×

LATEST NEWS

WHAT'S NEWS?


MPT ၏ မိုဘိုင်းလ်ဆက်သွယ်ရေးဝန်ဆောင်မှုများကို နေပြည်တော် လယ်ဝေးမြို့နှင့် ပျဉ်းမနား မြို့တို့ရှိ အလှမ်းကွာသည့် ကျေးရွာ ၆ ရွာတွင် ဖြန့်ကျက်နိုင်ခဲ့ပြီဖြစ်

18 Feb 2019
(ရန်ကုန်၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်) မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ MPT သည် မြန်မာနိုင်ငံတစ်ဝှမ်းလုံးသို့ အကောင်းဆုံးသောဆက်သွယ်ရေးကွန်ရက်ကို ဖြန့်ကျက် နေသည် နှင့်အညီ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သန္နိဌာန်ချ ဆောင်ရွက်နေပြီး ဆက်သွယ်ရေးကွန်ရက်ကို ဖြန့်ကျက်လျက်ရှိပါသည်။ သုံးစွဲသူများအတွက် အကောင်းဆုံးသော ဝန်ဆောင်မှုများကို ပေးစွမ်းနိုင်ရန်အတွက် လက်ရှိတည်ရှိနေသော ဆက်သွယ်ရေး ကွန်ရက်အရည်အသွေးကို မြှင့်တင်ခြင်း ဆောင်ရွက်နေသည့်အပြင် တစ်ချိန်တည်းမှာပင် နိုင်ငံအဝှမ်းရှိ မြို့နယ်ပေါင်း (၃၁၄) မြို့နယ်၌ လွန်ခဲ့သည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကပင် စတင်ပြီး MPT ၏ LTE+ မိုဘိုင်းလ်ကွန်ရက်ကို အသုံးပြုနိုင်နေပြီလည်း ဖြစ်ပါသည်။ ယခုလည်း နေပြည်တော် လယ်ဝေးမြို့နှင့် ပျဉ်းမနားမြို့တို့ရှိ ကျေးရွာ ၆ ရွာတွင် ဆက်သွယ်ရေး ကွန်ရက်ကို MPT က ဖြန့်ကျက်ချိတ်ဆက်လိုက်ပြီဖြစ်ကြောင်း ဂုဏ်ယူ ဝမ်းမြောက်စွာ ...