ခေတ်မီအိတ်ချိန်းစက်များ လဲလှယ်ပြီးဖြစ်ပါသဖြင့် အော်တိုတယ်လီဖုန်း နံပါတ်များအား ပြောင်းလဲပါမည်

(ရန်ကုန်၊ ၂၀၂၂ ခုနှစ်၊ မေလ ၂၃ ရက်) – မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေဖြင့် ပိုမိုကောင်းမွန်သည့် အရည်အသွေး နှင့် ခေတ်မီဝန်ဆောင်မှုများကို ပေးနိုင်ရန်အတွက် အောက်ဖော်ပြပါ ပြည်နယ်ရှိ အိတ်ချိန်းကို ခေတ်မီအိတ်ချိန်းစက်နှင့် ပြောင်းလဲတပ်ဆင်ပြီး လက်ရှိအသုံးပြုနေသော အော်တိုတယ်လီဖုန်းနံပါတ်ကို ဂဏန်း (၇) လုံးပါရှိသည့် အော်တိုတယ်လီဖုန်းနံပါတ်အသစ်ဖြင့် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၄ ရက် မှစတင်၍ အောက်ပါအတိုင်း ပြောင်းလဲသွားမည် ဖြစ်ပါသည်။

နယ်မြေအိတ်ချိန်းလက်ရှိအသုံးပြု
နေသော ဖုန်းနံပါတ်
အသစ်ပြောင်းလဲ မည့်ဖုန်းနံပါတ်
ရှမ်းပြည်နယ် (အရှေ့ပိုင်း)မိုင်းယန်း အိတ်ချိန်း၀၈၄-၆၅xxx၀၈၄-၂၀၆၅xxx

အောက်ပါဇယားတွင် ဖော်ပြထားသော ပြည်နယ်များရှိ အိတ်ချိန်းများကို ခေတ်မီအိတ်ချိန်းစက်များနှင့် ပြောင်းလဲတပ်ဆင်ပြီး ကေဘယ်လ်ကွန်ရက်စနစ် (Copper Cable Network) အား မြန်နှုန်းမြှင့် သတင်းအချက်အလက် ဝန်ဆောင်မှုပေးနိုင်သည့် ကြိုးမဲ့စနစ်သုံး (Fixed Wireless) တယ်လီဖုန်းများဖြင့် အောက်ပါအတိုင်း ပြောင်းလဲသွားမည် ဖြစ်ပါသည်။

နယ်မြေအိတ်ချိန်းMigration စတင်ပြုလုပ်
မည့် ရက်စွဲ
လက်ရှိအသုံးပြု
နေသော ဖုန်းနံပါတ်
အသစ်ပြောင်းလဲ မည့်ဖုန်းနံပါတ်
ရှမ်းပြည်နယ် (မြောက်ပိုင်း)မိုးမိတ် အိတ်ချိန်း၂၇-၅-၂၀၂၂၀၈၆-၂၂၄၅xxx၀၈၆-၄၇၄၅xxx
ရခိုင်ပြည်နယ်ရသေ့တောင် အိတ်ချိန်း၁၀-၆-၂၀၂၂၀၄၃-၅၉xxx၀၄၃-၄၇၅၉xxx
မင်းပြား အိတ်ချိန်း၁၄-၆-၂၀၂၂၀၄၃-၇၅xxx၀၄၃-၄၇၇၅xxx
ရှမ်းပြည်နယ် (မြောက်ပိုင်း)ဟိုပန် အိတ်ချိန်း၁၅-၆-၂၀၂၂၀၈၂-၇၄xxx၀၈၂-၄၆၇၄xxx
ရခိုင်ပြည်နယ်အမ်း အိတ်ချိန်း၁၆-၆-၂၀၂၂၀၄၃-၈၀xxx၀၄၃-၄၇၈၀xxx

