×

CSR ACTIVITIES

RECENT


ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ကျင်းပခဲ့သည့် ဗုဒ္ဓါဘိသေကအနေကဇာတင်မဟာမင်္ဂလာ နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ မင်္ဂလာအခမ်းအနားတွင် MPT က လှူဖွယ်ဝတ္ထုများ ပါဝင်ဆက်ကပ်လှူဒါန်းခဲ့

02 Jan 2018
ရန်ကုန်၊ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်) –၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက် (ပြာသိုလပြည့်)နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ကြုံတောင့်ကြံုခဲ့ နှစ်ဦးအလှူဖြစ်သည့် ရွှေတိဂုံစေတီတော်မြတ်ကြီအား ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာနှင့် ပင့်သံဃာအပါး ၁၈,၀၀၀ အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲ မင်္ဂလာအခမ်းအနားတွင် မြန်မာ့ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ MPT က ပါဝင်လှူဒါန်း ကုသိုလ်ယူခဲ့ကြောင်း သတင်းထုတ်ပြန်လိုက်သည်။ မြန်မာနိုင်ငံတွင် အကြီးကျယ်ဆုံးနှင့် အခမ်းအနားဆုံး ဖြစ်သည့် ယခုလို ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေကဇာတင် အခမ်းအနားနှင့် သံဃာတော် အရှင်သူမြတ်များကို လှူဖွယ်ဝတ္တူများဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရက ကြီးမှူးပြီး ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။  သုံးစွဲသူများ၏ ကုသိုလ်လည်းဖြစ်သည့် ယခုလိုလှူဒါန်းမှုတွင် MPT အနေဖြင့် တောင်ဘက်မုခ်မှ ကြွချီလာသည့် ကြည်ညိုဖွယ်ရာ သံဃာတော်အရှင်သ...