၁.၁ | ဤအထွေထွေစည်းကမ်းသတ်မှတ်ချက်များ(“အထွေထွေစည်းကမ်းချက်များ”)သည် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ပေးသည့် ဝန်ဆောင်မှုများအားလုံးနှင့် အကျုံးဝင် သည်။ |
၁.၂ | အကယ်၍ သီးသန့်စည်းကမ်းချက်များနှင့် အထွေထွေစည်းကမ်းချက်များအကြား ပဋိပက္ခ တစ်စုံ တစ်ရာရှိလျှင် သီးသန့်စည်းကမ်းချက်များပါ ပြဋ္ဌာန်းချက်များသည် ဤအထွေထွေစည်းကမ်းချက် များပါ ပြဋ္ဌာန်းချက်များကို ကွဲလွဲမှုရှိနေသည့် အတိုင်းအတာအထိသာ လွှမ်းမိုးမည်။ |
အထွေထွေစည်းကမ်းသတ်မှတ်ချက်များ
၁။ အကျုံးဝင်မှု
၂။ အဓိပ္ပါယ်ဖွင့်ဆိုချက်များ
၂.၁ | အောက်ပါ စကားလုံးများနှင့် စကားရပ်များသည် ဤအထွေထွေစည်းကမ်းသတ်မှတ်ချက်များ အရ အောက်ပါ အနက်အဓိပ္ပါယ်များ အသီးသီး ရှိကြပါသည်။
|
၃။ ဝန်ဆောင်မှုဆိုင်ရာ စည်းကမ်းချက်များ
၃.၁ | မြန်မာနိုင်ငံဥပဒေအရ လိုအပ်ပါက၊ ဝယ်သူသည် ဝန်ဆောင်မှုတစ်စုံတစ်ရာကို အသုံးပြုရန်ဖြစ်စေ၊ (MPT ပစ္စည်းကိရိယာများအပါအဝင်) ပစ္စည်းကိရိယာတစ်စုံတစ်ရာကိုသုံးရန်အတွက် လိုအပ်သည့် လိုင်စင်များ၊ ခွင့်ပြုချက်များ၊ အာဏာပိုင်၏ခွင့်ပြုချက်များနှင့် အခြားလိုအပ်သည့်လုပ်ပိုင်ခွင့်များအားလုံးကို မိမိအသုံးစရိတ် ကျခံ၍ ရယူခြင်းနှင့် ထိန်းသိမ်းခြင်းအတွက် တာဝန်ရှိစေရမည်။ |
၃.၂ | ဝယ်သူ၏တာဝန်များမှာ –
|
၃.၃ | ဝယ်သူဘက်မှ မပြုလုပ်ရန် သဘောတူသည်မှာ –
|
၃.၄ | ဤဝန်ဆောင်မှု သို့မဟုတ် MPT ပစ္စည်းကိရိယာများအား ရည်ရွယ်ထားသည့်သို့မဟုတ် တရားဝင်ခွင့်ပြု ထားသည့် အကြောင်းကိစ္စမဟုတ်သည့် ကွဲပြားသောအကြောင်း ကိစ္စအတွက်သုံးခဲ့သည့် ဖြစ်ရပ်တွင် MPT က ထိုသို့သောအခြားအသုံးပြုမှုသို့မဟုတ် အခြားရည်ရွယ်ချက်အတွက် ကွဲပြားသောဝန်ဆောင်ခအား သတ်မှတ် နိုင်သည်။ ဤဝန်ဆောင်မှုသို့မဟုတ်MPTပစ္စည်းကိရိယာများအား အသုံးပြုသည့်ရည်ရွယ်ချက် ပြောင်းလဲမှု အတွက် ဝယ်သူသည် MPT အားကြိုတင်အကြောင်းကြားပြီး၊ ခွင့်ပြုချက်ယူရန် ပျက်ကွက်သည့် ဖြစ်ရပ်၌ MPTတွင် ထိုက်သင့်သည်ဝန်ဆောင်ခကို နောက်ကြောင်းပြန်သတ်မှတ်စေနိုင်ခွင့် အလားတူ ရှိစေရမည်။ |
၃.၅ | MPT က ယင်း၏ ပစ္စည်းကိရိယာသို့မဟုတ် ကွန်ရက်ကိုမည်သည့်အချိန်တွင်မဆို ပြောင်းလဲရန်၊ အစားထိုးရန်သို့မဟုတ် စွမ်းဆောင်ရည်မြှင့်ရန်လုပ်ပိုင်ခွင့်ကို ကိုင်စွဲထားသည်။ ထိုသို့သော ပြောင်းလဲမှု ဖြစ်ရာတွင် ဝယ်သူက မိမိ၏ အသုံးစရိတ်နှင့် ဤဝန်ဆောင်မှုတစ်စုံတစ်ရာကို ရှေ့ဆက် အသုံးပြုနိုင်ရန် အလို့ငှာ လိုအပ်နိုင်သည့် ပြောင်းလဲမှုများ အလားတူပြုရမည် နှင့်/သို့မဟုတ် စွမ်းရည် မြှင့်ထားသည့် ပစ္စည်းကိရိယာ သို့မဟုတ် ဆော့ဖ်ဝဲကို အလားတူ အသုံးပြုရမည်။ ယင်းသို့ပြုလုပ်ရာတွင် MPT က တောင်းဆိုသည်နှင့် အစားထိုးမှု သို့မဟုတ် စွမ်းဆောင်ရည်မြှင့်မှုအတွက် ဖလှယ်ရန်အလို့ငှာ MPT ပစ္စည်းကိရိယာများ သို့မဟုတ် MPT ဆော့ဖ်ဝဲကို ချက်ချင်းပြန်ပေးရန် ဝယ်သူက သဘောတူရမည်။ ဤအထွေထွေ စည်းကမ်းသတ်မှတ်ချက် များတွင်် ဆန့်ကျင်ဘက်ပြဋ္ဌာန်းချက် တစ်စုံတစ်ရာ မည်သို့ပင် ပါစေကာမူ ဝန်ဆောင်မှုတစ်စုံတစ်ရာအား အလျဉ်မပြတ်တည်တံ့စေရန် မည်သည့် MPTပစ္စည်းကိရိယာများ သို့မဟုတ် MPT ဆော့ဖ်ဝဲကိုမဆို၊ MPT က စွမ်းဆောင်ရည်မြှင့်မှု သို့မဟုတ်အစားထိုးမှုကို၊ ယင်း၏ရွေးပိုင်ခွင့်အရသာ လုပ်ဆောင်ရမည်။ |
၃.၆ | MPT က မည်သည့်ဝန်ဆောင်မှု၊ သို့မဟုတ် ဝန်ဆောင်မှုတစ်စုံတစ်ရာ၏အပိုင်းတစ်ပိုင်း အနေနှင့် ထုတ်လွှင့်ချက်များ သို့မဟုတ် ထုတ်လွှင့်သည့်အချက်အလက်များကိုမဆို၊ ဝန်ဆောင်မှုအဆင့် အာမခံချက် များနှင့်အညီ အရည်အသွေးကောင်းစေရန် အကောင်းဆုံးအားထုတ်ရမည်။ မည်သို့ဆိုစေ MPT က လုံးဝဥဿုံ အပြစ်ကင်းသည့်ဝန်ဆောင်မှုများဖြစ်စေရမည်ဟု အာမမခံနိုင်ဘဲ၊ ဝန်ဆောင်မှုတစ်စုံတစ်ရာ၏ အပိုင်းတစ်ပိုင်းအနေနှင့်ထုတ်လွှင့်ချက် သို့မဟုတ် ထုတ်လွှင့်သည့်အချက်အလက်တစ်စုံတစ်ရာ ဆုံးရှုံးမှု၊ပြတ်တောက်စေမှု သို့မဟုတ် ပျက်စီးစေမှုကြောင့် ဖြစ်လာသည့် ဆုံးရှုံးမှု သို့မဟုတ် ပျက်စီးမှု တစ်စုံတစ်ရာ အတွက် ဥပဒေအရတာဝန်မရှိစေရ။ |
၃.၇ | MPTထံမှ ပစ္စည်းကိရိယာ တစ်စုံတစ်ရာကို ၀ယ်လိုက်သည်နှင့် လွှဲပြောင်းမှုသို့မဟုတ် တာဝန်ခွဲဝေမှု ပြုနိုင်သော ပစ္စည်းကိရိယာထုတ်လုပ်သူ၏ စာနှင့်ရေးထားသောအာမခံချက်များအား MPT က ဝယ်ယူသော (ဖောက်သည်)ဝယ်သူထံ သွယ်ဝိုက်ကာ စာနှင့်ရေးထားသော အာမခံချက်တစ်စုံတစ်ရာ၊ အထူးသဖြင့် သီးသန့်ရည်ရွယ်ချက် တစ်ခုအတွက် ဤပစ္စည်းကိရိယာ၏ ရောင်းတမ်းဝင်မှု၊ အရည်အသွေး သို့မဟုတ် အံဝင်ခွင်ကျမှုတို မပါဝင်ဘဲ လွှဲပြောင်းပြီးသို့မဟုတ် တာဝန်ခွဲဝေပြီး ဖြစ်စေရမည်။ အလားတူဝယ်သူများကလည်း MPT ၏တစ်ဦးတည်းသီးသန့်ဥပဒေအရတာဝန်ရှိမှုသည် ထိုသို့သော စာနှင့် ရေးထားသောအာမခံချက်အထိသာ အကန့်အသတ်နှင့်ရှိနေကြောင်း ဤနည်းအားဖြင့်အသိအမှတ်ပြု၊ သဘောတူကြပါသည်။ ဤအချက်သည် MPT နှင့်ပတ်သက်၍ ဝယ်သူ၏တစ်ဦးတည်းသီးသန့် ကုစားမှု ဖြစ်သည်။ |
