MPT Myanmar | Moving Myanmar Forward 4 times benefit for 4 months mm - MPT Myanmar | Moving Myanmar Forward
×

“၄ လဆို ၄ဆနော်” ပရိုမိုးရှင်း

MPT Pay နဲ့ လစဉ်  ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက်ဘေလ်ပေးချေ၊ ၅၄၅၀ ကျပ်အထိ ပြန်အမ်းငွေတွေရယူလေ။

 ၂၀၂၂ မတ်လအထိ ရမှာနော်။

E-money ပြန်အမ်းငွေ

ပရိုမိုးရှင်း ကာလ

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ မှ ၂၀၂၂  ခုနှစ်၊ မတ်လအထိ

ပရိုမိုးရှင်းတွင်ပါဝင်နည်း!

၁။ MPT Pay သုံးစွဲသူ မဖြစ်သေးပါက အခုပဲ စာရင်းသွင်းလိုက်ပါ။

How to register MPT Pay

၂။ MPT Pay သုံးစွဲသူ ဖြစ်ပြီး Wallet ထဲတွင် ငွေမရှိပါက ငွေသွင်းနည်းကို ဤနေရာတွင် ကြည့်ပါ။

MPU Cash-in User Manual

MPU ကဒ်မှတစ်ဆင့် MPT Money သို့ငွေဖြည့်သွင်းရန်

Visa/Master-in User Manual

Visa/Master ကဒ်မှတစ်ဆင့် MPT Money သို့ငွေဖြည့်သွင်းရန်:

KBZ Cash-in User Manual

KBZ Mobile Banking

KBZ Internet Banking

AYA Cash-in User Manual

AYA Online banking မှတစ်ဆင့် MPT Money အကောင့်ထဲသို့ ငွေဖြည့်နိုင်ပါပြီ

CB Pay Direct Cash-in User Manual (Both Customer and Agent App)

MPT Pay Customer App မှတစ်ဆင့် CB Pay ဖြင့်ငွေသွင်းရန်

MPT Pay Agent App မှတစ်ဆင့် CB Pay ဖြင့်ငွေသွင်းရန်

Uabpay Cash-in User Manual

Uabpay တစ်ဆင့် MPT Pay သို့ငွေဖြည့်သွင်းရန်:

၃။ MPT Pay Wallet ထဲတွင် ငွေအလုံအလောက်ရှိပါက အောက်ပါအတိုင်း ဘေလ်ပေးဆောင်ပါ။

MPT Pay မှ တဆင့် အိမ်သုံးဖိုင်ဘာအင်တာနက် ဘေလ်ပေးဆောင်နည်း

MPT ရဲ့ အိမ်သုံးဖိုင်ဘာအင်တာနက် အကြောင်း ထပ်မံသိရှိလိုပါက

စည်းကမ်းသတ်မှတ်ချက်များ

  • လက်ရှိ MPT၏ ဒုံးပျံ အိမ်သုံးဖိုင်ဘာအင်တာနက်ဝန်ဆောင်မှု (မည်သည့်အစီအစဉ်မဆို) နှင့် MPT Pay အသုံးပြုနေသော သုံးစွဲသူများသည် ဤပရိုမိုးရှင်းတွင် ပါဝင်ဆင်နွှဲနိုင်ပါသည်။
  • ဤပရိုမိုးရှင်းအစီအ စဉ် တွင် ပါဝင်ရန် သုံးစွဲသူများသည်
    • လက်ရှိ MPT၏ ဒုံးပျံ အိမ်သုံးဖိုင်ဘာအင်တာနက်ဝန်ဆောင်မှုကို (မည်သည့်အစီအစဉ်မဆို) အသုံးပြုနေရပါမည်၊
    • MPT Pay အကောင့်ကို MPT ဆင်းမ်ကဒ်နံပါတ်ဖြင့်သာ အကောင့်ဖွင့်ထားရပါမည်၊
    • MPT Pay wallet မှတဆင့် FTTH ဘေလ်အပြည့် သို့မဟုတ် ခွဲ၍ပေးဆောင်ရန် လိုအပ်ပါသည်။
  • ပရိုမိုးရှင်း အတွက်အကျိုးကျေးဇူး
    • MPT Pay wallet မှတဆင့် FTTH ဘေလ်ပေးဆောင်သော ငွေပမာဏ၏ ၅ ရာခိုင်နှုန်း
    • e-money ပြန်အမ်းငွေ ကို MPT Pay wallet မှတဆင့် FTTH ဘေလ်ပေးဆောင်ပြီး ရုံးဖွင့်ရက် ၃ ရက်အတွင်း ရရှိမည်ဖြစ်ပြီး စာတိုပေးပို့၍ အကြောင်းကြားပါမည်။
    • ငွေစာရင်းအမှတ် (Account Code) ၁ ခုအတွက် ငွေပေးချေမှုအကြိမ်ရေများစွာ ပြုလုပ်နိုင်ပြီး ဝယ်ယူထားသော ဒုံးပျံ အစီအစဉ် (bandwidth Mbps) ငွေပမာဏ တန်ဖိုး ၏ ၅ ရာခိုင်နှုန်းအထိ အများဆုံး ခံစားနိုင်ပါသည်။

