×

Auto Internet Service

“Dear MPT customer, you will receive internet settings on your phone, please accept. If asked for a PIN, please use 3333.” ဆိုတဲ့ စာတိုကို လက်ခံရရှိပါတယ်။ အဲဒီစာက ဘာလဲ။

Internet Setting ကိုရယူနိုင်ရန် မိတ်ဆက်သော စာတိုဖြစ်ပါတယ်။

“Dear MPT customer, your handset is not configurable remotely. Please ensure your APN is set to "mptnet". Call 106 for assistance.” ဆိုတဲ့ စာတိုကို လက်ခံရရှိပါတယ်။ အဲဒီစာက ဘာလဲ။

အချို့သော မိုဘိုင်းဟန်းဆက်များမှာ APN Setting ကို အလိုလျှောက်ရယူနိုင်ခြင်းမရနိုင်ပါ။ ဒါကြောင့် APN Setting ကို ကိုယ်တိုင် ရိုက်နှိပ်ပြီး ရယူရမှာဖြစ်ပါတယ်။ အကယ်၍ မိုဘိုင်းဖုန်းအသုံးပြုသူဟာ APN Setting မည်သို့ ချိန်ရမည်ကို မသိရှိပါက ဖုန်းနံပါတ် ၁၀၆သို့ ခေါ်ဆိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Internet Setting ၀န်ဆောင်မှုကို ဘယ်သူတွေက အကျုံးဝင်ပါသလဲ။

MPT GSM/WCDMA မိုဘိုင်းဖုန်းအသုံးပြုသူအားလုံးအကျုံးဝင်ပါတယ်။

CDMA မိုဘိုင်းအင်တာနက်အသုံးပြုသူများ Internet Setting ၀န်ဆောင်မှုကို ရယူနိုင်ပါသလား။

Internet Setting ကို CDMA မိုဘိုင်းအင်တာနက်အသုံးပြုသူများ ရယူနိုင်ခြင်းမရှိသေးပါ။

သုံးစွဲသူအနေဖြင့် ဆင်းကတ်အသစ်လဲခြင်း/ IMSI ပြုလုပ်ခြင်း/ ဖုန်းလဲခြင်းများပြုလုပ်ပါက Auto APN ၀န်ဆောင်မှုကို ရယူနိုင်ပါလား။

အကယ်၍ သုံးစွဲသူအနေဖြင့် ဆင်းကတ်အသစ်လဲခြင်း/ IMSI ပြုလုပ်ခြင်း/ ဖုန်းလဲခြင်းများပြုလုပ်ပါက APN Setting ကို သုံးစွဲသူထံ နောက်တစ်ကြိမ်ပြန်လည်ပေးပို့ပေးမှာဖြစ်ပါတယ်။

ယခုရရှိမည့် Internet Setting ၀န်ဆောင်မှုအတွက် ၀န်ဆောင်ခပေးရမှာလား။

မည်သည့်ဝန်ဆောင်ခမှ ပေးစရာမလိုပါ။

“Thank you, your request is being processed. If you receive internet settings on your phone, please accept. If asked for a PIN, please use 3333.” ဆိုတဲ့ စာတိုကို လက်ခံရရှိပါတယ်။ အဲဒီစာက ဘာလဲ။

အဆိုပါ စာတိုကို နှိပ်ခြင်းအားဖြင့် APN setting ကိုအလိုလျှောက်ရယူနိုင်ကြောင်း အသိပေးသည့် စာတိုဖြစ်ပါတယ်။

အင်တာနက်ကို မသုံးချင်တော့ရင် ဘယ်လိုလုပ်ရမလဲ။

APN Setting ထဲမှ “mptnet” ကို ဖျက်ရမှာဖြစ်ပါတယ်။

MPT GSM/WCDMA ဖုန်းအသုံးပြုတဲ့သူတွေ Internet Setting service ရဖို့ ဘယ်လိုလုပ်မလဲ။

MPT ဆင်းကတ်အသစ်ကို စတင်အသုံးပြုခြင်း (သို့) 6006 သို့ APN ဟု ရိုက်နှိပ်ပြီး
SMS အခမဲ့ပေးပို့၍လည်း ရယူနိုင်ပါသည်။

လက်ရှိ MPT (GSM/WCDMA/CDMA) မိုဘိုင်းအသုံးပြုသူများအနေဖြင့် APN Setting ချိန်ထားခြင်းမရှိသေးပါက ယခု ၀န်ဆောင်မှုပေးသည့် Internet Setting ၀န်ဆောင်မှုကို ရယူနိုင်ပါသလား။

သင်ရဲ့ မိုဘိုင်းဖုန်းကို ပိတ်ပြီး ပြန်ဖွင့်ခြင်းအားဖြင့် Internet Setting ၀န်ဆောင်မှုကို ရယူနိုင်ခြင်း (သို့) 6006 သို့ APN ဟု ရိုက်နှိပ်ပြီး
SMS အခမဲ့ပေးပို့၍လည်း ရယူနိုင်ပါသည်။
သုံးစွဲသူအနေဖြင့် ဆင်းကတ်အသစ်လဲခြင်း/ IMSI ပြုလုပ်ခြင်း/ ဖုန်းလဲခြင်းများပြုလုပ်ပါက Auto APN ၀န်ဆောင်မှုကို ရယူနိုင်ပါလား။
အကယ်၍ သုံးစွဲသူအနေဖြင့် ဆင်းကတ်အသစ်လဲခြင်း/ IMSI ပြုလုပ်ခြင်း/ ဖုန်းလဲခြင်းများပြုလုပ်ပါက APN Setting ကို သုံးစွဲသူထံ နောက်တစ်ကြိမ်ပြန်လည်ပေးပို့ပေးမှာဖြစ်ပါတယ်။

မိုဘိုင်းအင်တာနဲ့ချိတ်ဆက်မှု အတွက် ကနဦးဝန်ဆောင်ခ ကျပ်၁၀၀၀၀ ပေးစရာလိုပါသလား

မိုဘိုင်းအင်တာနက်ချိတ်ဆက်မှုအတွက် မည်သည့် ၀န်ဆောင်ခမျှ ပေးရန်မလိုပါ။