×

CSR ACTIVITIES

RECENT


သန့်ရှင်းပြည့်ဖြိုးရေအကျိုး အစီအစဉ်မှတစ်ဆင့် ပိုမိုများပြားသည့် လူမှုအသိုက်အဝန်းများ အတွက် သန့်ရှင်းသော သောက်သုံးရေကို MPT က ဖြည့်ဆည်းပေး

29 Jan 2019
(ရန်ကုန်၊ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂၉ ) - မြန်မာ့ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ MPT က မိတ်ဖက် လူမှုအဖွဲ့အစည်းများဖြစ်သော Network Activities Group (NAG) ၊ Bridge Asia Japan (BAJ) တို့နှင့်အတူ လက်တွဲပူးပေါင်း၍ သောက်သုံးရေရရှိရန် အခက်အခဲကြုံနေရသည့် ဒေသများမှ လူမှုအသိုက်အဝန်းများအတွက် “သန့်ရှင်းပြည့်ဖြိုးရေအကျိုးအစီအစဉ်” ကို ဆောင်ရွက်ခြင်းဖြင့် သန့်ရှင်းသော သောက်သုံးရေရရှိစေရန် ဆောင်ရွက်ပေးခြင်းနှင့် ၎င်းဒေသအတွင်းရှိပြည်သူများ ကျန်းမာရေးပိုမိုတိုးတက် ကောင်းမွန်လာစေရန် ဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်လိုက်သည်။ ယခုအစီအစဉ်တွင် စက်ရေတွင်းများတူးဖော်ခြင်းနှင့် တည်ဆောက်ခြင်း အစီအစဉ်များပါဝင်မည်ဖြစ်ရာ လူပေါင်း ၄,၅၀၀ ကျော် အတွက် သန့်စင်သော သောက်သုံးရေကို ထောက်ပံ့နိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံအတွင်းရှိ အချို့သောဒေသများတွင် ရေရှားပါးပြတ်လပ်မှု (သို့) ရေအရင်းမြစ်လုံလောက်စွာ မရရှိမှုများ စသည့် အခက်အခဲများနှ...