MPT Club အထူးပရိုမိုးရှင်းအစီအစဉ်နှင့်အတူ မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆို

(ရန်ကုန်၊ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၃၀ ရက်)- ၂၀၂၂ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အား ဂုဏ်ပြုသောအားဖြင့် MPT Club က မြန်မာနိုင်ငံရှိ အမျိုးသမီးများ၏ဘဝများကို တစ်ထောင့်တစ်နေရာမှ ပံ့ပိုးပေးနိုင်ရန် ရည်ရွယ်၍ MPT Club အဖွဲ့ဝင်များအတွက် အထူးပရိုမိုးရှင်းအစီအစဉ်ကို ၂၀၂၂ ခုနှစ် ဇူလိုင်လ (၁) ရက် မှ (၃) ရက်အထိ ပေးအပ်သွားမည်ဖြစ်သည်။  ပရိုမိုးရှင်း အစီအစဉ်မှာ MPT Club အဖွဲ့ဝင်များအားလုံးသည် “ဉာဏ်စမ်း ပဟေဠိ” ဂိမ်းတွင် ပါဝင်ခြင်းဖြင့် အဆိုပါ အထူးပရိုမိုးရှင်းအစီအစဉ်တွင် ပါဝင်နိုင်မည် ဖြစ်ပြီး အဖြေမှန်ပါက MPT Club ပွိုင့် ၁၀၀ ပွိုင့် မှ ၁,၂၀၀ ပွိုင့်အထိ ရရှိခံစားနိုင်မည် ဖြစ်သည်။ MPT Club မှ အဖြေမှန်သူများကို ဇူလိုင်လ ၆ ရက်နေ့တွင် စာတို (SMS) ဖြင့် အကြောင်းကြားပေးမည် ဖြစ်သည်။ အဆိုပါ “ဉာဏ်စမ်း ပဟေဠိ” ဂိမ်းတွင် ပါဝင်ရန် သုံးစွဲသူများအားလုံးသည် MPT ဖုန်းနံပါတ်များကို မှန်ကန်စွာ ဖြည့်သွင်းရန်လိုအပ်ပြီး Google Form လင့်ခ် https://forms.gle/N5SS1C3pc3ZphNr68 မှတစ်ဆင့် ဂိမ်းကို ကစားနိုင်မည် ဖြစ်သည်။ “ဉာဏ်စမ်း ပဟေဠိ” ဂိမ်းတွင် ပါဝင်ကစားသူအရေအတွက် (၉၀,၀၀၀) ဦးရေ ကန့်သတ်ထားသောကြောင့် သုံးစွဲသူများအနေဖြင့် တတ်နိုင်သမျှ အမြန်ဆုံး ပါဝင်ကစားရန် တိုက်တွန်းအပ်ပါသည်။ ပရိုမိုးရှင်း အစီအစဉ်နှင့် ပတ်သက်သည့် စည်းမျဉ်း၊ စည်းကမ်းများကို http://bitly.ws/swZS တွင် ကြည့်ရှုနိုင်ပါသည်။

MPT Club ပွိုင့်များကို ဒေတာ (သို့မဟုတ်) အသံ ပက်ကေ့ချ်များဖြင့် လဲလှယ်ရယူနိုင်ပြီး MPT Club ၏ မိတ်ဖက်အဖွဲ့အစည်းများမှ အထူးလျှော့စျေးများကိုလည်း ရရှိခံစားနိုင်မည်ဖြစ်သည်။ MPT Club ပွိုင့်၏ ထက်ဝက်ပမာဏကို မြန်မာအမျိုးသမီးများအတွက် အကူအညီပေးနေသည့် NGO အဖွဲ့အစည်းများသို့ ကူညီထောက်ပံ့ပေးသွားမည် ဖြစ်ပါသည်။

အောက်ဖော်ပြပါအချက်ဖြင့်ပြည့်စုံသူ MPT Club အဖွဲ့ဝင်များသည် ယခုပရိုမိုးရှင်းကို ရရှိအသုံးပြုနိုင်ပါသည်။

၁) MPT Club အဖွဲ့ဝင်များအားလုံး (Crown, Diamond, Platinum, Gold, Silver အဆင့်ရှိသူ) ပါဝင် နိုင်ပါသည်။

MPT Club သို့ အဖွဲ့ဝင် အဖြစ် ဝင်ရောက်ထားခြင်းမရှိပါက အောက်ပါနည်းလမ်းများဖြင့် အဖွဲ့ဝင်နိုင်ပါသည်။

၁) MPT Club သို့ အဖွဲ့ဝင်နိုင်ရန် MPT4U အက်ပလီကေးရှင်း ကို ဒေါင်းလုတ်ရယူပြီးဖြစ်စေ။

၂) *345# ကို ခေါ်ဆို၍ (သို့မဟုတ်) အမျိုးသားအတွက် “Reg M” (သို့မဟုတ်) အမျိုးသမီးအတွက် “Reg F” ကို “345” သို့ SMS ပေးပို့၍ဖြစ်စေ အဖွဲ့ဝင်နိုင်ပါသည်။

MPT Club သို့ အဖွဲ့ဝင်ပြီးနောက် MPT သုံးစွဲသူများအားလုံးသည် Welcome Point ၅၀ ရရှိမည် ဖြစ်သည်။

MPT Club သည် သုံးစွဲသူ အဖွဲ့ဝင်များအတွက် ကျေးဇူးတုံ့ပြန်သည့် အစီအစဉ်တစ်ခုဖြစ်ပြီး  အဖွဲ့ဝင်များ​အ​နေဖြင့် ဖုန်းငွေဖြည့်ခြင်း (သို့မဟုတ်) မိတ်ဖက်အဖွဲ့အစည်း ၈၅ ခုကျော်၏ စားသောက်ဆိုင်များ၊ ပညာရေး /ကျန်းမာရေး ဝန်ဆောင်မှုများ ၊ ခရီးသွားလုပ်ငန်းများ နှင့် စတိုးဆိုင်ကြီးများတွင်  စျေးဝယ်ယူခြင်း/ဝန်ဆောင်မှုရယူခြင်း များ ပြုလုပ်တိုင်း အကျိုးခံစားခွင့် ပြန်လည်ပေးအပ်သည့်  အစီအစဉ်တစ်ခုဖြစ်သည်။ အဆိုပါ အစီအစဉ်ကြောင့် သုံးစွဲသူများအနေဖြင့် နာမည်ကျော် အမှတ်တံဆိပ်ထုတ်ကုန်နှင့်ဝန်ဆောင်မှုများကို အထူးနှုန်းထားများဖြင့် ဝယ်ယူရရှိနိုင်ပြီး   ပိုမိုကောင်းမွန်သည့် အတွေ့အကြုံကိုလည်း ရရှိနိုင်မည့်အပြင် MPT Club အဖွဲ့ဝင်များနှင့် အဆိုပါ အမှတ်တံဆိပ်များ၊ ဝန်ဆောင်မှုများအကြား နေ့စဉ်ဘဝဆက်ဆံရေးကိုလည်း ပိုမိုကောင်းမွန်စေ မည်ဖြစ်သည်။

