလိုပါက MPT ၏ တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့ ဝင်ရောက်ကြည့်ရှုနိုင်ပြီး 106 Call Center သို့ ခေါ်ဆိုမေးမြန်းနိုင်သည့်အပြင် မိမိသိရှိလိုသည်များကိုလည်း တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber နှင့် MPT တရားဝင် ဝက်ဘ်ဆိုက်တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။
MPT က “ရွှေအိပ်မက်” အစီအစဉ်၏ ကံထူးရှင်သို့ “Brand New MG 5” မော်တော်ကားကို လွှဲပြောင်းပေးအပ်ခဲ့
(ရန်ကုန်၊ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၇ ရက်)- “ရွှေအိပ်မက်” အစီအစဉ်၏ ကံထူးရှင်ထံသို့ ကံထူးလက်ဆောင် လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနားကို ၂၀၂၂ ခုနှစ် ဧပြီလ ၃ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဆရာစံလမ်းရှိ MG Myanmar Car Showroom ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် “ရွှေအိပ်မက်” အစီအစဉ်၏ ပထမဆုံးသော ကံထူးရှင်ဖြစ်သူ “ဦးအာကာမြင့်အောင် (Lucky Number 1694)” အား မိသားစုကဏ္ဍအောက်တွင် ၎င်း၏ အိပ်မက်ကို အကောင်အထည်ဖော်ရန်အတွက် MPT က “Brand New MG 5” မော်တော်ကားကို လွှဲပြောင်း ပေးအပ်ခဲ့ပါသည်။ MPT သည် ကျန်ရှိသော ကံထူးရှင်များ၏ ဆုများကို အမြန်ဆုံး လွှဲပြောင်းပေးအပ်ရန်နှင့် ၎င်းတို့၏ အိပ်မက်များကို အကောင်အထည် ဖော်နိုင်ရန် ကတိထားဆောင်ရွက်လျက်ရှိပါသည်။
MPT နှင့် KSGM တို့ လုပ်ငန်းပူးပေါင်းဆောင်ရွက်မှုအဖြစ် မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူလူထု၊ စီးပွားရေး လုပ်ငန်းများနှင့် လူမှုအသိုင်းအဝိုင်းများသို့ အကောင်းဆုံး ဆက်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုများကို ပေးအပ်ခြင်း (၇)နှစ်မြောက် အထိမ်းအမှတ်အဖြစ် MPT သည် ၂ဝ၂ဝ ပြည့်နှစ်၊ စက်တင်ဘာလတွင် ထူးခြားဆန်းသစ်သည့် “အနာဂါတ်တွေပုံဖော်ဖို့ ရွှေအိပ်မက်နဲ့ ရှယ်လန်းစို့” အစီအစဉ်ကို မိတ်ဆက်ခဲ့ကာ အဆိုပါအစီအစဉ်မှာ ပါဝင်သူပေါင်း ၇,၀၀၀ ကျော်ဖြင့် အလွန်ပင်အောင်မြင်မှု ရရှိခဲ့ပါသည်။ MPT သည် ကံထူးရှင် ၇ ဉီးအား အမျိုးအစား ၄ မျိုးဖြစ်သည့် မိသားစု၊ လုပ်ငန်းအသစ်အတွက်ထောက်ပံ့ခြင်း (မိမိကိုယ်တိုင်အတွက်)၊ ရပ်ရွာအဖွဲ့အစည်းများ အတွက် ကူညီထောက်ပံ့ခြင်းနှင့် သတ်မှတ်ချက်အားလုံးပြည့်မီသော အိပ်မက်အမျိုးအစားကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလတွင် အွန်လိုင်းမှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့် ရွေးချယ်ခဲ့ပြီးဖြစ်ပါသည်။
ရွေးချယ်ခဲ့သော ကံထူးရှင် ၇ ဦးမှာ
စဉ် | အမျိုးအစား | ကံထူး နံပါတ် | အမည် | လိပ်စာ | ဖုန်းနံပါတ် |
