×

၃၉၉ ကျပ်သာပေးသွင်းပြီး တစ်နေ့တာလုံး စိတ်ကြိုက်ဖုန်းခေါ်ဆိုနိုင်မည့် Daily Unlimited Voice Package MPT မှ မိတ်ဆက်

01 Nov 2016

ကြိုက်သလောက်ပြော၊ တစ်နေ့လုံး ……..၃၉၉ကျပ်

(ရန်ကုန်၊ ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၃၁ ) – မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ ဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) မှ တစ်ရက်လျှင် ၃၉၉ ကျပ်ပေးသွင်းရုံဖြင့် MPT ဖုန်းအချင်းချင်း စိတ်ကြိုက်ဖုန်းခေါ်ဆိုနိုင်မည့် အစီအစဉ်တစ်ခုကို မိတ်ဆက်ကြေညာလိုက်သည်။ MPT သုံးစွဲသူများသည် နေ့စဉ်သုံး အကန့်အသတ်မဲ့ ဖုန်းခေါ်ဆိုမှုအစီအစဉ်ကို ရယူကာ သုံးစွဲသူ သန်း၂၀ကျော်် ရှိနေပြီ ဖြစ်သည့် မြန်မာပြည်၏ အကြီးမားဆုံး ကွန်ရက်ပေါ်တွင် နေ့စဉ်အကန့်အသတ်မရှိ ဖုန်းပြောဆိုနိုင်တော့မည်ဖြစ်သည်။ MPT သုံးစွဲသူများသည် အဆိုပါ တစ်နေ့တာလုံး စိတ်ကြိုက်ဖုန်းခေါ်ဆိုနိုင်မည့် ပရိုမိုးရှင်းအစီအစဉ်ကို ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်ပြီး ပျော်ရွှင်စွာ ရယူအသုံးပြု နိုင်တော့မည်ဖြစ်သည်။

အဆိုပါအစီအစဉ်သစ်ကို MPT-GSM/WCDMA ဖုန်းအသုံးပြုသူများအားလုံး ရယူသုံးစွဲနိုင်မည်ဖြစ်သည်။ USSD ကုတ်နံပါတ်ဖြစ်သည့် *399# ကို ဖုန်းခေါ်ဆိုခြင်း (သို့မဟုတ်) 1332 သို့ VP1 ဟု စာတို ရိုက်နှိပ်ပေးပို့ခြင်းဖြင့် Daily Unlimited Voice Package များကိုရယူအသုံးပြုနိုင်မည်ဖြစ်သည်။ ဖုန်းနံပါတ် တစ်ခုသည် တစ်ရက်လျှင် Voice Pack တစ်ကြိမ်ဝယ်ယူရုံဖြင် တစ်နေ့တာလုံး (၀ယ်ယူသည့်နေ့၏ ညသန်းခေါင်ယံအချိန်အထိ) MPTဖုန်းအချင်းချင်းအကန့်အသတ်မရှိ ဖုန်းပြောနိုင်မည် ဖြစ်သည်။

MPT-KSGM Joint Operation ၏ Chief Commercial Officer ဖြစ်သူ Mr. Koichi Kawase က “အခုအစီအစဉ်သစ်ကြောင့် သုံးစွဲသူတွေအနေနဲ့ မိမိတို့ အပေါင်းအသင်းတွေနဲ့အတူ အကောင်းဆုံး ဖုန်းပြောဆို ဆက်သွယ် နိုင်တော့မှာပါ။ ပရိုမိုးရှင်း အစီအစဉ်ကို အသုံးပြုပြီး မိမိတို့ချစ်ခင်နှစ်သက်သူများနဲ့ ဖုန်းပြောဖို့ပဲဖြစ်စေ တစ်ယောက်ယောက်နဲ့ အကြာကြီးဖုန်းပြောဖို့ပဲဖြစ်စေ ဆောင်ရွက်နိုင်ကြလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ဒါကလည်း သုံးစွဲသူများရဲ့ကျေးဇူးကို ကျွန်တော်တို့ဘက်က ပြန်လည် တုံ့ပြန်တဲ့အနေနဲ့ ဆောင်ရွက်ပေးနေတဲ့ နည်းလမ်းများထဲက တစ်ခုပဲဖြစ်ပါတယ်။ တစ်ဖက်မှာလည်း နိုင်ငံရဲ့ အကျယ်ပြန့်ဆုံး မိုဘိုင်းကွန်ရက်ကနေ တစ်ဆင့် သုံးစွဲသူများအချင်းချင်း အဆက်အသွယ်မပျက်ရှိစေဖို့ ကျွန်တော်တို့ဘက်က ကြိုးပမ်းပေးနေတဲ့ ဆောင်ရွက်ချက်တစ်ခုလို့လည်း ဆိုနိုင်ပါတယ်။” ဟု ပြောကြားခဲ့သည်။

မှတ်ချက်။ အထက်ဖော်ပြပါစျေးနှုန်းများတွင် ကုန်သွယ်လုပ်ငန်းခွန် ၅% ထပ်ဆောင်းကောက်ခံသွားမည်ဖြစ်သည်။