×

LATEST NEWS

WHAT'S NEWS?


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း သည် တပေါင်းလပြည့်နေ့ အထူးအစီအစဉ် အဖြစ် ၂၀၁၅ခုနှစ်၊မတ်လ (၄)ရက်နေ့မှ (၃၁)ရက်နေ့ အထိ မြန်နှုန်းမြင့် မိုဘိုင်း အင်တာနက် သုံးစွဲခများကို ၅၀% အထိ လျှော့ချ ပေးမည်ဖြစ်ပါသည်။

03 Mar 2015
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် တပေါင်းလပြည့်နေ့ပွဲတော် အထူးအစီအစဉ်အဖြစ် အင်တာနက်သုံးစွွဲခနှုန်းထားများကို ပရိုမိုးရှင်းကာလအတွင်း စျေးနှုန်း လျှော့ချပေးသွားမည် ဖြစ်ရာ ဆွေသဟာ သုံးစွဲသူများ အနေဖြင့် မြန်နှုန်းမြင့် အင်တာနက်အား ၅၀% လျှော့စျေးဖြင့် သုံးစွဲနိုင် မည်ဖြစ်ပါသည်။ အဆိုပါ ပရိုမိုရှင်းအစီအစဉ်အရ မိမိအသုံးပြုသလောက် ပေးချေနိုင်သည့် စနစ်တွင် ယခင်1MB လျှင် ၁၅ကျပ်နှုန်းအစား 1MB လျှင် ရကျပ် ၅၀ ပြားနှုန်းဖြင့် ၂၀၁၅ခုနှစ်၊မတ်လ (၄)ရက်နေ့မှ (၃၁)ရက်နေ့အထိ သုံးစွဲနိုင်တော့မည်ဖြစ်ပါသည်။ အဆိုပါ အထူးစျေးနှုန်း အစီအစဉ်အား ခံစားနိုင်ရန်အတွက် ဆွေသဟာဝန်ဆောင်မှုအား ရယူထား ရန်လိုအပ်ပါသည်။(GSM နှင့် WCDMA သုံးစွဲသူများ အတွက်ဖြစ်ပါသည်)။ ဆွေသဟာဝန်ဆောင်မှု ကို ရယူပြီးသူများ အနေဖြင့် အဆိုပါ အထူးစျေးနှုန်းကို အလိုအလျောက်ရရှိမည်ဖြစ်ပါသည်။ ဆွေသဟာကို မရရှိသေးသူများအနေနှင့် Prepaid သုံးစွဲ သူဖြစ်ပါက SWE ဟုရိုက်နှိပ...