ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးရှိ တယ်လီဖုန်းကေဘယ်လ်ကွန်ရက်စနစ် (Copper Cable Network) သုံး အော်တိုတယ်လီဖုန်းဝန်ဆောင်မှုများအား ရပ်ဆိုင်းသွားမည် ဖြစ်ကြောင်း MPT သုံးစွဲသူများသို့ အသိပေးအကြောင်းကြားခြင်း

(ရန်ကုန်၊ ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်) – မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေဖြင့် ပိုမိုကောင်းမွန်သည့် အရည်အသွေး နှင့် ခေတ်မီဝန်ဆောင်မှုများကို ပေးနိုင်ရန်အတွက် ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးရှိ အိတ်ချိန်းများကို လက်ရှိအသုံးပြုနေသည့် တယ်လီဖုန်းကေဘယ်လ်ကွန်ရက်စနစ် (Copper Cable Network) အစား မြန်နှုန်းမြှင့် သတင်းအချက်အလက် ဝန်ဆောင်မှုပေးနိုင်သည့် ဖိုင်ဘာကေဘယ်လ်စနစ် (“FTTH စနစ်”) (နှင့်/သို့မဟုတ်) Fixed wireless စနစ် (“FWA စနစ်”) များကဲ့သို့သော အဆင့်မြင့်စနစ်များသို့ အိတ်ချိန်းအဆင့်မြှင့်တင်ဆောင်ရွက်ခြင်းကို MPT ၏ ဝက်ဘ်ဆိုက်နှင့် သတင်းစာများတွင် ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ် အတွင်း အသီးသီး ကြေညာခဲ့ပြီး ဖြစ်ပါသည်။

အဆိုပါတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့ပြီးဖြစ်ပါသဖြင့် အောက်ဖော်ပြပါအိတ်ချိန်းရှိ တယ်လီဖုန်းကေဘယ်လ်ကွန်ရက်စနစ်  (Copper Cable Network) သုံး အော်တိုတယ်လီဖုန်း ဝန်ဆောင်မှုများအားလုံးကို (၂၀၂၂ ခုနှစ် ၊ စက်တင်ဘာလ ၂၉ ရက်) အတွင်း အပြီးတိုင် ရပ်ဆိုင်းသွားမည်ဖြစ်ပြီး သုံးစွဲသူများအနေဖြင့် တယ်လီဖုန်းကေဘယ်လ်ကွန်ရက်စနစ် (Copper Cable Network) သုံး အော်တိုတယ်လီဖုန်း ဝန်ဆောင်မှုများကို အသုံးပြုနိုင်တော့မည်မဟုတ်ပါကြောင်း MPT က အသိပေး အကြောင်းကြားအပ်ပါသည်။

နယ်မြေအိတ်ချိန်းရပ်ဆိုင်းမည့် ဖုန်းနံပါတ်အသစ်ပြောင်းလဲ မည့်ဖုန်းနံပါတ်ကြေညာခဲ့သည့် ဝက်ဘ်ဆိုက်လင့်ခ်
ရှမ်းပြည်နယ် (တောင်ပိုင်း)နမ့်စန် အိတ်ချိန်း၀၈၁-၈၀xxx၀၈၁-၂၃၈၀xxxhttp://bitly.ws/sWmG
ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)တောင်ငူ အိတ်ချိန်း၀၅၄-၂၃xxx~၀၅၄-၂၆xxx ၀၅၄-၂၈၂၃xxx~၀၅၄-၂၈၂၆xxxhttp://bitly.ws/sWmG
ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)ပြည် အိတ်ချိန်း၀၅၃-၂၄xxx~၀၅၃-၂၉xxx ၀၅၃-၂၀၂၄xxx~၀၅၃-၂၀၂၉xxxhttp://bitly.ws/sWmG

သို့ဖြစ်ပါ၍ မြန်နှုန်းမြှင့် သတင်းအချက်အလက် ဝန်ဆောင်မှုပေးနိုင်သည့် MPT ၏ အော်တိုတယ်လီဖုန်း ဝန်ဆောင်မှုများကို ဆက်လက်အသုံးပြုလိုသော သုံးစွဲသူများသည် အောက်ပါဇယားတွင်ဖော်ပြထားသည့် MPT ရုံး သို့ ဆက်သွယ်နိုင်ပြီး MPT အနေဖြင့် သုံးစွဲသူများအား ဝန်ဆောင်မှုပေးရသည့်အတွက် အထူးပင် ဝမ်းမြောက်မိပါသည်။

နယ်မြေအိတ်ချိန်းဆက်သွယ်နိုင်မည့် MPT ရုံး ဖုန်းနံပါတ်
ရှမ်းပြည်နယ် (တောင်ပိုင်း)နမ့်စန် အိတ်ချိန်း၀၈၁-၂၃၈၀၀၀
ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)တောင်ငူ အိတ်ချိန်း၀၅၄-၂၈၂၃၁၁၁
ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)ပြည် အိတ်ချိန်း၀၅၃-၂၀၂၅၀၂၄

မန္တလေးတိုင်းဒေသကြီးမှ ကံထူးရှင် ၂ ဦး၏ အိပ်မက်များကို MPT “ရွှေအိပ်မက်” အစီအစဉ်ကတစ်ဆင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့