MPT Club အစီအစဉ်၏ အကျိုးကျေးဇူးများနှင့် ပရိုမိုးရှင်းများကို သိရှိရန် MPT Viber သို့မဟုတ် Telegram သို့ ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။ MPT ဝန်ဆောင်မှုများကို အစဉ်တစိုက်သုံးစွဲလျက်ရှိသည့် မိဘပြည်သူများအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

သုံးစွဲသူများအနေဖြင့် MPT အကြောင်းကို အသေးစိတ်သိရှိလိုပါက MPT ၏ တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့ ဝင်ရောက်ကြည့်ရှုနိုင်ပြီး 106 Call Center သို့ ခေါ်ဆိုမေးမြန်းနိုင်သည့်အပြင် မိမိသိရှိလိုသည်များကိုလည်း တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber နှင့် MPT တရားဝင် ဝက်ဘ်ဆိုက်တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။

MPT က “ရွှေအိပ်မက်” အစီအစဉ်၏ ကံထူးရှင်များအား ကံထူးလက်ဆောင်များ လွှဲပြောင်းပေးအပ်ခဲ့

(ရန်ကုန်၊ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၈ ရက်)- MPT က “ရွှေအိပ်မက်” အစီအစဉ်၏ ကံထူးရှင်များ အား၎င်းတို့၏ အိပ်မက်များကို အကောင်အထည်ဖော်ရန်အတွက် ကံထူးလက်ဆောင်များလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး နှင့် ရှမ်းပြည်နယ်တောင်ပိုင်း အသီးသီးတို့တွင် အောင်မြင်စွာ ကျင်းပပြု လုပ်ခဲ့ပါသည်။

ဇွန်လအထိ ကံထူးလက်ဆောင်များအား လက်ခံရရှိသော ကံထူးရှင်များမှာ-

စဉ်အမျိုးအစားကံထူးနံပါတ်အမည်လိပ်စာကံထူး လက်ဆောင်
လွှဲပြောင်းပေးအပ်ခဲ့သည့် ရက်စွဲ
မိသားစု၁၆၉၄ဦးအာကာမြင့်အောင်စမ်းချောင်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးBrand New MG 5 ကား၃-၄-၂၀၂၂
ရပ်ရွာအဖွဲ့အစည်းများအတွက် ကူညီထောက်ပံ့ခြင်း၇၂၃၀ဦးသန်းဇော်ဦးဝေါမြို့နယ်၊ ပဲခူးတိုင်းဒေသကြီးစာကြည့်တိုက်၉-၆-၂၀၂၂
သတ်မှတ်ချက်အားလုံး
ပြည့်မီသောအိပ်မက်အမျိုးအစား
၆၀၂၈ဒေါ်သန်းသန်းချစ်ဟဲဟိုးမြို့နယ်၊ ရှမ်းပြည်နယ်စက်ချုပ်သင်တန်း၁၄-၆-၂၀၂၂
လုပ်ငန်းအသစ်အတွက် ထောက်ပံ့ခြင်း (မိမိကိုယ်တိုင်အတွက်)၆၃၆၂ဦးဆန်းလင်းအောင်မင်းလှမြို့နယ်၊ ပဲခူးတိုင်းဒေသကြီးကုန်စုံဆိုင်၂၂-၆-၂၀၂၂

MPT နှင့် KSGM တို့ လုပ်ငန်းပူးပေါင်းဆောင်ရွက်မှုအဖြစ် မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူလူထု၊ စီးပွားရေး လုပ်ငန်းများနှင့် လူမှုအသိုင်းအဝိုင်းများသို့ အကောင်းဆုံး ဆက်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုများကို ပေးအပ်ခြင်း (၇)နှစ်မြောက် အထိမ်းအမှတ်အဖြစ် MPT သည် ၂ဝ၂ဝ ပြည့်နှစ်၊ စက်တင်ဘာလတွင် ထူးခြားဆန်းသစ်သည့် “အနာဂါတ်တွေပုံဖော်ဖို့ ရွှေအိပ်မက်နဲ့ ရှယ်လန်းစို့” အစီအစဉ်ကို မိတ်ဆက်ခဲ့ကာ အဆိုပါအစီအစဉ်မှာ ပါဝင်သူပေါင်း ၇,၀၀၀ ကျော်ဖြင့် အလွန်ပင်အောင်မြင်မှု ရရှိခဲ့ပါသည်။

MPT သည် အဆိုပါအစီအစဉ်မှတစ်ဆင့် ကံထူးရှင် ၇ ဉီးအား အိပ်မက်အမျိုးအစား ၄ မျိုးဖြစ်သည့် မိသားစု၊ လုပ်ငန်းအသစ်အတွက်ထောက်ပံ့ခြင်း (မိမိကိုယ်တိုင်အတွက်)၊ ရပ်ရွာအဖွဲ့အစည်းများအတွက် ကူညီထောက်ပံ့ ခြင်းနှင့် သတ်မှတ်ချက်အားလုံးပြည့်မီသော အိပ်မက်အမျိုးအစားကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ တွင် MPT ၏ Facebook စာမျက်နှာမှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့် ရွေးချယ်ခဲ့ပြီးဖြစ်ပါသည်။ ယခုအခါတွင် ကံထူးရှင် (၄)ဦးအနေဖြင့် ၎င်းတို့၏ စိတ်ကူးအိပ်မက်များကို အကောင်အထည်ဖော်နိုင်ခဲ့ပြီး MPT သည် ကျန်ရှိနေသော ကံထူးရှင် (၃)ဦးအား ၎င်းတို့၏ကံထူးလက်ဆောင်များ အမြန်ဆုံးလွှဲပြောင်းပေးအပ်ရန် ဆက်လက် ဆောင်ရွက်လျက်ရှိပါသည်။ “ရွှေအိပ်မက်” အစီအစဉ်မှ ကံထူးရှင်များ၏ အသေးစိတ်အချက်အလက်များကို MPT ဝက်ဘ်ဆိုက်ဖြစ်သော https://www.mpt.com.mm/en/dream-come-true/   မှတစ်ဆင့် ဝင်ရောက်လေ့လာနိုင် ပါသည်။

