×

ကိုုယ့်ဖုုန်းထဲကိုယ် မှားယွင်းပြီး ဘီလ်ပြန်လွှဲမိကြတဲ့ MPT သုုံးစွဲသူတွေရဲ့ အားပေးမှုကို တန်ဖိုုးထားလေးစားတဲ့အတွက် MPT မှ ဝန်ဆောင်ခ ၅% များကို ပြန်လည်ဖြည့်သွင်းပေးခဲ့

09 Jan 2016

ရန်ကုန်၊ မြန်မာ၊ ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၉ ရက် – မြန်မာနိုုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာတစ်ဦး ဖြစ်သော မြန်မာ့ ဆက်သွယ်ရေး လုုပ်ငန်း (MPT) မှ MPT ကိုအသုံးပြူသောမိဘပြည်သူများအား အစဉ်အမြဲအားပေး သုံးစွဲသည့်အတွက် တန်ဖိုးထားလေးစားသောအားဖြင့် လက်ကျန်ငွေလွှဲပြောင်းခြင်းဝန်ဆောင်မှုကို အသုုံးပြုပြီး မိမိဖုုန်းသိုု့ပြန်လည် ဘီလ်လွှဲပြောင်းမိသော MPT အသုုံးပြုသူများအား ၄င်းတိုု့ပေးဆောင်ထားရသည့် လွှဲပြောင်းခြင်းဝန်ဆောင်ခ ၅% ကို ၄င်းတို့၏ဖုန်းများသုုိ့ ပြန်လည်ဖြည့်သွင်းပေးအပ်ခဲ့ကြောင်း သတင်းထုုတ်ပြန် ကြေငြာခဲ့သည်။

MPT သည် သုုံးစွဲသူများ အလွန်စိတ်ဝင်စားခဲ့သည့် ဖုုန်းအချင်းချင်း လက်ကျန်ငွေလွှဲပြောင်းပေးခြင်း ဝန်ဆောင်မှုကို မကြာသေးမီက စတင်ခဲ့ပြီး သုုံးစွဲသူအများအပြားကလည်း ဝန်ဆောင်မှု စတင်ရရှိသည့်အချိန်မှစ၍ မိမိတိုု့အချင်းချင်း ဖုန်းငွေလွှဲပြောင်းပေးခြင်းများကိုု ပြုလုုပ်ခဲ့ကြသည်။ ဤဝန်ဆောင်မှုသည် MPT သုုံးစွဲသူများအကြား သူငယ်ချင်းများနှင့် မိသားစုုများထံသိုု့ လိုုအပ်ချိန်တွင် လက်ကျန်ငွေလွှဲပြောင်းပေးနိုုင်ရန် ပြုလုုပ်ထားသည့် ဝန်ဆောင်မှုဖြစ်ပြီး အချို့သော သုုံးစွဲသူများက မိမိဖုုန်းထံသိုု့ မိမိဘာသာ လက်ကျန်ငွေလွှဲပြောင်းခြင်းကိုု စမ်းသပ်ပြုလုပ်ခဲ့ကြရာ ထုုိသိုု့ပြုလုပ်ရာတွင် တစ်ကြိမ်ပြုလုုပ်တိုုင်း MPT မှ လွှဲပြောင်းမှုအတွက်ဝန်ဆောင်ခ ၅% ဖြတ်တောက်ခြင်းကို သတိမပြုမိ ကြဘဲ စမ်းသပ်ခဲ့မိကြသည်။ ထိုုသုုိ့ မှားယွင်းစမ်းသပ်ရာမှ ဖုုန်းဘီလ်ထဲမှ ဝန်ဆောင်ခကို ဖြတ်တောက်ခံခဲ့ရသူများအတွက် MPT မှ ဝန်ဆောင်မှု ၅%ကို ၄င်းတို့၏ ဖုန်းများသို့ ပြန်လည်ဖြည့်သွင်းပေးခဲ့ပြီးဖြစ်သည်။

