မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း သည် တပေါင်းလပြည့်နေ့ အထူးအစီအစဉ် အဖြစ် ၂၀၁၅ခုနှစ်၊မတ်လ (၄)ရက်နေ့မှ (၃၁)ရက်နေ့ အထိ မြန်နှုန်းမြင့် မိုဘိုင်း အင်တာနက် သုံးစွဲခများကို ၅၀% အထိ လျှော့ချ ပေးမည်ဖြစ်ပါသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် တပေါင်းလပြည့်နေ့ပွဲတော် အထူးအစီအစဉ်အဖြစ် အင်တာနက်သုံးစွွဲခနှုန်းထားများကို ပရိုမိုးရှင်းကာလအတွင်း စျေးနှုန်း လျှော့ချပေးသွားမည် ဖြစ်ရာ ဆွေသဟာ သုံးစွဲသူများ အနေဖြင့် မြန်နှုန်းမြင့် အင်တာနက်အား ၅၀% လျှော့စျေးဖြင့် သုံးစွဲနိုင် မည်ဖြစ်ပါသည်။ အဆိုပါ ပရိုမိုရှင်းအစီအစဉ်အရ မိမိအသုံးပြုသလောက် ပေးချေနိုင်သည့် စနစ်တွင် ယခင်1MB လျှင် ၁၅ကျပ်နှုန်းအစား 1MB လျှင် ရကျပ် ၅၀ ပြားနှုန်းဖြင့် ၂၀၁၅ခုနှစ်၊မတ်လ (၄)ရက်နေ့မှ (၃၁)ရက်နေ့အထိ သုံးစွဲနိုင်တော့မည်ဖြစ်ပါသည်။ အဆိုပါ အထူးစျေးနှုန်း အစီအစဉ်အား ခံစားနိုင်ရန်အတွက် ဆွေသဟာဝန်ဆောင်မှုအား ရယူထား ရန်လိုအပ်ပါသည်။(GSM နှင့် WCDMA သုံးစွဲသူများ အတွက်ဖြစ်ပါသည်)။ ဆွေသဟာဝန်ဆောင်မှု ကို ရယူပြီးသူများ အနေဖြင့် အဆိုပါ အထူးစျေးနှုန်းကို အလိုအလျောက်ရရှိမည်ဖြစ်ပါသည်။ ဆွေသဟာကို မရရှိသေးသူများအနေနှင့် Prepaid သုံးစွဲ သူဖြစ်ပါက SWE ဟုရိုက်နှိပ်ကာ 1332 သို့ SMS ပေးပို့ရန်လိုအပ်ပြီး၊Postpaid သုံးစွဲ သူဖြစ်ပါက POSTSWE ဟုရိုက်နှိပ်ကာ 1332 သို့ SMS ပေးပို့ရန်လိုအပ်ပါသည်။ဆွေသဟာ ဝန်ဆောင်မှုရယူခြင်း မှာ အခမဲ့ဖြစ်သည့်ပြင် အင်တာနက် ဝန်ဆောင်မှု လျှောက်ထားခလည်း ပေးရန် မလိုပါ။ ဆွေသဟာကို မည်သည့် အချိန်တွင် မဆို လျှောက်ထားရယူနိုင်ပါသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ပရိုမိုရှင်းကာလအတွင်း အင်တာနက် သုံးစွဲခ လျှော့ချခြင်း အပြင် အင်တာနက် Packages များကိုလည်း 400MB Package ကို ၅၀၀၀ ကျပ်အစား ၂၈ဝဝကျပ်၊ 1GB package ကို ၁၀၀၀၀ ကျပ်အစား ၆၅ဝဝကျပ် ဖြင့် စျေးလျှော့ပေးမည်ဖြစ် ပါသည်။ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းသည် အင်တာနက် အသုံးများသည့် သုံးစွဲသူများအတွက် အထူးစျေးနှုန်း အဖြစ်1MB လျှင် ၅ကျပ်နှုန်းမျှသာကျသင့်သော 5G Internet Package အသစ်ကိုလည်းစတင် မိတ်ဆက် ပေးမည်ဖြစ်ရာ စျေးနှုန်းချိုသာစွာဖြင့် အသုံးပြုနိုင်မည်ဖြစ်ပါသည်။ Internet Package အသစ်ဖြစ်သော 5GB Internet Package ကို ၂၅ဝဝဝကျပ်ဖြင့်ဝယ်ယူနိုင် မည်ဖြစ်ပါသည်။အဆိုပါ Package မှာ ရုပ်ပုံ၊သီချင်းနှင့် ရုပ်ရှင် တို့ကို အမြောက် အများ download ဆွဲယူသူများ နှင့် မိမိဖုန်းကို wifi hotspot အဖြစ် အသုံးပြုသူများ အတွက် အထူးသင့်လျော်သော အစီအစဉ်ဖြစ်ပါသည်။ အထူးလျှော့စျေး များကိုခံစားနိုင်ရန်အတွက် Internet Package များ ကို မတ်လ(၄)ရက်နေ့ မှ (၃၁) ရက်နေ့အတွင်း ဝယ်ယူရန် လိုပါသည်။ Packages များကို ဝယ်ယူရန် ဆွေသဟာကိုရယူ ထားရမည်ဖြစ်ပါသည်။

