×

CSR ACTIVITIES

RECENT


ရေရှားပါးမှုဒဏ် ခံစားနေရသည့် ညောင်ဦးရှိဒေသခံ ကျေးရွာနေပြည်သူများသို့ MPT က စက်ရေတွင်း လွှဲပြောင်းပေးအပ်

25 Apr 2018
(ရန်ကုန်၊ ၂၀၁၈ ခုနှစ်၊ ဧပြီလ ၂၅ရက်) – MPT က “နှလုံးသားထဲက မြန်မာ” လူမှုအကျိုးပြုလှုပ်ရှားမှု လုပ်ငန်း၏ အစိတ်အပိုင်းတစ်ခုအဖြစ် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်ရှိ လက်ပံပင်တဲတိုက်၊ ညောင်ပင်ကန်ကျေးရွာတွင် ဒေသခံများသို့ စက်ရေတွင်းလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ဧပြီလ ၂၄ ရက်နေ့က ကျင်းပခဲ့ပါသည်။ MPT ၏ “သန့်ရှင်းပြည့်ဖြိုးရေအကျိုး” အစီအစဉ်သည် နိုင်ငံတစ်ဝှမ်းရေရှားပါးမှုဒဏ်ကို တွေ့ကြုံခံစားနေရသည့် ဒေသခံများအတွက် ရေတွင်းတူးဖော်ခြင်း၊ ရေလှောင်ကန်များ တည်ဆောက်ပေးတို့ကို ဆောင်ရွက်ပြီး ရည်ရှည်တည်တံ့သည့် သောက်သုံးရေရရှိနိုင်ရေးကို လုပ်ဆောင်နေသည့် အစီအစဉ်တစ်ခုလည်း ဖြစ်ပါသည်။ အဆိုပါအစီအစဉ်ကို ဆောင်ရွက်ခြင်းအားဖြင့် ညောင်ဦးမြို့နယ်ရှိ ဒေသခံပြည်သူများအနေဖြင့် ယခင်ကထက် ရေကို ပိုမိုတွင်ကျယ်စွာ သုံးစွဲလာနိုင်ပြီး ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတွင်လည်း ပိုမိုတိုးတက်လာမည် ဖြစ်ပါသည်။ MPT အနေဖြင့် မြန...