MPT Myanmar | Moving Myanmar Forward All in One HtawB 10 X - MPT Myanmar | Moving Myanmar Forward
×

All in One ထောဘီ ၁၀ ဆ’ ပက်ကေ့ချ်

ေးစားရပါသော MPT အသုံးပြုသူများအတွက် ပက်ကေ့ချ်တစ်ခုဝယ်ယူရုံဖြင့် အကျိူးခံစားခွင့်အမြောက်အမြားကို ရယူခံစားခွင့်ရှိနိုင်သည့် ‘All in One ထောဘီ ၁၀ဆ’ ပက်ကေ့ချ်ကို MPT မှစတင်မိတ်ဆက်လိုက်ပါပြီ။ ‘All in One  ထောဘီ ၁၀ဆ” ပက်ကေ့ချ်က သင့်ရဲ့နေ့စဉ်ဘဝမှာကြုံတွေ့နေရတဲ့ ဘယ်လို အခက်အခဲမျိုးတွေကို ဖြေရှင်းနိုင်မလဲဆိုတာ အဖြေရှာကြည့်ကြပါစို့။

‘All in One ထောဘီ ၁၀ဆ’ ပက်ကေ့ချ် အကြောင်း

'All in One ထောဘီ’ ၁၀ဆ ပက်ကေ့ချ် ဈေးနှုန်းများ

‘All in One ထောဘီ’ ၁၀ဆ ပက်ကေ့ချ် ဝယ်ယူနည်း

မိုဘိုင်းဖုန်းအသုံးပြုသူတစ်ယောက်အနေနဲ့ ပက်ကေ့ချ်တွေဝယ်ယူတဲ့အခါ
အောက်ပါအခက်အခဲမျိုးတွေ ကို ကြုံတွေ့နိုင်ပြီး သင့်အတွက် အဆင်မပြေမှုတွေ ရှိနိုင်ပါတယ်။

  • သင့်ရဲ့ဖုန်းကို ငွေဖြည့်ပြီးပြီချင်း ဒေတာပက်ကေ့ချ်ဝယ်ယူပြီးတဲ့နောက်မှာ သင့်အတွက် ဖုန်းခေါ်ရန်နှင့် SMS ပို့ရန် လက်ကျန်ငွေမလုံလောက်တော့ခြင်း။
  • သင်က မိုဘိုင်းဝန်ဆောင်မှုတွေအားလုံးကို အသုံးပြုသူတစ်ဦးအနေနဲ့ သုံးသလောက်ပေးနှုန်းထားကိုအသုံးမပြုလို၍ ဒေတာ၊ Voice နှင့် SMS တွေအတွက် ပက်ကေ့ချ်တွေမကြာခဏ  သီးခြားဝယ်ယူနေရပြီး တစ်ခါတစ်ရံ ဝယ်ယူထားသောပက်ကေ့ချ်များကို ကုန်အောင်အသုံးမပြုရသေးခင် သက်တမ်းကုန်သွားတတ်ခြင်း။
  • ဒေတာများများအသုံးပြုရန်ရည်ရွယ်၍ ဈေးနှုန်းမြင့်သောဒေတာပက်ကေ့ချ်ကိုကြိုတင်ဝယ်ယူထားပြီးမှ ဒေတာအသုံးမပြုလိုဘဲ voice (သို့) SMS ကဲ့သို့ပက်ကေ့ချ်များကို ဒေတာဝယ်ယူထားသော balance ဖြင့်အစားထိုးဝယ်ယူအသုံးပြုလိုခြင်း။

‘All in One ထောဘီ ၁၀ဆ’ ပက်ကေ့ချ်ကို ဝယ်ယူကာ သင့်ရဲ့အဆင်မပြေမှုတွေကိုဖြေရှင်းပြီး အကောင်းမွန်ဆုံးဝန်ဆောင်မှုတွေကို ရယူလိုက်ပါ။

‘All in One ထောဘီ ၁၀ဆ ပက်ကေ့ချ်သည် မူလလက်ကျန်ငွေပမာဏကို (၁၀)ဆ တိုးသွားနိုင်စေရန် MPTမှအထူးစီစဉ်ပေးထားသော ပက်ကေ့ချ်တစ်ခုဖြစ်ပြီး (၁၀)ဆရရှိထားသော ထောဘီငွေပမာဏများကို မိုဘိုင်းဝန်ဆောင်မှုအသုံးပြုမှုအားလုံးတို့အတွက် အသုံးပြုနိုင်ပါသည်။ မည်သည့်ပြည်တွင်းမိုဘိုင်းဖုန်းလိုင်းကိုမဆို ဖုန်းခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်းနှင့် အင်တာနက်အသုံးပြုမှုအားလုံးတို့အတွက်အသုံးပြုနိုင်သည့်အပြင် MPT အချင်းချင်း အကန့်အသတ်မဲ့စာတိုပေးပို့နိုင်သည့်အခွင့်အရေးကိုပါ ရရှိနိုင်သောကြောင့် ဝန်ဆောင်မှုအားလုံးအတွက်အသင့်တော်ဆုံး ပက်ကေ့ချ်တစ်ခု ဖြစ်ပါသည်။