နံပါတ်အဟောင်းမှ နံပါတ်အသစ်သို့ ပြောင်းလဲစဉ်ကာလအတွင်းတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိမိတို့၏ ဝန်ဆောင်မှုကို အသုံးပြုနေသူများ ဆက်သွယ်မှုအဆင်ပြေစေရန် Call Forward ဝန်ဆောင်မှုကို ပြောင်းလဲတပ်ဆင်သည့်နေ့မှစ၍ (၃) လအထိ အခမဲ့ပေးထားမည်ဖြစ်ပြီး သုံးစွဲသူများသည် နံပါတ်အသစ်သို့ ပြောင်းလဲနေစဉ်ကာလအတွင်းတွင် လက်ရှိနံပါတ် (သို့မဟုတ်) နံပါတ်အသစ်သို့ ခေါ်ဆိုနိုင်မည် ဖြစ်ပါသည်။

MPT Club အဖွဲ့ဝင်များအတွက် အမေများနေ့ပရိုမိုးရှင်းအစီအစဉ်ကို MPT က မိတ်ဆက်

(ရန်ကုန်၊ ၂၀၂၂ ခုနှစ်၊ မေလ ၆ ရက်)- MPT Club အဖွဲ့ဝင်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် အစဉ်အမြဲ ကြိုးစားလျက်ရှိသော MPT Club သည် ၂၀၂၂ ခုနှစ် မေလ ၈ ရက်တွင် ကျရောက်မည့် အမေများနေ့ကို ဂုဏ်ပြုသောအားဖြင့် MPT Club အဖွဲ့ဝင်များအတွက် အထူးပရိုမိုးရှင်းကို မိတ်ဆက်လိုက်ပြီဖြစ်သည်။ MPT Club အဖွဲ့ဝင်များအ​နေဖြင့် ​အဆိုပါထူးခြားသည့်နေ့ရက်တွင် အထူးပရိုမိုးရှင်းအစီအစဉ်မှတစ်ဆင့် မိမိတို့၏မိခင်များနှင့် အချင်းချင်း ပိုမိုဆက်သွယ် ချိတ်ဆက်နိုင်မည်ဖြစ်ပြီး မိမိတို့၏  ချစ်ခြင်းမေတ္တာကို ​ဖော်ပြနိုင်မည်ဖြစ်သည်။

MPT Club အဖွဲ့ဝင်များအားလုံးသည် ယခု အထူးပရိုမိုးရှင်းအစီအစဉ်မှတစ်ဆင့် MPT Club ပွိုင့်များနှင့် MPT-MPT ဖုန်း​ခေါ်ဆိုရန်မိနစ်များ (သို့မဟုတ်) ​ဒေတာများ လဲလှယ်နိုင်မည့် အခွင့်အရေးရရှိမည်ဖြစ်သည်။ လဲလှယ်ရရှိသည့် ဖုန်းခေါ်ဆိုမှု နှင့် ဒေတာတို့ကို အောက်တွင်ဖော်ပြထားသည့်အတိုင်း အသုံးပြုနိုင်မည် ဖြစ်သည်။

စဉ်လဲလှယ်နိုင်သည့် MPT Club ပွိုင့်အကျိုးကျေးဇူးများပရိုမိုးရှင်းကာလအသုံးပြုနိုင်သည့်
သက်တမ်း
MPT Club ပွိုင့် ၁၀၀မိနစ် ၃၀ ဖုန်းခေါ်ဆိုမှု (MPT-MPT)၂၀၂၂ ခုနှစ် မေလ ၇ ရက် နှင့် ၈ ရက်ဖုန်းခေါ်ဆိုမှု (သို့မဟုတ်) ဒေတာ အသုံးပြုမှုကို လဲလှယ်သည့်နေ့မှ စတင်ပြီး ၅ ရက်အထိ
MPT Club ပွိုင့် ၁၅၀ဒေတာ ၂၅၀မီဂါဘိုက်

မိမိလဲလှယ်လိုက်သော ပွိုင့်၏ တန်ဖိုးတစ်ဝက်နှင့်ညီမျှသည့်ပမာဏကို အမျိုးသမီးများ အတွက်အကူအညီပေး နေသည့် အဖွဲ့အစည်းများသို့ ကူညီထောက်ပံ့ ပေးသွားမည် ဖြစ်ပါသည်။

