×

PRESS RELEASES


MPT က ၂၀၁၉-၂၀၂၀ ခုနှစ်အတွက် Mobile Seminar ပွဲများကို နိုင်ငံတစ်ဝန်းတွင် ကျင်းပသွားမည်

22 Oct 2019
(ရန်ကုန်၊ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်)- မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာ ဖြစ်သည့် MPT သည် ၂၀၁၉-၂၀၂ဝ ခုနှစ်အတွက် Mobile Seminar များ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ယနေ့သတင်းထုတ်ပြန်ကြေညာလိုက်သည်။ အဆိုပါအစီအစဉ်၏ ရည်ရွယ်ချက်မှာ သုံးစွဲသူများအနေဖြင့် မိုဘိုင်းလ်ဖုန်းများကို ဘေးကင်းလုံခြုံစွာအသုံးပြုနိုင်သည့် အသိပညာ များ ပိုမိုသိရှိလာစေရန်နှင့် မိုဘိုင်းလ်ဝန်ဆောင်မှုများအပေါ်တွင် စိတ်ကျေနပ်မှုများ ပိုမိုရရှိစေရန်ဖြစ်ပါသည်။ အဆိုပါ Mobile Seminar များကို နိုင်ငံတစ်ဝန်းလုံးရှိနေရာဒေသ ၇၀ တွင် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ မှ ၂၀၂၀ခုနှစ်၊ မတ်လ အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် တယ်လီကွန်းဆက်သွယ်ရေး နည်းပညာများနှင့် မိုဘိုင်းလ်ဖုန်းအသုံးပြုမှုများသည် အလျင်အမြန် ပြောင်းလဲတိုးတက်လျက်ရှိပြီး အဆိုပါ လက္ခဏာရပ်များသည် မြန်မာပြည်သူများ၏ လူမှုစီးပွား စံနှုန်းမျ...