  • အကျုံးမ၀င်မှု
    • MPT Pay ၏ ကိုယ်စားလှယ်များ သို့မဟုတ် ကုန်သည်အကောင့်မှတစ်ဆင့် FTTH ဘေလ် ပေးဆောင်မှု
    • မိုဘိုင်းလ်ဘဏ်လုပ်ငန်း သို့မဟုတ် MPT အရောင်းဆိုင်များကဲ့သို့ အခြားသော လမ်းကြောင်းများမှ FTTH ဘေလ်ပေးဆောင်မှု
  • ဤပရိုမိုးရှင်းအစီအစဥ်တွင် အကျုံး၀င်မ၀င် ဆုံးဖြတ်ပေးရန်အတွက် MPT မှ MPT Pay သို့ သင့်၏ အောက်ပါ အချက်အလက်များကို ပေးပို့မည် ဖြစ်ပါသည်။
    • e-money ပြန်အမ်းငွေ အတွက် အသုံးပြုသူ၏ ဖုန်းနံပါတ် နှင့် e-money ပြန်အမ်းငွေ အကျုံး၀င်မှု
  • ဤပရိုမိုးရှင်းအစီအစဉ်ကို MPT မှ မည်သည့်အကြောင်းပြချက်နှင့်မဆို ရုပ်သိမ်း (သို့) ပြောင်းလဲ ပိုင်ခွင့်ရှိသည်။

မေးခွန်းများ

၁။ ဤပရိုမိုးရှင်း ကို ဘယ်လို ပါ၀င်ဆင်နွှဲရမလဲ။

  • ဤပရိုမိုးရှင်းအစီအစဉ် တွင် ပါဝင်ရန် သုံးစွဲသူများသည်
    • လက်ရှိ MPT၏ ဒုံးပျံ အိမ်သုံးဖိုင်ဘာအင်တာနက်ဝန်ဆောင်မှုကို (မည်သည့်အစီအစဉ်မဆို) အသုံးပြုနေရပါမည်၊
    • MPT Pay အကောင့်ကို MPT ဆင်းမ်ကဒ်နံပါတ်ဖြင့်သာ အကောင့်ဖွင့်ထားရပါမည်၊
    • MPT Pay wallet မှတဆင့် FTTH ဘေလ်အပြည့် သို့မဟုတ် ခွဲ၍ပေးဆောင်ရန် လိုအပ်ပါသည်။

၂။ ဤပရိုမိုးရှင်း မှာ ဘယ်သူတွေ အကျုံး၀င်နိုင်ပါသလဲ။

လက်ရှိ MPT ၏ ဒုံးပျံ အိမ်သုံး ဖိုင်ဘာအင်တာနက်ဝန်ဆောင်မှု နှင့် MPT Pay အသုံးပြုနေသော သုံးစွဲသူများသည် ဤပရိုမိုးရှင်းတွင် ပါဝင်ဆင်နွှဲနိုင်ပါသည်။ MPT Pay သုံးစွဲသူများသည် MPT Pay အကောင့် ကို MPT ဆင်းမ်ကဒ်နံပါတ်ဖြင့် သာအကောင့်ဖွင့်ထား ရပါမည်။

၃။ MPT Pay မှတစ်ဆင့် FTTH ဘေလ်ပေးဆောင်ပါက ဝန်ဆောင်မှုစရိတ်များ ပေးဆောင်ရန် လိုအပ်ပါသလား။

မလိုပါ။ သင်သည် MPT Pay မှတစ်ဆင့် FTTH ဘေလ်ပေးဆောင်မှုကို အခမဲ့ပြုလုပ်နိုင်ပါသည်။

၄။ ကျွန်ုပ်သည် MPT Pay ကို MPT ဆင်းမ်ကတ်မဟုတ်သော ဆင်းမ်ကတ်ဖြင့် မှတ်ပုံတင်ထားပြီး၊ MPT Pay မှတစ်ဆင့် FTTH ဘေလ်ပေးဆောင်ပါက e-money ပြန်အမ်းငွေ ရနိုင်ပါသလား။

မရပါ။ MPT Pay ကို MPT ဆင်းမ်ကတ်ဖြင့် မှတ်ပုံတင်ပြီး FTTH ဘေလ်ပေးဆောင်သော သုံးစွဲသူများသာလျှင် ပရိုမိုးရှင်းကာလအတွင်း e-money ပြန်အမ်းငွေကို ခံစားနိုင်မည်ဖြစ်သည်။

၅။ ရရှိသည့် e-money ပြန်အမ်းငွေကို ထုတ်ယူလို့ရပါသလား။

e-money ပြန်အမ်းငွေကိုထုတ်ယူနိုင်သလို e-money ပြန်အမ်းငွေနဲ့ ဖုန်းငွေဖြည့်ခြင်း၊ ဒေတာဝယ်ယူခြင်း၊ စျေးဝယ်နိုင်ခြင်း၊ ဘေလ်များ ပေးဆောင်ခြင်းများလည်းပြုလုပ်နိုင်ပါတယ်။