×

PRESS RELEASES


MPT’s “Shwe Eain Mat” Campaign to Make Dreams Come True for Customers (One-of-a-kind campaign offers a life-changing experience for select MPT customers)

16 Sep 2020
(ရန်ကုန်၊ ၂ဝ၂ဝ ပြည့်နှစ်၊ စက်တင်ဘာလ ၁၆ ရက်) မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သော MPT သည် ပထမဆုံးအကြိမ်အဖြစ် တစ်မူထူးခြားဆန်းသစ်သည့် “ရွှေအိပ်မက်” အစီအစဉ်ကို သုံးစွဲသူများ၏ အိပ်မက်များအမှန်တကယ်ဖြစ်လာစေရန် အကောင်အထည် ဖော်နိုင်မည့် အခွင့်အလမ်းတစ်ခုအဖြစ် စတင်မိတ်ဆက်ပေးလိုက်ပြီ ဖြစ်သည်။ MPT နှင့် KSGM တို့ Joint Operations အဖြစ် ပူးပေါင်းဆောင်ရွက်မှုသည် မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူလူထု၊ စီးပွားရေးလုပ်ငန်းများနှင့် လူမူအသိုင်းအဝိုင်းများအား အကောင်းဆုံး ဆက်သွယ်ရေးဆိုင်ရာဝန်ဆောင်မှုများကို ပေးအပ်လာသည်မှာ မကြာသေးမီက (၇)နှစ်မြောက်သို့ ရောက်ရှိခဲ့ပြီး အောင်မြင်မှု မှတ်တိုင်တစ်ခု အဖြစ်စိုက်ထူနိုင်ခဲ့ပြီ ဖြစ်သည်။ အဆိုပါ (၇) နှစ်မြောက်သို့ ရောက်ရှိခြင်း အောင်မြင်မှု အထိမ်းအမှတ်အနေဖြင့် MPT သည် ကံထူးရှင်အဖြစ် ရွေးချယ်ခြင်းခံရမည့် သုံးစွဲသူ (၇) ဦး ၏ အိပ်မက်များကို လက်တွေ့အ...