၃.၈ | MPT ကဝယ်သူ၏တောင်းဆိုချက်များကို ဖော်ပြထားသည့်အတိုင်းဆောင်ရွက်ရန် သို့မဟုတ် အကောင်အထည် ဖော်ရန် အကျိုးသင့်အကြောင်းသင့် ကြိုးပမ်းအားထုတ်ရမည်။ သို့ဖြစ်သော်ငြားလည်း MPT က သိသာထင်ရှားစွာ သဘောတူမှုဖြစ်စေ၊ အတည်ပြုမှုဖြစ်စေမရှိပါက၊ MPT တွင် ဝယ်သူ၏ တောင်းဆိုချက် တစ်စုံတစ်ရာကို ပေးရန်၊ ပြောခဲ့သည့်အတိုင်းဆောင်ရွက်ရန် သို့မဟုတ် အကောင်အထည်ဖော်ရန် တာဝန်မရှိစေရ။ မည်သည့်ကိစ္စတွင်မဆို MPT ကဝယ်သူ၏တောင်းဆိုချက်တစ်ရပ်ကို ခွင့်ပြုလိုက်ပါက၊ MPT သည် ဝယ်သူ၏တောင်းဆိုချက် တစ်စုံတစ်ရာကို ပယ်ဖျက်မှု၊ ပြင်ဆင်မှု သို့မဟုတ်ရွှေ့ဆိုင်းမှု တစ်စုံတစ်ရာအတွက် ယင်း၏ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်အရ MPT ကဆုံးဖြတ်နိုင်သည့် ထိုသို့သောနှုန်းနှင့် ဖြစ်စေ ထိုသို့သောပမာဏကိုဖြစ်စေ ဝန်ဆောင်ခ သတ်မှတ်ကောက်ယူနိုင်သည်။ |
၃.၉ | လိုအပ်သည့်အခါတိုင်းနှင့် MPT က သတ်မှတ်နိုင်သည့်ထိုသို့သောကာလ၌၊ MPT ၏တရားဝင်ခွင့်ပြုချက်ရ ကိုယ်စားလှယ်များအား ဝယ်သူသို့မဟုတ် ဝယ်သူအုပ်စုအဖွဲ့ဝင်ကုမ္ပဏီ တစ်ခုခုက အသုံးပြုနေသော သို့မဟုတ်ထိန်းချုပ်ထားသော အဆောက်အအုံနှင့်ဥပစာ တစ်စုံတစ်ရာထဲသို့ ဝင်ရောက်မှုနှင့် ထိုအဆောက် အအုံနှင့်ဥပစာပေါ်တွင်ဝန်ဆောင်မှုတစ်စုံတစ်ရာပေးမှုနှင့် ပတ်သက်သည့် MPTပစ္စည်းကိရိယာများနှင့် အခြားပစ္စည်းကိရိယာများအား တပ်ဆင်ရန်၊ စုဆောင်းထားရန်၊ ဖယ်ရှားရန်၊ ထိန်းသိမ်းရန်၊ အစားထိုးရန်၊ စစ်ဆေးရန်၊ ပြုပြင်ရန်၊ စမ်းသပ်ရန် လိုအပ်နိုင်သည့် ကာလအတွက် ဆက်ရှိနေရန်၊ သို့မဟုတ် ဝန်ဆောင်မှုတစ်စုံတစ်ရာသို့မဟုတ် MPTပစ္စည်းကိရိယာတစ်စုံတစ်ခုအား ဝယ်သူက အသုံးပြုမှုသည် အထွေထွေစည်းကမ်းချက်များ၊ သီးသန့်စည်းကမ်းချက်များနှင့် ဥပဒေတို့ကို လိုက်နာမှုရှိ မရှိ စစ်ဆေး ရန်၊ ဝယ်သူက သဘောတူ ခွင့်ပြုသည်။ MPT ၏ တရားဝင်ခွင့်ပြုချက်ရ အမှုထမ်းက ဤအပိုဒ်နှင့်အညီ အဆောက်အအုံနှင့်ဥပစာတစ်ခုခုကို သွားရောက်ရန်လိုအပ်ပါက MPT က ဝယ်သူအား၊ သွားရောက်သည့် တစ်ကြိမ်စီနှင့် ဝယ်သူ၏ အဆောက်အအုံနှင့်ဥပစာ၌ လုပ်ဆောင်မှုအတွက် MPT က ဆုံးဖြတ်နိုင်သည့် တွက်ချက်နည်းအတိုင်း ထိုသို့ဖြစ်သောနှုန်းနှင့် သို့မဟုတ် ထိုသို့သောပမာဏအားဖြင့် ကျသင့်ငွေ တောင်းခံ နိုင်သည်။ ထိုသွားရောက်မှုသည် MPT ကဝယ်သူအား ပေးထားသည့် အာမခံချက်တစ်စုံတစ်ရာအရ MPT ပစ္စည်းကိရိယာတစ်စုံတစ်ခုအား၊ ပြင်ဆင်ရန်သို့မဟုတ် အစားထိုးရန် အတွက်ဖြစ်သည် မှတစ်ပါး ကျသင့်ငွေ တောင်းခံနိုင်သည်။ |
၃.၁၀ | ဝယ်သူက ထိုဝန်ဆောင်မှုအမှတ်စဉ်အား ကာလမည်မျှကြာအောင် သုံးခဲ့နိုင်သည်ဖြစ်စေ နှင့် ထိုသုံးစွဲမှုအတွက် မည်မျှပေးခဲ့နိုင်သည်ဖြစ်စေ၊ ဝယ်သူသည် MPT ကပေးသည့် ဝန်ဆောင်မှု အမှတ်စဉ် တစ်ခုခုရှိ အခွင့်အရေး သို့မဟုတ်အကျိုးစီးပွားတစ်စုံတစ်ရာကို ရရှိမည်မဟုတ်ဘဲ၊ ဤနည်းအားဖြင့် စွန့်လွှတ် သည်။ MPT က ဝန်ဆောင်မှုအမှတ်စဉ်တစ်ခုခု၏ သုံးနိုင်မှုကို ကြိုတင်သတိပေးခြင်းမပြုပဲ၊ သဘောတူညီချက်ရယူရန်မလိုပဲ အချိန်မရွေး ရပ်စဲနိုင်သည်။ သို့မဟုတ် ဝန်ဆောင်မှုအမှတ်စဉ်တစ်ခုခုအား ပြောင်းလဲ ခြင်း၊ ပြန်လည်သတ်မှတ် ခြင်း သို့မဟုတ် အစားထိုးခြင်းများ ပြုလုပ်နိုင်သည်။ |
၄။ ဝန်ဆောင်ခများနှင့် ငွေပေးချေမှု
၄.၁ | ဝယ်သူကအမှန်တကယ် လျှောက်ထားခဲ့သည် နှင့်/သို့မဟုတ် အသုံးပြုခဲ့သည့် ဝန်ဆောင်မှုများအတွက်သာ (ယင်းအသုံးပြုမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာအခွန်များအားလုံးအတွက် ပေးသွင်းမှုအပါအဝင်) ဝယ်သူအား ကျသင့်ငွေ တောင်းခံ ရမည်။ |
၄.၂ | MPT အား ပေးရန် သတ်မှတ်အချိန် ပြည့်ပြီးဖြစ်ကာ၊ ရရန်ရှိသောဝန်ဆောင်ခများနှင့် ငွေများအားလုံးကို ဥပဒေအရလုပ်ရမည့်အတိုင်းအတာအထိ မှတစ်ပါး၊ ဝယ်သူက ခုနှိမ်မှု၊ တန်ပြန်တောင်းဆိုမှု၊ ဖြတ်တောက်မှု သို့မဟုတ် ထုတ်မပေးဘဲထားမှု တစ်စုံတစ်ရာ မလုပ်ဘဲ ပေးရမည်။ |
၄.၃ | MPT ဝန်ဆောင်မှုများနှင့်ပတ်သက်၍ ငွေတောင်းခံလွှာတစ်စောင်ကို လစဉ်ဖြစ်စေ၊ MPT က သင့်လျော် သည်သို့မဟုတ် အဆင်ပြေသည်ဟုထင်မြင်ကာ၊ ဝယ်သူထံ တရားဝင် အသိ ပေးထားသည့် မြန်မာအစိုးရကထုတ်ပြန်ထားသောညွှန်ကြားချက် တစ်စုံတစ်ရာနှင့်အညီ၊ အခြားကာလခြား၍ဖြစ်စေ ထုတ်နိုင်သည်။ ဤငွေတောင်းခံလွှာများကို MPT က အောက်ပါနည်းလမ်းများထဲမှ တစ်ခုခုကိုသုံး၍ ၀ယ်သူထံ ထုတ်ပေး နိုင်သည်။
|
၄.၄ | ဤစည်းကမ်းများနှင့်အညီ ထုတ်ပြန်၊ ပေးပို့သည့် ထိုသို့သော မည်သည့်ငွေတောင်းခံလွှာကိုမဆို ဝယ်သူက အောက်ပါအခြေအနေတို့တွင် လက်ခံရရှိပြီးဟု မှတ်ယူရမည်။
|
