MPT Myanmar | Moving Myanmar Forward A Lann Sar Friday Lucky Draw Terms and Conditions mm - MPT Myanmar | Moving Myanmar Forward
×
mptofficialpage
mpt

စည်းကမ်းသတ်မှတ်ချက်များ

၁) ဤကံစမ်းမဲအစီအစဉ်တွင် MPT ဝန်ထမ်းများမှအပ မည်သူမဆို ပါဝင်ဆင်နွှဲခွင့်ရှိပါသည်။

၂) ပါဝင်ဆင်နွှဲလိုသူသည် MPT – Facebook Page အား Like & Follow ပြုလုပ်ထားသူ ဖြစ်ရပါမည်။

၃) အပတ်စဉ် ရွေးချယ်ခံရသူများသည် MPT SIM Card ကိုင်ဆောင်သောသူဖြစ်ရမည်။ ထိုဆင်းကတ်ဖြင့် ဆက်သွယ်၍ ဆုကိုထုတ်ယူနိုင်ပါသည်။

၄) ပါဝင်ဆင်နွှဲလိုသူများသည် MPT မှ “A Lann Sar Friday” ပက်ကေ့ချ်ကို ဝယ်ယူပြီး MPT မှ ဝယ်ယူပြီးကြောင်း ပေးပို့ထားသော စာတို (မတ်ဆေ့) ကို Screenshot ရိုက်၍ “A Lann Sar Friday” Facebook ပို့စ်အောက်တွင် Comment ပေးပို့ရမည်ဖြစ်ပါသည်။ Screenshot များပေးပို့ရာတွင် မိမိ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များ မပေါက်ကြားစေရန်Screenshot တွင်ပါရှိသည့် ဖုန်းနံပါတ်နောက်ဆုံး (၃) လုံးကို ဖျက်၍ ပေးပို့နိုင်ပါသည်။

၅) ပါဝင်ဆင်နွှဲရာတွင် Screenshot မှ လွဲ၍ အခြားစကားလုံးများ ရေးသားဖော်ပြခဲ့ပါက ကံစမ်းမဲအစီအစဉ်တွင် ထည့်သွင်း စဉ်းစားမည်မဟုတ်ပါ။

၆) ပါဝင်ဆင်နွှဲသော Screenshot များသည် မိမိကိုယ်ပိုင် Screenshot ဖြစ်ရမည် ဖြစ်ပြီး မထင်မရှားပုံများ၊ မသင့်လျော်သော ပုံများ၊ အင်တာနက်မှ ကူးထားသောပုံများ၊ Photoshop ဖြင့်ပြုပြင်ထားသော ပုံများဖြင့် ပါဝင်ဆင်နွှဲခဲ့ပါက ကံစမ်းမဲ အစီအစဉ်တွင် ထည့်သွင်း စဉ်းစားမည်မဟုတ်ပါ။

၇) ပါဝင်ဆင်နွဲလိုသောသူများသည် သောကြာနေ့တိုင်းတွင် ပြုလုပ်သည့် ‘A Lann Sar Friday’ Screenshot များအား ပြိုင်ပွဲကာလဖြစ်သည့် စက်တင်ဘာလ (၂) ရက်၊ (၉) ရက်၊ (၁၆) ရက်၊ (၂၃) ရက်နေ့များတွင် မနက် ၀၀း၀၀ နာရီမှ ည ၁၁:၅၉:၅၉ နာရီ အထိ ပေးပို့နိုင်ပါသည်။

၈) ပါဝင်ဆင်နွှဲသော သူများ၏ Facebook account သည် Profile အစစ်ဖြစ်ရမည်။

၉) A Lann Sar Su___A Lann Sar Friday lucky draw အစီအစဉ်တွင် ပါဝင်ရန် ‘A Lann Sar Friday’ ပက်ကေ့ချ်များကို သောကြာနေ့ (၂၄) နာရီအတွင်း စိတ်ကြိုက်ဝယ်ယူ ကံစမ်းနိုင်ပါသည်။

