×

CSR ACTIVITIES

RECENT


ရေရှားပါးသည့်ဒေသများအတွက်“သန့်ရှင်းပြည့်ဖြိုး ရေအကျိုး အစီအစဉ်” အမည်ဖြင့် ရေတွင်းရေကန် တူးဖော်ပေးရေးအစီအစဉ် MPT မှ စတင်

27 Dec 2016
(ရန်ကုန်၊ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်) - မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) သည် သန့်ရှင်းသော သောက်သုံးရေရှားပါးမှုနှင့် ကြုံတွေ့နေရသည့် နိုင်ငံအဝှမ်းရှိ ဒေသများအတွက် ရေရရှိစေရန်ရည်ရွယ်၍ ရေတွင်းရေကန်တူးဖော်ခြင်း စီမံကိန်းများချမှတ်ကာ လှူဒါန်းမှုများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန် ကြေညာလိုက်သည်။ အဆိုပါ “သန့်ရှင်းပြည့်ဖြိုးရေအကျိုးအစီအစဉ်” အမည်ဖြင့် လူထုအကျိုးပြုလုပ်ငန်းအတွက် MPT မှ မြန်မာကျပ်ငွေသိန်းပေါင်း ၂,၁၀၀ ကို အသုံးပြုသွားမည်ဖြစ်ပြီး သောက်သုံးရေရှားပါးသော ဒေသများ၏ ရေအခက်အခဲများကို ကူညီဖြေရှင်းသွားမည်ဖြစ်ပါသည်။ အထူးသဖြင့် ခြောက်သွေ့သောရာသီတွင် မြန်မာနိုင်ငံရှိ နေရာအနှံ့အပြား၌ သောက်သုံးရေရှားပါးမှုများ ကြံုတွေ့ရလေ့ရှိပါသည်။ ရေအရင်းအမြစ်ရှိနေသော်လည်း လုံလောက်သော ရေသိုလှောင်ကန်များ သို့မဟုတ် မြေအောက်ရေကို ထုတ်ယူအသုံးပြုနိုင်ရန်အတွက် ဆောင်ရွက်ရသည့်ကိစ္စရပ်များမှာ စျေးနှုန်းမြ...