×

COVID-19 စစ်ဆေးတွေ့ရှိမှုအတွက် အသိပေးခြင်း

23 Oct 2020

ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၃ ရက်

ရန်ကုန်တိုင်းဒေသကြီးရှိ သန်လျင်အိတ်ချိန်းရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း (၁)ဦး၊ ပုဇွန်တောင်အိတ်ချိန်းရုံး ဝန်ထမ်း(၁)ဦး၊ မောင်ထော်လေးရုံး ဝန်ထမ်း(၁)ဦး၊ ဗိုလ်အောင်ကျော်ရုံးဝန်ထမ်း (၁)ဦး၊ ပန်းဆိုးတန်းရုံး ဝန်ထမ်း (၁)ဦး နှင့် ဟံသာဝတီရုံးဝန်ထမ်း (၂)ဦး စုစုပေါင်း ဝန်ထမ်း (၇) ဦး တို့တွင် COVID-19 ရောဂါပိုး ထပ်မံ စစ်ဆေး တွေ့ရှိရကြောင်း နှင့် ယခုစစ်ဆေးတွေ့ရှိခဲ့သည့် အဆိုပါ ဝန်ထမ်းများသည် အိမ်တွင်နေထိုင်၍ လုပ်ငန်းလုပ်ကိုင်စေခြင်း (Work From Home) အစီအစဥ်ဖြင့် တာဝန်ထမ်းဆောင်နေသည့်ဝန်ထမ်းများဖြစ်ကာ သုံးစွဲသူများနှင့် တိုက်ရိုက်ထိတွေ့ခဲ့ခြင်းမရှိကြောင်း MPT က အတည်ပြု ထုတ်ပြန်လိုက်ပါသည်။

ယခုလို ကိုဗစ်- ၁၉ ရောဂါပိုး ထပ်မံတွေ့ရှိရသည့် ဖြစ်ရပ်အတွက် မိမိတို့အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန နှင့် တာဝန်ရှိသူများ၏ ညွှန်ကြားချက်များအတိုင်း လျင်လျင်မြန်မြန် ထိထိရောက်ရောက် လိုက်နာ ဆောင်ရွက်လျှက်ရှိပါသည်။
မိမိတို့အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း လုပ်ငန်းခွင်အတွင်းနှင့် လုပ်ငန်းခွင်ပြင်ပသို့ ရောဂါပိုးပျံ့နှံ့ကူးစက်မှု မရှိစေရန်အတွက် အကောင်းဆုံး ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်သည့်အပြင် အခုလို COVID-19 ကူးစက်မှု အရေးပေါ် အခြေအနေတွင် မြန်မာပြည်သူများအတွက် အရေးပါသော အခန်းကဏ္ဍဖြစ်သည့် ဆက်သွယ်ရေးဝန်ဆောင်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးကိုလည်း လုပ်ဆောင်သွားမည် ဖြစ်ပါသည်။

ယခုလိုဖြစ်ရပ်များအတွက် အဆင်မပြေမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက်လည်း တောင်းပန်မှုပြုကာ နားလည်ပေးမှုအတွက် ကျေးဇူးတင်ရှိပါသည်။