၄.၅ | ဝယ်သူက ထိုငွေတောင်းခံလွှာကို လက်ခံရပြီး (၇) ရက်အတွင်း လွဲချော်မှု၊ မတိကျမှု သို့မဟုတ် မှားယွင်းမှု တစ်စုံတစ်ရာ ရှိ မရှိ စစ်ရမည်ဖြစ်ပြီး ရှိပါက MPT သို့ အကြောင်းကြားရမည်။ ဝယ်သူက MPT အား ငွေတောင်းခံလွှာပေါ်တွင် MPT အား ပေးဆောင်ရန် ကျသင့်သည့်ပမာဏ သို့မဟုတ် တိတိကျကျ ရေးထားသည့် ငွေစုစုပေါင်းကို ဝယ်သူက MPT အား သတ်မှတ်ထားသည့် အချိန်အတွင်း မဖြစ်မနေ ပေးရမည်။ သို့မဟုတ်ပါက ထိုသို့နှိုးဆော်ချက်မရလျှင် MPTအား ကျသင့်သည့်ပမာဏ သို့မဟုတ် ပေးရမည်ဟု ဖော်ပြထားသည့် သို့မဟုတ် တိတိကျကျရေးထားသည့် ငွေစုစုပေါင်းကို ထိုနောက်လ၏ နှစ်ဆယ် (၂၀) ရက်မြောက် နေ့ရက်တွင်ဖြစ်စေ၊ ထိုရက်မတိုင်မီဖြစ်စေ၊ သို့မဟုတ် နောက်ရုံးဖွင့်ရက် သို့မဟုတ် အပိုဒ် ၄.၄ နှင့်အညီ ထိုငွေတောင်းခံလွှာကိုလက်ခံပြီးဟု မှတ်ယူရမည့်နေ့စွဲ လွန်ပြီးနောက် MPT ကဆုံးဖြတ်သည့် အခြားနောက်ကျသည့်နေ့စွဲ (သည့်နောက်တွင် မည်သည့် ကာလကိုမဆို “သက်တမ်းပြည့်သည့်ရက်” ဟု ပေါင်း၍ ညွှန်းမည်။) တွင် ဝယ်သူက MPT အားပေးရမည်။ |
၄.၆ | ဝယ်သူက ဝန်ဆောင်ခများနှင့် အခြား MPT အား ပေးဆောင်ရန် ကျသင့်ငွေ သို့မဟုတ် ပေးရမည့် ငွေပမာဏကို သီးသန့်စည်းကမ်းချက်များနှင့်အညီ ပေးရမည်။ (MPT ကဖြစ်စေ၊ ဝယ်သူကဖြစ်စေ) ဤဝန်ဆောင်မှုကို ရပ်စဲသည့် ကိစ္စရပ်များတွင် ဝယ်သူသည် ဤဝန်ဆောင်မှုကို စွန့်လွှတ်သွားပြီဟု MPT က ဆုံးဖြတ်ကာ၊ ဝယ်သူ၏ ဤဝန်ဆောင်မှုကို အသုံးပြုမှုသည် ဝယ်သူ၏ပျှမ်းမျှအသုံးပြုမှုထက် သိသိသာသာ ပိုများနေပါက၊ သို့မဟုတ် MPT ကလိုအပ်သည်ဟု သဘောရသည့် အခြားဖြစ်စဉ်တစ်ခုခုတွင်၊ ဝန်ဆောင်ခများနှင့် အခြား ပေးဆောင်ရန် သက်တမ်းပြည့်သည့်ရက်တွင် သို့မဟုတ် ပေးရမည့်ငွေပမာဏကို တောင်းဆို သည့် အခါဝယ်သူက MPT အား ချက်ချင်းပေးဆောင်ရမည်။ |
၄.၇ | သက်ဆိုင်ရာ ဥပဒေများ၊ စည်းမျဉ်းများနှင့် မူဝါဒများနှင့်အညီ၊ MPTသည် ဝန်ဆောင်ခများ၊ ငွေပေးချေမှုစည်းကမ်းချက်များနှင့် သတ်မှတ်ထားသည့်နှုန်းထားများအား အခါအားလျော်စွာ ပြောင်းလဲခွင့် သို့မဟုတ် ပြင်ဆင်ခွင့်ကို တစ်ဦးချင်းဖြစ်စေ သို့မဟုတ် ပူးတွဲ၍ ဖြစ်စေကိုင်စွဲထားသည်။ ထိုသို့သော ပြောင်းလဲမှုသို့မဟုတ် ပြင်ဆင်မှုသည် MPT ကတရားဝင်ဆုံးဖြတ်သည့် နေ့စွဲမှစပြီး အကျိုးသက်ရောက် စေရမည်။ |
၄.၈ | ဝယ်သူကပေးရမည့် ငွေများသည် အချိန်မီမပေးလျှင်ဖြစ်စေ၊ နှောင့်နှေးနေလျှင်ဖြစ်စေ၊ MPT က ယင်း၏ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်အရ
|
၄.၉ | အချို့သော အခြေအနေများတွင် MPTက ဝယ်သူအား တောင်းဆိုနိုင်ပြီး၊ ၀ယ်သူက
|
၄.၁၀ | အထက်ပါအပိုဒ်တွင် ပေးသွင်းထားသည့်ငွေနှင့်ပတ်သက်၍ MPT က –
|
၄.၁၁ | ပို၍ရှင်းအောင်ပြောရလျှင် MPT ထံသို့ ပေးသွင်းထားသည့်ငွေတစ်စုံတစ်ရာကို ဝန်ဆောင်ခတစ်စုံတစ်ရာအား ပေးချေရာတွင်သုံးရန် ဝယ်သူက မတောင်းဆိုစေရ။ ပေးသွင်းငွေကြောင့်၊ MPT သို့ အချိန်စေ့ရောက်ပြီး၊ ပေးချေရမည့် ငွေပမာဏ ကို ပေးချေရန်တာဝန်မှ ဝယ်သူအား သက်သာမသွားစေရ။ ပေးသွင်းငွေကြောင့် အချိန်စေ့ရောက်ပြီး၊ ပေးချေရမည့် ငွေပမာဏတစ်စုံတစ်ရာအား မပေးချေသည့်အတွက် ဝန်ဆောင်မှုအား ဆိုင်းငံရန်၊ ချိတ်ဆက်မှုဖြတ်ရန်၊ သို့မဟုတ် ရပ်စဲရန် MPT ၏ အခွင့်အရေးတို့အား စွန့်လွှတ်ရာ မရောက်။ |
၄.၁၂ | ဝန်ဆောင်မှုနှင့်ပတ်သက်သည့် အခွန်များအားလုံးကို တာဝန်ယူရန်နှင့် ပေးရန် ဝယ်သူက သဘောတူသည်။ ပို၍ရှင်းအောင်ပြောရလျှင် ဤဥပဒေသို့မဟုတ် မြန်မာနိုင်ငံပြင်ပရှိစီရင်ပိုင်ခွင့်တစ်ခုခု၏ ဥပဒေအရ ဝယ်သူ သည် MPTအား ပေးရမည့်ငွေပမာဏတစ်ခုနှင့် ပတ်သက်၍ ငွေပမာဏတစ်ခုအား အခွန်အဖြစ် ဖြတ်တောက်ရန် လိုအပ်ပါက၊ ဝယ်သူသည် ထိုသို့သောဖြတ်တောက်မှုကို လိုအပ်သည့်အတိုင်း လုပ်ဆောင်ရမည်။ ပြီးလျှင် ထိုသို့သောဖြတ်တောက်မှုမရှိပါက MPTက လက်ခံရရှိမည့်ပမာဏနှင့်ညီသော အသားတင် ပမာဏကို MPTက အသေအချာလက်ခံရရှိစေရန် လိုအပ်သည့်ပမာဏ တစ်စုံတစ်ရာအထိ၊ MPTအား ပေးရမည့် ငွေပမာဏကို တိုးစေရမည်။ |
၅။ အငြင်းပွားမှုများ
၅.၁ | မည်သည့်ဝယ်သူမဆို ငွေတောင်းခံလွှာကို ပေးချေသော်လည်း ငွေပမာဏသို့မဟုတ် ယင်းတွင် ဖော်ပြထား သည့်အကြောင်းအရာတစ်စုံတစ်ရာအပေါ် အငြင်းပွားလျှင်၊ သို့မဟုတ် ကြိုတင် ပေးသွင်းထားသည့် ဝန်ဆောင်ခမှ ဖြတ်တောက်ငွေပမာဏကို အငြင်းပွားလျှင်၊ ထိုငွေတောင်းခံလွှာပါနေ့ရက် သို့မဟုတ် ကြိုတင် ပေးသွင်းထားသည့်ဝန်ဆောင်ခမှ ဖြတ်တောက်သည့်နေ့ရက်မှ ရက်ကိုးဆယ် (၉၀) အတွင်း၊ ထိုအငြင်းပွားမှု ၏ အကြောင်းတရားများနှင့် အထောက်အကူပြုသည့် စာရွက်စာတမ်း အထောက် အထားများထည့်ပေးကာ MPT အား စာနှင့်ရေးထားသည့် နို့တစ်စာ ပေးရမည်။ MPT က ထို အငြင်းပွားမှု အား စေ့စပ်သေချာပြီး ဘက်လိုက်မှုကင်းသည့် ပြန်လည်ဆန်းစစ်မှုတစ်ခု ပြုလုပ်ကာ စာနှင့် ရေးထား သည့်နို့တစ်စာ ရရှိသည်မှ ထိုက်သင့်သည့်ကာလတစ်ခုအတွင်း ၀ယ်သူအား ပြန်ကြားမည်။ |
