MPT ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက် ရဲ့လစဉ်ကြေး ကြိုတင်ငွေပေးချေခြင်း ဝန်ဆောင်မှုများကို နီးစပ်ရာ MPT ၏ ငွေလက်ခံကောင်တာများနှင့် MPT branded ဆိုင်များတွင် ပေးဆောင်နိုင်ကြောင်း အသိပေးအပ်ပါသည်။ (၆) လစာ ကြိုတင်ငွေပေးဆောင် ပါက ၅% သက်သာခွင့်နှင့် (၁) နှစ် ကြိုတင်ငွေပေးဆောင်ပါက ၁၀% ထိသက်သာခွင့်ကို ရယူလိုက်ပါ။
Advance Payment Promotion
*Bandwidth upgrade promotion until end of Dec 22
*All FTTH users who join MPT until May 22 are eligible.
ကြိုတင်ငွေပေးချေမှု အကျိုးခံစားခွင့်အသေးစိတ် | |||
---|---|---|---|
အမြန်နှုန်း | လစဉ်ကြေး | 6 လစာ ကြိုတင်ငွေစုစုပေါင်း (5% လျှော့ဈေး) | ၁၂ လစာ ကြိုတင်ငွေစုစုပေါင်း (၁၀% လျှော့ဈေး) |
15 20 Mbps | 32,000 | 182,400 | 345,600 |
25 30 Mbps | 43,000 | 245,100 | 464,400 |
50 60 Mbps | 76,000 | 433,200 | 820,800 |
100 110 Mbps | 120,000 | 684,000 | 1,296,000 |
ဒုံးပျံအိမ်သုံးအင်တာနက် သုံးစွဲနေသူများအနေဖြင့် ယခုပရိုမိုးရှင်းတွင် ရယူလိုပါက မည်မျှပေးဆောင်ရမလဲ?
၁။ ကြိုတင်ငွေပေးချေခြင်း ပရိုးမိုးရှင်းကို သိရှိနိုင်ပါရန် MPT အမည်ဖြင့် SMS ပေးပို့ထားပါသည်။ ယင်း SMS တွင် လျှော့စျေးအပါအဝင် အသေးစိတ်အချက်အလက်များနှင့် ကြိုတင်ငွေ ပေးဆောင်ရမည့် ငွေပမာဏ အတိအကျအား စစ်ဆေးတွေ့ရှိ နိုင်ပါသည်။
၂။ ကြိုတင်ငွေပေးချေပြီး လျှော့စျေးရယူခြင်း ပရိုမိုးရှင်းအား လျှောက်ထားလိုပါက သုံးစွဲသူသည် လက်ရှိ ကျန်ရှိနေသော ကြွေးကျန်များ အားလုံးကို ပေးဆောင်ရပါမည်။ (ပြီးခဲ့သည့်လတွင်ထွက်ရှိခဲ့သော ဘေစာရင်းနှင့် ယင်းမတိုင်ခင်လများတွင်ထွက်ရှိထားခဲ့သော ဘေလ်များ)
* လက်ရှိ ကျန်ရှိနေသော ကြွေးကျန်များ = ပြီးခဲ့သည့် လမကုန်မှီ အချိန်အထိ နောက်ဆုံးထားပေးဆောင်ရမည့် ဘေလ် ကို ဆိုလိုပါသည်။
MPT ၏ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက်ဝန်ဆောင်မှုသည် ကြိုတင်ငွေပေးချေရသော ဝန်ဆောင်မှုဖြစ်ပါသည်။ သုံးစွဲသူမှ ယင်းဝန်ဆောင်မှု အား စတင်အသုံးမပြုမှီ တစ်လကြိုတင်၍ ကောက်ခံခြင်း ဖြစ်ပါသည်။
ဥပမာအားဖြင့် ဒီဇင်ဘာလ အစောပိုင်းတွင် နောက်လာမည့်လ ဇန်နဝါရီလ အသုံးပြုခဘေလ်အား သုံးစွဲသူထံ ကြိုတင်ပို့ဆောင်ပေးပြီး ယင်း ဘေလ်အားနောက်ဆုံးထားပေးဆောင်ရမည့် ရက်မှာ ဒီဇင်ဘာလမကုန်မှီအထိဖြစ်ပါသည်။
Case1- ယခုလတွင် ထွက်ရှိသည့် ငွေတောင်းခံလွာအတွက် ပေးချေထားခြင်းမရှိပါ ။ (နောက်လဝန်ဆောင်မှုအတွက်)
Bandwidth | Prepaid 6months (5% discount) | Prepaid 12moths (10% discount) |
---|---|---|
15 20 Mbps | 182,400 | 345,600 |
25 30 Mbps | 245,100 | 464,400 |
50 60 Mbps | 433,200 | 820,800 |