(ရန်ကုန်၊ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်)- “ရွှေအိပ်မက်” အစီအစဉ်၏ ကံထူးရှင်နှစ်ဦးအား ကံထူးလက်ဆောင်များလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက် နှင့် ၁၁ ရက် တို့တွင် မန္တလေးတိုင်းဒေသကြီး၌ အသီးသီးအောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။  အဆိုပါအစီအစဉ်မှတစ်ဆင့် ၅ ဦးမြောက် ကံထူးရှင်ဖြစ်သူ ဦးစိုင်းအောင်လှိုင်မင်း (ကံထူးနံပါတ် ၀၇၉၆) သည် မိသားစုကဏ္ဍအတွက် ကံထူးလက်ဆောင်အဖြစ် မိသားစုအိမ် ဆု ကို လက်ခံရရှိခဲ့ပြီး ၆ ဦးမြောက် ကံထူးရှင်ဖြစ်သူ ဦးကျော်ရဲအောင် (ကံထူးနံပါတ် ၅၈၄၇) သည် လုပ်ငန်းအသစ်အတွက် ထောက်ပံ့ခြင်း (မိမိကိုယ်တိုင်အတွက်) ကဏ္ဍ အတွက် ကံထူးလက်ဆောင်အဖြစ် Life Blogger ဆုကို အသီးသီးလက်ခံရရှိခဲ့ပြီးဖြစ်ပါသည်။

MPT သည် စုစုပေါင်းကံထူးရှင် ၆ ဦးအား ၎င်းတို့၏ အိပ်မက်များကို အကောင်အထည်ဖော်နိုင်ရန်အတွက် ဖြည့်ဆည်းပေးနိုင်ခဲ့ပြီး ကျန်ရှိနေသော ကံထူးရှင်တစ်ဦးကိုလည်း ၎င်း၏အိပ်မက်အား အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရန်အတွက် ဆက်လက် ဆောင်ရွက်လျက်ရှိပါသည်။ “ရွှေအိပ်မက်” အစီအစဉ်မှ ကံထူးရှင် ၇ ဦး၏ အသေးစိတ်အချက်အလက်များကို MPT ဝက်ဘ်ဆိုက်ဖြစ်သော https://www.mpt.com.mm/en/dream-come-true/   မှတစ်ဆင့် ဝင်ရောက်လေ့လာနိုင် ပါသည်။

ကံထူးလက်ဆောင်များအား လက်ခံရရှိခဲ့သော ကံထူးရှင်များမှာ

စဉ်အမည်ကံထူးလက်ဆောင်လွှဲပြောင်းပေးအပ်ခဲ့သည့် ရက်စွဲ
ဦးအာကာမြင့်အောင် Brand New MG 5 ကား၃-၄-၂၀၂၂
ဦးသန်းဇော်ဦး စာကြည့်တိုက်၉-၆-၂၀၂၂
ဒေါ်သန်းသန်းချစ် စက်ချုပ်သင်တန်း၁၄-၆-၂၀၂၂
ဦးဆန်းလင်းအောင် ကုန်စုံဆိုင်၂၂-၆-၂၀၂၂
ဦးစိုင်းအောင်လှိုင်မင်းမိသားစုအိမ်၁၀-၈-၂၀၂၂
ဦးကျော်ရဲအောင်Life Blogger အတွက်လိုအပ်သည့်ပစ္စည်းများ၁၁-၈-၂၀၂၂

MPT နှင့် KSGM တို့ လုပ်ငန်းပူးပေါင်းဆောင်ရွက်မှုအဖြစ် မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူလူထု၊ စီးပွားရေး လုပ်ငန်းများနှင့် လူမှုအသိုင်းအဝိုင်းများသို့ အကောင်းဆုံး ဆက်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုများကို ပေးအပ်ခြင်း (၇)နှစ်မြောက် အထိမ်းအမှတ်အဖြစ် MPT သည် ၂ဝ၂ဝ ပြည့်နှစ်၊ စက်တင်ဘာလတွင် ထူးခြားဆန်းသစ်သည့် “အနာဂါတ်တွေပုံဖော်ဖို့ ရွှေအိပ်မက်နဲ့ ရှယ်လန်းစို့” အစီအစဉ်ကို မိတ်ဆက်ခဲ့ပါသည်။ အဆိုပါအစီအစဉ်ကို ပါဝင်သူပေါင်း ၇,၀၀၀ ကျော်ဖြင့် အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး အိပ်မက်အမျိုးအစား ၄ မျိုးဖြစ်သည့် မိသားစု၊ လုပ်ငန်းအသစ်အတွက်ထောက်ပံ့ခြင်း (မိမိကိုယ်တိုင်အတွက်)၊ ရပ်ရွာအဖွဲ့အစည်းများအတွက် ကူညီထောက်ပံ့ ခြင်း နှင့် သတ်မှတ်ချက်အားလုံးပြည့်မီသော အိပ်မက်အမျိုးအစားများအတွက် ကံထူးရှင် ၇ ဦးအား ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ တွင် အွန်လိုင်းမှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့် ရွေးချယ်ခဲ့ပြီးဖြစ်ပါသည်။

MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက်သုံးစွဲလျက်ရှိသည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ရှိပါသည်။ MPT နှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့ ဝင်ရောက်နိုင်ကာ 106 Call Center သို့ ခေါ်ဆိုမေးမြန်းနိုင်သည့်အပြင် မိမိသိရှိလိုသည်များကိုလည်း တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber နှင့် MPT တရားဝင် ဝက်ဘ်ဆိုက်တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။

ကံထူးလက်ဆောင်များ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားများမှ အမှတ်တရဓာတ်ပုံများကို အောက်တွင်ဖော်ပြ ပေးထားပါသည်။

ဦးစိုင်းအောင်လှိုင်မင်း အား မိသားစုအိမ် လွှဲပြောင်းပေးအပ်ခဲ့စဉ် (မန္တလေး)

ဦးကျော်ရဲအောင် အား Life Blogger အတွက် လိုအပ်သည့်ပစ္စည်းများ လွှဲပြောင်း ပေးအပ်ခဲ့စဉ် (မန္တလေး)

MPT ၏ ဒေတာဝန်ဆောင်မှုအခက်အခဲဖြစ်ပေါ်ရခြင်းနှင့် ပြန်လည်ပြင်ဆင်ပြီးကြောင်းကို သုံးစွဲသူများသို့ အသိပေးခြင်း (အဆင်မပြေမှုများအတွက် နိုင်ငံတစ်ဝန်းရှိ MPT သုံးစွဲသူအားလုံးအတွက် MPT Club ၃၀၀ ပွိုင့် လက်ဆောင်ကို ပေးအပ်လျက်ရှိ)

MPT သည် ကရင်ပြည်နယ်ရှိ မြဝတီ နှင့် ကော့ကရိတ်မြို့နယ်ကြား ဖိုင်ဘာဆက်ကြောင်း ပြတ်တောက်မှုနှင့် ဧရာဝတီတိုင်းဒေသကြီးရှိ ပုသိမ် နှင့် ငွေဆောင်မြို့နယ်ကြား ပင်လယ်ရေအောက် (SE-ME-WE- 5) ဓာတ်အားကြိုးပြတ်တောက်မှုကို ပြန်လည်ပြင်ဆင်ခဲ့ပြီးဖြစ်ပါသည်။ သို့ဖြစ်ပါ၍ သြဂုတ်လ (၁၀) ရက်မှ (၁၂) ရက်အတွင်း ဖြစ်ပွားခဲ့သည့် ဖိုင်ဘာ ဆက်ကြောင်း ပြတ်တောက်မှုများကို ပြင်ဆင်ပြီးဖြစ်ပါသောကြောင့် သုံးစွဲသူများအနေဖြင့် ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၁၂ ရက် ည ၈း၂၅ နာရီ အချိန်မှစ၍ ဒေတာဝန်ဆောင်မှုများကို မူလအတိုင်း ပြန်လည်အသုံးပြုနိုင်ပြီ ဖြစ်ပါသည်။

ဖိုင်ဘာဆက်ကြောင်းပြတ်တောက်မှုကာလအတွင်း အဆင်မပြေမှုများဖြစ်ပေါ်ခဲ့သည့်အတွက် MPT က အနူးအညွတ်တောင်းပန်သည့်အနေဖြင့် MPT သည် သုံးစွဲသူများအား MPT Club ပွိုင့် ၃၀၀ ပွိုင့်ကို ၂၀၂၂ ခုနှစ် သြဂုတ်လ ၁၄ ရက်မှ ၂၀ ရက်အထိ လက်ဆောင်ပေးအပ်လျက်ရှိပြီး MPT Club အစီအစဉ်တွင် စာရင်းသွင်းရယူထားသော သုံးစွဲသူများအနေဖြင့် *2006# သို့ခေါ်ဆို၍ MPT Club ပွိုင့် ၃၀၀ ကို ရရှိနိုင်မည် ဖြစ်သည်။ MPT Club အစီအစဉ်သို့ စာရင်းသွင်းရယူရန် https://www.mpt.com.mm/mm/mpt-club-mm/ သို့ ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။

MPT သုံးစွဲသူများသည် MPT Club ပွိုင့်များကို အသံ၊ ဒေတာနှင့် စာတို (SMS) အစရှိသည့် MPT မိုဘိုင်းလ်ဝန်ဆောင်မှုအမျိုးမျိုးနှင့် စိတ်တိုင်းကျ လဲလှယ်နိုင်သည့်အပြင် MPT၏ မိတ်ဖက်အဖွဲ့အစည်းများ၏ ဝန်ဆောင်မှုများဖြင့်လည်း လဲလှယ်နိုင်မည် ဖြစ်ပါသည်။
MPT အနေဖြင့် သုံးစွဲသူများအတွက် ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုများကို စဉ်ဆက်မပြတ် ပေးအပ်လျက်ရှိပြီး ဖိုင်ဘာဆက်ကြောင်းပြတ်တောက်မှုကာလအတွင်း အင်တာနက်ဒေတာအသုံးပြုမှု အမြန်နှုန်းကျဆင်းခဲ့စဉ် MPT သုံးစွဲသူများ အဆင်မပြေမှုများဖြစ်ပေါ်ခဲ့ခြင်းအတွက် MPT မှ အနူးအညွတ်တောင်းပန်အပ်ပါသည်။