အင်တာနက် Packages များ၏ အသေးစိတ်အချက်အလက်များ

အသုံးပြုနိုင်သည့် ပမာဏPackage စျေးနှုန်းကျသင့်မည့် နှုန်းထားသက်တမ်းPrepaid သုံးစွဲသူ များ အတွက်Postpaid သုံးစွဲသူ များ အတွက်
400MB၅ဝဝဝကျပ် ၂၈ဝဝကျပ်1MBလျှင် ရကျပ်ရက်(၃၀)400MB ဟုရိုက်ပြီး 1332 သို့ SMS ပို့ပါ။ (မတ်လ၃၁ရက်နေ့ နောက်ဆုံးထား၍)POST400MB ဟုရိုက်ပြီး 1332 သို့ SMS ပို့ပါ။(မတ်လ၃၁ရက်နေ့ နောက်ဆုံးထား၍)
1GB၁ဝဝဝဝကျပ် ၆၅ဝဝကျပ်1MBလျှင် ၆ကျပ််၅ဝပြားရက်(၃၀)1GB ဟုရိုက်ပြီး 1332 သို့ SMS ပို့ပါ။ (မတ်လ၃၁ရက်နေ့ နောက်ဆုံးထား၍)POST1GB ဟုရိုက်ပြီး 1332 သို့ SMS ပို့ပါ။(မတ်လ၃၁ရက်နေ့ နောက်ဆုံးထား၍)
5GB၂၅ဝဝဝကျပ်1MBလျှင် ၅ကျပ်ရက်(၃၀)5GB ဟုရိုက်ပြီး 1332 သို့ SMS ပို့ပါ။ (မတ်လ၃၁ရက်နေ့ နောက်ဆုံးထား၍)POST5GB ဟုရိုက်ပြီး 1332 သို့ SMS ပို့ပါ။(မတ်လ၃၁ရက်နေ့ နောက်ဆုံးထား၍)

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် တစ်မိနစ် လျှင် ၂၅ ကျပ်နှုန်းဖြင့် နှစ်သက်ရာ MPT မိုဘိုင်းနံပါတ် (၃)ခု ကို ရက်(၃၀) အတွင်း ဖုန်းခေါ်ဆိုနိုင်မည့် အစီအစဉ်ကိုလည်း ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ရာ ဆွေသဟာ သုံးစွဲသူ များ သည် မိမိ နှစ်သက်ရာ နံပါတ်များကို မှတ်ပုံတင်ရန် ADD 09xxxxxxx ဟုရိုက်ပြီး 1332သို့ ပေးပို့ နိုင်ပါသည်။

မြန်မာ့ဆက်သွယ်ရေုးလုပ်ငန်းသည် မြန်ဆန်သော အင်တာနက်အသုံးပြုမှု ကို လူတိုင်းအတွက် လက်လှမ်းမီ နိုင်စေရန် နှင့် သုံးစွဲသူပြည်သူ များ၏ စျေးနှုန်း သက်သက်သာသာသုံးစွဲလိုသည့် လိုလား ချက်များ ကို ဖြည့်ဆည်း ပေးရန် ရည်ရွယ်၍ ယခုကဲ့သို့ ပရိုမိုးရှင်း အထူးစျေးနှုန်းများ ကို သတ်မှတ် ပေးခြင်း ဖြစ်ပါသည်။

အသေးစိတ်သိရှိလိုပါက www.mpt.com.mm သို့မဟုတ်www.facebook.com/mptofficialpage ကို ဝင်ရောက်ကြည့်ရှု နိုင်သလို ဖုန်းနံပါတ် (၁၀၆) သို့ နေ့စဉ် ၂၄နာရီ ခေါ်ဆို နိုင်ပါသည်။

ဆွေသဟာဝန်ဆောင်မှုနှင့် Voice & Internet Packages တို့ကိုချိုသာသောနှုန်းထား၊ ပိုမိုမြန်ဆန်သောအင်တာနက်တို့ဖြင့် ဝန်ဆောင်မှုပေးနေပြီ ဖြစ်ပါသည်

 

 

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ဆွေသဟာဝန်ဆောင်မှုနှင့် Voice & Internet Packages တို့ကို

ချိုသာသောနှုန်းထား၊ပိုမိုမြန်ဆန်သောအင်တာနက်တို့ဖြင့်

ဝန်ဆောင်မှုပေးနေပြီ ဖြစ်ပါသည်။

Print-ad-about-MPT-new-offers-v10

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း သည် ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်နေ့တွင် နှုန်းထားအသစ် နှင့် ဝန်ဆောင်မှုအသစ်ကို စတင် ဆောင်ရွက်မည်။

 

ပိုမိုကောင်းမွန်သော ဆက်သွယ်ရေး ကွန်ရက်ဆိုင်ရာ အတွေ့အကြုံများဖြင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ(၁၂)ရက်နေ့ တွင် ဝန်ဆောင်မှု အသစ်များနှင့် နှုန်းထားအသစ်များကို ပြည်သူများ၏
မျှော်လင့်ချက်များကို ဖြည့်ဆည်းသည့်အနေနှင့့် စတင်ဆောင်ရွက်မည်ဖြစ်ပါသည်။