၅.၂ | ဝယ်သူက MPT အားပေးရမည့်ငွေပမာဏတစ်ခုအား အငြင်းပွားမှုကို အကြောင်းပြကာ မပေးသေးဘဲ ကိုင်ထားရန် ဆုံးဖြတ်ပါက ထိုဝယ်သူသည် အငြင်းပွားမှုအကြောင်း MPT အား စာနှင့်ရေးထားသည့် နို့တစ်စာကို သက်တမ်းပြည့်သည့်နေ့ မတိုင်မီပေးရမည်။ ထိုနို့တစ်စာတွင် ထိုအငြင်းပွားမှု၏ အကြောင်းတရား များနှင့် အကြောင်းပြချက်များကို တိတိကျကျဖော်ပြထားရမည်။ သည့်နောက် MPT က ထိုအငြင်းပွားမှု အား စေ့စပ်သေချာပြီး ဘက်လိုက်မှုကင်းသည့် ပြန်လည်ဆန်းစစ်မှုတစ်ခု ပြုလုပ်ကာ စာနှင့်ရေးထားသည် နို့တစ်စာ ရရှိသည်မှ ထိုက်သင့်သည့်ကာလတစ်ခုအတွင်း ဝယ်သူအား ပြန်ကြားမည်။ |
၅.၃ | ထိုငွေပမာဏသည် သက်တမ်းပြည့်သည့်ရက်ရောက်ပြီး MPT အားပေးရမည့်ငွေဟု ဆုံးဖြတ်ပြီးပါက၊ MPT က အခါအားလျော်စွာ ဆုံးဖြတ်သည့်နည်းဟန်အတိုင်း တွက်ချက်ကာ၊ အတိုးရင်းပေါင်းကာ အငြင်းပွားမှု မရှိပါက ထိုပမာဏကို ပေးရမည့်နေ့ရက်မှ စပြီး ဝယ်သူက သတ်မှတ်ထားသည့်နှုန်းနှင့် အတိုးပေးရမည်။ သို့ရာတွင် အမှုကိစ္စအားလုံးတွင်၊ အငြင်းပွားနေသော ကြိုတင်ပေးသွင်းထားသည့် ဝန်ဆောင်ခမှ ဖြတ်တောက်မှု အတွက် MPT၏ ဝယ်သူအပေါ် ဥပဒေအရတာဝန်ရှိမှုသည်၊ စုစုပေါင်းအားဖြင့် ကြိုတင် ပေးသွင်းထားသည့် ဝန်ဆောင်ခများပမာဏထက် မကျော်စေရ။ |
၅.၄ | အမှုကိစ္စအားလုံးတွင်၊ MPT၏ ဝန်ဆောင်မှုများပေးရာမှ ပေါ်ပေါက်လာသည့် MPTနှင့်ဝယ်သူတို့ အကြား အငြင်းပွားမှု တစ်စုံတစ်ရာသည် ဆက်သွယ်ရေးဥပဒေ၏ အခန်း (၁၄) တွင်ပြဋ္ဌာန်းထားသည့် အငြင်းပွားမှု ဖြေရှင်းရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖြစ်စေရမည်။ |
၆။ ဝန်ဆောင်မှုဆိုင်းငံ့ခြင်းနှင့် သို့မဟုတ် ရပ်စဲခြင်း
၆.၁ | ဥပဒေကခွင့်ပြုသရွေ့ MPTက မည်သည့် ဝန်ဆောင်မှုကိုမဆို ဝယ်သူအား၊ ဤဝန်ဆောင်မှုကို ဆိုင်းငံ့မှု သို့မဟုတ် ရပ်စဲမှုပြုရသည့် အကြောင်းများကို ရှင်းလင်းစွာဖော်ပြလျက် အထက်တွင်ဖော်ပြထားသည့်၊ စာနှင့် ရေးထားသော နို့တစ်စာပေးကာ၊ အချိန်မရွေး ဆိုင်းငံ့နိုင် သို့မဟုတ် ရပ်စဲနိုင်သည်။ သို့ရာတွင် ဤစာတမ်းပါ မည်သည့်အချက်ကမျှ သီးသန့်စည်းကမ်းချက်များအရ အပ်နှင်းထားသည့်၊ MPT ၏ ဝန်ဆောင်မှု တစ်စုံ တစ်ရာအား ဆိုင်းငံ့နိုင်ခွင့် သို့မဟုတ် ရပ်စဲနိုင်ခွင့် တစ်စုံတစ်ရာကို နစ်နာစေခြင်း၊ ထိခိုက်စေခြင်း မရှိစေရ။ |
၆.၂ | MPTက ဝယ်သူအား အရည်အသွေးရှိသော ဝန်ဆောင်မှုကို အခါမလပ်ပေးနိုင်စေရန် အားထုတ်ရမည်။ သို့ရာတွင် ယင်းက ဝန်ဆောင်မှုတစ်စုံတစ်ရာကိုဖြစ်စေ၊ အားလုံးကိုဖြစ်စေ အောက်ပါ ဖြစ်ရပ်တစ်ခုခု ဖြစ်ပေါ် ပြီးနောက်၊ ဝယ်သူအား စာနှင့်ရေးထားသည့်နို့တစ်စာ မပေးဘဲ၊ အချိန်မရွေး ဆိုင်းငံ့နိုင် သို့မဟုတ် ရပ်စဲနိုင် သည်။
|
၆.၃ | ဝယ်သူ၏ အကြွေးယူခြင်းဆိုင်ရာ အနေအထား သို့မဟုတ် ဘဏ္ဍာရေးတာဝန်များ ထမ်းဆောင်နိုင်ခြင်းဆိုင်ရာ အနေအထားတို့သည် လက်ခံနိုင်ဖွယ် ရှိ၊မရှိဆိုသည်ကို MPT အနေဖြင့် ယင်း၏ တစ်ဦးတည်းဆုံးဖြတ်ခွင့်ဖြင့် ဆုံးဖြတ်နိုင်ပြီး၊ ယင်းအနေဖြင့် ထောက်ပံ့ပေးရန် ငြင်းဆန်ခြင်း နှင့်/သို့မဟုတ် သီးသန့်ဝန်ဆောင်မှု တစ်ရပ် နှင့်/သို့မဟုတ် MPT ပစ္စည်းကိရိယာများ ထောက်ပံ့ခြင်းအား ကန့်သတ်ခြင်း စသည်တို့အား ဆောင်ရွက်ခွင့် ရှိသည်၊ သို့မဟုတ် ဝယ်သူ၏ အကြွေးယူခြင်းဆိုင်ရာ အနေအထား သို့မဟုတ် ဘဏ္ဍာရေးတာဝန်များ ထမ်းဆောင်နိုင်ခြင်းဆိုင်ရာ အနေအထား ပြောင်းလဲသည့်အခါ၊ ဝယ်သူ၏ ငွေစာရင်းအပေါ်တွင် အကြွေး ယူနိုင်ခွင့် ကန့်သတ်ခြင်း ဆောင်ရွက်ခွင့်ရှိသည်။ |
၆.၄ | သီးခြားစည်းကမ်းချက်များတွင် အခြားနည်းအားဖြင့် သဘောတူညီထားခြင်း မရှိပါက၊ ဝယ်သူသည် MPTထံ လေးဆယ့်ငါး (၄၅) ရက် စာဖြင့်ကြိုတင် အကြောင်းကြားစာပေးပို့ပြီး ဝန်ဆောင်မှုအား ရပ်စဲနိုင်သည်။ |
၆.၅ | ဝန်ဆောင်မှု ရပ်စဲသည့်အခါတွင်၊
|
၆.၆ | ဝန်ဆောင်မှု ဆိုင်းငံ့ထားစဉ် ကာလအတွက် ယင်းဆိုင်းငံ့ ဝန်ဆောင်ခအား ဝယ်သူအနေဖြင့် ဆက်လက် ပေးဆောင်ရမည်၊ ဝန်ဆောင်မှုပြန်လည်ချိတ်ဆက်သည့် အချိန်တွင် သို့မဟုတ် မူလအတိုင်း ပြန်လည်ရ ရှိသည့်အချိန်တွင်၊ ယင်းကဲ့သို့ ဆောင်ရွက်ခြင်းအတွက် အဖိုးအခအား MPTက ရယူမည့်အတိုင်း ပေးဆောင် ရမည်။ |
၆.၇ | သတ်မှတ်ကာလ သို့မဟုတ် အနည်းဆုံး သတ်မှတ်ကာလ တစ်ရပ်ရပ်အတွက် ဝယ်သူထံ ဆောင်ရွက်ပေးရန် သဘောတူထားသည့် ဝန်ဆောင်မှုတစ်ရပ်ရပ်အား MPTကသော်လည်းကောင်း၊ ဝယ်သူက သော်လည်းကောင်း ရပ်စဲပါက၊ အဆိုပါ သဘောတူထားသည့် အနည်းဆုံး သတ်မှတ်ကာလ မကုန်ဆုံးမီ၊ ဝယ်သူသည် အောက်ပါတို့အား ဆောင်ရွက်ရမည် –
|
၇။ လျော်ကြေးပေးခြင်း
၇.၁ | MPT၊ ယင်း၏ဒါရိုက်တာများ၊ အရာရှိများ၊ အလုပ်သမားများ၊ ကန်ထရိုက်တာများ၊ ကိုယ်စားလှယ်များ သို့မဟုတ် အေးဂျင့်ကိုယ်စားလှယ်များ၊ ယင်း၏အုပ်စုအဖွဲ့ဝင် ကုမ္ပဏီများ သို့မဟုတ် လက်အောက်ခံ ကုမ္ပဏီများ စသည်တို့အတွက် ဝယ်သူက အပြည့်အဝ တာဝန်ယူရမည်ဖြစ်ပြီး၊ ယင်းတို့အားလုံးအား အောက်ပါအကြောင်းများကြောင့် ပေါ်ပေါက်သည့် ပေးရန်ပမာဏ၊ တောင်းဆိုမှု၊ ဆုံးရှုံးမှု၊ ပေးရန်တာဝန်၊ နစ်နာမှု သို့မဟုတ် စုပေါင်းပမာဏ စသည်တို့ တစ်ရပ်ရပ် သို့မဟုတ် အားလုံးမှ ဝယ်သူအနေဖြင့် ဤနည်းအားဖြင့် လွတ်ငြိမ်းကင်းလွတ်စေရမည် –