ကံထူးလက်ဆောင်များ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားများမှ အမှတ်တရဓာတ်ပုံများကို အောက်တွင်ဖော်ပြ ပေးထားပါသည်။

ဦးအာကာမြင့်အောင်အား Brand New MG 5 ကား လွှဲပြောင်းပေးအပ်ခဲ့စဉ် (ရန်ကုန်)

ဦးသန်းဇော်ဦးအား စာကြည့်တိုက် လွှဲပြောင်း ဖွင့်လှစ် ပေးအပ်ခဲ့စဉ် (ပဲခူး)

ဒေါ်သန်းသန်းချစ်အား စက်ချုပ်သင်တန်း လွှဲပြောင်း ဖွင့်လှစ်ပေးအပ်ခဲ့စဉ် (ရှမ်းပြည်နယ်)

ဦးဆန်းလင်းအောင် အား ကုန်စုံဆိုင် လွှဲပြောင်းဖွင့်လှစ် ပေးအပ်ခဲ့စဉ် (ပဲခူး)

MPT ဝန်ဆောင်မှုများကို အစဥ်တစိုက်သုံးစွဲလျက်ရှိသည့် မိဘပြည်သူများအား အထူးပင် ကျေးဇူးတင်ရှိပါသည်။ MPT နှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့ ဝင်ရောက်နိုင်ကာ 106 Call Center သို့ ခေါ်ဆိုမေးမြန်းနိုင်သည့်အပြင် မိမိသိရှိလိုသည်များကိုလည်း တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber နှင့် MPT တရားဝင် ဝက်ဘ်ဆိုက်တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။

MPT ၏ “ထောဘီ ၇ ဆ” အလိုအလျောက် သက်တမ်းတိုး ပက်ကေ့ချ် (Auto-renewal) များကို ကြိုက်နှစ်သက်ရာနည်းလမ်းများဖြင့် ဝယ်ယူနိုင်ပြီ

(ရန်ကုန်၊ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၁ ရက်)- MPT သုံးစွဲသူများသည် “ထောဘီ ၇ ဆ” အလိုအလျောက် သက်တမ်းတိုး ပက်ကေ့ချ် (Auto-renewal) များကို ရယူ အသုံးပြုနိုင်ပြီဖြစ်သည်။ သုံးစွဲသူမှ အဆိုပြုဝယ်ယူထားပါက အဆိုပါ ပက်ကေ့ချ်၏  လက်ကျန် ထောဘီ ပမာဏ ၁,၀၀၀ ကျပ် အောက်သို့ရောက်ရှိ သွားချိန် (သို့မဟုတ်) ပက်ကေ့ချ် သက်တမ်းကုန်ဆုံးချိန်တွင် အလိုအလျောက်သက်တမ်းတိုး ဝယ်ယူသွားမည် ဖြစ်သည်။

 

နိုင်ငံတစ်ဝန်းမှ MPT Prepaid (ဆွေသဟာ၊ ရှယ်ပြော နှင့် ရွှေစကား) သုံးစွဲသူများသည် အလိုအလျောက် သက်တမ်းတိုးသည့် လုပ်ဆောင်ချက်ဖြင့် ပုံမှန်ဖုန်းဘေလ်ကို အဆပေါင်း ၇ ဆ ပွားကာ စိတ်တိုင်းကျ လဲလှယ်ရယူနိုင်မည့်အပြင် အဆိုပါ ပက်ကေ့ချ်ကို MPT အချင်းချင်းဖုန်းခေါ်ဆိုခြင်း၊ SMS စာတိုပေးပို့ခြင်း နှင့် သုံးသလောက်ပေးအင်တာနက်အသုံးပြုခြင်း တို့အတွက် သတ်မှတ်ထားသော ထောဘီ ၇ဆ အထူးနှုန်းထားဖြင့် အသုံးပြုနိုင်မည်ဖြစ်သည်။ ထို့အပြင် MPT သုံးစွဲသူများအနေဖြင့် မည်သည့်နည်းလမ်းဖြင့်မဆို “ထောဘီ ၇ဆ” အလိုအလျောက် သက်တမ်းတိုးပက်ကေ့ချ်များ (Auto-renewal) ကို ဝယ်ယူပါက ထိပေါက် ကံစမ်းခွင့် အခွင့်အရေး (၁) ကြိမ် ရရှိပြီး ထောဘီဖုန်းဘေလ် အဆပေါင်း ၁၀၀ အထိ ကံထူးနိုင်မည်ဖြစ်သည်။

 

ထောဘီ ၇ ဆ ပက်ကေ့ချ်၏ အသေးစိတ်အချက်အလက်များကို အောက်ပါဇယား တွင်ကြည့်ရှုနိုင် ပါသည်။

အလိုအလျောက်သက်တမ်းတိုး ထောဘီ ၇ဆ ဖုန်းဘေလ်သက်တမ်းရယူနိုင်သည့်နည်းလမ်းများလက်ကျန်ဖုန်းဘေလ် စစ်ဆေးရန်
တိုက်ရိုက် USSDCommon USSDApp
ပုံမှန်ဖုန်းဘေလ် ၁,၁၀၇ ကျပ် = ထောဘီ ၇ဆ ဖုန်းဘေလ် ၇,၇၇၇ ကျပ်၁၅ ရက်*700*1*3#*700#MPT4U App
(သို့မဟုတ်)