“ကျွန်တော်တို.ရဲ. ဝန်ဆောင်မှု နှုန်းထားသစ်များ ကြေညာ တာကို သိရှိနိုင်ဖို.အတွက်သုံးစွဲသူများဟာ စောင့်ဆိုင်းနေခဲ့ကြရပါတယ်။ ယခုအခါမှာဆိုရင် ကျွန်တော်တို.ရဲ. ဆက်သွယ်ရေးကွန်ရက် လွှမ်းခြုံနိုင်မှု စွမ်းပကားနှင့် ဝန်ဆောင်မှုပေးနေတဲ. အခြေအနေတွေအပေါ်မှာ ကောင်းစွာ ယုံကြည်မှု ရှိလာပြီဖြစ်တဲ့ အတွက်ကြောင့် ကမ်းလှမ်းမှုနှုန်းထား အသစ်တွေနှင့်အတူ မြန်မာနိုင်ငံသူနိုင်ငံသားများကို ဆက်သွယ်ချိတ်ဆက်ပေးမဲ့ နောက်ထပ် ခြေလှမ်းသစ်ကို မျှဝေပေးချင်ပါတယ်။”ဟု MPT-KDDI-Sumitomo ပူးပေါင်းလုပ်ငန်းအဖွဲ့၏ အမှုဆောင်အရာရှိချုပ် မစ္စတာနာဂရှီးမားက ဇန်နဝါရီလ (၉)ရက်၊ သောကြာနေ့၌ ပြုလုပ်သော ဝန်ဆောင်မှု အသစ်များ မိတ်ဆက်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။ ထို့ပြင် ၂၀၁၅ ခုနှစ်ဦးတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပြည်သူများအတွက် ဆောင်ရွက်ပေးမည့် ဝန်ဆောင်မှု(၅)ခုကို ကြေညာခဲ့ပါသည်။

  • ဆွေသဟာ အစီအစဉ်သစ် 

Untitled-1

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ(၁၂)ရက် နေ့တွင် ဆွေသဟာ အမည်ရှိ အစီအစဉ်သစ်ကို စတင် ဝန်ဆောင်မှု ပေးမည် ဖြစ်ပါသည်။ ထိုအစီအစဉ်အရ ပြည်သူများအနေနှင့် ဖုန်း ပြောခြင်း၊ SMS ပေးပို့ခြင်း တို့ကို စျေးနှုန်း ချိုသာစွာဖြင့် သုံးစွဲခွင့် ရရှိကြမည် ဖြစ်ကာ ပိုမိုမြန်နှုန်းမြင့်သော အင်တာနက်အသုံးပြုခွင့်ကိုပါ ရရှိမည် ဖြစ်ပါသည်။ ဆွေသဟာအစီအစဉ်ကို ရယူရန် အတွက် မှတ်ပုံတင် စာရင်းပေးပို့ရန် လိုအပ် ပါသည်။ ထို့ ပြင် GSM နှင့် WCDMA သုံးစွဲသူများသာလျှင် ဆွေသဟာ အစီအစဉ်ကို ရယူ သုံးစွဲနိုင်ခွင့် ရှိပါသည်။