|
၇.၂ | ဝယ်သူနှင့် သဘောတူညီချက် သို့မဟုတ် ဥပဒေ တစ်ရပ်ရပ်၏ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်အား ချိုးဖောက်ပြီး၊ ဆက်သွယ်ရေး ဝန်ဆောင်မှု သို့မဟုတ် ပစ္စည်း တစ်စုံတစ်ရာအား စျေးကွက်ဖော်ဆောင်ခြင်း၊ ရောင်းချခြင်း သို့မဟုတ် လုပ်ဆောင်ပေးခြင်း သို့မဟုတ် ဝန်ဆောင်မှု တစ်ရပ်ရပ်အား ပြန်လည်ရောင်းချခြင်း စသည်တို့နှင့် စပ်လျဉ်းသည်များ ဆောင်ရွက်ရာတွင် ဝန်ဆောင်မှု တစ်ရပ်ရပ်အား အသုံးပြုပါက၊
|
၈။ ပေးရန်တာဝန် ကန့်သတ်ခြင်း
၈.၁ | ဝယ်သူနှင့် သဘောတူညီချက် တစ်ရပ်ရပ် တွင်ပါရှိသည့် ပြဋ္ဌာန်းချက် တစ်စုံတစ်ရာက မည်သို့ပင် ဆန့်ကျင် ဖော်ပြထားစေကာမူ၊
|
၉။ တတိယပုဂ္ဂိုလ် ထောက်ပံ့သူများ
၉.၁ | ဝန်ဆောင်မှု တစ်ရပ်အား ဝယ်သူအသုံးပြု နေစဉ်အတွင်း သို့မဟုတ် ယင်းနှင့်စပ်လျဉ်း၍၊ ဝယ်သူအား တတိယပုဂ္ဂိုလ် ဝန်ဆောင်မှု သို့မဟုတ် အချက်အလက် ထောက်ပံ့သူများ (“တတိယပုဂ္ဂိုလ် ထောက်ပံ့သူများ”) ထံမှ ဝန်ဆောင်မှုများ ရယူခွင့် ပြုသည့်အခါတွင်၊ အဆိုပါ တတိယပုဂ္ဂိုလ် ထောက်ပံ့သူများ အားလုံးသည် လွှတ်လပ်သော ကန်ထရိုက်တာများ သို့မဟုတ် ထောက်ပံ့သူများ ဖြစ်သည်ဆိုသည်ကိုနှင့် ဖော်ပြပါ ရလာဒ်များအရ ဆောင်ရွက်ခြင်းနှင့် MPTက ထားရှိသည့် သတ်မှတ်ချက်များ အတိုင်း ယင်းတို့အနေဖြင့် လိုက်နာဆောင်ရွက်ခြင်းမှအပ၊ အဆိုပါ တတိယပုဂ္ဂိုလ် ထောက်ပံ့သူများသည် ဝန်ဆောင်မှုများ ဆောင်ရွက်ခြင်းနှင့် ဆက်နွယ်သည့် ကိစ္စရပ်များ အားလုံးနှင့် စပ်လျဉ်း၍ MPT၏ ထိန်းချုပ်မှုနှင့် ညွှန်ကြားမှုမှ ကင်းလွတ်သည် ဆိုသည်ကို ဝယ်သူက အသိအမှတ်ပြု လက်ခံပါသည်။ သို့ပါသောကြောင့်၊ တတိယပုဂ္ဂိုလ် ထောက်ပံ့သူများက ဆောင်ရွက်ပေးသည့် ဝန်ဆောင်မှု တစ်ရပ်ရပ်နှင့် စပ်လျဉ်းသည့် ကိစ္စရပ် တစ်စုံတစ်ရာအတွက် စာချုပ်အားဖြင့် သော်လည်းကောင်း၊ တရားမ နစ်နာမှုအားဖြင့် သော်လည်းကောင်း၊ သို့မဟုတ် အခြားနည်းအားဖြင့် သော်လည်းကောင်း MPTအနေဖြင့် ဝယ်သူထံ မည်သည့် နည်းနှင့်မျှ ပေးရန်တာဝန်မရှိစေရ။ |
၉.၂ | MPTက ဆောင်ရွက်ပေးသည့် ဝန်ဆောင်မှု တစ်ရပ်ရပ်အား အသုံးပြုခြင်းမှတစ်ဆင့်ဖြစ်ပါက၊ ဝယ်သူ သို့မဟုတ် ဝယ်သူမှတစ်ဆင့် ဝန်ဆောင်မှု ရရှိသူတစ်ဦးဦး (ယင်းကဲ့သို့ ဆောင်ရွက်ရန် လွှဲအပ်၊ ခွင့်ပြုချက် ရရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ) သည် အောက်ပါတို့အား ဆောင်ရွက်ရန် သဘောတူပါသည် သို့မဟုတ် ယင်းတို့အား ဆောင်ရွက်ရန် တာဝန်ရှိပါသည်။
သို့ရာတွင် အဆိုပါ ပုဂ္ဂိုလ်သည် MPTအနေဖြင့် ကောက်ခံရန်နှင့် ယင်းကိုယ်စားပေးချေရန် MPTအား ခွင့်ပြုထားလျှင်၊ MPTက မည်သည့် ငွေစာရင်းမှမဆို အဆိုပါ ငွေပမာဏအား ထုတ်ယူနိုင်သည်။ ထို့အပြင်၊ ဤဖော်ပြပါအပိုင်း နှင့်အညီ ထုတ်ယူသော ငွေပမာဏ တစ်ရပ်ရပ်နှင့် စပ်လျဉ်းသည့် အငြင်းပွားမှု တစ်ရပ်ရပ်အား ဝယ်သူနှင့် အဆိုပါပုဂ္ဂိုလ် သို့မဟုတ် တတိယပုဂ္ဂိုလ် တို့အကြားတွင် ဖြေရှင်းရမည်။ ဤဖော်ပြပါအပိုင်းနှင့် စပ်လျဉ်းသည့် ငွေစာရင်း တစ်စုံတစ်ရာမှ ထုတ်ယူခြင်း မှပေါ်ပေါက်သော သို့မဟုတ် ယင်းနှင့်စပ်ဆက်သော တောင်းဆိုမှု၊ ဆောင်ရွက်မှု သို့မဟုတ် ပေးရန်တာဝန်ရှိမှု တစ်ရပ်ရပ်နှင့် အားလုံးမှ MPT အနေဖြင့် လွတ်ငြိမ်းကင်းလွတ်ခွင့် ရှိရမည်ကို ဝယ်သူအနေဖြင့် အသိအမှတ်ပြု သဘောတူပါသည်။ |
၁၀။ အသိဉာဏစ္စည်း
၁၀.၁ | MPT ကစာဖြင့်ရေးသား၍ သတ်မှတ် သို့မဟုတ် ခွင့်ပြုထားသည့် နည်းဟန်ဖြင့် ဆောင်ရွက်ခြင်းနှင့် ဝန်ဆောင်မှုအား အသုံးပြုရန် ဝယ်သူအား ခွင့်ပြုခြင်း အလို့ငှာ ဆောင်ရွက်သည့် ကိစ္စရပ် တစ်စုံတစ်ရာ စသည်တို့ အတွက်မှအပ၊ ဝယ်သူအနေဖြင့် MPT အသိဉာဏ်ပစ္စည်း တစ်ရပ်ရပ်အား မသုံးရန် သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦး အနေဖြင့် MPT အသိဉာဏ်ပစ္စည်း တစ်ရပ်ရပ် အသုံးပြုခြင်းအား ခွင့်မပြုရန် သို့မဟုတ် MPT ဆော့ဝဲလ် တစ်စုံတစ်ရာအား အသုံးပြုခြင်း၊ ကူးယူခြင်း၊ ပြန်လည်စုစည်းခြင်း၊ ဆော့ဝဲလ် တည်ဆောက်ပုံအား နမူနာယူ၍ ပြန်လည်ရေးသားခြင်း သို့မဟုတ် ဖြန့်ဝေခြင်း စသည်တို့ ဆောင်ရွက်ခြင်းအား ခွင့်မပြုရန် ဝယ်သူ အနေဖြင့် ကတိပြုပါသည်။ |
၁၀.၂ | ဝန်ဆောင်မှု တစ်ရပ်ရပ်ကို အသုံးပြုခြင်း မှတစ်ဆင့် ရရှိသည့် အရာဝတ္ထုတစ်စုံတစ်ရာ၏ သဘောသဘာဝ သို့မဟုတ် ယင်း၏အချက်အလက်၊ အဆိုပါ ကုန်ကြမ်းများရရှိ သို့မဟုတ် အသုံးပြုသည့် နည်းဟန် နှင့် အဆိုပါ ဆောင်ရွက်ချက်များမှ အကျိုးဆက်နှင့် အကျိုးဆက်အားဖြင့် ဖြစ်သော နစ်နာမှု သို့မဟုတ် ဆုံးရှုံးမှု တစ်ရပ်ရပ် စသည်တို့အတွက် MPT တွင် တာဝန်မရှိစေရ၊ အဆိုပါ အကျိုးဆက်များတွင် မူပိုင်ခွင့် ချိုးဖောက်ခြင်း၊ လုံခြုံရေး ချိုးဖောက်ခြင်း သို့မဟုတ် virus၊ worm၊ trojan horse စသည်တို့ ပြန့်ပွားစေခြင်း သို့မဟုတ် အခြားသော စနစ်အား အန္တရာယ်ပြုနိုင်သည့်ကုဒ် စသည်တို့ကြောင့် ဖြစ်ပေါ်သည်တို့ပါဝင်ပြီး၊ ယင်းတို့ချည်း သာ ပါဝင်သည်ဟု ကန့်သတ်မထားပါ။ |
