MPT အနေနှင့် မြန်မာနိုင်ငံတစ်ဝှမ်းရှိ MPT သုံးစွဲသူ မိဘပြည်သူများထံသို့ ယခုထက် ပိုမိုကောင်းမွန်သော ၀န်ဆောင်မှုများပေးနိုင်ရန်နှင့်MPT ၏ ထုတ်ကုန်များကို ပိုမိုကြီးမားလာစေရန် အစွမ်းကုန် ကြိုးစားလျှက်ရှိပါသည်။ MPT အနေနှင့် ကျွန်ုပ်တို့၏ ထုတ်ကုန်များ လုံလောက်စွာထုတ်လုပ်ရရှိနိုင်ရေးနှင့် သုံးစွဲသူများထံသို့ အကောင်းမွန်ဆုံးသော ၀န်ဆောင်မှုများကို ပေးဝေနိုင်စေရေးတို့တွင် ပါ၀င်ကူညီလိုသည့် ဖြန့်ဖြူးရေးနှင့် ရောင်းချရေး လုပ်ဖော်ကိုင်ဘက်/ မိတ်ဘက်များကို ရှာဖွေလျှက်ရှိပါသည်။
MPT အနေနှင့် ကျွန်ုပ်တို့နှင့်အတူ ဖြန့်ဖြူးရေးနှင့် ရောင်းချရေးတို့တွင် ပူးပေါင်းပါ၀င်မည့် တန်ဖိုးထားရပါသော လုပ်ဖော်ကိုင်ဘက်များကိုလည်း စီးပွားရေးဖွံဖြိုးမှုအတွက် လိုအပ်သည့် သင်တန်းဆိုင်ရာ ကိစ္စများနှင့် အကူအညီများကိုလည်း ပေးအပ်သွားမည်ဖြစ်ပါသည်။ ထို့အပြင်ပါ၀င်ထားသော အဖွဲ့အစည်းတိုင်း အကျိုးအမြတ်ရရှိစေမည့် ဆွဲဆောင်ဖွယ်ကောင်းသည့် ကော်မရှင်ခများ ပြန်လည်ပေးအပ်သွားမည်ဖြစ်ပါသည်။
ကျွန်ုပ်တို့၏ အဆက်မပြတ် ကြီးမားကျယ်ပြန့်လာလျှက်ရှိသော ဖြန့်ဖြူးရေးနှင့်ရောင်းချရေးကွန်ရက်ကြီးတွင် တစ်စိတ်တစ်ဒေသအဖြစ် ပူးပေါင်းလက်တွဲ၍ MPT နှင့် အတူမြန်မာပြည်အတွက် ရှေ့သို့လှမ်းချီလိုက်ပါ။