၁၀) အစီအစဉ်တွင် ပါဝင်ဆင်နွှဲနိုင်သော အချိန်ကာလနှင့် ဆုရရှိသည့် ကံထူးရှင်များကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းတွင် MPT ၏ Official Facebook Page၊ MPT Myanmar Viber Community နှင့် MPT Telegram Channel များတွင် ကြေညာ ပေးသွားမည် ဖြစ်ပါသည်။

၁၁) ရရှိလာသော ပါဝင်ဆင်နွှဲသည့် Screenshot များအားလုံးကို MPT မှ စိစစ်လက်ခံပေးသွားမည်ဖြစ်ပြီး Screenshot ပုံများ ထဲမှ ကံထူးရှင်များကို မဲနှိုက်၍ ရွေးချယ်ပေးသွားမည်ဖြစ်ပါသည်။

၁၂) “A Lann Sar Friday” ကံစမ်းမဲကာလမှာ စက်တင်ဘာလ (၂) ရက်နေ့မှ စက်တင်ဘာလ (၂၃) ရက်နေ့အထိ ဖြစ်ပါသည်။

၁၃) ကံစမ်းမဲအစီအစဉ် ကာလအတွင်း ကံထူးရှင် စုစုပေါင်း အယောက် (၂၅) ရွေးချယ်သွားမည်ဖြစ်ပြီး ကံထူးရှင်များအား iPad Air 5၊ Apple Watch Series 7၊ Beats Fit Pro များကို ချီးမြှင့်ပေးမည်ဖြစ်ပါသည်။

၁၄) ဆုများကို မိမိကိုယ်တိုင် လက်ခံရယူရမည်ဖြစ်သည်။ အကယ်၍ မိမိကိုယ်တိုင် ထုတ်ယူရန် အခက်အခဲ ရှိပါက ကိုယ်စား ထုတ်ယူမည့် ပုဂ္ဂိုလ်၏ ဓာတ်ပုံ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား၊ ဖုန်းနံပါတ်ကို ဆုမထုတ်ယူမှီ (၅) ရက် ကြိုတင်၍ MPT ၏ Facebook page messenger မှ တစ်ဆင့် အကြောင်းကြားထားရမည်ဖြစ်ပါသည်။

၁၅) MPT သည် “A Lann Sar Friday” ကံစမ်းမဲအစီအစဉ်တွင် ပါဝင်ဆင်နွှဲသည့် သက်ဆိုင်ရာ ပုံများအားလုံးအတွက် ပိုင်ရှင်မှ ခွင့်ပြုပြီးဖြစ်သည်ဟု မှတ်ယူမည်ဖြစ်ပြီး အခြေအနေအမျိုးမျိုး၌ သုံးစွဲခွင့်ရှိသည်ဟု ယူဆပါမည်။

၁၆) ဆုရရှိကြောင်း အကြောင်းကြားစာများအား အစီအစဉ်တွင်ပါဝင်သူများ၏ Chat box မှ တစ်ဆင့် ပေးပို့ပေးသွားမည်ဖြစ်ပြီး လက်ခံရရှိသူသည် (၆) နာရီအတွင်း ပြန်လည်အကြောင်းကြားရပါမည်။

(၁၇) သတ်မှတ်ချိန်အတွင်း ပြန်လည်အကြောင်းကြားရန် ပျက်ကွက်သူများအား ကံထူးသူစာရင်းမှ အလိုအလျောက် ပယ်ဖျက်သွားမည် ဖြစ်သည် ။

၁၈) ကံထူးရှင်များသည် မိမိလက်ခံရရှိသည့်ဆုနှင့်တကွ MPT မှ ဓာတ်ပုံမှတ်တမ်း ရိုက်ယူခြင်းကို လက်ခံနိုင်ရပါမည်။

၁၉) အငြင်းပွားဖွယ် တစ်စုံတစ်ရာဖြစ်ပေါ်လာလျှင် MPT ၏ ဆုံးဖြတ်ချက်သည်သာ အတည်ဖြစ်ပါသည်။