---|---|---|---|---|---|
၁ | မိသားစု | ၁၆၉၄ | ဦးအာကာမြင့်အောင် | စမ်းချောင်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး | ၀၉-၄၅၃၉၁၀xxx |
၂ | ၀၇၉၆ | ဦးစိုင်းအောင်လှိုင်မင်း | မဟာအောင်မြေမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး | ၀၉-၂၆၁၂၅၉xxx | |
၃ | လုပ်ငန်းအသစ်အတွက် ထောက်ပံ့ခြင်း (မိမိကိုယ်တိုင်အတွက်) | ၅၈၄၇ | ဦးကျော်ရဲအောင် | မရမ်းကုန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး | ၀၉-၄၀၂၆၇၁xxx |
၄ | ၆၃၆၂ | ဦးဆန်းလင်းအောင် | မင်းလှမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး | ၀၉-၄၂၁၈၉၁xxx | |
၅ | ရပ်ရွာအဖွဲ့အစည်းများအတွက် ကူညီထောက်ပံ့ခြင်း | ၇၀၅၃ | ဒေါ်နိုင်းစိမ်း | မင်းတပ်မြို့၊ ချင်းပြည်နယ် | ၀၉-၂၆၈၂၄၇xxx |
၆ | ၇၂၃၀ | ဦးသန်းဇော်ဦး | လှိုင်သာယာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး | ၀၉-၄၂၉၁၁၄xxx | |
၇ | သတ်မှတ်ချက်အားလုံး ပြည့်မီသောအိပ်မက်အမျိုးအစား | ၆၀၂၈ | ဒေါ်သန်းသန်းချစ် | ဟဲဟိုးမြို့၊ ရှမ်းပြည်နယ် | ၀၉-၄၂၈၃၈၄xxx |
MPT-KSGM JO ၏ စျေးကွက်ရေးရာဌာနမှ ဒုတိယ ဒါရိုက်တာဖြစ်သူ Mr. Takehiko KOTANI က “MPT သုံးစွဲသူတွေရဲ့ အိပ်မက်တွေအမှန်တကယ်ဖြစ်လာစေဖို့ ဆောင်ရွက်ပေးတဲ့ ဘဝမှာတစ်ကြိမ်သာ အခွင့်အရေးရှိနိုင်မယ့် “ရွှေအိပ်မက်” အစီအစဉ်မှာ ပါဝင်ခဲ့သူအားလုံးကို ကျေးဇူးအထူးတင်ရှိပြီး ရွေးချယ်ခံခဲ့ရတဲ့ ကျွန်တော်တို့ရဲ့ ကံထူးရှင်တွေအတွက် ဂုဏ်ပြုလိုက်ရပါတယ်။ ကျွန်တော်တို့ အနေနဲ့ ၂၀၂၁ ခုနှစ်အတွင်းမှာ ဆုလက်ဆောင်တွေကို ကံထူးရှင်တွေထံ လွှဲပြောင်းပေးအပ်ဖို့ ရည်ရွယ်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကိုဗစ်-၁၉ အခြေအနေတွေကြောင့် ဒီလိုပေးအပ်နိုင်မယ့် လုပ်ငန်းစဉ်တွေကို အဟန့်အတားဖြစ်စေပြီး နှောင့်နှေးကြန့်ကြာ စေခဲ့တဲ့အတွက် ကံထူးရှင်တွေကို တောင်းပန်အပ်ပါတယ်။ အခုအချိန်မှာတော့ “ရွှေအိပ်မက်”အစီအစဉ်ရဲ့ ကံထူးရှင်တွေထဲက ကံထူးရှင်တစ်ဦးဆီကို “ Brand New MG 5” မော်တော်ကားကို အောင်မြင်စွာနဲ့ လွှဲပြောင်း ပေးအပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ကံထူးရှင်တွေရဲ့အိပ်မက်တွေကို တကယ့်ကိုမကြာတော့တဲ့ကာလအတွင်းမှာ လက်တွေ့ အကောင်အထည်ဖော်နိုင်စေဖို့ မျှော်လင့်ထားပါတယ်” ဟု ပြောကြားခဲ့သည်။
