×

3G 9+

900MHz Band ( 3G 9+) ကြောင့် MPT ရဲ့3G ကွန်ရက်က ဘယ်လိုပုံစံဖြစ်လာမှာလဲ။

MPT ရဲ့ကွန်ရက်မှာ 2.1GHz ကြိမ်နှုန်းဖြင့် 3G ၀န်ဆောင်မှုကို အသုံးပြုနိုင်ပြီး 900MHz ကြိမ်နှုန်းဖြင့် 2G ၀န်ဆောင်မှုကို ယခုလောလောဆယ်မှာ အသုံးပြုခွင့်ရနေပါတယ်။ အသစ်ထပ်မံအဆင့်မြင့်လိုက်သည့် 900MHz Band ကို တစ်နိုင်ငံလုံးမှာ ဖြန့်ကျက်ပြီး အဆင့်မြှင့်တင်ပေးထားတာကြောင့် ယခင်က 2G ၀န်ဆောင်မှုသာရရှိသော ဒေသများမှာ ယခုအခါတွင် 3G ၀န်ဆောင်မှုပါရရှိမှာဖြစ်လို့ အင်တာနက်ချိတ်ဆက်ရာမှ Eမှ H+ ၀န်ဆောင်မှုကိုရရှိမှာဖြစ်ပါတယ်။ 900MHz Band ကြောင့် MPT ရဲ့ 3G ကွန်ရက်ဟာ နိုု်င်ငံတစ်ဝှမ်းမှာ သိသိသာသာကျယ်ပြန့်လာနေပြီး လူဦးရေစုစုပေါင်းရဲ့ ၉၀% ကျော်ကို 3Gကွန်ရက်လွှမ်းခြုံပေးနို်င်မှာဖြစ်ပါတယ်။ MPTတာဝါတိုင်တွေနဲ့ဝေးကွာတဲ့နေရာဒေသတွေမှာတောင်မှ ပိုမိုကောင်းမွန်တဲ့ အသံနဲ့အင်တာနက်ဝန်ဆောင်မှုတွေကို ရယူနို်င်မှာဖြစ်ပါတယ်။

900MHz Band ရရှိတဲ့MPT ရဲ့3G ကွန်ယက်ကို ဘယ်အချိန်မှာ စတင်အသုံးပြုနို်င်မှာပါလဲ။

900MHz Band ကို ၂၀၁၆ခုနှစ်၊ ဇန်နဝါရီလကစပြီး စတင်ဖြန့်ကျက်ပေးခဲ့ပြီးဖေဖော်ဝါရီလ အစပိုင်းမှာ တစ်နို်င်ငံလုံးကိုကွန်ရက်ဖြန့်ကျက်မှုပြီးစီးခဲ့ပါတယ်။ အဆင့်မြှင့်တင်လို်က်တဲ့ 3G ကွန်ရက်မှ 3G ၀န်ဆောင်မှုကိုအပြည့်အဝအသုံံးပြုလိုပါက 3G ချိတ်ဆက်နိုင်တဲ့ SIM Slo1t ထဲတွင် MPT SIM Card ကို ထည့်ပြီးအသုံးပြုပါ။