×

PRESS RELEASES


MPT မှ အလွန်လျင်မြန်ပြီး စိတ်ချရသည့် ဒုံးပျံ အိမ်သုံး ဖိုင်ဘာအင်တာနက် ဝန်ဆောင်မှုကို မိတ်ဆက်

17 Jun 2019
[vc_row][vc_column][vc_column_text](ရန်ကုန်၊ ၂၀၁၉ခုနှစ် ၊ ဇွန်လ ၁၇ ရက်) MPT မှ လက်ရှိ FTTH သုံးစွဲသူများနှင့် သုံးစွဲသူအသစ်များအတွက် အံသြသွားစေမည့် ဒုံးပျံ အိမ်သုံးဖိုင်ဘာအင်တာနက်ဝန်ဆောင်မှု အသစ်အား စတင်မိတ်ဆက်ပေးလိုက်ပြီဖြစ်သည်။ ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက် ဝန်ဆောင်မှုမှာ ဖိုင်ဘာအင်တာနက်ဝန်ဆောင်မှုတစ်ခုဖြစ်ပြီး ယခင်အစီအစဉ်များထက် များစွာပိုမိုမြန်ဆန်လှသည့်အပြင် အကောင်းဆုံးသော သုံးစွဲသူ အတွေ့အကြုံများကို ပေးစွမ်းမည်ဖြစ်သည်။ ယခု ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက်ဝန်ဆောင်မှု အသစ်မှာ မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာ ဖြစ်သည့် MPT ၏ ဖိုင်ဘာအင်တာနက်လိုင်းအသစ်ဖြစ်ပြီး လက်ရှိသုံးစွဲနေသူမျာနှင့် အသစ် အသစ်သော သုံးစွဲမည့်သူများအတွက် အကျိုးအမြတ်ကောင်းများရရှိစေမည်ဖြစ်ကာ လက်ရှိ လိုင်းဆွဲအား အမြန်နှုန်း(bandwidth) ပမာဏထက် နှစ်ဆတိုးမြှင့်ထားပြီး လစဉ်နှုုန်းထားမှာမူ ပုံမှန်နှုန်းထားအတိုင်းသာ က...