MPT က ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှစ၍ တစ်ဦးချင်းသုံး Post-paid နှင့် FTTH ဝန်ဆောင်မှု သုံးစွဲသူများအားလုံးအတွက် ဒီဂျစ်တယ်ငွေတောင်းခံလွှာ (E-invoice) ကိုသာ အသုံးပြု သွားမည်

(ရန်ကုန်၊ ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်) – MPT သည် Post-paid နှင့် FTTH ဝန်ဆောင်မှု သုံးစွဲသူများအားလုံး လွယ်ကူအဆင်ပြေစေရန်နှင့်  ကာဗွန်အသုံးပြုမှုကို လျှော့ချရန် ကြိုးပမ်းဆောင်ရွက်မှု တစ်စိတ်တစ်ပိုင်းအဖြစ် ဒီဂျစ်တယ်ငွေတောင်းခံလွှာ (E-invoice) စနစ်ကို ၂၀၂၀ ပြည့်နှစ်က စတင်မိတ်ဆက်ခဲ့ပါသည်။ ယခုအခါ ထပ်မံတိုးချဲ့ခြင်းအနေဖြင့် Post-paid နှင့် FTTH ဝန်ဆောင်မှု သုံးစွဲသူများအားလုံး (တစ်ဦးချင်း သုံးစွဲသူများသာ) သည် ငွေတောင်းခံလွှာ စာရွက်များအစား ဒီဂျစ်တယ်ငွေတောင်းခံလွှာ (E-invoice) စနစ်ကို SMS (စာတို) သို့မဟုတ် အီးမေးလ်ဖြင့် လက်ခံရရှိမည် ဖြစ်ပြီး ငွေတောင်းခံလွှာ စာရွက်များ ပေးပို့ခြင်းကို ၂၀၂၃ ခုနှစ် ဇန်နဝါရီမှစတင်၍ ရပ်ဆိုင်းသွားမည် ဖြစ်ပါသည်။ ထို့အပြင် ဒီဂျစ်တယ် ငွေတောင်းခံလွှာများကို MPT4U အက်ပလီကေးရှင်းနှင့် USSD နည်းလမ်း *260# သို့ ခေါ်ဆိုခြင်းမှတစ်ဆင့်လည်း ရရှိနိုင်မည် ဖြစ်ပါသည်။

MPT သည် သုံးစွဲသူများ ဒီဂျစ်တယ်နည်းလမ်းဖြင့် အဆင်ပြေချောမွေ့စွာ ဒီဂျစ်တယ်ငွေတောင်းခံလွှာ (E-invoice) ဝန်ဆောင်မှုကို စာရင်းသွင်းရယူရန် နှိုးဆော်တိုက်တွန်းလိုက်ရပါသည်။ E-invoice ကို စာရင်းသွင်းရယူခြင်းဖြင့် သုံးစွဲသူများသည် တစ်လ ၅၀၀ ကျပ်နှုန်းဖြင့် ၅ လ ဆက်တိုက် စုစုပေါင်း ကျပ် ၂,၅၀၀  သက်သာခွင့်ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကုန်အထိရရှိမည် ဖြစ်ပါသည်။

MPT သုံးစွဲသူများသည် အခကြေးငွေထပ်မံပေးရန်မလိုဘဲ မိမိ၏ သတင်းအချက်အလက် (ဖုန်းနံပါတ် နှင့် Email လိပ်စာ) များကိုဖြည့်သွင်းပြီး အောက်ပါနည်းလမ်းများမှတစ်ဆင့် ဒီဂျစ်တယ်ငွေတောင်းခံလွှာ (E-invoice) ကို စာရင်းသွင်း နိုင်မည် ဖြစ်ပါသည်။

၁) သတင်းအချက်အလက်များကို https://www.mpt.com.mm/mm/e-invoice-registration-mm/ မှတစ်ဆင့် စာရင်းသွင်းခြင်း။

၂) မိမိနှင့် နီးစပ်ရာ MPT ၏ ငွေလက်ခံကောင်တာများ (TRA/Commercial Office ရုံး) သို့ သွားရောက်၍ စာရင်းသွင်းခြင်း။

၃) စာရင်းသွင်းရယူနိုင်ရန် MPT အသုံးပြုသူများ Call Center (106) ခေါ်ဆို၍ သော်လည်းကောင်း အခြားအော်ပရေတာသုံးစွဲသူများအနေဖြင့် ၀၁-၂၃၉၉၁၀၆ သို့လည်းကောင်း ဖုန်းခေါ်ဆို၍ စာရင်းသွင်းခြင်း။