MPT Pay
*224#
ပုံမှန်ဖုန်းဘေလ် ၂,၂၀၇ ကျပ် = ထောဘီ ၇ဆ ဖုန်းဘေလ် ၁၅,၅၅၄ ကျပ်၃၀ ရက်*700*2*3#
ပုံမှန်ဖုန်းဘေလ် ၅,၅၁၇ ကျပ် = ထောဘီ ၇ဆ ဖုန်းဘေလ် ၃၈,၈၈၅ ကျပ်၆၀ ရက်*700*3*3#

MPT သုံးစွဲသူများအနေဖြင့် မိမိတို့၏ လိုအပ်ချက်များနှင့် ကိုက်ညီသည့် ကြိုက်နှစ်သက်ရာ “ ထောဘီ ၇ ဆ” ပက်ကေ့ခ်ျ များကို “Regular” နှင့် “Autorenewal” ဟူ၍ ပက်ကေ့ချ်ပုံစံ ၂ မျိုးဖြင့် ရယူအသုံးပြုနိုင်မည်ဖြစ်ကာ ရှိရင်းဖုန်းဘေလ်များကို အဆပေါင်း ၇ ဆ ပွား၍ အမြင့်ဆုံး သက်တမ်း အဖြစ် ရက်ပေါင်း ၆၀ အထိ အသုံးပြုနိုင်ပြီ ဖြစ်သည်။
“Regular” နှင့် “Autorenewal” ပက်ကေ့ချ် နှစ်မျိုးလုံးသည် တူညီသော ထောဘီ ၇ ဆ အကျိုးခံစားခွင့်များကို ရရှိမည်ဖြစ်ပြီး Autorenewal ပက်ကေ့ချ် အသုံးပြုသူများအတွက် ပိုမိုသက်သာသောပက်ကေ့ချ်စျေးနှုန်းဖြင့် ဆောင်ရွက်ထားပါသည်။ ထောဘီ ၇ ဆ ဖုန်းဘေလ်များကို သုံးစွဲသူများစိတ်ကြိုက် အကြိမ်ရေအကန့်အသတ်မရှိ ရယူလဲလှယ်နိုင်ပြီး ဒေတာပက်ကေ့ချ် များ၊ အသံ ပက်ကေ့ချ်များ၊ ထပ်ဆောင်းဝန်ဆောင်မှုများ (VAS) ကို ဝယ်ယူခြင်းအတွက် အသုံးပြုနိုင်မည် မဟုတ်ပါ။
မိမိတို့ခင်မင်ရသူများနှင့် မိတ်ဆွေများသို့ လက်ဆောင်အဖြစ်ပေးလိုပါက “Regular” ထောဘီ ၇ ဆ ဖုန်းဘေလ် ပက်ကေ့ချ်ကို MPT4U (သို့မဟုတ်) *700# ကိုခေါ်ဆိုပြီး လုပ်ဆောင်နိုင်မည်ဖြစ်သည်။ “Autorenewal” ပက်ကေ့ချ်များတွင် ဖုန်းဘေလ်ပမာဏ ချင်း မတူညီသော ပက်ကေ့ချ်ကို ပြောင်းလဲ ဝယ်ယူ၍ မရသည်မှအပ မူလဝယ်ယူထားသော ဖုန်းဘေလ်ပမာဏ ချင်းတူညီသော ထောဘီ ပက်ကေ့ချ်များကို အကြိမ်အရေအတွက် အကန့်အသတ်မရှိ ဝယ်ယူနိုင်မည်ဖြစ်ပြီး ထောဘီ ၇ဆ ဖုန်းဘေလ် ပမာဏများအားလုံး ပေါင်းစည်းသွားမည် ဖြစ်ကာ အမြင့်ဆုံးသက်တမ်းရှိသည့် ပက်ကေချ့်၏ သက်တမ်းကာလအတိုင်း အသုံးပြုနိုင်မည်ဖြစ်သည်။
MPT သည် မြန်မာပြည်သူများအကြား အကောင်းဆုံး ဆက်သွယ်ချိတ်ဆက်မှု ရရှိစေနိုင်ရေးအတွက် အမြဲတစေ ကြိုးပမ်း ဆောင်ရွက်လျက်ရှိပြီး ပြည်သူများ၊ စီးပွားရေး လုပ်ငန်းများနှင့် လူမှုအသိုက်အဝန်းအပေါ်တွင် သက်ရောက်မှုများကိုလျှော့ချကာ သုံးစွဲသူများကို ထောက်ပံ့ပေးရန် နည်းလမ်းများကို စဉ်ဆက်မပြတ် ရှာဖွေနေပြီး ဒီဂျစ်တယ် လူမှုဘဝများ ပိုမိုတိုးတက်စေရေးအတွက် အကောင်းဆုံး ဆောင်ရွက်လျက်ရှိပါသည်။
“ထောဘီ ၇ဆ” ပက်ကေ့ချ်နှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့ ဝင်ရောက်နိုင်ကာ 106 Call Center သို့ ခေါ်ဆိုမေးမြန်းနိုင်သည့်အပြင် မိမိသိရှိလိုသည်များကိုလည်း တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber နှင့် MPT တရားဝင် ဝက်ဘ်ဆိုက်တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။

ခေတ်မီအိတ်ချိန်းစက်များ လဲလှယ်ပြီးဖြစ်ပါသဖြင့် အော်တိုတယ်လီဖုန်း နံပါတ်များအား ပြောင်းလဲပါမည်

(ရန်ကုန်၊ ၂၀၂၂ ခုနှစ်၊ မေလ ၂၃ ရက်) – မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေဖြင့် ပိုမိုကောင်းမွန်သည့် အရည်အသွေး နှင့် ခေတ်မီဝန်ဆောင်မှုများကို ပေးနိုင်ရန်အတွက် အောက်ဖော်ပြပါ ပြည်နယ်ရှိ အိတ်ချိန်းကို ခေတ်မီအိတ်ချိန်းစက်နှင့် ပြောင်းလဲတပ်ဆင်ပြီး လက်ရှိအသုံးပြုနေသော အော်တိုတယ်လီဖုန်းနံပါတ်ကို ဂဏန်း (၇) လုံးပါရှိသည့် အော်တိုတယ်လီဖုန်းနံပါတ်အသစ်ဖြင့် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၄ ရက် မှစတင်၍ အောက်ပါအတိုင်း ပြောင်းလဲသွားမည် ဖြစ်ပါသည်။

