Promotions » A Kyite Pyaw + Voice Pack
A Kyite Pyaw + Voice Pack
၁။ အကြိုက်ပြော+ Voice Pack ဆိုတာဘာလဲ။
အကြိုက်ပြော+ Voice Pack ဆိုတာ MPT မှ သုံးစွဲသူတွေအတွက် ပေးထားတဲ့ အစီအစဉ်သစ်တစ်ခုပါ။ *600# ကို ခေါ်ဆိုခြင်းဖြင့် ဝယ်ယူရရှိနိုင်ပါတယ်။
အမည် | နှုန်းထား | မိနစ် | အသုံးပြုနိုင်ပုံ | သက်တမ်း | ဝယ်ယူရန် | တိုက်ရိုက် ဝယ်ယူရန် |
၇ရက်သုံး အကြိုက်ပြော Voice Pack | ၈၅၀ ကျပ် | ၁၃၅ မိနစ် | MPT အချင်းချင်း ဖုန်းခေါ်ဆိုခြင်း (ကြိုးဖုန်းအပါအဝင်) | ၇ ရက် | *600#
| *600*3# |
၃၀ရက်သုံး အကြိုက်ပြော Voice Pack | ၁၅၀၀ ကျပ် | ၂၃၈ မိနစ် | MPT အချင်းချင်း ဖုန်းခေါ်ဆိုခြင်း (ကြိုးဖုန်းအပါအဝင်) | ၃၀ ရက် | *600#
| *600*2# |
၉၀ ရက်သုံး အကြိုက်ပြော Voice Pack | ၃၉ ၀၀ ကျပ် | ၆၁၉ မိနစ် | MPT အချင်းချင်း ဖုန်းခေါ်ဆိုခြင်း (ကြိုးဖုန်းအပါအဝင်) | ၉၀ ရက် | *600#
| *600*1# |
၂။ ဒီ pack နဲ့အခြား အော်ပရေတာတွေကို ဖုန်းခေါ်လို့ရနိုင်မှာလား။
မရနိုင်ပါဘူး။ MPT ဖုန်းနံပါတ်အချင်းချင်း ခေါ်ဆိုခြင်းသာ ပြုလုပ်နိုင်ပါသည်။
၃။ အကြိုက်ပြော+ Voice Pack အပြင် ၃၉၉ကျပ် voice pack ကိုလည်းဝယ်ယူထားပါတယ်။ ဘယ် package ထဲကအရင်ဖြတ်မှာပါလဲ။
၃၉၉ ကျပ် Voice Pack ၏ အသုံးပြုနိုင်သောသက်တမ်းမှာ ပိုနည်းသောကြောင့် ၃၉၉ ကျပ် Voice Pack ထဲက အရင်ဖြတ်မှာဖြစ်ပါသည်။ ပြီးမှ အကြိုက်ပြော+ Voice Pack ထဲမှ ဖြတ်သွားမှာဖြစ်ပါသည်။
၄။ အကြိုက်ပြော+ Voice Pack ကိုအကြိမ်ရေ မည်မျှဝယ်ယူနိုင်မည်နည်း။
အကြိုက်ပြော+ Voice Pack ကို စိတ်ကြိုက် ဝယ်ယူနိုင်ပါပြီ။
၅။ ယခင် အကြိုက်ပြော+ Voice Pack ရဲ့မိနစ်နဲ့သက်တမ်းကျန်ရှိချိန်မှာ နောက်ထပ် အကြိုက်ပြော+ Voice Pack ကိုဝယ်ယူပါက မည်သို့ဖြစ်မည်နည်း။
မိနစ်နဲ့သက်တမ်းသည် ပေါင်းစည်းသွားမှာမဟုတ်ပါ။ ဝယ်ယူထားသော အကြိုက်ပြော+ Voice Pack
တစ်ခုချင်းစီသည် ယင်းတို့၏ သတ်မှတ်သက်တမ်းကုန်ဆုံးချိန်တွင် အသီးသီး ကုန်ဆုံးပါမည်။
၆။ အကြိုက်ပြော+ Voice Pack သည် သက်တမ်းကုန်လွန်သွားသည့်အခါ အလိုအလျောက် သက်တမ်းတိုးပါသလား။
အကြိုက်ပြော+ Voice Pack သည် သက်တမ်းကုန်လွန်သွားသည့်အခါ အလိုအလျောက် သက်တမ်းမတိုးပါ။ အသစ်တစ်ဖန်ဝယ်ယူလိုပါက *600# ကို ခေါ်ဆိုပါ။