၄) MPT4U အက်ပလီကေးရှင်းမှတစ်ဆင့် စာရင်းသွင်းရယူခြင်း။

စာရင်းသွင်းရယူပြီးနောက် သုံးစွဲသူများသည် ဒီဂျစ်တယ်ငွေတောင်းခံလွှာ (E-invoice) ကို မိမိကြိုက်နှစ်သက်သည့် နည်းလမ်းဖြင့် အတည်ပြုရယူနိုင်ရန် SMS (စာတို) သို့မဟုတ် အီးမေးလ်ကို လက်ခံရရှိမည် ဖြစ်ပါသည်။

MPT4U အက်ပလီကေးရှင်းမှတစ်ဆင့် E-invoice ကို စာရင်းသွင်းရယူသည့်နည်လမ်း

အဆင့် ၁။ မိမိ ဖုန်းမှ တစ်ဆင့် MPT4U အက်ပလီကေး ရှင်းသို့ ဝင်ရောက်ပြီး Home Menu မှတစ်ဆင့် Service Menu ကိုရွေးချယ်ပါ။

အဆင့် ၂။ Service Menu မှ Manage Account အောက်ရှိ အခြားဘေလ်များကိုရွေးချယ်ပါ။

အဆင့် ၃။ မှတ်ပုံတင်သည်ကို နှိပ်ပါ။

အဆင့် ၄။ လိုအပ်သည့်အချက်အလက် များကို ဖြည့်စွက်ပြီး မှတ်ပုံတင်သည်ကို နှိပ်ပါ။

အဆင့် ၅။ ဖြည့်စွက်ထားသော အချက်အလက် များအား စိစစ်ပြီးပါက မှတ်ပုံတင်ခြင်း ပြီးမြောက် ခြင်းအား အောက်ပါအတိုင်း မြင်တွေ့နိုင်ပါသည်။

အဆင့် ၆။ မှတ်ပုံတင်ခြင်း ပြီးမြောက်ပါက မှတ်ပုံတင်ထားသော ဝန်ဆောင်မှု၏ “Real-time Balance” အား အခြားဘေလ်များ Menu အောက်တွင် ပုံပါအတိုင်းမြင်တွေ့နိုင်ပါသည်။

အဆင့် ၇။ သုံးစွဲသူများမှ MPT4U အက်ပလီကေးရှင်း တွင် (၆) လစာ အထိ ဘေလ်များနှင့် ငွေပေးဆောင် ထားသော အခြေအနေအား ကြည့်ရှုနိုင်ပါသည်။

MPT4U သည် Android နှင့် iOS အသုံးပြုသူများအတွက် အခကြေးငွေကုန်ကျမှုမရှိဘဲ အသုံးပြုနိုင်သည့် MPT အက်ပလီကေးရှင်းတစ်ခုဖြစ်ပြီး သုံးစွဲသူများသည် ၎င်းတို့၏ MPT ဝန်ဆောင်မှု အသုံးပြုမှုမှတ်တမ်းများနှင့် ကုန်ကျစရိတ်များကို အဆင်ပြေလွယ်ကူစွာ စစ်ဆေးနိုင်ရန်၊ လစဉ်ငွေတောင်းခံလွှာများ ပေးချေရန် နှင့် MPT က ပေးအပ်သည့် ဝန်ဆောင်မှုများစွာကို စီမံခန့်ခွဲရန် ဆောင်ရွက်နိုင်ပါသည်။ အဆိုပါ အက်ပလီကေးရှင်းဖြင့် Post-paid သုံးစွဲသူများသည် နောက်ဆုံးထွက်ရှိထားသည့် ၆ လစာ ငွေတောင်းခံလွှာများ နှင့် ငွေပေးချေမှုဆိုင်ရာ အချက်အလက်များကို ကြည့်ရှုစစ်ဆေးနိုင်သကဲ့သို့ မိမိသိရှိလိုသော အကြောင်းအရာများ နှင့် အခြားဝန်ဆောင်မှုများကို လွယ်ကူစွာ ရှာဖွေနိုင်သည့်အပြင် အနီးနားရှိ MPT အရောင်းဆိုင်များကိုလည်း အလွယ်တကူ ရှာဖွေနိုင်မည်ဖြစ်ပါသည်။

ဒီဂျစ်တယ်ငွေတောင်းခံလွှာ (E-invoice) စနစ်ဖြင့် MPT သုံးစွဲသူများသည် ယခင် စာရွက်ငွေတောင်းခံလွှာ များထက် ပိုမိုစောလျင်စွာ နှင့် အချိန်မှန် လက်ခံရရှိနိုင်ခြင်း ၊ ငွေတောင်းခံလွှာများကို ဒီဂျစ်တယ်နည်းလမ်းဖြင့် စစ်ဆေးနိုင်ခြင်း၊ သုံးစွဲသူ၏ ဖုန်း (သို့မဟုတ်) ကွန်ပျူတာထဲတွင် ငွေတောင်းခံလွှာများကို သိမ်းဆည်းနိုင်ခြင်း၊ လွယ်ကူစွာ ငွေပေးချေခြင်း နှင့် ပရိုမိုးရှင်းအစီအစဉ်များကို ရယူနိုင်ခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိခံစားနိုင်မည် ဖြစ်ပါသည်။ ထို့အပြင် သုံးစွဲသူများသည် ဒီဂျစ်တယ်ငွေတောင်းခံလွှာ (E-invoice) များကို သုံးစွဲခြင်းအားဖြင့် စက္ကူစာရွက်များ သုံးစွဲမှုကို လျော့ချပေးနိုင်ရုံသာမက သုံးစွဲသူများ၏ လူနေမှုဘဝကို ပိုမိုလွယ်ကူ စေမည်ဖြစ်သည်။