MPT-KSGM Joint Operation ၏ Chief Commercial Officer ဖြစ်သူ Mr.Koichi Kawase က “ကျွန်တော်တုုိ့ MPT အနေနဲ့ သုုံးစွဲသူတွေက အမြဲတမ်း စိတ်ဝင်စားစရာကောင်းတဲ့ ဝန်ဆောင်မှုတွေကိုု လိုုချင်ကြတယ်ဆိုုတာ သိပါတယ်။ အစဉ်အမြဲသုုံးစွဲလာကြတဲ့ ပြည်သူတွေရဲ့ အားပေးမှုကိုုလည်း တန်ဖိုုးထားလေးစားတဲ့အတွက် ဒီ လက်ကျန်ငွေလွှဲတဲ့ ဝန်ဆောင်မှုကိုု စမ်းသပ်ရင်း ကိုုယ့်ဖုုန်းထဲကိုုယ် ဘီလ်ပြန်လွှဲမိကြတဲ့ သုုံးစွဲသူတွေရဲ့ ဖုုန်းတွေထဲကိုု အခုုလိုုမျိုး ဝန်ဆောင်ခ ၅% ကိုု ပြန်ပြီးထည့်ပေးတာပါ၊ MPT သုုံးစွဲသူတွေတိုုင်းကိုု ကျွန်တော်တုုိ့က အလေးထားပါတယ်။ ဝန်ဆောင်မှု အသစ်ကိုု အသုုံးပြုရာမှာလည်း နစ်နာမှုတစ်စုုံတရာမရှိဘဲ ပျော်ပျော်ရွှင်ရွှင်သုုံးစွဲစေချင်ပါတယ်” ဟုု ပြောသည်။

MPT ၏ ကြိုတင်ငွေဖြည့်ခြင်းဝန်ဆောင်မှုကို သုုံးစွဲသူများအနေဖြင့် အခြား MPT ကြိုတင်ငွေဖြည့်ခြင်းဝန်ဆောင်မှုကို သုုံးစွဲသူထံသို့ အနည်းဆုုံး လက်ကျန်ငွေ ၃ဝဝကျပ်မှ အများဆုုံး ၁ သောင်းကျပ်အထိ ဘီလ်လွှဲပိုု့ပေးနုုိင်ပြီး လွှဲပြောင်းမှုတစ်ခုုချင်းစီအတွက် လွှဲပြောင်းပေးသူ၏ လက်ကျန်ငွေထဲမှ ဝန်ဆောင်ခ ၅% ကိုု ဖြတ်တောက် သွားမည်ဖြစ်သည်။

မည်သည့် MPT GSM/WCDMA ကြိုတင်ငွေဖြည့်ခြင်းဝန်ဆောင်မှုစနစ်သုုံးစွဲသူတိုုင်းမဆိုု အောက်ပါ နံပါတ်များကိုု ခေါ်ဆိုုခြင်းဖြင့် လက်ကျန်ငွေလွှဲပြောင်းသည့် ဝန်ဆောင်မှုကိုု အသုုံးပြုနိုုင်မည်ဖြစ်သည်။

*223*လွှဲပြောင်းပေးလိုုသည့်ပမာဏ*လွှဲပြောင်းပေးလိုုသည့်ဖုုန်းနံပါတ်# [send]

MPT ၏ တရားဝင်ဝက်ဆိုဒ်ဖြစ်သည့် https://www.mpt.com.mm/ နှင့် ဖေ့စ်ဘုုတ်စာမျက်နှာ (https://www.facebook.com/mptofficialpage/) တို့တွင်လည်းကောင်း၊ LINE ရှိ MPT တရားဝင်အကောင့်မှလည်းကောင်း နောက်ဆုုံးရသတင်းများ၊ ဝန်ဆောင်မှုများ နှင့်အထူးအစီအစဉ်များ အကြောင်းကိုု အချိန်နှင့်တပြေးညီ ဖော်ပြပေးလျက်ရှိသည်။ သုုံးစွဲသူများအနေဖြင့် ဝန်ဆောင်မှုများနှင့် ပတ်သက်သည်များကိုု မေးမြန်းနိုုင်ရန် MPT Call Center နံပါတ် 106 သိုု့လည်း အချိန်မရွေးမေးမြန်းနိုုင်မည်ဖြစ်သည်။ မှန်ကန်တိကျမှုရှိသော နောက်ဆုုံးသတင်းများကိုု သိရှိနိုုင်ရန် တရားဝင်စာမျက်နှာများဖြစ်သည့် ဝက်ဆိုုက်၊ ဖေ့စ်ဘုုတ်နှင့် LINE တိုု့တွင် ဝင်ရောက် ကြည့်ရှုလေ့လာရန် ဖိတ်ခေါ်ပါသည်။