၁၁။ ဝယ်သူ နှင့် သက်ဆိုင်သော သတင်း အချက်အလက်
၁၁.၁ | MPT ဝန်ဆောင်မှု တစ်ရပ်ရပ် အသုံးျပဳျခင္း မှတစ်ဆင့် ဤအထွေထွေ စည်းကမ်းချက်များ လိုက်နာရာတွင်၊ MPT ကသော်လည်းကောင်း၊ MPT ကိုယ်စားသော်လည်းကောင်း ဝယ်သူထံမှ အချက်အလက် ကောက်ခံခြင်း၊ အသုံးပြုခြင်းနှင့် တွက်ချက်ခြင်း စသည်တို့ကို ဆောင်ရွက်ရန် ဝယ်သူအနေဖြင့် ဤနည်းအားဖြင့် သဘောတူပြီး ခွင့်ပြုပါသည်။ ဝယ်သူအနေဖြင့် ဤအပိုဒ် ၁၁အား အသိအမှတ်ပြု၊ သဘောတူဆောင်ရွက်မည် ဖြစ်ပြီး၊ MPT က အခါအားလျော်စွာ ဆုံးဖြတ်သည့် လုပ်ထုံးလုပ်နည်းတွင် ဝယ်သူက စာဖြင့် ကြိုတင်အကြောင်း မကြားပါက၊ MPT အနေဖြင့် တရားဝင် လုပ်ပိုင်ခွင့်ရရှိပြီး၊ သက်ဆိုင်ရာ ဥပဒေ အရလိုအပ်သည့် အခွင့်အာဏာ အားလုံးအား ဆက်လက် လုပ်ပိုင်ခွင့် ရရှိစေရမည် ဆိုသည်ကို ဝယ်သူအနေဖြင့် အသိအမှတ်ပြု သဘောတူပါသည်။ |
၁၁.၂ | အကယ်၍ ဝယ်သူသည် ဥပဒေအရ ပဋိဉာဉ်ပြုနိုင်သည့် လူ/အဖွဲ့အစည်းဖြစ်ပြီး၊ သာမန်ပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုသူများနှင့် သက်ဆိုင်သည့် သတင်းအချက်အလက် သို့မဟုတ် အချက်အလက် ပေးခြင်းကို ဆောင်ရွက်သည့် အခါတွင်၊ သက်ဆိုင်ရာ ဝယ်သူနှင့် သဘောတူညီချက် တွင်ဖော်ပြထားသည့် နည်းဟန်ဖြင့်၊ ယင်းတို့ကို ဆောင်ရွက်ရန် အလို့ငှာ၊ အဆိုပါ သာမန်ပုဂ္ဂိုလ် တစ်ဦးချင်းစီ အနေဖြင့် MPT ကသော်လည်းကောင်း၊ ယင်းကိုယ်စား သော်လည်းကောင်း ယင်းတို့၏ ပုဂ္ဂိုလ်ရေး အချက်အလက်များ ကောက်ခံ၊ အသုံးပြု၊ ထုတ်ဖော်ခြင်းအား အပြည့်အဝသိရှိပြီး၊ သဘောတူလက်ခံပြီး ဖြစ်သည်ကို ဝယ်သူက MPTထံသို့ တင်ပြ၊ အာမခံပြီး ကတိကဝတ်ပြုပါသည်။ ထို့အပြင်၊ အဆိုပါ နည်းဟန်ဖြင့်၊ ယင်းတို့ကို ဆောင်ရွက်ရန် အလို့ငှာ၊ MPT ကသော်လည်းကောင်း၊ ယင်းကိုယ်စား သော်လည်းကောင်း အဆိုပါ သတင်းအချက်အလက်များနှင့် အချက်အလက်များ အားလုံးအား ကောက်ခံခြင်း၊ အသုံးပြုခြင်းနှင့် ထုတ်ဖော်ခြင်း စသည်တို့အား ထောက်ခံမှုကို ဖော်ပြခြင်းအားဖြင့် အခြေအနေအရ လိုအပ်သည့် ဥပဒေဆိုင်ရာ အခွင့်အာဏာရှိသော ဝယ်သူက အဆိုပါ သာမန်ပုဂ္ဂိုလ်၏ ကိုယ်စား သဘောတူ၊ ခွင့်ပြုပါသည်။ |
၁၁.၃ | အဆိုပါ ဝန်ဆောင်မှုအား အသုံးပြုသူသည် အသက်မပြည့် သေးသောသူတစ်ဦး ဖြစ်ပါက၊ အဆိုပါ ဝန်ဆောင်မှုအား အသုံးပြုရန် လျှောက်ထား သို့မဟုတ် ပုံမှန်အသုံးပြုသည့် သို့မဟုတ် အဆိုပါ လျှောက်ထားခြင်းတွင် မည်သည့်ပုံစံဖြင့်မဆို ပါဝင်ပတ်သက်သည့် သို့မဟုတ် ပါဝင်ပတ်သက်ခဲ့သည့် (အသက်မပြည့် သေးသောသူ မပါဝင်ဘဲ) မည်သည့် ပုဂ္ဂိုလ်မဆို အောက်ပါတို့အား ဆောင်ရွက်ရမည် –
|
၁၂။ အရေးယူပိုင်ခွင့် စွန့်လွှတ်ခြင်း
၁၂.၁ | ကုစားခွင့်တစ်ရပ် ဆောင်ရွက်ခြင်း သို့မဟုတ် ကိစ္စရပ်တစ်ခု သို့မဟုတ် ကိစ္စရပ်များတွင် အာဏာသက်ရောက် စေခြင်း သို့မဟုတ် တိုက်တွန်းခြင်း၊ ဤအထွေထွေ စည်းကမ်းချက်များ၏ စာချုပ်စာတမ်းတစ်ရပ်ရပ် ဆောင်ရွက်ခြင်း၊ သီးခြား စည်းကမ်းချက်များ နှင့် / သို့မဟုတ် ဝယ်သူနှင့် (အဖိုးအခများ၊ ပေးချေခြင်းဆိုင်ရာ စည်းကမ်းချက်များ၊ သတ်မှတ်ထားသည့် နှုန်းထားနှင့် အလားတူများ အပါအဝင်) သဘောတူညီချက် တစ်ရပ်ရပ်အရ ဆောင်ရွက်ရမည့် စည်းကမ်း၊ သတ်မှတ်ချက် တစ်ရပ်ရပ် ဆောင်ရွက်ခြင်း စသည်တို့ လုပ်ဆောင်ရန် MPT ဘက်မှ ပျက်ကွက်ခြင်း သို့မဟုတ် ကြန့်ကြာခြင်းအား အဆိုပါ စာချုပ်အား စွန့်လွှတ်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း သို့မဟုတ် အရေးယူပိုင်ခွင့် စွန့်လွှတ်ခြင်း အနေဖြင့် မယူဆရ။ ယင်းကဲ့သို့သော မည်သည့် ပျက်ကွက်မှု သို့မဟုတ် ကြန့်ကြာမှုကမျှ MPT၏လုပ်ပိုင်ခွင့် တစ်ရပ်ရပ်အား မည်သည့် နည်းလမ်းဖြင့်မဆို သက်ရောက်မှု မရှိစေရ သို့မဟုတ် မထိခိုက်စေရ။ MPT၏ လုပ်ပိုင်ခွင့်များအား မည်သည့် အချိန်တွင်ဖြစ်စေ ယင်း၏ရွေးချယ်ပိုင်ခွင့်ဖြင့် အာဏာသက်ရောက်စေရမည်။ |
၁၃။ လျှို့ဝှက်ထိန်းသိမ်းခြင်း
၁၃.၁ | MPT နှင့်သက်ဆိုင်သည့် သတင်းအချက်အလက် တစ်စုံတစ်ရာ၊ (စျေးနှုန်းဆိုင်ရာ သတင်းအချက်အလက် သို့မဟုတ် ဝယ်သူနှင့် သဘောတူညီချက်ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များ အပါအဝင်ဖြစ်ပြီး၊ ယင်းတို့နှင့်သာ ကန့်သတ်မထားသည့်) ဝန်ဆောင်မှု တစ်ရပ်ရပ် သို့မဟုတ် MPT မှရရှိထားသည့် သို့မဟုတ် ဝန်ဆောင်မှု တစ်ရပ်ရပ် ဆောင်ရွက်ပေးခြင်းအတွက် သို့မဟုတ် ယင်းသို့ ဆောင်ရွက်စဉ် MPT၏ ကန်ထရိုက်တာ တစ်ဦးဦး ရရှိထားသည့် ပစ္စည်းကိရိယာ စသည်တို့အား အသုံးပြုခြင်း သို့မဟုတ် ပုဂ္ဂိုလ် တစ်ဦးဦးထံ ထုတ်ဖော်ပြောဆိုခြင်းကို မည်သည့် ဝယ်သူ၏ အပေါင်းပါကုမ္ပဏီကမျှ (ဝန်ဆောင်မှုအား အသုံးပြုရန် အတွက်မှအပ) မဆောင်ရွက်ရန် ဝယ်သူအနေဖြင့် လုပ်ဆောင်ရမည်။ ဝယ်သူ၏ တာဝန်ဝတ္တရား တစ်ရပ်ရပ်အား ချိုးဖောက်မှု တစ်ရပ်မှတစ်ဆင့် ပေါ်ပေါက်ခြင်းမှအပ၊ ဤလျှို့ဝှက်ထားခြင်းဆိုင်ရာ တာဝန် ဝတ္တရားသည် အများပြည်သူသိရှိသော သို့မဟုတ် သိရှိလာသည့် သတင်းအချက်အလက်နှင့် စပ်လျဉ်း၍ အကျုံးဝင်ခြင်း မရှိစေရ။ |
