×

AirAsia နှင့် MPT တို့ ပူးပေါင်း၍ MPT ဆင်းမ်ကတ် အသုံးပြုသူများအတွက် လေယာဉ်လက်မှတ်ဈေးနှုန်းများ ၂၀ ရာခိုင်နှုန်း အထိလျှော့ချပေးသွားမည်

20 Mar 2018

ရန်ကုန်၊ ၂၀ မတ်လ၊ ၂၀၁၈ ခုနှစ် – နိုင်ငံတကာသို့ ပျံသန်းနေသည့် AirAsia လေကြောင်းလိုင်းနှင့် မြန်မာနိုင်ငံ၏ ဦး ဆောင်ဆက်သွယ်ရေးအော်ပရေတာ MPT တို့ပူးပေါင်း၍ MPT ဖုန်းသုံးစွဲနေသူများအားလုံး ဈေးနှုန်းသက်သာစွာဖြင့် လေယာဉ်စီးနင်း ခရီးသွားလာနိုင်ရန်အတွက် အထူးသီးသန့် လျှော့ဈေးအစီအစဉ်သစ်တစ်ရပ်ကို စတင်လုပ်ဆောင် လိုက်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ကြေညာလိုက်သည်။

AirAsia က မိုဘိုင်းလ်ဖုန်းမှတစ်ဆင့် လေယာဉ်လက်မှတ်များကို အလွယ်တကူဝယ်ယူနိုင်ရေး အတွက် ရည်ရွယ်ပြုလုပ်သော “AirAsia On Sale” အစီအစဉ်ကို စတင်မိတ်ဆက်ပြီး AirAsia လေယာဉ်လက်မှတ်များ ကို AirAsia မိုဘိုင်းလ်အက်ပလီကေးရှင်း ပေါ်မှတစ်ဆင့် ဝယ်ယူမည့် MPT ဆင်းမ်ကတ်အသုံးပြုသူ များအားလုံးအတွက် ၂၀ ရာခိုင်နှုန်းအထိ လျှော့ချပေးအပ်သွားမည် ဖြစ်သည်။

MPT အသုံးပြုသူများအနေဖြင့် AirAsia မိုဘိုင်းလ်အက်ပလီကေးရှင်းတွင် promo code “MPT20” ဟု ထည့်သွင်းပြီး ၂၀၁၈ ခုနှစ် မတ်လ ၂၉ ရက် (၂၂:၃၀ နာရီ) မှ ၂၀၁၈ ခုနှစ် ဧပြီလ ၁ ရက်နေ့ (၂၂:၃၀ နာရီ) အထိ အထူးဈေးနှုန်းဖြင့် ဝယ်ယူနိုင်မည်ဖြစ်ပြီး ခရီးသွားလာနိုင်မည့်ကာလမှာ ၂၀၁၈ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှ ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့ အထိ ဖြစ်ပါသည်။

ယခု ပြုလုပ်သည့် အထူးလျှော့ဈေးအစီအစဉ်တွင် AirAsia ဂျပန် (လေကြောင်းလိုင်းအမှတ် DJ) နှင့် AirAsia အင်ဒိုနီးရှား (လေကြောင်းလိုင်းအမှတ် QZ) တို့မှအပ ကျန်ခရီးစဉ်များအားလုံးအတွက် အကျုံးဝင်မည် ဖြစ်ပါသည်။
ကမ္ဘာ့ဈေးနှုန်းအသက်သာဆုံးလေကြောင်းလိုင်းအဖြစ် ဦးဆောင်နေသည့် AirAsia အနေဖြင့် အရည်အသွေး ကောင်းမွန်မှုရှိပြီး မြန်မာနိုင်ငံရှိ စီးပွားရေးလေကြောင်းသယ်ယူပို့ဆောင်ရေးများ အပေါ် တောင်းဆိုချက်များ မြင့်မားလာခြင်းကို သိရှိထားသကဲ့သို့ ဈေးကွက်အတွင်း ကမ္ဘာ့အဆင့်မီ ဝန်ဆောင်မှုများ ဆက်လက်လုပ်ဆောင်သွား နိုင်ရန်လည်း ရည်မှန်းထားပါသည်။

AirAsia လေကြောင်းလိုင်း၏ Regional Head of Partnership ဖြစ်သော Mr. Matthew Mok က “AirAsia အနေနဲ့ ပျံသန်းတဲ့အတွေ့အကြုံကို တိုးတက်ကောင်းမွန်လာစေဖို့အပြင် လူတိုင်း ဈေးသက်သက်သာသာနဲ့ လေယာဉ်စီးနှင်း ခရီးသွားနိုင်စေဖို့အတွက် ကြိုးပမ်းနေပါတယ်။ အခုလို အမြော်အမြင်ရှိလှတဲ့ ကျွန်တော်တို့ရဲ့ မိတ်ဖက် MPT နဲ့ ပူးပေါင်းဆောင်ရွက်ခွင့်ရတဲ့အတွက်ကြောင့် မြန်မာနိုင်ငံသားတွေအနေနဲ့ လွတ်လွတ်လပ်လပ် ခရီးသွားလာပြီး အခြားဒေသက ယဉ်ကျေးမှုတွေကို မြင်တွေ့ခံစားနိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။ ဒီပူးပေါင်းဆောင်ရွက်မှုဟာ မြန်မာနိုင်ငံမှာရှိတဲ့ AirAsia အတွက် နောက်ထပ်အရေးပါတဲ့ မှတ်တိုင်တစ်ခုဖြစ်သလို အလားအလာရှိတဲ့ ဒေသတွင်း အခွင့်အလမ်းတွေကိုရှာဖွေပြီး ကျွန်တော်တို့ရဲ့အမှတ်တံဆိပ်ကို ပိုမိုခိုင်မာလာအောင် ဆက်လက်ဆောင်ရွက်သွား ပါမယ်” ဟု ပြောကြားသည်။

MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr.Reizo Umeda က “MPT ရဲ့ အကျယ်ပြန့်ဆုံး မိုဘိုင်းလ်ကွန်ရက်နဲ့အတူ မြန်မာနိုင်ငံအနှံ့အပြားကများပြားလှတဲ့ အသုံးပြုသူတွေဆီကို အခုလို အံ့အားသင့်ဖွယ် ကောင်းတဲ့အထူးလျှော့ဈေး အခွင့်အရေးကို ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။ အားလုံးသော MPT အသုံးပြုသူတွေအနေနဲ့ ကိုယ့်ရဲ့ စမတ်ဖုန်းတွေထဲတွေမှာ AirAsia အက်ပလီကေးရှင်းကို ရယူပြီး အဲ့ဒီကနေတစ်ဆင့် ကိုယ်နှစ်သက်တဲ့ ခရီးစဉ်တွေကို ၂၀ ရာခိုင်နှုန်းသီးသန့်လျှော့ဈေးနှင့်အတူ ရယူနိုင်မှာပဲဖြစ်ပါတယ်” ဟု ပြောကြားသည်။

ဆက်လက်၍ Mr. Reizo Umeda က “ကျွန်တော်တို့အနေနဲ့ AirAsia နဲ့အတူတကွ လက်တွဲဆောင်ရွက်ခွင့်ရတဲ့ အတွက် အထူးပဲစိတ်လှုပ်ရှားမိပြီး ကျွန်တော်တို့ရဲ့ တန်ဖိုးရှိလှတဲ့ မြန်မာပြည်သူတွေအတွက် သင့်တင့်တဲ့ဈေးနှုန်းနဲ့ နိုင်ငံရပ်ခြားခရီးစဉ်များကို လှည့်ပတ်သွားလာပြီး အတွေ့အကြုံတွေရယူနိုင်ဖို့ ကျွန်တော်တို့အနေနဲ့ ဆောင်ကျဉ်းပေးနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ထပ်လောင်း ပြောကြားပါသည်။

AirAsia လေကြောင်းလိုင်းအနေဖြင့် လက်ရှိတွင် ရန်ကုန်-ဘန်ကောက် (ဒွန်မောင်းအပြည်ပြည်ဆိုင်ရာလေဆိပ်) တိုက်ရိုက်လေကြောင်း ကို တစ်ရက်လျှင် လေးကြိမ်၊ ရန်ကုန်-ကွာလာလမ်ပူ ခရီးစဉ်ကို တစ်ရက်လျှင် တစ်ကြိမ် နှင့် မန္တလေး-ဘန်ကောက် (ဒွန်မောင်းအပြည်ပြည်ဆိုင်ရာလေဆိပ်) ခရီးစဉ်ကို တစ်ရက်လျှင် တစ်ကြိမ် ပျံသန်းပြေးဆွဲ လျက် ရှိပါသည်။ ခရီးသည်များအနေနှင့် ဘန်ကောက်နှင့် ကွာလာလမ်ပူမြို့များသာမက အခြားသော နိုင်ငံများသို့ ပျံသန်းသွားလာလိုခြင်းများအတွက်လည်း AirAsia ၏ Fly-Thru ဝန်ဆောင်မှုနှင့်အတူ အထက်ပါ နိုင်ငံတခုတွင် Single Transit ပြုလုပ်ခြင်းဖြင့် ကျယ်ပြန့်လှသည့် နေရာများသို့ အလွယ်တကူသက်သာသွာ ပျံသန်းသွားလာနိုင်မည် ဖြစ်ပါသည်။

AirAsia ၏ ယခုပြုလုပ်သော ဈေးနှုန်းလျှော့ချခြင်း အထူးအစီအစဉ်နှင့်ပတ်သက်၍ အသေးစိတ် ထပ်မံသိရှိလိုပါက AirAsia ၏ လူမှုကွန်ရက်စာမျက်နှာဖြစ်သည့် www.facebook.com/AirAsia တွင်လည်ကောင်း၊ www.twitter.com/AirAsia နှင့် www.airasia.com ဝက်ဘ်ဆိုက်စာမျက်နှာတွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင် ပါသည်။ ခရီးသည်များအနေဖြင့် AirAsia အက်ပလီကေးရှင်းကို App Store နှင့် Google Play Store များတွင် ဒေါင်းလုတ် ရယူပြီး အထူးလျှော့ချပေးထားသည့် သင့်တင့်သောနှုန်းထားများဖြင့် ကျေနပ်ပျော်ရွှင်မှုများ ခံစား နိုင်ကြမည် ဖြစ်ပါသည်။