100 110 Mbps | 684,000 | 1,296,000 |
Case 2- ယခုလတွင် ထွက်ရှိသည့် ငွေတောင်းခံလွာအတွက် ပေးချေထားပြီးဖြစ်ပါသည်။ (နောက်လဝန်ဆောင်မှုအတွက်)
Bandwidth | Prepaid 6months (5% discount) | Prepaid 12moths (10% discount) |
---|---|---|
15 20 Mbps | 150,400 | 313,600 |
25 30 Mbps | 202,100 | 421,400 |
50 60 Mbps | 357,200 | 744,800 |
100 110 Mbps | 564,000 | 1,176,000 |
MPT Pay မှတဆင့် ငွေပေးချေခြင်း | |
MPT Pay အကောင့် မှတ်ပုံတင်ရန် နှင့် ငွေပေးချေခြင်း အသေးစိတ် | How to Register – Click Here How to Cash-in to MPT Pay – Click Here MPT Bill Payment – Click Here |
MPT PAY APPကို Android မှ ဒေါင်းလုဒ်လုပ်ရန်။ | ![]() |
MPT PAY APPကို IOS မှ ဒေါင်းလုဒ်လုပ်ရန်။ | ![]() |
ကြိုတင်ငွေ ငွေပေးချေမှုပြူလုပ်နိုင်သော MPT TRA ကောင်တာများ | |
လက်ရှိဖြစ် ပေါ်နေသော COVID19 အခြေနေများ ကြောင့် ကြိုတင်ငွေ ငွေပေးချေမှုမပြုလုပ်မှီ ဖေါ်ပြထားသည့် နီးစပ်ရာ အရောင်းကောင်တာများ ၏ ဖုန်း နံပါတ်များကို ကြိုတင်ဆက်သွယ်စုံစမ်းပြီးမှသာ သွားရောက် ပေးဆောင်ပါရန် လေးစားစွာ အသိပေးအပ်ပါသည်။ | Please see the detail https://www.mpt.com.mm/mm/mpt-dome-pyan-brand-shop-list-mm |
Bank များမှတဆင့် ကြိုတင်ငွေပေးဆောင်ခြင်း | |
KBZ | KBZ mobile banking မှတဆင့် (သို့) မည်သည့် KBZ ဘဏ်ကောင်တာတွင် မဆို ပေးဆောင်နိုင်ပါသည်။ KBZ mobile banking user guide, please [ Link ] |
AYA | AYA mobile banking မှတဆင့် (သို့) မည်သည့် AYA ဘဏ်ကောင်တာတွင် မဆို ပေးဆောင်နိုင်ပါသည်။ AYA mobile banking user guide, please [ Link ] |
CB | CB mobile banking မှတဆင့် (သို့) မည်သည့် CB ဘဏ်ကောင်တာတွင် မဆို ပေးဆောင်နိုင်ပါသည်။ CB mobile banking user guide, please [ Link ] |
မေးခွန်းများ
ဒုံးပျံအိမ်သုံးအင်တာနက် ကြိုတင်ငွေပေးဆောင်ခြင်း ပရိုမိုးရှင်း (၆လစာအတွက် ၅% လျော့ဈေး သို့ ၁၂လစာအတွက် ၁၀% လျော့ဈေး)
1. ကြိုတင်ငွေပေးဆောင်ခြင်း ပရိုမိုးရှင်း ဆိုတာဘာလဲ။ မည်သူများရယူနိုင်ပါသလဲ။
ယခု လက်ရှိ ဒုံးပျံအိမ်သုံးအင်တာနက် သုံးစွဲနေသူများ (1st MRC အားပေးဆောင်ပြီး၊ ပုံမှန် MRC ထွက်ရှိပြီးသော သုံးစွဲသူများ) အနေဖြင့် ၆လ (သို့မဟုတ်) ၁၂လ ကြိုတင်ငွေ ပေးဆောင်ထားခြင့်ဖြင့် ၅% (သို့မဟုတ်) ၁၀% သက်သာစေမည့် အကျိုးအမြတ် ဖြစ်ပါသည်။ ယခုအစီအစဥ်အား Class A 100Mbps, Class B 50Mbps, Class C 25Mbps and Class D 15Mbps အားအသုံးပြုလျက်ရှိသူများသာ ရယူနိုင်မည်ဖြစ်သည်။ အသေးစိတ်သိလိုပါက https://www.mpt.com.mm/mm/advance-payment-promotion-mm/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