MPT ရွှေအိပ်မက် အစီအစဉ်၏ ကံထူးရှင်တစ်ဦးဖြစ်သူ ဦးအာကာမြင့်အောင် က လည်း “ဒီနေ့ကတော့ ကျွန်တော့်ရဲ့ အိပ်မက်အမှန်တကယ် ဖြစ်လာတဲ့နေ့တစ်နေ့ပါပဲ။ MPT “ရွှေအိပ်မက်” အစီအစဉ်ကတစ်ဆင့် ကံထူးခဲ့တဲ့ အတွက်ကြောင့် ကျွန်တော့်မိသားစုအတွက် လိုအပ်နေတဲ့ ကိုယ်ပိုင်ကားလေးတစ်စီး ရရှိခဲ့ပြီ ဖြစ်ပါတယ်။ ကျွန်တော်ရဲ့ မိသားစုအတွက် ဖြည့်ဆည်းပေးချင်တဲ့ စိတ်ကူးအိပ်မက်ကို အကောင်အထည်ဖော်ခွင့်ရတဲ့အတွက် အတိုင်းမသိ ဝမ်းသာကြည်နူးမိပါတယ်။ လက်ခံရရှိတဲ့ဆုဟာ ကျွန်တော်နဲ့ ကျွန်တော့် မိသားစုအတွက် တကယ်ကို အသုံးဝင်တဲ့အတွက်လည်း MPT ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်” ဟုပြောကြားခဲ့သည်။
MPT သည် ခက်ခဲသောအခြေအနေများတွင် မြန်မာပြည်သူပြည်သားများအတွက် အရေးပါသော တယ်လီကွန်းဆက်သွယ်ရေး ဝန်ဆောင်မှုများပေးအပ်ရန် အကောင်းဆုံး ကြိုးပမ်းမှုများဖြင့် စဉ်ဆက်မပြတ် ပေးအပ်ဆောင်ရွက် နေသည့်အပြင် လူမှုအသိုက်အဝန်းအတွက် လိုအပ်သောအကူအညီများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။
MPT ၏ “ရွှေအိပ်မက်” အစီအစဉ်ကို အသေးစိတ်သိရှိလိုပါက https://www.mpt.com.mm/en/dream-come-true/ သို့ ဝင်ရောက် ကြည့်ရှုနိုင်ပြီး MPT နှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့ ဝင်ရောက်နိုင်ကာ 106 Call Center သို့ ခေါ်ဆိုမေးမြန်းနိုင်သည့်အပြင် မိမိသိရှိလိုသည်များကိုလည်း တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber နှင့် MPT တရားဝင် ဝက်ဘ်ဆိုက်တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။
ကံထူးရှင်သို့ Brand New MG 5 မော်တော်ကား လွှဲပြောင်းပေးအပ်မှု မှတ်တမ်းဓာတ်ပုံများ

ခေတ်မီအိတ်ချိန်းစက်များ လဲလှယ်ပြီးဖြစ်ပါသဖြင့် အော်တိုတယ်လီဖုန်း နံပါတ်များအား ပြောင်းလဲပါမည်
(ရန်ကုန်၊ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၇ ရက်) – မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေဖြင့် ပိုမိုကောင်းမွန်သည့် အရည်အသွေး နှင့် ခေတ်မီဝန်ဆောင်မှုများကို ပေးနိုင်ရန်အတွက် အောက်ဖော်ပြပါ တိုင်းဒေသကြီး နှင့် ပြည်နယ်များရှိ အိတ်ချိန်းများကို ခေတ်မီအိတ်ချိန်းစက်များနှင့် ပြောင်းလဲတပ်ဆင်ပြီး ကေဘယ်လ်ကွန်ရက်စနစ် (Copper Cable Network) အား မြန်နှုန်းမြှင့် သတင်းအချက်အလက် ဝန်ဆောင်မှုပေးနိုင်သည့် ဖန်ကြိုးမျှင် (Fiber Cable) စနစ် နှင့် ကြိုးမဲ့စနစ်သုံး (Fixed Wireless) တယ်လီဖုန်းများဖြင့် အောက်ပါအတိုင်း ပြောင်းလဲသွားမည် ဖြစ်ပါသည်။
နယ်မြေ | အိတ်ချိန်း | Migration စတင်ပြုလုပ်မည့် ရက်စွဲ | လက်ရှိအသုံးပြု နေသော ဖုန်းနံပါတ် | အသစ်ပြောင်းလဲ မည့်ဖုန်းနံပါတ် |
---|---|---|---|---|
ရခိုင်ပြည်နယ် | ရမ်းဗြဲ အိတ်ချိန်း | ၂၉-၄-၂၀၂၂ | ၀၄၃-၆၄၉xxx | ၀၄၃-၄၇၄၉xxx |
ပေါက်တော အိတ်ချိန်း | ၄-၅-၂၀၂၂ | ၀၄၃-၂၀၂၈xxx | ၀၄၃-၄၇၂၈xxx | |