နယ်မြေအိတ်ချိန်းလက်ရှိအသုံးပြု
နေသော ဖုန်းနံပါတ်
အသစ်ပြောင်းလဲ မည့်ဖုန်းနံပါတ်
ရှမ်းပြည်နယ် (အရှေ့ပိုင်း)မိုင်းယန်း အိတ်ချိန်း၀၈၄-၆၅xxx၀၈၄-၂၀၆၅xxx

အောက်ပါဇယားတွင် ဖော်ပြထားသော ပြည်နယ်များရှိ အိတ်ချိန်းများကို ခေတ်မီအိတ်ချိန်းစက်များနှင့် ပြောင်းလဲတပ်ဆင်ပြီး ကေဘယ်လ်ကွန်ရက်စနစ် (Copper Cable Network) အား မြန်နှုန်းမြှင့် သတင်းအချက်အလက် ဝန်ဆောင်မှုပေးနိုင်သည့် ကြိုးမဲ့စနစ်သုံး (Fixed Wireless) တယ်လီဖုန်းများဖြင့် အောက်ပါအတိုင်း ပြောင်းလဲသွားမည် ဖြစ်ပါသည်။

နယ်မြေအိတ်ချိန်းMigration စတင်ပြုလုပ်
မည့် ရက်စွဲ
လက်ရှိအသုံးပြု
နေသော ဖုန်းနံပါတ်
အသစ်ပြောင်းလဲ မည့်ဖုန်းနံပါတ်
ရှမ်းပြည်နယ် (မြောက်ပိုင်း)မိုးမိတ် အိတ်ချိန်း၂၇-၅-၂၀၂၂၀၈၆-၂၂၄၅xxx၀၈၆-၄၇၄၅xxx
ရခိုင်ပြည်နယ်ရသေ့တောင် အိတ်ချိန်း၁၀-၆-၂၀၂၂၀၄၃-၅၉xxx၀၄၃-၄၇၅၉xxx
မင်းပြား အိတ်ချိန်း၁၄-၆-၂၀၂၂၀၄၃-၇၅xxx၀၄၃-၄၇၇၅xxx
ရှမ်းပြည်နယ် (မြောက်ပိုင်း)ဟိုပန် အိတ်ချိန်း၁၅-၆-၂၀၂၂၀၈၂-၇၄xxx၀၈၂-၄၆၇၄xxx
ရခိုင်ပြည်နယ်အမ်း အိတ်ချိန်း၁၆-၆-၂၀၂၂၀၄၃-၈၀xxx၀၄၃-၄၇၈၀xxx

နံပါတ်အဟောင်းမှ နံပါတ်အသစ်သို့ ပြောင်းလဲစဉ်ကာလအတွင်းတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိမိတို့၏ ဝန်ဆောင်မှုကို အသုံးပြုနေသူများ ဆက်သွယ်မှုအဆင်ပြေစေရန် Call Forward ဝန်ဆောင်မှုကို ပြောင်းလဲတပ်ဆင်သည့်နေ့မှစ၍ (၃) လအထိ အခမဲ့ပေးထားမည်ဖြစ်ပြီး သုံးစွဲသူများသည် နံပါတ်အသစ်သို့ ပြောင်းလဲနေစဉ်ကာလအတွင်းတွင် လက်ရှိနံပါတ် (သို့မဟုတ်) နံပါတ်အသစ်သို့ ခေါ်ဆိုနိုင်မည် ဖြစ်ပါသည်။

MPT Club အဖွဲ့ဝင်များအတွက် အမေများနေ့ပရိုမိုးရှင်းအစီအစဉ်ကို MPT က မိတ်ဆက်

(ရန်ကုန်၊ ၂၀၂၂ ခုနှစ်၊ မေလ ၆ ရက်)- MPT Club အဖွဲ့ဝင်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် အစဉ်အမြဲ ကြိုးစားလျက်ရှိသော MPT Club သည် ၂၀၂၂ ခုနှစ် မေလ ၈ ရက်တွင် ကျရောက်မည့် အမေများနေ့ကို ဂုဏ်ပြုသောအားဖြင့် MPT Club အဖွဲ့ဝင်များအတွက် အထူးပရိုမိုးရှင်းကို မိတ်ဆက်လိုက်ပြီဖြစ်သည်။ MPT Club အဖွဲ့ဝင်များအ​နေဖြင့် ​အဆိုပါထူးခြားသည့်နေ့ရက်တွင် အထူးပရိုမိုးရှင်းအစီအစဉ်မှတစ်ဆင့် မိမိတို့၏မိခင်များနှင့် အချင်းချင်း ပိုမိုဆက်သွယ် ချိတ်ဆက်နိုင်မည်ဖြစ်ပြီး မိမိတို့၏  ချစ်ခြင်းမေတ္တာကို ​ဖော်ပြနိုင်မည်ဖြစ်သည်။

MPT Club အဖွဲ့ဝင်များအားလုံးသည် ယခု အထူးပရိုမိုးရှင်းအစီအစဉ်မှတစ်ဆင့် MPT Club ပွိုင့်များနှင့် MPT-MPT ဖုန်း​ခေါ်ဆိုရန်မိနစ်များ (သို့မဟုတ်) ​ဒေတာများ လဲလှယ်နိုင်မည့် အခွင့်အရေးရရှိမည်ဖြစ်သည်။ လဲလှယ်ရရှိသည့် ဖုန်းခေါ်ဆိုမှု နှင့် ဒေတာတို့ကို အောက်တွင်ဖော်ပြထားသည့်အတိုင်း အသုံးပြုနိုင်မည် ဖြစ်သည်။

စဉ်လဲလှယ်နိုင်သည့် MPT Club ပွိုင့်အကျိုးကျေးဇူးများပရိုမိုးရှင်းကာလအသုံးပြုနိုင်သည့်
သက်တမ်း
MPT Club ပွိုင့် ၁၀၀မိနစ် ၃၀ ဖုန်းခေါ်ဆိုမှု (MPT-MPT)၂၀၂၂ ခုနှစ် မေလ ၇ ရက် နှင့် ၈ ရက်ဖုန်းခေါ်ဆိုမှု (သို့မဟုတ်) ဒေတာ အသုံးပြုမှုကို လဲလှယ်သည့်နေ့မှ စတင်ပြီး ၅ ရက်အထိ
MPT Club ပွိုင့် ၁၅၀ဒေတာ ၂၅၀မီဂါဘိုက်