2. ပရိုမိုးရှင်းအစီအစဉ်အား မည်သည့်နေရာတွင် ရယူနိုင်မည်နည်း။
FTTH ရရှိနိုင်သော မြို့နယ်များအားလုံးတွင် ရရှိနိုင်ပါသည်။
3. ကြိုတင်ငွေပေးဆောင်ခြင်းအား မည်သည့်နေရာများတွင် ပေးဆောင်နိုင်မည်နည်း။
ကြိုတင်ငွေပေးဆောင်ခြင်းအား လက်ရှိ MPT FTTH ဘေလ်များ ပေးဆောင်နိုင်သော TRA counter များ ၊ MEB online payment၊ CB၊ KBZ BANK, AYA Bank၊ MEB နှင့် ချိတ်ဆက်ထားသော CITY MART၊ JUNCTION၊ OCEAN၊ ABC CONVENIENCE STORE ၊ SUPERONE၊ MYANMA APEX BANK ၊ UNITED LIVING MALL စသည့် ဈေးဝယ်စင်တာများမှတဆင့်လည်း လွယ်ကူစွာ ငွေပေးချေနိုင်ပါသည်။
အသေးစိတ်ကြည့်ရှုရန် – https://bit.ly/3DV6Nlr
4. ငွေပေးချေရန်အတွက် နောက်ဆုံးပေးဆောင်ရမည့် သတ်မှတ်ထားသော ရက်ရှိပါသလား။
ကြိုတင်ငွေပေးချေခြင်းလျှော့စျေးအား အောင်မြင်စွာ ရယူနိုင်ရန် လတစ်လ၏ နောက်ဆုံးအလုပ်ဖွင့်ရက် (၃)ရက် မတိုင်မီ နောက်ဆုံးထား၍ ပေးဆောင်ရပါမည်။
5. အသုံးပြုသူမှ (၆လ သို့မဟုတ် ၁၂လ) ကြိုတင်ငွေပေးဆောင်ထားသော ကာလအတွင်း လိုင်းအား အပြီးပိတ်သိမ်းလိုပါက ပြန်အမ်းငွေ ပြည်လည်ရရှိနိုင်မည်လား။
ပြန်အမ်းငွေ မရရှိနိုင်ပါ။ အသုံးပြုသူမှ ကြိုတင်ငွေပေးဆောင်ထားသော ကာလအတွင်း မည်သည့်ကြောင်းပြချက်ဖြင့်မဆို လိုင်းအပြီးပိတ်သိမ်းခြင်းအတွက် MPT မှ ပြန်အပ်ငွေ ပေးမည်မဟုတ်ပါ။
6. ကြိုတင်ငွေပေးချေခြင်း ပရိုမိုးရှင်းအား သက်တမ်းတိုးလိုပါက မည်သို့ဆောင်ရွက်ရမည်နည်း။
အသုံးပြုသူအနေဖြင့် ကြိုတင်ငွေပေးချေခြင်းရယူထားသော ပရိုမိုးရှင်းကာလ မကုန်မီနောက်ဆုံးလ၏ လမကုန်မှီ အလုပ်ဖွင့်ရက် (၃)ရက် ကြိုတင်၍ သက်တမ်းတိုးနိုင်ပါရန် အသိပေးအကြောင်းကြားအပ်ပါသည်။ ယင်းသက်တမ်းတိုးနိုင်ရန် နောက်တစ်လအတွက်ကြိုထွက်ထားသော ဘေ၏ ငွေစာရင်းနံပါတ်အား ကိုကား၍ ကြိုတင်ငွေပေးချေပြီး သက်တမ်းတိုးနိုင်ပါသည်။
7. Discount ကာလအတွင်း အသုံးပြုသူမှ Bandwidth အတိုးအလျှော့ပြုလုပ်ခြင်း၊ နေရာပြောင်းရွှေ့ခြင်း၊ လိုင်းယာယီပိတ်သိမ်းခြင်းများ ဆောင်ရွက်နိုင်ပါသလား။
Discount ကာလအတွင်း အသုံးပြုသူမှ Bandwidth တိုးမြှင့်ခြင်းပြုလုပ်နိုင်သော်လည်း လျှော့ချခြင်းမပြုလုပ်နိုင်ပါ။ သို့သော် Bandwidth တိုးမြှင့်ခြင်းအတွက် ထပ်ဆောင်းပေးဆောင်ရမည့် ငွေအား ပေးဆောင်ရမည်ဖြစ်ပြီး ယင်းပေးဆောင်မှုအတွက် လျှော့စျေးပရိုမိုးရှင်း ရရှိမည်မဟုတ်ပါ။ အသုံးပြုသူမှ လိုင်းယာယီပိတ်သိမ်းခြင်းအား FTTH သုံးစွဲသူများအတွက် လိုင်းယာယီပိတ်သိမ်းခြင်း စည်းမျည်းများအရ ပြုလုပ်နိုင်ပါသည်။ နေရာရွှေ့ပြောင်းခြင်းလျောက်ထားမှုများအတွက် အကယ်၍ သုံးစွဲသူ ပြောင်းရွှေ့လိုသော နေရာတွင် MPT FTTH အသုံးပြုနိုင်မှသာ ပြောင်းရွှေ့နိုင်မည်ဖြစ်သည်။