×

PRESS RELEASES


ပျော်ရွှင်ကံထူးနှစ်သစ်ကူးအစီအစဉ်၏ နောက်ဆုံးကံထူးရှင်ရွေးချယ်ပွဲကြီးကို Junction Square တွင် ကျင်းပကာ ဆုမဲပေါင်း ၂ သောင်းအား MPT မှ ပေးအပ်သွားမည်

05 Jan 2016
ရန်ကုန်၊ မြန်မာ၊ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက် – မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က ဆုမဲပေါင်း ၂ သောင်းပါဝင်မည့် နောက်ဆုံးကံထူးရှင်ရွေးချယ်ပွဲကြီးကို ဇန်နဝါရီလ ၉ ရက်နေ့တွင် ရန်ကုန်မြို့ Junction Square ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ ကံထူးရှင်ရွေးပွဲတွင် မြန်မာ နိုင်ငံအတွင်း နေထိုင်သူများအားလုံး ပျော်ရွှင်စွာဆင်နွှဲနိုင်ရန်အတွက် နာမည်ကြီးအဆိုတော်များ၏ ဖျော်ဖြေမှုများနှင့် ဆော့ကစားနိုင်သည့် ဂိမ်း အစီအစဉ်များလည်းပါဝင်မည်ဖြစ်ပြီး ဆုမဲပေါင်းများစွာကို ကံထူးနိုင်မည့်အခွင့်အရေးများလည်း ရရှိမည်ဖြစ်သည်။ ကံထူးရှင်ရွေးချယ်သည့်နေ့တွင် လာရောက်ကြည့်ရှုသူ ပရိသတ်များထဲမှ ပရိသတ်တစ်ချို့ကို စင်မြင့်ပေါ်သို့ ဖိတ်ကြားပြီး ကံထူးရှင်ကို ကိုယ်တိုင်ပါဝင်ရွေးချယ်ပေးနိုင်မည်ဖြစ်သည်။ MPT အသုံးပြုသူအားလုံး ကံထူးနိုင်မည့် ဆုမဲများမှာ တိုယိုတာလန်ခရူဇာ ကားသစ် ၁ စီး၊ iP...