အောက်ဖော်ပြပါအချက်များဖြင့်ပြည့်စုံသူ MPT Club အဖွဲ့ဝင်များသည် ပရိုမိုးရှင်းကို ရရှိအသုံးပြုနိုင်ပါသည်။

၁) MPT Club အဖွဲ့ဝင်များအားလုံး (Crown, Diamond, Platinum, Gold, Silver အဆင့်ရှိသူ) ပါဝင် နိုင်ပါသည်။

၂) MPT Club ပွိုင့် အနည်းဆုံး ၁၀၀ ပွိုင့်ရရှိထားရမည်။

၃) MPT Club သို့ အဖွဲ့ဝင်နိုင်ရန် MPT4U အက်ပလီကေးရှင်း ကို ဒေါင်းလုတ်ရယူပြီးဖြစ်စေ၊ *345# ကို ခေါ်ဆို၍ (သို့မဟုတ်) အမျိုးသားအတွက် “Reg M” (သို့မဟုတ်) အမျိုးသမီးအတွက် “Reg F” ကို “345” သို့ SMS ပေးပို့၍ဖြစ်စေ အဖွဲ့ဝင်နိုင်ပါသည်။

ယခု အထူးပရိုမိုးရှင်းအစီအစဉ်တွင် ပွိုင့်များလဲလှယ်နိုင်သည့် အရေအတွက်မှာ အကန့်အသတ်ရှိပြီး သုံးစွဲသူများအနေဖြင့် တစ်ဦးလျှင် တစ်ကြိမ်သာ လဲလှယ်နိုင်သည့်အတွက် လျင်မြန်စွာ လဲလှယ်ရန် လိုအပ်ပါသည်။ MPT4U အက်ပလီကေးရှင်းတွင် MPT Club ပွိုင့်များကို လဲလှယ်ရန်အတွက် အဖွဲ့ဝင်များအားလုံးသည် MPT Club အောက်ရှိ အမေများနေ့ ပရိုမိုးရှင်း Menu အသစ်သို့ ဝင်ရောက်ရမည်ဖြစ်သည်။

MPT Club သည် သုံးစွဲသူ အဖွဲ့ဝင်များအတွက် ကျေးဇူးတုံ့ပြန်သည့် အစီအစဉ်တစ်ခုဖြစ်ပြီး  အဖွဲ့ဝင်များ​အ​နေဖြင့် ဖုန်းငွေဖြည့်ခြင်း (သို့မဟုတ်) မိတ်ဖက်အဖွဲ့အစည်း ၈၅ ခုကျော်၏ စားသောက်ဆိုင်များနှင့် စတိုးဆိုင်များတွင်  စျေးဝယ်ယူခြင်းများ ပြုလုပ်တိုင်း အကျိုးခံစားခွင့် ပြန်လည်ပေးအပ်သည့်  အစီအစဉ်တစ်ခုဖြစ်သည်။ အဆိုပါ အစီအစဉ်ကြောင့် သုံးစွဲသူများအနေဖြင့် နာမည်ကျော် အမှတ်တံဆိပ်ထုတ်ကုန်နှင့်ဝန်ဆောင်မှုများကို အထူးနှုန်းထားများနှင့် ဝယ်ယူနိုင်ပြီး ပိုမိုကောင်းမွန်သည့် အတွေ့အကြုံကိုလည်း ရရှိနိုင်မည့်အပြင် MPT Club အဖွဲ့ဝင်များနှင့် အဆိုပါ အမှတ်တံဆိပ်များအကြား နေ့စဉ်ဘဝဆက်ဆံရေးကိုလည်း ပိုမိုကောင်းမွန်စေ မည်ဖြစ်သည်။

သုံးစွဲသူများအနေဖြင့် MPT အကြောင်းကို အသေးစိတ်သိရှိလိုပါက MPT ၏ တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm  သို့ ဝင်ရောက်ကြည့်ရှုနိုင်ပြီး 106 Call Center သို့ ခေါ်ဆိုမေးမြန်းနိုင်သည့်အပြင် မိမိသိရှိလိုသည်များကိုလည်း တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber နှင့် MPT တရားဝင် ဝက်ဘ်ဆိုက်တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။