ဆွေသဟာ၊ “သုံးသလောက် ပေးရမည့် ” အစီအစဉ်သစ်၏ အဓိက အချက်များ

  • စျေးနှုန်းချိုသာခြင်း
    • တစ်မိနစ်လျှင် ၃၅ကျပ် နှုန်း မျှ ဖြင့် မည်သည့် ဖုန်းနံပါတ် ကိုမဆို အချိန် မရွေး ခေါ်ဆို နိုင်ပါမည်။
    • SMS ပို့ခ မှာ တစ်စောင် လျှင် ၁၅ ကျပ်နှုန်း ဖြစ်ပါသည်။
  • စျေးနှုန်းနှင့် ဝန်ဆောင်မှု အသစ် ကို စတင် မိတ်ဆက် အရောင်း မြှင့်တင်ခြင်း ပြုလုပ်သည့် နေ့မှ စ၍ ၂၀၁၅ ခုနှစ်၊ မတ်လ (၃၁)ရက်နေ့ အထိ ဆွေသဟာ အစီအစဉ်ကို မှတ်ပုံတင် သုံးစွဲသူတိုင်း သည် မိမိနှစ်သက်ရာ MPTနံပါတ် (၃)ခုကို တစ်မိနစ်လျှင် ၂၅ ကျပ်နှုန်း ဖြင့် ခေါ်ဆိုနိုင်မည် ဖြစ်ပါသည်
  • အင်တာနက် ချိတ်ဆက်ခ ပေးရန် မလိုဘဲ အင်တာနက်ကို အဆင်ပြေ ချောမွေ့စွာ အသုံးပြုနိုင်ခြင်း။
    • ဆွေသဟာအစီအစဉ်တွင် မှတ်မုံတင်စာရင်းသွင်းလိုက်လျှင် အင်တာနက် ချိတ်ဆက်ခ ပေးရန်မလိုပဲ အင်တာနက် ချိတ်ဆက်အသုံးပြုခွင့် ရပါမည်။
    • အင်တာနက်အသုံးပြုမှုကို “မိနစ်” ဖြင့် မကောက်ခံပဲ သုံးစွဲသည့် “ပမာဏ” ဖြင့်သာ ကောက်ခံပါမည်။ ကောက်ခံမည့်နှုန်းထားမှာ 1 MB လျှင် ၁၅ ကျပ် ဖြစ်ပါသည်။
  • စျေးနှုန်း နှင့် ဝန်ဆောင်မှု အသစ် ကို စတင် မိတ်ဆက်ကာ အရောင်း မြှင့်တင်သည့် နေ့မှ စ၍ ၂၀၁၅ ခုနှစ်၊ မတ်လ(၃၁)ရက်နေ့ အထိ ဆွေသဟာ အစီအစဉ်ကို သုံးစွဲသူတိုင်း အား အင်တာနက် 50 MB အခမဲ့ သုံးစွဲခွင့် ပေးပါမည်။
  • မြန်နှုန်းမြင့် အင်တာနက် သုံးစွဲခွင့် ရခြင်း
  • ဆွေသဟာ အစီအစဉ်ကို မှတ်ပုံတင်သုံးစွဲခြင်းဖြင့် HSPA+3G ဆက်သွယ်ရေးကွန်ရက်နည်းပညာဖြင့် ချိတ်ဆက်ကာ ပိုမိုမြန်ဆန်သော အင်တာနက်ကို သုံးစွဲခွင့် ရလာကြမည် ဖြစ်ပါသည်။ အမြင့်ဆုံး အမြန်နှုန်းမှာ သီအိုရိအရ 42Mps ဖြစ်ပါသည်။ (သို့သော် ထိုမြန်နှုန်းမှာ အသုံးပြုသည့် နေရာ၊ အသုံးပြုသည့်အချိန်၊ အသုံးပြုသည့် မိုဘိုင်းဖုန်းနှင့် အသုံးပြုနေသော နေရာရှိ ဆက်သွယ်ရေး စနစ်က ပေးထားသည့် အခြေအနေတို့အပေါ် မူတည်ပါသည်။)
  • မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း သည် ဆက်သွယ်ရေးကွန်ရက် လွှမ်းခြုံနိုင်မည့် ဧရိယာ ပိုမိုကျယ်ပြန့်လာအောင် ရင်းနှီးမြှုပ်နှံမှုများ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ထို့ပြင် အင်တာနက် ဆက်သွယ်ရေး ကွန်ရက်၏ မြန်နှုန်းကိုပါ တိုးမြှင့်ဆောင်ရွက်ခြင်းကြောင့် သုံးစွဲသူများအနေဖြင့် အဆင်ပြေ ချောမွေ့သော အင်တာနက်ဆက်သွယ်မှုကို ခံစားခွင့် ရလာမည် ့ဖြစ်ပါသည်။
  • မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ အချိန်ပေါ် အခြေခံ၍ ကောက်ယူသည့် စနစ်တွင် 3G ကွန်ရက် အတွက် 256Kbps မြန်နှုန်းနှင့် 2G ကွန်ရက်အတွက် 128Kbps မြန်နှုန်းဖြင့်သာ သုံးစွဲခွင့် ရခဲ့ကြပါသည်။ (အသုံးပြုသောနေရာ၊အချိန်၊လက်ကိုင်ဖုန်း အမျိုးအစား၊မိုဘိုင်းဖုန်း စနစ် အတွင်းရရှိမှု တို့အပေါ်မူတည် ၍ အင်တာနက် မြန်နှုန်း ကို် အကောင်းဆုံးရရှိနိုင်ရန် ကြိုးစားဆောင်ရွက်ထားပါသည်။)
မူလနှုန်းထားဆွေသဟာ
သုံးစွဲနိုင်ခွင့်ရှိသူMPT သုံးစွဲသူအားလုံးGSM/ WCDMA သုံးစွဲသူများ
မှတ်ပုံတင်နည်းDefault tariffPrepaid သုံးစွဲသူအတွက် “SWE” ဟု ရိုက်ပါ။ (သို့မဟုတ်)Postpaid သုံးစွဲသူအတွက် “POSTSWE“ ဟု ရိုက်ပါ။ထို့နောက် ၁၃၃၂ သို့ SMS ပို့ပါ။(မူလစျေးနှုန်းမှ ဆွေသဟာသို့ပြောင်းသုံးခြင်း)
ဖုန်းခေါ်ဆိုခဖုန်းခေါ်ဆိုခအရောင်းမြှင့်အစီအစဉ် း နှစ်သက်ရာMPT နံပါတ်(၃)ခုအတွက် တစ်မိနစ်လျှင် ၂၅ကျပ် နှုန်းဖြင့် ရက်ပေါင်း(၃၀)
SMS ပို့ခ နှုန်းတစ်စောင် ၂၅ကျပ်တစ်စောင်လျှင် ၁၅ကျပ်
အင်တာနက်သုံးခနှုန်း တစ်မိနစ် ၄ကျပ်(3G ကွန်ရက်)တစ်မိနစ် ၂ကျပ်(2G ကွန်ရက်) (2G)

  • အင်တာနက်ဖွင့်ခ ၁ဝဝဝဝကျပ်
  • အင်တာနက်မြန်နှုန်း 256kbps for 3G and 128Kbps for 2G SIM cards.
1MB လျှင် ၁၅ကျပ်