MPT သုံးစွဲသူများသည် ဒီဂျစ်တယ်ငွေတောင်းခံလွှာ (E-invoice) အတွက် ငွေပေးချေခြင်းကို MPT Pay နှင့် KBZ Bank၊ AYA Bank နှင့် CB Bank တို့၏ I-Banking/ Mobile Banking တို့မှတစ်ဆင့် ဆောင်ရွက်နိုင်ပါသည်။ ထို့အပြင် သုံးစွဲသူများသည် ငွေပေးချေသည့်ကောင်တာများ ဖြစ်သည့် MPT TRA ၊ စာတိုက်နှင့် အေးဂျင့်များတွင် SMS (စာတို) သို့မဟုတ် အီးမေးလ်ဖြင့် လက်ခံရရှိထားသည့် ဒီဂျစ်တယ်ငွေတောင်းခံလွှာ (E-invoice) ကို ပြ၍လည်း ငွေပေးချေနိုင်ပါသည်။ နည်းလမ်းမျိုးစုံဖြင့် ငွေပေးချေနိုင်သည့် သတင်းအချက်အလက် အသေးစိတ်ကို https://www.mpt.com.mm/mm/payment-through-bank-channel-mm/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါ သည်။
MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက်သုံးစွဲလျက်ရှိသည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ရှိပါသည်။ MPT ၏ ဒီဂျစ်တယ်ငွေတောင်းခံလွှာ (E-invoice) ဝန်ဆောင်မှုအကြောင်းကို အသေးစိတ် သိရှိလိုပါက https://www.mpt.com.mm/mm/business-home-mm/ သို့ ဝင်ရောက်ကြည့်ရှု ခြင်းဖြင့် လည်းကောင်း၊ 106 Call Center သို့ ခေါ်ဆိုမေးမြန်းခြင်းဖြင့်လည်းကောင်း၊ တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber နှင့် MPT တရားဝင် ဝက်ဘ်ဆိုက်တို့တွင် စုံစမ်းမေးမြန်းခြင်းဖြင့်လည်းကောင်း သိရှိနိုင်ပါသည်။

လေးစားရပါသော သုံးစွဲသူမိဘပြည်သူများခင်ဗျာ

ဖိုင်ဘာဆက်ကြောင်း ပြတ်တောက်မှုများကို ပြန်လည်ပြင်ဆင်ခဲ့ပြီး ဖြစ်ပါသဖြင့် ဒေတာဝန်ဆောင်မှုများကို မူလအတိုင်း သုံးစွဲနိုင်ပြီ ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။ အဆင်မပြေမှုများဖြစ်ပေါ်ခဲ့သည့်အတွက်လည်း အနူးအညွတ်တောင်းပန်အပ်ပါသည်။

ခေတ်မီအိတ်ချိန်းစက်များ လဲလှယ်ပြီးဖြစ်ပါသဖြင့် အော်တိုတယ်လီဖုန်း နံပါတ်များအား ပြောင်းလဲပါမည်

(ရန်ကုန်၊ ၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၂ ရက်) – မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေဖြင့် ပိုမိုကောင်းမွန်သည့် အရည်အသွေး နှင့် ခေတ်မီဝန်ဆောင်မှုများကို ပေးနိုင်ရန်အတွက် အောက်ဖော်ပြပါ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အိတ်ချိန်းများကို ခေတ်မီအိတ်ချိန်းစက်များနှင့် ပြောင်းလဲတပ်ဆင်ပြီး ကေဘယ်လ်ကွန်ရက်စနစ် (Copper Cable Network) အား မြန်နှုန်းမြှင့် သတင်းအချက်အလက် ဝန်ဆောင်မှုပေးနိုင်သည့် ဖန်ကြိုးမျှင် (Fiber Cable) စနစ် နှင့် ကြိုးမဲ့စနစ်သုံး (Fixed Wireless) တယ်လီဖုန်းများဖြင့် အောက်ပါအတိုင်း ပြောင်းလဲသွားမည် ဖြစ်ပါသည်။

နယ်မြေအိတ်ချိန်းMigration စတင်ပြုလုပ်
မည့် ရက်စွဲ
လက်ရှိအသုံးပြု
နေသော ဖုန်းနံပါတ်
အသစ်ပြောင်းလဲ မည့်ဖုန်းနံပါတ်
ကချင်ပြည်နယ်ပင်းဘော အိတ်ချိန်း၂၉-၈-၂၀၂၂၀၇၄-၆၆xxx၀၇၄-၄၇၆၆xxx
ရန်ကုန်တိုင်းဒေသကြီးကော့မှူး အိတ်ချိန်း၁-၉-၂၀၂၂၀၁-၂၆၄xxx၀၁-၈၂၆၄xxx
ရခိုင်ပြည်နယ်ဘူးသီးတောင် အိတ်ချိန်း၅-၉-၂၀၂၂၀၄၃-၅၃xxx၀၄၃-၄၇၅၃xxx
ရှမ်းပြည်နယ် (မြောက်ပိုင်း)ကွမ်းလုံ အိတ်ချိန်း၅-၉-၂၀၂၂၀၈၂-၇၀xxx၀၈၂-၄၆၇၀xxx
နမ့်ဆန် အိတ်ချိန်း၉-၉-၂၀၂၂၀၈၂-၈၉xxx၀၈၂-၄၆၈၉xxx