၁၄။ တာဝန်ပေးအပ်ခြင်း
၁၄.၁ | MPT၏ စာဖြင့် ကြိုတင်သဘောတူညီချက် မရှိဘဲ၊ ဝယ်သူနှင့် သဘောတူညီချက် တစ်ရပ်ရပ် သို့မဟုတ် ယင်းတွင် ပေးအပ်ထားသည့် လုပ်ပိုင်ခွင့် သို့မဟုတ် တာဝန်တစ်ရပ်ရပ်အား ဝယ်သူအနေဖြင့် တာဝန်လွှဲအပ်ခြင်း သို့မဟုတ် လွှဲပြောင်းခြင်း စသည်တို့ မဆောင်ရွက်ရ။ တာဝန်လွှဲအပ်ခြင်း သို့မဟုတ် လွှဲပြောင်းခြင်း တို့အတွက် သဘောတူညီချက် ရရှိသည့်အခါတွင်၊ ဤအထွေထွေ စည်းကမ်းချက်များ၏ စည်းကမ်းသတ်မှတ်ချက်များ အားလုံးနှင့် သက်ဆိုင်ရာ ဝယ်သူနှင့်သဘောတူညီချက် စသည်တို့အား တာဝန်လွှဲအပ်ခံရသူ အနေဖြင့် လိုက်နာရမည်ကို သဘောပေါက်နားလည် ထားပါသည်။ |
၁၄.၂ | တတိယပုဂ္ဂိုလ် တစ်ဦးဦးထံ ဝယ်သူနှင့် သဘောတူညီချက် တစ်ရပ်ရပ်အရ ဆောင်ရွက်ရမည့် MPT၏ လုပ်ပိုင်ခွင့်များ၊ အကျိုးစီးပွားများနှင့် တာဝန်ဝတ္တရားများ အားလုံးနှင့် တစ်စိတ်တစ်ပိုင်းအား MPT အနေဖြင့် လွှဲပြောင်းနိုင်ပြီး၊ ဝယ်သူအနေဖြင့် ယင်းကဲ့သို့ ဆောင်ရွက်ခြင်းကို ဤနည်းအားဖြင့် သဘောတူပြီး ခွင့်ပြုချက် ပေးအပ်ပါသည်။ ဤအပိုင်းအရ ဆောင်ရွက်သည့် အဆိုပါ တာဝန်လွှဲအပ်ခြင်းနှင့် လွှဲပြောင်းခြင်းအတွက် ဝယ်သူထံ အကြောင်းကြားခြင်းအား ယင်းတို့စတင် အကျိုးသက်ရောက်သည့် အချိန်တွင် ဆောင်ရွက်ရမည်။ ယင်းပြီးနောက်၊ အထွေထွေ စည်းကမ်းချက်များနှင့် သီးခြား စည်းကမ်းချက်များတွင် ပါရှိသော ရည်ညွှန်းချက်များ အားလုံးအား တာဝန်ပေးအပ်ခြင်းခံရသူ သို့မဟုတ် လွှဲပြောင်းရရှိသူအား ရည်ညွှန်းသည့် ရည်ညွှန်းချက်တစ်ရပ် အနေဖြင့် နားလည်ရမည်ဖြစ်သည်။ အဆိုပါ တာဝန်ပေးအပ်ခြင်းခံရသူ သို့မဟုတ် လွှဲပြောင်းရရှိသူသည် အဆိုပါ အထွေထွေ စည်းကမ်းချက်များနှင့် သက်ဆိုင်ရာ ဝယ်သူနှင့် သဘောတူညီချက် အရဆောင်ရွက်ရမည့် လုပ်ပိုင်ခွင့်များ၊ အကျိုးစီးပွားနှင့် တာဝန်များ အားလုံးအား ရယူရမည်။ တာဝန်ပေးအပ်ခြင်းနှင့် လွှဲပြောင်းခြင်း အကျိုးသက်ရောက်သည့် နေ့ရက်တွင်၊ ရက်စေ့နေပြီး ဝယ်သူထံမှ တိုးပွားရရှိသည့် စုပေါင်းရရှိငွေ ပမာဏ အားလုံးအား တာဝန်ပေးအပ်ခြင်းခံရသူ သို့မဟုတ် လွှဲပြောင်းရရှိသူထံ ပေးရမည်။ |
၁၅။ ပြင်ဆင်ခြင်း
၁၅.၁ | MPT သည် မည်သည့်အချိန်တွင်မဆို၊ ယင်း၏ ရွေးချယ်ပိုင်ခွင့်အရ ဥပဒေနှင့်လျော်ညီစွာ (အထွေအထွေ စည်းကမ်းချက်များ၊ သီးခြား စည်းကမ်းချက်များ၊ အဖိုးအခ တစ်ရပ်ရပ်၊ ပေးချေမှုဆိုင်ရာ စည်းကမ်းချက်များ၊ သတ်မှတ်ထားသည့် နှုန်းထား နှင့်/သို့မဟုတ် ငွေစာရင်းတစ်ရပ်ရပ် သို့မဟုတ် ဝန်ဆောင်မှု တစ်ရပ်ရပ်နှင့် စပ်လျဉ်းသည့် အခြားသော စည်းကမ်းချက် သို့မဟုတ် သတ်မှတ်ချက် တစ်ရပ်ရပ် အပါအဝင်) ဝယ်သူနှင့် သဘောတူညီချက် တစ်ရပ်ရပ်အားပြင်ဆင်၊ ပြောင်းလဲ သို့မဟုတ် ဖြည့်စွက်နိုင်သည်။ ထိုက်သင့်သော ကာလအတွက် ကြိုတင် အကြောင်းကြားစာအား ဝယ်သူထံ ပေးပို့ရမည်ဖြစ်ပြီး၊ အဆိုပါ အကြောင်းကြားစာ တွင် ဖော်ပြထားသည့် နေ့ရက်မှစတင် အကျိုးသက်ရောက်မည်ဖြစ်သည်။ |
၁၅.၂ | အောက်ပါတို့ ဆောင်ရွက်ခြင်းအား ဝယ်သူထံ ပေးပို့သည့် ထိုက်သင့်သော အကြောင်းကြားစာ အနေဖြင့် ယူဆရမည်ဖြစ်ပြီး၊ အဆိုပါ ထုတ်ဝေမှု သို့မဟုတ် စာပို့မှု သို့မဟုတ် ကြေငြာမှု ဆောင်ရွက်သည့် နေ့ရက်တွင် အောက်ပါတို့အား ရရှိပြီးဖြစ်ရမည် –
|
၁၆။ အငြင်းပွားမှု ဖြေရှင်းခြင်း
၁၆.၁ | ဝယ်သူနှင့် သဘောတူညီချက်အား ဆက်သွယ်ရေး ဥပဒေအပါအဝင်၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ၏ ဥပဒေများက လွှမ်းမိုးရမည်ဖြစ်ပြီး၊ ယင်းဥပဒေများနှင့်အညီ အဓိပ္ပာယ်ကောက်ယူပြီး အဓိပ္ပာယ်ဖွင့်ဆိုရမည်။ |
၁၆.၂ | အခြားနည်းအားဖြင့် သဘောတူထားခြင်း မှအပ၊ စားသုံးသူ ကာကွယ်ရေး အက်ဥပဒေ၏ ပြဋ္ဌာန်းချက်များက လွှမ်းမိုးပါက၊ ဖြေရှင်းရန် တောင်းဆိုသည့် ကိစ္စတစ်ရပ်အား စာချုပ်ဝင်တစ်ဦးက အခြားတစ်ဦးထံ အကြောင်းကြားမှု ဆောင်ရွက်သည့် နေ့ရက်မှ (၁၀)ရက်ကာလ တစ်ခုအတွင်း စာချုပ်ဝင်များက ပြေလည်စွာ မဖြေရှင်းနိုင်သည့်၊ စာချုပ်ချိုးဖောက်မှု၊ တည်ရှိမှု၊ အကျိုးသက်ရောက်မှု၊ တရားဝင်မှု သို့မဟုတ် ရပ်စဲမှု စသည်တို့နှင့် စပ်လျဉ်းသော မေးမြန်းစုံစမ်းမှု တစ်ရပ်ရပ် အပါအဝင်ဖြစ်သည့် တောင်းဆိုမှု၊ ပြင်းထန်စွာ တောင်းဆိုမှု၊ ဆောင်ရွက်ရသည့် အကြောင်းရင်း၊ အငြင်းပွားမှု၊ အခြေအတင်ဖြစ်မှုနှင့် ဝယ်သူနှင့် သဘောတူညီချက် မှပေါ်ပေါက်သည့် သို့မဟုတ် ယင်းနှင့်စပ်လျဉ်းသော မေးခွန်းထုတ်ဖွယ်ဖြစ်သည့် အခြား ကိစ္စရပ်များ စသည်တို့ တစ်ရပ်ရပ်နှင့် အားလုံးအား ၂၀၁၆ခုနှစ် အနုညာတ စီရင်ဆုံးဖြတ်ခြင်း ဥပဒေ (“MAL” ဟုခေါ်ဆိုမည်) ၏ ပြဋ္ဌာန်းချက်များအရ မြန်မာနိုင်ငံရှိ အနုညာတ စီရင်ဆုံးဖြတ်ခြင်း ဆိုင်ရာ ဆောင်ရွက်မှု များအတိုင်း ရည်ညွှန်းရမည်ဖြစ်ပြီး၊ နောက်ဆုံးတွင် ယင်းတို့နှင့်အညီ ဖြေရှင်းရမည်။ အဆိုပါ ဥပဒေ အပေါ်တွင် ရည်ညွှန်းချက်တွင် ဝယ်သူနှင့် သဘောတူညီချက်အား ချုပ်ဆိုသည့်နေ့ရက် နောက်ပိုင်း အခါအားလျော်စွာ မွမ်းမံ သို့မဟုတ် ပြန်လည်ပြဋ္ဌာန်း သို့မဟုတ် အစားထိုးသည့် ပြဋ္ဌာန်းချက်များ ပါဝင်ရမည်။ MAL နှင့်အညီ မြန်မာနိုင်ငံတွင် အနုညာတ စီရင်ဆုံးဖြတ်ခြင်း ဆောင်ရွက်မှုနှင့် စပ်လျဉ်းပြီး၊ ခုံသမာဓိလူကြီး သုံး(၃)ဦး ထားရှိရမည်။ အနုညာတ စီရင်ဆုံးဖြတ်ရန် တရားစတင်စွဲဆိုသည့် ရက်ပေါင်း သုံးဆယ် (၃၀) အတွင်း စာချုပ်ဝင်တစ်ဦးချင်းစီသည် ခုံသမာဓိတစ်(၁)ဦးစီ ခန့်အပ်ရမည်ဖြစ်ပြီး၊ ခုံသမာဓိလူကြီး နှစ်(၂)ဦး အနက် နောက်ဆုံးသောသူ ရွေးချယ်ပြီးနောက်၊ ရက်ပေါင်း သုံးဆယ် (၃၀) အတွင်း အဆိုပါ ခန့်အပ်ပြီး ဖြစ်သည့် ခုံသမာဓိလူကြီးများက အဆုံးအဖြတ်ပေးမည့်ခုံသမာဓိလူကြီးတစ်ဦးအား ရွေးချယ်ရမည်။ အကယ်၍ စာချုပ်ဝင်တစ်ဦးသည် ယင်းခန့်အပ်ရမည့် ခုံသမာဓိလူကြီး ခန့်အပ်ရန် ပျက်ကွက်ပါက သို့မဟုတ် စာချုပ်ဝင်က ခန့်အပ်သည့် ခုံသမာဓိလူကြီးများသည် အကျုံးဝင်သည့်အတိုင်း အချိန်ကာလအတွင်း အဆုံးအဖြတ် ပေးမည့်ခုံသမာဓိ လူကြီးတစ်ဦး ရွေးချယ်ရန် သဘောတူညီမှု မရရှိပါက၊ အဆိုပါ ခုံသမာဓိလူကြီး သို့မဟုတ် အဆုံးအဖြတ်ပေးမည့် ခုံသမာဓိလူကြီး တစ်ဦးအား အကျုံးဝင်သည့်အတိုင်း ခန့်အပ်ရန် မည်သည့် စာချုပ်ဝင်ကမဆို တရားရုံးထံ လျှောက်ထားနိုင်သည်။ မည်သည့် အနုညာတ စီရင်ဆုံးဖြတ်ခြင်း ဆောင်ရွက်မှု တွင်မဆို၊ ခုံသမာဓိလူကြီး အများစု၏ ဆုံးဖြတ်ချက်က လွှမ်းမိုးရမည်၊ သို့ရာတွင်၊ ခုံသမာဓိလူကြီးများ၏ သဘောထား ထင်မြင်ချက်များသည် တူညီသည့် အရေအတွက် ဖြစ်နေပါက၊ အဆုံးအဖြတ်ပေးမည့် ခုံသမာဓိ လူကြီး၏ ဆုံးဖြတ်ချက်က လွှမ်းမိုးရမည်။ အနုညာတ စီရင်ဆုံးဖြတ်ခြင်းတွင် အသုံးပြုရမည့် ဘာသာစကားသည် မြန်မာဘာသာ ဖြစ်ရမည်ဖြစ်ပြီး၊ နောက်ဆုံးရလာဒ်ဖြစ်သည့် အနုညာတ စီရင်ခြင်းဆိုင်ရာ ဆုံးဖြတ်ချက်သည် အပြီးသတ်ဖြစ်ရမည်၊ ထို့အပြင် ယင်းသည် စာချုပ်ဝင်များ အပေါ်တွင် စည်းနှောင်မှု ရှိရမည်။ အဆိုပါ ဆုံးဖြတ်ချက် အပေါ်တွင် ဆောင်ရွက်သည့် စီရင်ချက်အား တရားစီရင်ပိုင်ခွင့်ရှိသော တရားရုံး တစ်ရုံးရုံးတွင် တင်ပြစေနိုင်သည်။ |
၁၇။ အကြောင်းကြားမှုများ
၁၇.၁ | MPT မှ ဝယ်သူထံသို့ အကြောင်းကြားမှုများနှင့် ဆက်သွယ်မှုများ အားလုံး(အပိုဒ် ၄.၃အရ အကျုံးဝင်သည့် ငွေတောင်းခံလွှာ မပါဝင်ဘဲ)အား MPTက ထိန်းသိမ်းထားသည့် ဝယ်သူ၏မှတ်တမ်း တစ်ရပ်ရပ်တွင်ရှိသော သို့မဟုတ် ဝယ်သူက MPT ထံ ဆက်သွယ်မှု တစ်ရပ်ရပ်အတွက် ပေးပို့ သို့မဟုတ် ထုတ်ပေးသည့် သို့မဟုတ် MPT ကအခြားနည်းအားဖြင့် နောက်ဆုံးသိရှိရသော ဝယ်သူ၏ အီးမေးလိပ်စာ သို့မဟုတ် အခြားလိပ်စာ သို့မဟုတ် ဖက်စ်နံပါတ်ထံသို့ လူကိုယ်တိုင်၊ စာတိုက်မှတစ်ဆင့်၊ အီးမေးဖြင့် သို့မဟုတ် ဖက်စ်ဖြင့်၊ MPTက သင့်တော်သည်ဟု ယူဆသော အခြားနည်းလမ်း တစ်ရပ်ရပ်ဖြင့် ပေးပို့ခြင်း ဆောင်ရွက်နိုင်သည်။ ဝယ်သူထံသို့ လိပ်စာတပ်ပြီး ပေးပို့ထားသည့် အဆိုပါ အကြောင်းကြားမှု၊ တောင်းဆိုမှု သို့မဟုတ် ဆက်သွယ်မှု တစ်ရပ်ရပ်အား အောက်ဖော်ပြပါ အခြေအနေတွင် ဝယ်သူက လက်ခံရရှိပြီး ဖြစ်သည်ဟု မှတ်ယူရမည် –
|
၁၇.၂ | MPTက ဝယ်သူထံသို့ အခြားနည်းအားဖြင့် သတ်မှတ်ဖော်ပြ မထားပါက၊ ဝယ်သူထံမှ MPT ထံသို့ အကြောင်းကြားမှုများနှင့် တောင်းဆိုမှုများ အားလုံးအား စာဖြင့်ရေးသား ဆောင်ရွက်ရမည်။ ဝယ်သူ၏ အကြောင်းကြားမှုနှင့် တောင်းဆိုမှု တစ်ရပ်ရပ်အား MPTကယင်းသို့ ပေးပို့ခြင်းအတွက် လက်ခံရရှိကြောင်း အတည်ပြုချက်ကို ဝယ်သူထံ ပေးပို့ခြင်း မရှိသေးပါက၊ အကျိုးမသက်ရောက်သည့် သို့မဟုတ် တရားမဝင်သည့် အကြောင်းကြားမှုနှင့် တောင်းဆိုမှု အနေဖြင့် MPTက သတ်မှတ်ခွင့်ရှိသည်။ |
၁၈။ အဓိပ္ပာယ်ဖွင့်ဆိုခြင်း
၁၈.၁ | စကားစပ်အရ ရှေ့နောက်မညီ ဖြစ်နေသည့်အခါတွင်မှအပ၊ ဤအထွေထွေ စည်းကမ်းသတ်မှတ်ချက်များ (“အထွေထွေ စည်းကမ်းချက်များ” ဟုခေါ်ဆိုမည်) အား အဓိပ္ပာယ်ဖွင့်ဆိုရာတွင် အောက်ပါအတိုင်းဖြစ်ရမည်
|
၁၉။ ဆက်လက်အာဏာ သက်ရောက်နိုင်မှု
၁၉.၁ | ဝယ်သူနှင့် သဘောတူညီချက် တစ်ရပ်ရပ်နှင့် ဤအထွေထွေ စည်းကမ်းချက်များတွင် ပါရှိသော ပြဋ္ဌာန်းချက် တစ်ရပ်ရပ် သို့မဟုတ် တစ်ရပ်ထက်ပိုသည့် ပြဋ္ဌာန်းချက်များသည် မည်သည့် အခြေအနေတွင်မဆို တရားမဝင်ခြင်း၊ ဥပဒေနှင့်မညီခြင်း သို့မဟုတ် အာဏာမသက်ရောက်နိုင်ခြင်း ဖြစ်ပေါ်လာပါက၊ ယင်းတို့တွင် ပါဝင်သော ကျန်ရှိနေသည့် ပြဋ္ဌာန်းချက်များ၏ တရားဝင်မှု၊ ဥပဒေနှင့် ညီညွတ်မှုနှင့် အာဏာသက်ရောက် နိုင်မှု တို့အား မည်သည့်နည်းနှင့်မျှ အကျိုးမသက်ရောက်စေရ သို့မဟုတ် မထိခိုက်စေရ၊ ထို့အပြင်၊ တရားမဝင်၊ အာဏာမသက်ရောက်နိုင် သို့မဟုတ် ဥပဒေနှင့်မညီဟု ယူဆရသည့် အပိုင်းအား ယင်းပြဋ္ဌာန်းချက်များ၏ စည်းကမ်းချက်များနှင့်အညီ အနီးစပ်ဆုံး အာဏာသက်ဝင်စေရန် ဆောင်ရွက်ရမည်။ |