မိမိလဲလှယ်လိုက်သော ပွိုင့်၏ တန်ဖိုးတစ်ဝက်နှင့်ညီမျှသည့်ပမာဏကို အမျိုးသမီးများ အတွက်အကူအညီပေး နေသည့် အဖွဲ့အစည်းများသို့ ကူညီထောက်ပံ့ ပေးသွားမည် ဖြစ်ပါသည်။

အောက်ဖော်ပြပါအချက်များဖြင့်ပြည့်စုံသူ MPT Club အဖွဲ့ဝင်များသည် ပရိုမိုးရှင်းကို ရရှိအသုံးပြုနိုင်ပါသည်။

၁) MPT Club အဖွဲ့ဝင်များအားလုံး (Crown, Diamond, Platinum, Gold, Silver အဆင့်ရှိသူ) ပါဝင် နိုင်ပါသည်။

၂) MPT Club ပွိုင့် အနည်းဆုံး ၁၀၀ ပွိုင့်ရရှိထားရမည်။

၃) MPT Club သို့ အဖွဲ့ဝင်နိုင်ရန် MPT4U အက်ပလီကေးရှင်း ကို ဒေါင်းလုတ်ရယူပြီးဖြစ်စေ၊ *345# ကို ခေါ်ဆို၍ (သို့မဟုတ်) အမျိုးသားအတွက် “Reg M” (သို့မဟုတ်) အမျိုးသမီးအတွက် “Reg F” ကို “345” သို့ SMS ပေးပို့၍ဖြစ်စေ အဖွဲ့ဝင်နိုင်ပါသည်။

ယခု အထူးပရိုမိုးရှင်းအစီအစဉ်တွင် ပွိုင့်များလဲလှယ်နိုင်သည့် အရေအတွက်မှာ အကန့်အသတ်ရှိပြီး သုံးစွဲသူများအနေဖြင့် တစ်ဦးလျှင် တစ်ကြိမ်သာ လဲလှယ်နိုင်သည့်အတွက် လျင်မြန်စွာ လဲလှယ်ရန် လိုအပ်ပါသည်။ MPT4U အက်ပလီကေးရှင်းတွင် MPT Club ပွိုင့်များကို လဲလှယ်ရန်အတွက် အဖွဲ့ဝင်များအားလုံးသည် MPT Club အောက်ရှိ အမေများနေ့ ပရိုမိုးရှင်း Menu အသစ်သို့ ဝင်ရောက်ရမည်ဖြစ်သည်။

MPT Club သည် သုံးစွဲသူ အဖွဲ့ဝင်များအတွက် ကျေးဇူးတုံ့ပြန်သည့် အစီအစဉ်တစ်ခုဖြစ်ပြီး  အဖွဲ့ဝင်များ​အ​နေဖြင့် ဖုန်းငွေဖြည့်ခြင်း (သို့မဟုတ်) မိတ်ဖက်အဖွဲ့အစည်း ၈၅ ခုကျော်၏ စားသောက်ဆိုင်များနှင့် စတိုးဆိုင်များတွင်  စျေးဝယ်ယူခြင်းများ ပြုလုပ်တိုင်း အကျိုးခံစားခွင့် ပြန်လည်ပေးအပ်သည့်  အစီအစဉ်တစ်ခုဖြစ်သည်။ အဆိုပါ အစီအစဉ်ကြောင့် သုံးစွဲသူများအနေဖြင့် နာမည်ကျော် အမှတ်တံဆိပ်ထုတ်ကုန်နှင့်ဝန်ဆောင်မှုများကို အထူးနှုန်းထားများနှင့် ဝယ်ယူနိုင်ပြီး ပိုမိုကောင်းမွန်သည့် အတွေ့အကြုံကိုလည်း ရရှိနိုင်မည့်အပြင် MPT Club အဖွဲ့ဝင်များနှင့် အဆိုပါ အမှတ်တံဆိပ်များအကြား နေ့စဉ်ဘဝဆက်ဆံရေးကိုလည်း ပိုမိုကောင်းမွန်စေ မည်ဖြစ်သည်။

သုံးစွဲသူများအနေဖြင့် MPT အကြောင်းကို အသေးစိတ်သိရှိလိုပါက MPT ၏ တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm  သို့ ဝင်ရောက်ကြည့်ရှုနိုင်ပြီး 106 Call Center သို့ ခေါ်ဆိုမေးမြန်းနိုင်သည့်အပြင် မိမိသိရှိလိုသည်များကိုလည်း တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber နှင့် MPT တရားဝင် ဝက်ဘ်ဆိုက်တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။

FTTH Partner mm

MPT-KSGM Joint Operations ၏ ဒုတိယအမှုဆောင်အရာရှိချုပ်အဖြစ် Mr. Kazuhiko MASUDA က ၂၀၂၂ ခုနှစ် ဧပြီလမှ စတင်ကာ တာဝန်ယူဆောင်ရွက်

(ရန်ကုန်၊ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၉ ရက်)- Mr. Kazuhiko Masuda   မှာ ၂၀၂၂ ခုနှစ် ဧပြီလ (၁) ရက်နေ့မှ စတင်ပြီး MPT-KSGM Joint Operations ၏ ဒုတိယ အမှုဆောင်အရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်နေပြီ ဖြစ်ကြောင်း သတင်းထုတ်ပြန် ကြေညာလိုက်ပါသည်။ Mr. Kazuhiko Masuda မှာ လွန်ခဲ့သည့် ၂၀၂၁ ခုနှစ် ဧပြီလကပင် MPT-KSGM Joint Operations တွင် အကြံပေးအရာရှိအဖြစ် စတင်ဝင်ရောက်ခဲ့ပြီး ဒုတိယအမှုဆောင်အရာရှိချုပ်  ဟောင်းဖြစ်သူ Dr. Noboru EDAGAWA   နှင့်အတူ MPT-KSGM JO ၏ လုပ်ငန်းဆောင်ရွက်မှုများကို ပံ့ပိုး ကူညီ ခဲ့ပါသည်။

