×

PRESS RELEASES


မြန်မာဆက်သွယ်ရေးလုပ်ငန်းသည် ပိုုမိုကောင်းမွန်သော ဆက်သွယ်မှုရရှိနိုင်ရန်အတွက် ရန်ကုန်နှင့် နေပြည်တော်တို့တွင် ကွန်ရက် တိုးချဲ့ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

14 Nov 2014
မြန်မာနိုင်ငံ၏ အကျယ်ပြန့်ဆုံး ဆက်သွယ်ရေးကွန်ရက် ရှိပြီး မြန်မာနိုင်ငံ၏ အကြီးဆုံး ဆက်သွယ်ရေး အော်ပရေတာဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ဂျပန်ကုမ္ပဏီ KDDI ၊ Sumitomo Corporation တို့နှင့်ပူးပေါင်းပြီး သုံးစွဲသူ ပြည်သူများအား ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုပေးနိုင်ရန်အတွက် ဆက်သွယ်ရေး ကွန်ရက်တိုးချဲ့ခြင်းလုပ်ငန်းတွင် များစွာ ရင်းနှီးမြုပ်နှံလျက်ရှိပါသည်။ မြန်မာဆက်သွယ်ရေးလုပ်ငန်းသည် ဆက်သွယ်ရေးကွန်ရက်ချဲ့ထွင်ခြင်းအစီအစဉ် ကို နိုဝင်ဘာလ (၆)ရက်နေ့က စတင်ဆောင်ရွက်ခဲ့ရာ ရန်ကုန်နှင့် နေပြည်တော်တို့ရှိ လိုင်းကြပ်သောနေရာများတွင် 3G စခန်းများ၌ လိုင်းအင်အားတိုးချဲ့ ခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ပါသည်။ ယခုအခါ အဆိုပါ စခန်းများရှိ လိုင်းအင်အားမှာ နိုဝင်ဘာ (၆) ရက်နေ့မတိုင်မီ ကထက် ၅၀ ရာခိုင်နှုန်းပို၍ အင်အားတိုးမြှင့်လာပြီဖြစ်ပါသည်။ ထိုသို့ဆက်သွယ်ရေးကွန်ရက်ချဲ့ထွင်ခဲ့ခြင်းကြောင့် ရန်ကုန်နှင့် နေပြည်တ...