  • အင်တာနက် လျှောက်ထားခြင်း အခမဲ့
  • မြန်နှုန်းမြင့်အင်တာနက် (42Mbpsထိ)
  • အရောင်းမြှင့်အစီအစဉ်: မှတ်ပုံတင်ပြီးသည့် နေ့မှစ၍ ရက်(၃၀) အတွင်း 50MB အပိုဆောင်း ပေးခြင်း
  • ဖုန်းခေါ်ခြင်း၊ အင်တာနက် အသုံးပြုခြင်းကို စျေးချိုချိုဖြင့် ဆောင်ရွက်ပေးခြင်း

image005 image003

ဆွေသဟာအစီအစဉ်သည် မိုဘိုင်းဖုန်းဖြင့် ကြိမ်ဖန်များစွာ ချိတ်ဆက်ပြောဆို၊ အင်တာနက် ကြည့်လိုသူများအတွက် စျေးနှုန်းချိုသာစွာဖြင့် ဝန်ဆောင်မှုပေးရန် အထူး စီစဉ်ထားပါသည်။ ထိုအထူးအစီအစဉ်တွင် ပါဝင်ခြင်းဖြင့် ဆွေသဟာအသုံးပြုသူများအတွက် မူလ ကမ်းလှမ်းချက် များထက် ပိုမိုသက်သာသော နှုန်းထားများကို ခံစားခွင့် ရမည် ဖြစ်ပါသည်။

Packageခွင့်ပြုပမာဏPackage စျေးနှုန်းသက်တမ်း မည်သို့ ဝယ်ယူမည်
Voice PackageMPT ဖုန်းနံပါတ်များ အားလုံးသို့ မိနစ်ပေါင်း ၄၈၀ ခေါ်ဆိုနိုင်ခြင်း၁၂ဝဝဝကျပ်တစ်မိနစ် ၂၅ကျပ်နှုန်း၃၀ ရက်“480MIN” ဟုရိုက်၍ 1332 သို့ SMS ပို့ပါ၊*
Internet Package 400MB400 MB၅ဝဝဝကျပ်1MBလျှင် ၁၂.၅ကျပ်၃၀ ရက်“400MB” ဟုရိုက်၍ 1332 သို့ SMS ပို့ပါ၊*
Internet Package 1GB1 GB၁ဝဝဝဝကျပ်1MBလျှင် ၁ဝကျပ်၃၀ ရက်“1GB” ဟုရိုက်၍ 1332 သို့ SMS ပို့ပါ၊*

* မှတ်ပုံတင်ပြီးသည်နှင့် ဖုန်းလက်ကျန်ငွေမှ Packages ၏ ကျသင့်ငွေကို နုတ်ယူပါမည်။

ဆွေသဟာအစီအစဉ် ရယူထားပြီးသော GSM/WCDMA သုံးစွဲသူ (Prepaid & Postpaid) များသာလျှင် ဆွေသဟာ Packages များကို ရရှိနိုင်ပါသည်။

  • အခမဲ့ ထပ်ဆောင်းဝန်ဆောင်မှု အသစ်များ

ထို့အပြင် ထပ်ဆောင်း ဝန်ဆောင်မှု အသစ်များကိုလည်း မှတ်ပုံတင်ကာ အခမဲ့ ရယူ သုံးစွဲနိုင်ပါသည်။

ဝန်ဆောင်မှုဖေါ်ပြချက် မည်သို့ ရယူမည်Price
Voicemailသုံးစွဲသူထံသို့ ခေါ်ဆို မရသည့်အခါ ခေါ်ဆိုသူဘက်မှ အသံဖြင့် သတင်းစကား ချန်ထား နို်င်ပါသည်၊“VMS” ဟုရိုက်၍ 1331 သို့ SMS ပို့ပါ၊FREESubscription
Missed call alertဖုန်းပိတ်ထားစဉ်တွင် တစ်စုံတစ်ဦးမှ ခေါ်ဆိုထား ပါက အကြောင်းကြားချက် ပေးပို့ နိုင်ပါသည်၊“MCA” ဟုရိုက်၍ 1331 သို့ SMS ပို့ပါ၊
Call forwardသုံးစွဲသူထံ ခေါ်ဆိုမှုများကို အခြားနံပါတ်များသို့ လွှဲပြောင်း ပေးပို့ နိုင်ပါသည်၊“CF” ဟု ရိုက်၍ 1331 သို့ SMS ပို့ပါ၊
Call waitingသုံးစွဲသူမှ ဖုန်းပြောနေစဉ် အတွင်း ဒုတိယလူ တစ်ဦးဦးက ခေါ်ဆိုလာခဲ့လျှင် ခေါ်ဆိုကြောင်း သိရမည်ဖြစ်ပြီး၊ ဒုတိယ ခေါ်ဆိုသူအား လက်ခံစကားပြော နေစဉ်တွင် ပထမ ပြောနေသူကို စောင့်ဆိုင်းထားစေ နိုင်ပါသည်၊“CW” ဟုရိုက်၍ 1331 သို့ SMS ပို့ပါ၊
  • ဆက်သွယ်ရေးဝန်ဆောင်မှုကို လူတိုင်း လက်လှမ်း မီစေမည့် တန်ဘိုးနည်း ငွေဖြည့်ကဒ်

