×

PRESS RELEASES


MPT သုံးစွဲသူများ နှင့် မိတ်ဖက်လုပ်ငန်းများအနေဖြင့် MPT4U နှင့် MPT Pay အက်ပလီကေးရှင်း များကို အင်တာနက်မလိုအပ်ဘဲ အသုံးပြုနိုင်ပြီ

11 Apr 2021
MPT အနေဖြင့် သုံးစွဲသူပြည်သူများသို့ ဝန်ဆောင်မှုများကို အကောင်းဆုံးနှင့် အဆင်အပြေဆုံး ပေးအပ်နိုင်ရန်အတွက် MPT4U နှင့် MPT Pay အက်ပလီကေးရှင်းများကို အင်တာနက်မလိုဘဲ ရယူ သုံးစွဲနိုင်မည့် နည်းလမ်းကို စတင် မိတ်ဆက်လိုက်ပြီဖြစ်သည်။ ယခုလိုမိတ်ဆက်လိုက်ခြင်းကြောင့် MPT4U အက်ပလီကေးရှင်းကို သုံးစွဲသူများအနေဖြင့် MPT ၏ 3G / 4G ကွန်ရက်ရရှိနိုင်သည့် မည်သည့်နေရာတွင်မဆို ဒေတာ၀န်ဆောင်ခပေးရန် မလိုဘဲ ဖုန်းဘေလ်ဖြည့်သွင်းခြင်း၊ ပက်ကေ့ချ်များ၀ယ်ယူခြင်း၊ ချေးငွေ ဝန်ဆောင်မှု၊ ငွေလက်ကျန်လွှဲပြောင်းခြင်း နှင့် နေ့စဉ်ဖုန်းအသုံးပြုမှုကိုစစ်ဆေးခြင်းကဲ့သို့သော ဝန်ဆောင်မှုများကို အင်တာနက်မလိုဘဲ အက်ပလီကေးရှင်းဖြင့် အသုံးပြုနိုင်မည်ဖြစ်သည်။ MPT Pay အက်ပလီကေးရှင်းကို အသုံးပြုသူများအနေဖြင့်လည်း ငွေလက်ခံခြင်းနှင့် ငွေလွှဲပြောင်းခြင်း၊ မိုဘိုင်းဖုန်းများသို့ ဖုန်းဘေလ်ဖြည့်သွင်းခြင်း၊ အွန်လိုင်းမှ တစ်ဆင့်ငွေပေးချေ ခြင်...