×

LATEST NEWS

WHAT'S NEWS?


တစ်နိုင်ငံလုံးတွင် ရေပန်းစားလူကြိုက်များသည့် The Voice Myanmar ထိပ်တန်းသီချင်းဆိုပြိုင်ပွဲကို MPT ၏ ကူညီပံ့ပိုးမှုဖြင့် ဒုတိယအကြိမ်အဖြစ် မကြာမီ တစ်ကျော့ပြန် ကျင်းပမည်

23 Jan 2019
(ရန်ကုန် ၊ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်) - သန်းနှင့်ချီသောသီချင်းချစ်သူ ပရိသတ်များ မျှော်လင့်စောင့်စားနေကြသော ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ အပြည့်ဖြင့် ခံစားကြည့်ရှုရမည့် မြန်မာနိုင်ငံ၏ အကောင်းဆုံး ထိပ်တန်းသီချင်းဆိုပြိုင်ပွဲ The Voice Myanmar အစီအစဉ်သစ်ကို ၂၀၁၉ ခုနှစ်အတွက် လာမည့်ဖေဖော်ဝါရီလတွင် ပြသတော့မည်ဖြစ်ပြီး အရည်အသွေးရှိသည့် ပြိုင်ပွဲဝင်များကို စတင်ရွေးချယ်တော့မည်ဖြစ်သည်။ ပြိုင်ပွဲတွင် နိုင်ငံကျော်အဆိုတော်များဖြစ်ကြသော နီနီခင်ဇော်၊ ရန်ရန်ချမ်း၊ ဟန်ထူးလွင်တို့အပြင် အဆိုတော် R ဇာနည်မှလည်း ယခုနှစ်၏ အကဲဖြတ်ဒိုင်လူကြီး အသစ်အနေဖြင့် Season အသစ်တွင် ဝင်ရောက်အကဲဖြတ်ရွေးချယ်ပြီး လေ့ကျင့်ပံ့ပိုးမှုများ ပြုလုပ်ပေးသွားမည် ဖြစ်သည်။ MPT အနေဖြင့် ယခုအစီအစဉ်တွင် အဓိကကူညီပံ့ပိုးသူ Main Sponsor အဖြစ် Forever BEC-Tero နှင့်ထပ်မံ အတူပူးပေါင်းဆောင်ရွက်ခွင့်ရရှိသည့်အပေါ် အထူးပင်ဂုဏ်ယူဝမ်းမြောက်ဂုဏ်ယူလျ...