image007

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း သည် ပြည်သူလူထု အများစုကြီးက တယ်လီဖုန်း ဆက်သွယ်မှုကို လက်လှမ်းမီစွာ သုံးစွဲနိုင်ရန်အတွက် တန်ဘိုးနည်း ငွေဖြည့်ကဒ်များ ဖြစ်သည့် ၁၀၀၀ ကျပ်တန် နှင့် ၃၀၀၀ ကျပ်တန် ငွေဖြည့်ကဒ်များကို စတင် မိတ်ဆက် ရောင်းချပေးမည် ဖြစ်ပါသည်။ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက် နေ့ မှ စတင်၍ ပုံမှန် အရောင်း ဆိုင်များ နှင့် e-top-up မှတဆင့် အဆိုပါ ငွေဖြည့်ကဒ်များကို ဝယ်ယူ ရရှိနိုင်ပါသည်။

  • Sim Card အစားထိုး လဲလှယ်ခ နှုန်းထား လျှော့ချခြင်း

 image009

ယခင်က Sim Card ပျောက်ဆုံး သွားလျှင် Sim Card အသစ် ပြန်လည်ရယူလိုသူများ အနေနှင့် ငွေကျပ် ၂၀,၀၀၀ ကျခံရပါသည်။ သုံးစွဲသူများ၏ အကြံပြုချက်များ အရ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ Sim Card ပျောက်ဆုံး၊ ပျက်စီး မှုများ အတွက် ၁၅၀၀ ကျပ် ပေးရုံမျှဖြင့် ကဒ်အသစ်တစ်ခု ပြန်လည် ရရှိ စေရန် စီစဉ်ထားပါသည်။ Sim Card ပျက်များအတွက် ပျက်စီးမှုသည် သုံးစွဲသူကြောင့် မဟုတ်ပါက Sim Card ကို အခမဲ့ ပြန်လည် ထုတ်ပေး ပါမည်။

ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ် အသစ်နှင့် ပက်သက်၍ “ဆက်သွယ်ရေး ကွန်ရက် ဧရိယာလွှမ်းခြုံမှုကို ကျေးလက်ဒေသများသို့ တိုးချဲ့ နေစဉ်နှင့် တစ်ဆထက် တစ်ဆ ပိုမို များပြားလာသော သုံးစွဲသူများအား ဝန်ဆောင်မှုပေးနေစဉ် အတွင်း အကောင်းဆုံးအဆင့်မီ စွာ ဆောင်ရွက် ပေးနိုင်ရန်အတွက် ဆက်သွယ်ရေး ကွန်ရက်၏ စွမ်းပကားကို ဆက်လက် တိုးချဲ့ဆောင်ရွက် သွားမည်” ဟု မစ္စတာ နာဂရှီးမားက နိဂုံးချုပ်စကားပြော ကြားသွားပါသည်။

အသေးစိတ်သိရှိလိုပါက www.mpt.com.mm နှင့် MPT ၏ facebook စာမျက်နှာ www.facebook.com/mptofficialpage တို့တွင် ဝင်ရောက် ကြည့်ရှု နိုင်ပါသည်။

Yangon, January 9th 2015

 

မြန်မာဆက်သွယ်ရေးလုပ်ငန်းသည် ပိုုမိုကောင်းမွန်သော ဆက်သွယ်မှုရရှိနိုင်ရန်အတွက် ရန်ကုန်နှင့် နေပြည်တော်တို့တွင် ကွန်ရက် တိုးချဲ့ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

မြန်မာနိုင်ငံ၏ အကျယ်ပြန့်ဆုံး ဆက်သွယ်ရေးကွန်ရက် ရှိပြီး မြန်မာနိုင်ငံ၏ အကြီးဆုံး ဆက်သွယ်ရေး အော်ပရေတာဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ဂျပန်ကုမ္ပဏီ KDDI ၊ Sumitomo Corporation တို့နှင့်ပူးပေါင်းပြီး သုံးစွဲသူ ပြည်သူများအား ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုပေးနိုင်ရန်အတွက် ဆက်သွယ်ရေး ကွန်ရက်တိုးချဲ့ခြင်းလုပ်ငန်းတွင် များစွာ ရင်းနှီးမြုပ်နှံလျက်ရှိပါသည်။

မြန်မာဆက်သွယ်ရေးလုပ်ငန်းသည် ဆက်သွယ်ရေးကွန်ရက်ချဲ့ထွင်ခြင်းအစီအစဉ် ကို နိုဝင်ဘာလ (၆)ရက်နေ့က စတင်ဆောင်ရွက်ခဲ့ရာ ရန်ကုန်နှင့် နေပြည်တော်တို့ရှိ လိုင်းကြပ်သောနေရာများတွင် 3G စခန်းများ၌ လိုင်းအင်အားတိုးချဲ့ ခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ပါသည်။ ယခုအခါ အဆိုပါ စခန်းများရှိ လိုင်းအင်အားမှာ နိုဝင်ဘာ (၆) ရက်နေ့မတိုင်မီ ကထက် ၅၀ ရာခိုင်နှုန်းပို၍ အင်အားတိုးမြှင့်လာပြီဖြစ်ပါသည်။