နံပါတ်အဟောင်းမှ နံပါတ်အသစ်သို့ ပြောင်းလဲစဉ်ကာလအတွင်းတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိမိတို့၏ ဝန်ဆောင်မှုကို အသုံးပြုနေသူများ ဆက်သွယ်မှုအဆင်ပြေစေရန် Call Forward ဝန်ဆောင်မှုကို ပြောင်းလဲတပ်ဆင်သည့်နေ့မှစ၍ (၃) လအထိ အခမဲ့ပေးထားမည်ဖြစ်ပြီး သုံးစွဲသူများသည် နံပါတ်အသစ်သို့ ပြောင်းလဲနေစဉ်ကာလအတွင်းတွင် လက်ရှိနံပါတ် (သို့မဟုတ်) နံပါတ်အသစ်သို့ ခေါ်ဆိုနိုင်မည် ဖြစ်ပါသည်။

MPT သုံးစွဲသူ မိဘပြည်သူများသို့ အသိပေးအကြောင်းကြားခြင်း

ဖိုင်ဘာဆက်ကြောင်း ပြတ်တောက်မှုများကြောင့် အင်တာနက်ဒေတာ အသုံးပြုမှု အမြန်နှုန်း အနည်းငယ်ကျဆင်းလျက် ရှိပါသည်။ သက်ဆိုင်ရာ အင်ဂျင်နီယာအဖွဲ့အနေဖြင့် နဂိုအတိုင်း ပြန်လည်ကောင်းမွန်စေရန်အတွက် ပြင်ဆင်မှုများကို အမြန်ဆုံးကြိုးပမ်းလုပ်ဆောင်နေပါသည်။ အဆင်မပြေမှုများအတွက် အနူးအညွတ်တောင်းပန်အပ်ပါသည်။

MPT က ပထမဆုံး One Stop Cloud ဝန်ဆောင်မှုကို မိတ်ဆက်

(ရန်ကုန်၊ ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၂ ရက်) – MPT က သတင်းအချက်အလက်နည်းပညာဆိုင်ရာ Infrastructure တစ်ခုလုံးကို အကောင်းဆုံး ဖြစ်စေရန်အတွက် ယုံကြည်စိတ်ချရသော Cloud ဝန်ဆောင်မှုကို ပေးအပ်ရန် ရည်ရွယ်၍ ပထမဆုံး One Stop Cloud ဝန်ဆောင်မှုကို  လုပ်ငန်းရှင်များနှင့်  B2B ဝန်ဆောင်မှု အသုံးပြုသူများ အတွက် မိတ်ဆက်လိုက်ပြီ ဖြစ်ပါသည်။

MPT B2B Cloud ဝန်ဆောင်မှု အသစ်သည် စီးပွားရေးလုပ်ငန်းစုများနှင့် ကိုက်ညီသော စည်းမျဉ်း၊ စည်းကမ်းများ၊ သုံးစွဲသူများ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များနှင့် အခြားသော ဒေတာအချက်အလက်များကို လုံခြုံစွာ သိမ်းဆည်းပေးခြင်း နှင့် ဒေတာအချက်အလက်များကို ပြောင်းရွှေ့ခြင်း (သို့မဟုတ်) ပြန်လည်ရယူခြင်းတို့ကို ဆောင်ရွက်ပေးခြင်းဖြစ်ပါသည်။

MPT B2B Cloud ဆိုသည်မှာ အင်တာနက်ပေါ်တွင် စီမံခန့်ခွဲသည့် IaaS (Infrastructure as a Service) ဝန်ဆောင်မှုတစ်ခု ဖြစ်ပြီး ဆာဗာများရှိရာနေရာသို့ အင်တာနက်ပေါ်မှတစ်ဆင့် ထိန်းချုပ်ဆောင်ရွက်နိုင်သည့် ကွန်ရက်ကိုအသုံးပြုပြီး အင်တာနက်ပေါ်တွင် ‌‌ဒေတာအချက်အလက်များကို သိမ်းဆည်းခြင်း၊ ဒေတာ စီမံခန့်ခွဲ ခြင်းနှင့် လုပ်ငန်းဆောင်ရွက်ခြင်း တို့ကို ပြည်တွင်း၌ပင် ဝန်ဆောင်မှုပေးခြင်း ဖြစ်ပါသည်။

MPT B2B Cloud ဝန်ဆောင်မှုတွင် Virtual Network ၊ Virtual Machine ၊ Virtual Storage နှင့် OS License ဝန်ဆောင်မှုများကို ပေးအပ်လျက်ရှိပါသည်။

