(ရန်ကုန်၊ ၂၀၁၉ခုနှစ် ၊ ဇွန်လ ၁၇ ရက်) MPT မှ လက်ရှိ FTTH သုံးစွဲသူများနှင့် သုံးစွဲသူအသစ်များအတွက် အံသြသွားစေမည့် ဒုံးပျံ အိမ်သုံးဖိုင်ဘာအင်တာနက်ဝန်ဆောင်မှု အသစ်အား စတင်မိတ်ဆက်ပေးလိုက်ပြီဖြစ်သည်။ ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက် ဝန်ဆောင်မှုမှာ ဖိုင်ဘာအင်တာနက်ဝန်ဆောင်မှုတစ်ခုဖြစ်ပြီး ယခင်အစီအစဉ်များထက် များစွာပိုမိုမြန်ဆန်လှသည့်အပြင် အကောင်းဆုံးသော သုံးစွဲသူ အတွေ့အကြုံများကို ပေးစွမ်းမည်ဖြစ်သည်။
ယခု ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက်ဝန်ဆောင်မှု အသစ်မှာ မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာ ဖြစ်သည့် MPT ၏ ဖိုင်ဘာအင်တာနက်လိုင်းအသစ်ဖြစ်ပြီး လက်ရှိသုံးစွဲနေသူမျာနှင့် အသစ် အသစ်သော သုံးစွဲမည့်သူများအတွက် အကျိုးအမြတ်ကောင်းများရရှိစေမည်ဖြစ်ကာ လက်ရှိ လိုင်းဆွဲအား အမြန်နှုန်း(bandwidth) ပမာဏထက် နှစ်ဆတိုးမြှင့်ထားပြီး လစဉ်နှုုန်းထားမှာမူ ပုံမှန်နှုန်းထားအတိုင်းသာ ကျသင့်မည် ဖြစ်သည်။ လက်ရှိ MPT FTTH သုံးစွဲသူများမှာ ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက်ဝန်ဆောင်မှုတွင် အလိုအလျောက် အဆင့်မြှင့်တင်သွားပြီး တိုးချဲ့လိုက်သည့် လိုင်းဆွဲအား အမြန်နှုန်း(bandwidth) ဖြင့် အသုံးပြု နိုင်မည်ဖြစ်သည်။
ဒုံးပျံ အိမ်သုံး ဖိုင်ဘာအင်တာနက်ဝန်ဆောင်မှု အသစ်အရ ၃၉,၀၀၀ ကျပ်နှုန်းထားဖြင့် လက်ရှိ 10 Mbps အမြန်နှုန်းဖြင့် သုံးစွဲသူများမှာ ယခုပြောင်းလဲလိုက်သည့် 20 Mbps အမြန်နှုန်းဖြင့် မူလအတိုင်း ၃၉,၀၀၀ ကျပ်ဖြင့်အသုံးပြုနိုင်မည်ဖြစ်သည်။ ယခင် ၆၉,၀၀၀ ကျပ်ဖြင့် 25 Mbps အစီအစဉ်အား ဝယ်ယူထားသူ များမှာလည်း ယခုတွင် ပိုမိုမြန်ဆန်သော 50 Mbps အမြန်နှုန်းဖြင့် အင်တာနက်ကို အသုံးပြုနိုင်တော့မည်ဖြစ်ပြီး ၁၀၉,၀၀၀ ကျပ်ဖြင့် 50 Mbps အား အသုံးပြုနေသော သုံးစွဲသူများမှာမူ စူပါအမြန်နှုန်းဖြစ်သည့် 100 Mbps အား အသုံးပြုနိုင်ပြီဖြစ်သည်။ ယခုလို လိုင်းဆွဲအား အမြန်နှုန်း(Bandwidth) မြှင့်တင်မှုများအတွက် လက်ရှိ သုံးစွဲသူများ၏ လစဉ်ကြေးများမှာမူ မူလနှုန်းထား အတိုင်းသာ ရှိမည်ဖြစ်ပြီး မည်သည့် အပိုထပ်ဆောင်း စရိတ်မျှ ပေးရန်မလိုဘဲ ရယူအသုံးပြုနိုင်မည်ဖြစ်သည်။
အသုံးပြုခွင့်အစီအစဉ် သုံးမျိုးလုံးအတွက် မိုဘိုင်းလ်အကျိုးအမြတ်များမှာလည်း မူလအတိုင်းရရှိမည် ဖြစ်ပြီး သုံးစွဲသူများမှာ ယခင်နှုန်းထားဖြင့် အောက်ဖော်ပြပါ နှိုင်းယှဉ် ဇယားအတိုင်း သုံးစွဲနိုင်မည် ဖြစ်သည်။
လက်ရှိအစီအစဉ်