သုံးစွဲသူရှေးရှုဝန်ဆောင်မှုများ CLP (Closet Life Platformer)များ ၊ မရှိမဖြစ်အရေးပါသည့် တယ်လီကွန်း ဝန်ဆောင်မှုများနှင့် တယ်လီကွန်းမဟုတ်သော ဝန်ဆောင်မှုများအပါအဝင် ယုံကြည်စိတ်ချရပြီး အရည်အသွေး မြင့်မားသည့် ဝန်ဆောင်မှုများကို မြန်မာပြည်သူများထံ စဉ်ဆက်မပြတ် ပံ့ပိုးပေးနိုင်ရန် ရည်ရွယ်ချက်နှင့်အတူ နိုင်ငံတစ်ဝန်းရှိ MPT သုံးစွဲသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဒုတိယအမှုဆောင်အရာရှိချုပ် အသစ် ဖြစ်သည့် Mr. Kazuhiko Masuda သည် စားသုံးသူ စီးပွားရေးလုပ်ငန်းဆိုင်ရာ လုပ်ငန်းအတွေ့အကြုံများလည်း အပြည့်အဝရှိထားသူတစ်ဦးဖြစ်ပါသည်၊၊

Mr. Kazuhiko Masuda သည် Musashi Institute of Technology မှ အင်ဂျင်နီယာဘွဲ့ကို ရရှိထားပြီး ဂျပန်နိုင်ငံရှိ KDDI Corporation (KDDI) တွင် ဆက်သွယ်ရေးနှင့် စားသုံးသူစီးပွားရေးဆိုင်ရာ လုပ်ငန်းအတွေ့အကြုံ အနှစ် (၃၀) ကျော်ရှိကာ စီမံကိန်းများရေးဆွဲခြင်း၊ စီမံခန့်ခွဲမှုနှင့် စားသုံးသူစီးပွားရေးဆိုင်ရာ ဧရိယာများတွင် ဦးဆောင်သူတစ်ဦးအဖြစ်  ဆောင်ရွက်ခဲ့ပါသည်။

Mr. Kazuhiko Masuda က ယခုလို ဒုတိယအမှုဆောင်အရာရှိချုပ်တာဝန်ကို ခန့်အပ်ခံရခြင်းအတွက် “ကျွန်တော့်အနေနဲ့ MPT-KSGM JO ကဝန်ထမ်းများ၊ လုပ်ဖော်ကိုင်ဖက်များနဲ့ မိတ်ဖက်လုပ်ငန်းများနဲ့အတူ မြန်မာနိုင်ငံက ပြည်သူများအတွက် ယုံကြည်စိတ်ချရပြီး အရည်အသွေးမြင့်မားတဲ့ တယ်လီကွန်းဝန်ဆောင်မှုတွေ ကို လက်ရှိအခြေအနေမှာ ဆက်လက်ပြီးပေးအပ်နိုင်ဖို့အတွက်  အခုလိုအခွင့်အရေး ရရှိခဲ့တဲ့အတွက် အလွန်ပဲ ဂုဏ်ယူ ဝမ်းမြောက်မိပါတယ်။ ကျွန်တော်တို့ရဲ့ရှေ့မှာ စိန်ခေါ်မှုများစွာရှိနေပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု အတွေ့အကြုံသက်တမ်း (၇) နှစ်ကျော် နဲ့အတူ ပြိုင်ဆိုင်မှုမြင့်မားတဲ့ စျေးကွက်အတွင်းမှာ ကျွန်တော်တို့ကို သုံးစွဲသူတွေရဲ့ နေ့စဥ် လိုအပ်ချက်တွေကို အကောင်းမွန်ဆုံး ပံ့ပိုးပေးနိုင်ဖို့ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ကျွန်တော်အနေနဲ့ အခုလို ပူးပေါင်းဆောင်ရွက်မှုကတစ်ဆင့် ကတိကဝတ် တစ်ခုဖြစ်တဲ့ “အတူလက်တွဲ အမြဲရှိမည် MPT” ဆိုတဲ့အတိုင်း လူမှုအသိုင်းအဝန်းအတွက် မရှိမဖြစ်လိုအပ်တဲ့ အထောက်အပံ့ကိုပေးစွမ်းရာမှာ ကျွန်တော့်ရဲ့ အတွေ့အကြုံတွေနဲ့အတူပေါင်းစပ်ပြီး မြန်မာပြည်သူတွေအတွက် အခုလိုခက်ခဲတဲ့ကာလမှာ ဆက်သွယ်ရေး ဝန်ဆောင်မှုတွေကို စဥ်ဆက်မပြတ် ဆက်လက်ပေးစွမ်းနိုင်ဖို့ အတွက်ကိုလည်း စိတ်လှုပ်ရှားနေပါပြီ” ဟုပြောကြားခဲ့သည်။

“ခုလို နှစ်တစ်နှစ်ရဲ့ကူးပြောင်းမှုအစမှာ ကျွန်တော်တို့ကို ယုံယုံကြည်ကြည်နဲ့ ထောက်ပံ့ပေးမှုတွေအတွက် ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေအားလုံးကို အထူးကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။ ကျန်းမာပြီး ကြွယ်ဝတဲ့ နှစ်သစ်ဖြစ်ပါစေလို့ MPT ကိုယ်စား ကျွန်တော်က ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