MPT B2B Cloud ဝန်ဆောင်မှု ဒေတာစင်တာကို မြန်မာနိုင်ငံတွင်ထားရှိပြီး B2B သုံးစွဲသူများအတွက် လုပ်ငန်းစနစ်များ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ လုပ်ငန်းလည်ပတ်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ပြည်တွင်း၌ပင် ဆောင်ရွက်ပေးခြင်းဖြစ်ပါသည်။ အဆိုပါ ဝန်ဆောင်မှုဖြင့် B2B သုံးစွဲသူများသည် ၎င်းတို့၏ လုပ်ငန်းလည်ပတ်မှု တာဝန်များကို လျှော့ချနိုင်ခြင်း၊ မြင့်မားသောကွန်ရက်စွမ်းဆောင်ရည်ကို ရရှိနိုင်ခြင်း၊ ဒေတာများ လျင်မြန်ချောမွေ့စွာရယူနိုင်ခြင်း၊  ဝန်ဆောင်မှုများကို တစ်နေရာတည်းတွင် ရယူနိုင်ခြင်း နှင့်   သုံးစွဲသူများအတွက် ၉၉.၉ % ယုံကြည်စိတ်ချရသော Cloud ဝန်ဆောင်မှု စသည့် အကျိုးကျေးဇူးများကို ရရှိ ခံစားနိုင်မည် ဖြစ်ပါသည်။

ထို့အပြင် MPT B2B Cloud ဝန်ဆောင်မှုတွင် Basic Operation Service ကို အပိုကုန်ကျစရိတ်မရှိဘဲ ပံ့ပိုး ဆောင်ရွက်ပေးထားပါသည်။ Basic Operation Service တွင် Virtual Machine များကို စောင့်ကြည့် စစ်ဆေးပေးခြင်း၊ ပြဿနာများ ဖြေရှင်းပေးခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းနှင့် ဝန်ဆောင်မှုများကို စီမံခန့်ခွဲခြင်းများ စသည့် ဝန်ဆောင်မှုများ ပါဝင်ပါသည်။

MPT သည် သုံးစွဲသူများ၏ လိုအပ်ချက်ပေါ်မူတည်၍ MPT B2B Cloud ဝန်ဆောင်မှုကို ပေးအပ်လျက်ရှိပြီး အဆိုပါဝန်ဆောင်မှုများကို ကြိုတင်စာရင်းသွင်းခြင်းပြုလုပ်၍ လစဉ်ငွေပေးချေမှုပုံစံဖြင့် ကောက်ခံသွားမည် ဖြစ်သည်။ အသေးစိတ်သိရှိလိုပါက MPT သုံးစွဲသူများအတွက် အခမဲ့ဆက်သွယ်နိုင်သည့် B2B Hotline ဖြစ်သော 0800 800 9990 သို့မဟုတ် ၀၉၄၂၆၀၀၀၃၂၃ (အခြားအော်ပရေတာသုံးစွဲသူများအတွက်) (သို့) ၁၀၆ (သို့) 01- 2399106 နှင့် [email protected] သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။
MPT သည် B2B ဝန်ဆောင်မှုများ ပေးအပ်ခြင်းကို စဉ်ဆက်မပြတ် တိုးချဲ့ဆောင်ရွက်လျက်ရှိပြီး စီးပွားရေး လုပ်ငန်းများအတွက် ရည်ရွယ်၍ မြန်နှုန်းမြင့်ဖိုင်ဘာအင်တာနက် ဝန်ဆောင်မှုများ အပါအဝင် fixed lines ဝန်ဆောင်မှုများကဲ့သို့သော စီးပွားရေးသုံး မိုဘိုင်းလ်ဝန်ဆောင်မှုများကိုလည်း ကျယ်ပြန့်စွာ ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။ MPT သည် ကော်ပိုရိတ်သုံးစွဲသူအားလုံးအတွက် Close User Group (CUG)၊ B2B Data Plans၊ Data Only SIM၊ Mobile Remote Access၊ Business Allowance နှင့် Business Bundle ဝန်ဆောင်မှုအစရှိသည့် စျေးနှုန်းသက်သာသော စီးပွားရေးသုံး မိုဘိုင်းလ်ဝန်ဆောင်မှုများကို ပေးအပ်လျက် ရှိပါသည်။ Fixed Line ဝန်ဆောင်မှုများအတွက်မူ Dedicated Fiber Internet ၊ Business Premium/ Eco ၊ SME Broadband ၊ IP-VPN၊ Domestic Private Lead Circuit (DPLC) ၊ International Private Lead Circuit (IPLC) ၊ MPT Auto Phone (PSTN) နှင့် Toll-Free Call အစရှိသည့် ဝန်ဆောင်မှုများကို MPT က ပေးအပ်လျက်ရှိပါသည်။

MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက်သုံးစွဲလျက်ရှိသည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ရှိပါသည်။ မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ၊ ဌာနဆိုင်ရာများ နှင့် လုပ်ငန်းအသီးသီးအတွက် MPT ၏ ဝန်ဆောင်မှု အသေးစိတ်အချက်အလက်များနှင့်ပတ်သက်၍ https://www.mpt.com.mm/en/business-home/ သို့ ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။