‘All in One ထောဘီ ၁၀ ဆ’ ပက်ကေ့ချ်သည် အခြားသောမည်သည့်ပက်ကေ့ချ်နှင့်မှမတူဘဲ တစ်မျိုးဝယ်ယူရုံဖြင့် ဘက်စုံအသုံးပြုနိုင်မည့် အကျိုးကျေးဇူးများ ရရှိနိုင်သည့် အစီအစဉ်ကောင်းတစ်ခုဖြစ်သောကြောင့် (၁၀)ဆတိုးသွားသည့် ထောဘီ balance ဖြင့် တစ်မျိုးထဲနှင့်အကုန်သုံးနိုင်သော ဝန်ဆောင်မှုမျိုးကို ကြိုက်နှစ်သက် သည့် MPT အသုံးပြုသူများအတွက် ရည်ရွယ်၍ အထူးစီစဉ်ပေးထားခြင်းဖြစ်ပါသည်။

‘All in One ထောဘီ ၁၀ ဆ’ ပက်ကေ့ချ်သည် ‘Regular’ နှင့် ‘Auto Renewal’ ဟူ၍နှစ်မျိုးရှိပြီး အသေးစိတ်ကို အောက်ဖော်ပြပါဇယားတွင် ကြည့်ရှုနိုင် ပါသည်။

အမျိုးအစားAll in One ထောဘီ ဈေးနှုန်း(ကျပ်)HtawB ပမာဏ (ကျပ်)အကန့်အသတ်မဲ့ရရှိနိုင်မည့်အခွင့်အရေးသက်တမ်း (ရက်)
“ထိတိုင်းထော” (Htaw B Hti Pauk) Lucky DrawCommon USSDလက်ကျန်ငွေစစ်ဆေးရန်

Regular
၃၀၀၀၃၀၀၀၀

 
MPT အချင်းချင်းအကန့်အသက်မဲ့စာတိုပေးပို့ခြင်း
၁၅ ရက်
ကံစမ်းရန် အခွင့်အရေးရရှိပြီး ထောဘီဖုန်းဘေလ် အဆပေါင်း ၁၀၀ ထိ ကံစမ်းနိုင်မည်။

*5010#


*224#
၅၀၀၀၅၀၀၀၀၃၀ ရက်
၁၀၀၀၀၁၀၀၀၀၀၉၀ ရက်

Auto Renew
၂၉၀၀၃၀၀၀၀၁၅ ရက်

ကံစမ်းရန် အခွင့်အရေးမရရှိနိုင်ပါ။
၄၈၀၀၅၀၀၀၀၃၀ ရက်
၉၆၀၀၁၀၀၀၀၀၉၀ ရက်

‘All in One ထောဘီ ၁၀ ဆ’

‘All in One ထောဘီ ၁၀ ဆ’ Auto Renewal ပက်ကေ့ချ်သည် အလိုအလျှောက်ဝယ်ယူရန် သုံးစွဲသူမှ အဆိုပြုထားပါက ထောဘီလက်ကျန်ငွေ (၁၀၀၀)ကျပ်အောက်လျော့နည်းသည့်အခါ အလိုအလျောက်သက်တမ်းတိုးဝယ်ယူပေးသွားမည်။ (သို့မဟုတ်) ထောဘီ လက်ကျန်ငွေ (၁၀၀၀)ကျပ်အောက်လျော့နည်း ခြင်းမရှိသော်လည်း အသုံးပြုနိုင်သောသက်တမ်း (၁၅ရက်/၃၀ရက်/၉၀ရက်) ကို ကျော်လွန်သွားသောအခါ အလိုအလျောက်သက်တမ်းတိုး ဝယ်ယူ ပေးသွားမည် ဖြစ်ပါသည်။

ဘက်စုံအသုံးပြုနိုင် ခြင်း

အကန့်အသတ်မဲ့ MPT-MPT SMS

Auto Renew function

Data, Anynet Voice/SMS

အများဆုံးအသုံးပြုနိုင်သောပမာဏ

All in One HtawB ၁၀ ဆ ပမာဏ (ကျပ်)Data (MB)Any-net Voice (မိနစ်) Any-net SMS (အစောင်ရေ)MPT-MPT SMS
၃၀၀၀၀2727 273 545 Unlimited
၅၀၀၀၀4545455909 Unlimited
၁၀၀၀၀၀9091909 1818Unlimited

All in One HtawB အထူးနှုန်းထားများ

Data1 MB လျှင် ၁၁ ကျပ်
Any-net Voice
တစ်မိနစ်လျှင် ၁၁၀ ကျပ်
Any-net SMSSMS တစ်စောင်လျှင် ၅၅ကျပ်
MPT-MPT SMS၀ ကျပ် (အကန့်အသတ်မရှိ)