ကျိန္တလီ အိတ်ချိန်း | ၆-၅-၂၀၂၂ | ၀၄၃-၂၀၆၄xxx | ၀၄၃-၄၇၆၄xxx | |
ဧရာဝတီတိုင်း ဒေသကြီး | မအူပင် အိတ်ချိန်း | ၇-၅-၂၀၂၂ | ၀၄၅-၃၀xxx | ၀၄၅-၂၀၃၀xxx |
၇-၅-၂၀၂၂ | ၀၄၅-၃၁xxx | ၀၄၅-၂၀၃၁xxx | ||
ရခိုင်ပြည်နယ် | ဂွ အိတ်ချိန်း | ၁၀-၅-၂၀၂၂ | ၀၄၃-၆၆၃xxx | ၀၄၃-၄၇၆၃xxx |
* ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) | * လက်ပံတန်း အိတ်ချိန်း | ၁၁-၅-၂၀၂၂ | ၀၅၃-၃၂xxx | ၀၅၃-၂၀၃၂xxx |
ရခိုင်ပြည်နယ် | ပုဏ္ဏားကျွန်း အိတ်ချိန်း | ၁၂-၅-၂၀၂၂ | ၀၄၃-၂၀၂၇xxx | ၀၄၃-၄၇၂၇xxx |
* မွန်ပြည်နယ် | * သထုံ အိတ်ချိန်း | ၁၃-၅-၂၀၂၂ | ၀၅၇-၄၀xxx | ၀၅၇-၂၀၄၀xxx |
၁၃-၅-၂၀၂၂ | ၀၅၇-၄၁xxx | ၀၅၇-၂၀၄၁xxx | ||
မကွေးတိုင်း ဒေသကြီး | ကံမ (သရက်) အိတ်ချိန်း | ၁၇-၅-၂၀၂၂ | ၀၆၈-၅၀xxx | ၀၆၈-၄၇၅၀xxx |
ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း) | ကေတုမတီ အိတ်ချိန်း | ၂၅-၅-၂၀၂၂ | ၀၅၄-၂၇xxx | ၀၅၄-၂၈၂၇xxx |
ဘုရားကြီး အိတ်ချိန်း | ၂၆-၅-၂၀၂၂ | ၀၅၂-၆၅xxx | ၀၅၂-၂၇၆၅xxx | |
*ဧရာဝတီတိုင်း ဒေသကြီး | * ငွေဆောင် အိတ်ချိန်း | ၂၆-၅-၂၀၂၂ | ၀၄၂-၄၀xxx | ၀၄၂-၂၀၄၀xxx |
ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း) | ဝေါ အိတ်ချိန်း | ၂၆-၅-၂၀၂၂ | ၀၅၂-၇၅xxx | ၀၅၂-၂၇၇၅xxx |
မန္တလေးတိုင်း ဒေသကြီး | ပုဂံမြို့သစ် အိတ်ချိန်း | ၂၈-၆-၂၀၂၂ | ၀၆၁-၆၅xxx | ၀၆၁-၂၄၆၅xxx |
* ရန်ကုန်တိုင်း ဒေသကြီး | * ကွမ်းခြံကုန်း အိတ်ချိန်း | ၂၈-၆-၂၀၂၂ | ၀၁-၂၆၅xxx | ၀၁-၈၂၆၅xxx |
မကွေးတိုင်း ဒေသကြီး | မင်းဘူးအိတ်ချိန်း | ၃၀-၆-၂၀၂၂ | ၀၆၅-၂၁xxx | ၀၆၅-၂၀၂၁xxx |
၃၀-၆-၂၀၂၂ | ၀၆၅-၃၀xxx | ၀၆၅-၂၀၃၀xxx | ||
ဧရာဝတီတိုင်း ဒေသကြီး | ဖျာပုံ အိတ်ချိန်း | ၆-၇-၂၀၂၂ | ၀၄၅-၄၀xxx | ၀၄၅-၂၀၄၀xxx |
၆-၇-၂၀၂၂ | ၀၄၅-၄၁xxx | ၀၄၅-၂၀၄၁xxx | ||
ဘိုကလေး အိတ်ချိန်း | ၃၀-၇-၂၀၂၂ | ၀၄၅-၄၅xxx | ၀၄၅-၂၀၄၅xxx | |
ရန်ကုန်တိုင်း ဒေသကြီး | မှော်ဘီ အိတ်ချိန်း | ၁၃-၈-၂၀၂၂ | ၀၁-၆၂၀xxx | ၀၁-၈၆၂၀xxx |
၁၃-၈-၂၀၂၂ | ၀၁-၆၂၁xxx | ၀၁-၈၆၂၁xxx |
* ယခင်ထုတ်ပြန်ထားပြီးဖြစ်ကာ လုပ်ငန်းဆောင်ရွက်သည့်ရက် ပြင်ဆင်ထားသည့်နေရာများ
နံပါတ်အဟောင်းမှ နံပါတ်အသစ်သို့ ပြောင်းလဲစဉ်ကာလအတွင်းတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိမိတို့၏ ဝန်ဆောင်မှုကို အသုံးပြုနေသူများ ဆက်သွယ်မှုအဆင်ပြေစေရန် Call Forward ဝန်ဆောင်မှုကို ပြောင်းလဲတပ်ဆင်သည့်နေ့မှစ၍ (၃) လအထိ အခမဲ့ပေးထားမည်ဖြစ်ပြီး သုံးစွဲသူများသည် နံပါတ်အသစ်သို့ ပြောင်းလဲနေစဉ်ကာလအတွင်းတွင် လက်ရှိနံပါတ် (သို့မဟုတ်) နံပါတ်အသစ်သို့ ခေါ်ဆိုနိုင်မည် ဖြစ်ပါသည်။