×

PRESS RELEASES


နာရီတိုင်းမှာ ၅ မိနစ်စာ

27 Aug 2015
MPT ၏ဆွေသဟာအစီအစဉ်သုံးစွဲသူများသည် ၂၀၁၅ ခုနှစ် သြဂုတ်လ ၂၈ ရက်၊ သောကြာနေ့မှ စတင်ကာ ၁ နာရီကြာဖုန်းခေါ်ဆိုတိုင်း ပထမ ၅ မိနစ်အတွက်သာ ခေါ်ဆိုခပေးရမည်ဖြစ်ပြီး ကျန် ၅၅ မိနစ်ကို အခမဲ့အသုံးပြုနိုင်မည်ဖြစ်သည်။ ၂၀၁၅ ခုနှစ်၊ သြဂုတ်၂၇ ရက်။ ရန်ကုန်၊ မြန်မာ။ ။ မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ တစ်ဦးဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) မှ ၄င်း၏ဆွေသဟာအစီအစဉ်သုံးစွဲသူအားလုံးအတွက် “၁ နာရီမှာ ၅ မိနစ်စာ” အစီအစဉ်ကို စတင်လိုက်ကြောင်း သြဂုတ်လ ၂၈ ရက်နေ့ သောကြာနေ့မှ စတင်ကာ ကြေငြာခဲ့ပြီး ဤအစီအစဉ်သည်် စက်တင်ဘာလ ၃၀ ရက်၊ ဗုဒ္ဓဟူးနေ့အထိ ခံစားနိုင်မည်ဖြစ်သည်။ သြဂုတ်လ ၂၈ ရက်၊ သောကြာနေ့ (ဝဝးဝ၁နာရီ) မှစတင်ကာ MPT ဆွေသဟာသုံးစွဲသူများသည် ဤအထူးအစီအစဉ်ကို မည်သည့်ထပ်ဆောင်းလျှောက်ထားမှုမှ ပြုလုပ်ရန်မလိုဘဲ အလိုအလျောက်အသုံးပြုခွင့်ရရှိမည်ဖြစ်သည်။ မိနစ် ၆၀ ဆက်တိုက် ဖုန်းခေါ်ဆိုသူများသည် ပထမဆုံး ၅ မိနစ်အတွ...