ထိုသို့ဆက်သွယ်ရေးကွန်ရက်ချဲ့ထွင်ခဲ့ခြင်းကြောင့် ရန်ကုန်နှင့် နေပြည်တော်တို့ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ တယ်လီဖုန်းသုံးစွဲသူများအနေနှင့် လိုင်းကြပ်နေကျဖြစ်သောနေရာများနှင့် ဖုန်းပြောဆိုမှု အများဆုံးအချိန်များတွင်ပင် ပိုမိုကောင်းမွန်ပြီး အရည်အသွေးရှိသော ဆက်သွယ်ရေးဝန်ဆောင်မှုကို ရရှိခံစားနိုင်ကြမည်ဖြစ်ပါသည်။

မြန်မ့ာဆက်သွယ်ရေးလုပ်ငန်း အနေနှင့် နိုင်ငံတစ်ဝန်းလုံးတွင် ဆက်သွယ်ရေး ကွန်ရက်ချဲ့ထွင်ခြင်းကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ကွန်ရက် ချဲ့ထွင်ခြင်း၏ ပထမအဆင့်အဖြစ်၊ ၂၀၁၅ခုနှစ် မတ်လကုန်တွင် 3G စခန်းများ၏ အရေအတွက်မှာ လက်ရှိအရေအတွက်၏ နှစ်ဆ ရှိလာမည်ဖြစ်ပါသည်။ အထူးသဖြင့် ရန်ကုန်ရှိ 3G ဆက်သွယ်ရေးကွန်ရက် အင်အားမှာ လက်ရှိအင်အား၏ သုံးဆနီးပါး ရှိလာမည်ဖြစ်ပါသည်။ ထို့အပြင် ပိုုမိုကောင်းမွန်သော အင်တာနက်ဝန်ဆောင်မှုပေးနိုင်ရန်အတွက် 3G ကွန်ရက်နည်းပညာသစ်ကို စမ်းသပ်လျက်ရှိပါသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ပြည်သူ့အကျိုးပြုသည့် အပြောင်းအလဲများစွာကို မကြာသေးမီ ကာလများက ဆောင်ရွက်လျက်ရှိရာ SIM Card ရောင်းချဖြန့်ဖြူးရေးပုံစံသစ် အမှတ်တံဆိပ်အသစ်ပြုလုပ်ခြင်းတို့နှင့်အတူ ယခုအခါ ဆက်သွယ်ရေးကွန်ရက်တိုးချဲ့ခြင်းကိုပါ ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဆောင်ရွက်ပေးမည့် ဝန်ဆောင်မှုများကို ပြည်သူများသို့ ဆက်လက်အသိပေးသွားမည်ဖြစ်ရာ သုံးစွဲအားပေးနိုင်ကြရန် တင်ပြလိုက်ရပါသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ပထမဆုံးသော တိုက်ရိုက်အရောင်းဆိုင်ကို ရန်ကုန်စာတိုက်ကြီးတွင် ဖွင့်လှစ် – မြန်မာပြည်သူများ စိတ်ကျေနပ်မှု ပိုမို ရရှှှိစေမည်

ဆက်သွယ်ရေးလုပ်ငန်းကို အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း နှင့် KDDI ၊ Sumitomo ကော်ပိုရေးရှင်းတို့သည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ပထမဆုံးသော အရောင်းဆိုင်ကို ရန်ကုန်စာတိုက်ကြီးတွင် နိုဝင်ဘာလ (၁၄)ရက်နေ့ မှ စတင်ဖွင့်လှစ်လိုက်ပြီး ဖြစ်ပါသည်။ အဆိုပါဆိုင်တွင် MPT SIM Card နှင့် ငွေဖြည့်ကတ်များကို ပြည်သူများသို့ တိုက်ရိုက်ရောင်းချပေးသွားမည် ဖြစ်သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အရောင်းဆိုင်ကို တရားဝင်ဖွင့်လှစ်ရောင်းချမည့် ရန်ကုန်စာတိုက်ကြီးကို အသစ်ပြန်လည် မွမ်းမံ ပြင်ဆင်ခြင်း အထိမ်းအမှတ်ဖွင့်ပွဲ အခမ်းအနားကို ဂျပန်နိုင်ငံ အစိုးရနှင့် ဂျပန်စာပို့တိုက် လုပ်ငန်းကော်ပိုရေးရှင်းလီမိတက်တို့၏ အစီအစဉ်ဖြင့် ၂၀၁၄ခုနှစ်၊ နိုဝင်ဘာလ (၁၃)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ဂျပန်နိုင်ငံ ဝန်ကြီးချုပ် Mr. Shinzo Abe မှ တက်ရောက်ခဲ့ပါသည်။ ဂျပန်နိုင်ငံ ဝန်ကြီးချုပ်က ချီးမွမ်းဂုဏ်ပြုစကားပြောကြားပါသည်။ ထို့နောက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ တာဝန်ရှိသူတစ်ဦးက ဂျပန်နိုင်ငံ ဝန်ကြီးချုပ်သို့ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ အမှတ်တရ SIM Card ကို လက်ဆောင်ပြန်လည်ပေးအပ်ခဲ့ပါသည်။