‘All in One ထောဘီ ၁၀ဆ’ ပက်ကေ့ချ်ကို ဝယ်ယူပြီးနောက်
ဘယ်လိုအခက်အခဲမျိုးတွေကို ပြေလည်သွားစေနိုင်မှာလဲ။

  • ဖုန်းဘေလ် ၁၀ဆတိုးနိုင်မယ့် ‘All in One ထောဘီ ၁၀ ဆ’ ပက်ကေ့ချ်တစ်ခုဝယ်ထားလိုက်တာနဲ့ ဒေတာ၊ ဖုန်းခေါ်ဆိုခြင်းနှင့် စာတိုပေးပို့ခြင်းတို့ကို စိတ်ကြိုက်အသုံးပြုနိုင်မှာဖြစ်လို့ ပက်ကေ့ချ်တစ်ခုဝယ်ပြီးလို့ တခြားတစ်ခုအတွက်သုံးဖို့လိုတဲ့အခါ လက်ကျန်ငွေမလုံလောက်တဲ့ပြဿနာကို ဖြေရှင်းပြီးသားဖြစ်စေမှာပါ။
  • ဝယ်ယူထားတဲ့ပက်ကေ့ချ်တွေ ကုန်သွားတိုင်း မတူညီတဲ့ ပက်ကေ့ချ်တွေကို မကြာခဏဝယ်ယူရင်းအလုပ်ရှုပ်နေတဲ့သူတွေအတွက်လည်း ‘All in One ထောဘီ ၁၀ ဆ’ ပက်ကေ့ချ် တစ်မျိုးထဲဝယ်ယူလိုက်ရုံပါပဲ။ ဝန်ဆောင်မှုအားလုံးကို တစ်ပြိုင်တည်းသုံးနိုင်တာကြောင့် ပက်ကေ့ချ်တွေအများကြီးဝယ်ထားပြီး မသုံးလိုက်ရဘဲနဲ့ သက်တမ်းကုန်သွားမှာကိုလဲ စိတ်မပူရတော့ပါဘူး။
  • ဒေတာပက်ကေ့ချ်ဝယ်ထားပြီး ဒေတာအသုံးမပြုဖြစ်တော့လို့ အခြားပက်ကေ့ချ်တွေနဲ့ အစားထိုးလဲလှယ်ချင်တဲ့အခါ ပက်ကေ့ချ်နောက်တစ်ခုဝယ်ယူဖို့ သင့်လက်ကျန်ငွေကို အသုံးပြုစရာမလိုတော့ပါဘူး။ ‘All in One ထောဘီ ၁၀ဆ’ ပက်ကေ့ချ်ကိုသာ ဝယ်ယူထားလိုက်ပါ။

All in One HtawB 10X (Regular)

. ‘All in One ထောဘီပက်ကေ့ချ်ကို အောက်ဖော်ပြပါ SMS (သို့) USSD (သို့) MPT4U App မှတစ်ဆင့် ဝယ်ယူနိုင်ပါသည်။

ပုံမှန် All in one ထောဘီ ၁၀ဆ

Price : ၃၀၀၀ ကျပ် = ၃၀၀၀၀ ကျပ်

USSD : *5010*1*1#

SMS : 1332 သို့ 30000 ဟုပေးပို့ရန်

MPT4Uတွင်ရွေးချယ်ဝယ်ယူပါ

ပုံမှန် All in one ထောဘီ ၁၀ဆ

Price : ၅၀၀၀ ကျပ် = ၅၀၀၀၀ ကျပ်

USSD : *5010*2*1#

SMS : 1332 သို့ 50000 ဟုပေးပို့ရန်

MPT4Uတွင်ရွေးချယ်ဝယ်ယူပါ

ပုံမှန် All in one ထောဘီ ၁၀ဆ

Price : ၁၀၀၀၀ ကျပ် = ၁၀၀၀၀၀ ကျပ်

USSD : *5010*3*1#

SMS : 1332 သို့ 100000 ဟုပေးပို့ရန်

MPT4Uတွင်ရွေးချယ်ဝယ်ယူပါ

All in One HtawB 10X (Auto New)

အလိုအလျောက်သက်တမ်းတိုး All in one ထောဘီ ၁၀ဆ

Price : ၂၉၀၀ ကျပ် = ၃၀၀၀၀ ကျပ်

USSD : ဝယ်ယူရန် :*5010*1*3#

USSD : ပယ်ဖျက်ရန် :*5010*1*4#

အလိုအလျောက်သက်တမ်းတိုး All in one ထောဘီ ၁၀ဆ

Price : ၄၈၀၀ ကျပ် = ၅၀၀၀၀၀ ကျပ်

USSD : ဝယ်ယူရန် :*5010*2*3#

USSD : ပယ်ဖျက်ရန် :*5010*2*4#

အလိုအလျောက်သက်တမ်းတိုး All in one ထောဘီ ၁၀ဆ

Price : ၉၆၀၀ ကျပ် = ၁၀၀၀၀၀ ကျပ်

USSD : ဝယ်ယူရန် : *5010*3*3#

USSD : ပယ်ဖျက်ရန် :*5010*3*4#