×

LATEST NEWS

WHAT'S NEWS?


ဆက်သွယ်ရေးကွန်ရက်အဆင့်မြှင့်တင်မှု စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရန်အတွက် သဘောတူစာချုပ်လက်မှတ်ရေးထိုးပွဲ အခမ်းအနားကျင်းပ

20 Nov 2019
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ဂျပန်နိုင်ငံ၊ Sojitz Corporation တို့သည် JICA ODA Loan ဖြင့်ဆောင်ရွက်သည့် ဆက်သွယ်ရေးကွန်ရက် အဆင့်မြှင့်တင်မှုစီမံကိန်းအတွက် စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရန် သဘောတူစာချုပ်ကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့ ၁၀:၀၀ နာရီ၌ နေပြည်တော်ရှိ Kempinski Hotel တွင် လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ကြပါသည်။ အဆိုပါ လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးကျော်မျိုးနှင့် ဦးသာဦး ၊ ဝန်ကြီးဌာနမှ ဌာနအကြီးအကဲများ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန် သံအမတ်ကြီး Mr. Ichiro Maruyama ၊ JICA Myanmar Office မှ Chief Representative Mr. Masayuki Karasawa ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီး ဌ...