ဂျပန်နိုင်ငံ ဝန်ကြီးချုပ်က ဖွင့်ပွဲအခမ်းအနားတွင် ဂုဏ်ပြုအမှာစကားပြောကြားရာ၌ “မြန်မာနိုင်ငံတွင် သမိုင်းအစဉ်အလာ ရှည်ကြာခဲ့သော မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းနှင့် ဂျပန်ကုမ္ပဏီများဖြစ်သည့် KDDI ၊ Sumitomo ကော်ပိုရေးရှင်းတို့၏ ပူးပေါင်းဆောင်ရွက်မှုသည် မြန်မာပြည်သူများအတွက် စိတ်ချမ်းမြေ့ဖွယ် ဆက်သွယ်ရေးလူမှုဝန်းကျင်ကို ဖန်တီးပေးခြင်းပင်ဖြစ်၍ ချီးမွမ်းဂုဏ်ပြုထိုက်သော ဆောင်ရွက်မှုပင်ဖြစ်ပါကြောင်း၊ ဤ အရောင်းဆိုင်ကို ဖွင့်လှစ်လိုက်ခြင်းသည် မြန်မာနိုင်ငံ၏ တောက်ပသော ဆက်သွယ်ရေး အနာဂါတ်အတွက် ခိုင်မာသည့် ခြေလှမ်းသစ်တစ်ခုပင် ဖြစ်သည်ဟု ကျွနု်ပ်ယုံကြည်ပါကြောင်း” ပြောကြားသွားပါသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် KDDI ၊ Sumitomo တို့သည် ၂၀၁၄ခုနှစ်၊ စက်တင်ဘာလ (၁) ရက်နေ့မှ စတင်၍ SIM Card များကို ရောင်းချပေးခဲ့ရာ ပထမလအတွင်း၌ SIM Card စုစုပေါင်း တစ်သန်းကျော်ကို ရောင်းချပေးခဲ့ပြီး ဖြစ်ပါသည်။ တစ်ပြိုင်နက်တည်းမှာပင် သုံးစွဲသူများကို လွယ်ကူအဆင်ပြေသော မိုဘိုင်းဝန်ဆောင်မှုပေးနိုင်ရန် ရည်ရွယ်၍ ဆက်သွယ်ရေးစနစ် အရည်အသွေး မြှင့်တင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပါသည်။ သုံးစွဲသူများ စိတ်ကျေနပ်မှု ပိုမိုမြင့်မားလာစေရန်အတွက် တယ်လီဖုန်း ခေါ်ဆိုဝန်ဆောင်မှုဌာနကို ဖွင့်လှစ်တိုးချဲ့ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် Logo အသစ်နှင့် အမှတ်တံဆိပ်အသစ်ကို ၂၀၁၄ခုနှစ်၊ စက်တင်ဘာလ (၁၂)ရက်နေ့ မှ စတင်၍ ရုပ်မြင်သံကြားနှင့် မီဒီယာများ၌ ဖေါ်ပြခဲ့ပြီး ဖြစ်ပါသည်။

အသစ်ဖွင့်လှစ်လိုက်သော အရောင်းဆိုင်သည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းဝန်ထမ်းများ ကိုယ်တိုင် ပြည်သူများသို့ တိုက်ရိုက်ဝန်ဆောင်မှုပေးသည့် အရောင်းဆိုင်ပင်ဖြစ်ပါသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း သုံးစွဲသူများ၏ ထုတ်ကုန် စံချိန်စံညွှန်းဆိုင်ရာ မေးခွန်းများမှသည် စာချုပ်ဆိုင်ရာ မေးခွန်းများအထိ မေးခွန်းပေါင်းစုံကို ဂျပန်နိုင်ငံ၏ ကမ္ဘာ့အဆင့်အမြင့်ဆုံး အရည်အသွေးရှိ ဝန်ဆောင်မှုဖြင့် ဖြေကြားပေးသွားမည် ဖြစ်ပါသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် KDDI ၊ Sumitomo တို့သည် သုံးစွဲသူ ပြည်သူများ စိတ်ကျေနပ်မှု ပိုမိုတိုးမြှင့်လာစေရန် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပြီး မြန်မာပြည်သူများ၏ လူနေမှုဘဝ မြင့်မားလာစေရေး၊ လုပ်ငန်းဆောင်တာများနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရေး အတွက် အထောက်အကူပြုရန် ဆက်လက်ကြိုးပမ်းအားထုတ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

အရောင်းဆိုင် အချက်အလက်များ

  • ဆိုင်ဖွင့်မည့်နေ့ ။ ။ ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ (၁၄)ရက်
  • ဆိုင်အမည် ။ ။ ရန်ကုန်စာတိုက်ကြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အရောင်းဆိုင်
  • တည်နေရာ ။ ။ ရန်ကုန်စာတိုက်ကြီး၊ ဗိုလ်အောင်ကျော်လမ်း နှင့် ကမ်းနားလမ်းထောင့်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။
  • အကျယ်အဝန်း ။ ။ ၁၇ စတုရန်းမီတာ
  • အော်ပရေတာ ။ ။ MPT (မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း)