MPT အနေဖြင့်  သုံးစွဲသူများကို ၎င်းတို့၏ ဒီဂျစ်တယ်လူမှုဘဝများ တိုးတက်ကောင်းမွန်လာစေရန်အတွက် ကြိုးပမ်း ဆောင်ရွက်ခြင်းနှင့်အတူ အပြောင်းအလဲများတွင် တစ်ပြေးညီလိုက်ပါနိုင်ရန် မိမိတို့၏ မိတ်ဖက်အဖွဲ့အစည်းများနှင့် အတူလက်တွဲပြီး ဆန်းသစ်တီထွင် ထားသော ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို သုံးစွဲသူ ပြည်သူများသို့ ဆက်လက်ပေးအပ်သွားမည် ဖြစ်သည်။၊ လာမည့်နှစ်သစ်တွင် MPT အနေနှင့် ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဦးဆောင်ရပ်တည် ဆောင်ရွက်သွားရန် ရည်ရွယ်ထားပြီး တစ်ချိန်တည်းတွင် “ရှေ့သို့လှမ်းချီ မြန်မာပြည်” ဆိုသည့် ကတိကဝတ်အတိုင်း လုပ်ဆောင်နိုင်မှုများ၊ ဝန်ဆောင်မှုများ တိုးမြှင့်ခြင်းနှင့်အတူ သုံးစွဲသူများအတွက် ပိုမိုကောင်းမွန်သော အတွေ့အကြုံများဖန်တီးပေးရန်အတွက် ကျယ်ပြန့်သော ကွန်ရက်ဖြင့် ဝန်ဆောင်မှုများ ဆက်လက် ပေးအပ်သွားမည်ဖြစ်သည်။

MPT က မြန်မာနှစ်သစ်ကို “နှစ်ဦးထိပေါက်” သင်္ကြန်ပရိုမိုးရှင်းဖြင့် ကြိုဆို

(ရန်ကုန်၊ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၈ ရက်)- MPT သည် မြန်မာနှစ်သစ်ကို ကြိုဆိုသောအားဖြင့် သုံးစွဲသူများအတွက် “ နှစ်ဦးထိပေါက်” သင်္ကြန်ပရိုမိုးရှင်း အစီအစဉ်ကို မိတ်ဆက်လိုက်ပြီဖြစ်သည်။ MPT သုံးစွဲသူများသည် MPT4U အက်ပလီကေးရှင်းမှ တစ်ဆင့် “ထိပေါက်” ကစားပြီး ထောဘီ ကျပ် ၁ သန်းအထိ လက်ဆောင်ဆု ကံထူးနိုင်မည့် အခွင့်အရေးများကို ရရှိနိုင်မည် ဖြစ်သည်။ အဆိုပါပရိုမိုးရှင်းအစီအစဉ်ကို ရယူရန်နှင့် “ထိပေါက်” ကစားနိုင်ရန်အတွက် သုံးစွဲသူများသည် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၈ ရက် မှ ၁၇ ရက်အထိ  ၉၇၉ ကျပ်နှင့် အထက် Data Carry Plus ပက်ကေ့ချ်များ (အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ်များ အပါအဝင်) [သို့မဟုတ်] “ကြင်ကြင်နာနာ” ပက်ကေ့ချ်များကို ဝယ်ယူရန်လိုအပ်ပါသည်။

 ထို့အပြင် သုံးစွဲသူများသည် ၉၇၉ ကျပ်နှင့် အထက် Data Carry Plus ပက်ကေ့ချ်များ (အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ်များ အပါအဝင်)ကို ဝယ်ယူခြင်းဖြင့် 1000GB အထိ အပိုလက်ဆောင် ဒေတာများကို ကံထူးရရှိနိုင်ပြီး   မိမိချစ်ခင်ရသူများကို ဒေတာမျှဝေခံစားနိုင်သည့် ကြင်ကြင်နာနာ ပက်ကေ့ချ်များကို ဝယ်ယူခြင်းဖြင့် MPT Club ပွိုင့် ၁,၀၀၀ ပွိုင့်အထိ အပိုဆောင်း အကျိုးခံစားခွင့်များကိုလည်း ရရှိနိုင်မည်ဖြစ်သည်။

“နှစ်ဦးထိပေါက်” သင်္ကြန်ပရိုမိုးရှင်း အစီအစဉ် အသေးစိတ်ကို MPT ဝက်ဘ်ဆိုက်တွင် ကြည့်ရှုနိုင်ပြီး အသေးစိတ်ပက်ကေ့ချ်များကို အောက်ပါဇယားတွင်ကြည့်ရှုနိုင်ပါသည်။

ပက်ကေ့ချ်သက်တမ်း (ရက်)နှုန်းထား (ကျပ်)
ကုန်သွယ်ခွန်ပါဝင်ပြီး
ဒေတာအပိုလက်ဆောင် ကံစမ်း ဒေတာသင်္ကြန် ပရိုမိုးရှင်းဝယ်ယူရန်

Data Carry Plus (Auto Renewal)





၃၀ ရက်
၉၇၉ ကျပ်470 MB

1000GB အထိ အပိုလက်ဆောင် ကံစမ်း ဒေတာ


ထောဘီ ကျပ်
၁သန်း အထိ လက်ဆောင် ဆု


ရယူနိုင်သော
နည်းလမ်းများ
အားလုံး
(SMS, Direct USSD, USSD, MPT4U, Web SC, DMS, CRM Portal, UCC Portal (Call Center), Billing Portal, MPT Pay
၁,၂၇၉ ကျပ်615 MB
၁,၇၇၉ ကျပ်860 MB
၂,၆၆၉ ကျပ်1290 MB


Data Carry Plus
၉၉၉ ကျပ်470 MB
၁,၂၉၉ ကျပ်615 MB
၁,၇၉၉ ကျပ်860 MB
၂,၆၉၉ ကျပ်1290 MB
၄,၄၉၉ ကျပ်2160 MB
၈,၉၉၉ ကျပ်4330 MB
၁၇,၉၉၉ ကျပ်8660 MB
၂၆,၉၉၉ ကျပ်13030 MB
ပက်ကေ့ချ်သက်တမ်း (ရက်)နှုန်းထား (ကျပ်)
ကုန်သွယ်ခွန် ပါဝင်ပြီး
ဒေတာအဖွဲ့ဝင် ရရှိနိုင်သော ဒေတာပိုင်ရှင်ရရှိနိုင်သော အသံမိနစ် နှင့် စာတိုပမာဏပိုင်ရှင်ရရှိနိုင်သော MPT Club points ပမာဏသင်္ကြန် ပရိုမိုးရှင်းဝယ်ယူရန်


ကြင်ကြင်နာနာ ပက်ကေ့ချ်


၃၀ ရက်
၂,၉၉၈ ကျပ်1 GB500 MB130 On-net mins and On-net SMS400 points

ထောဘီ ကျပ်
၁သန်းအထိ လက်ဆောင်ဆု

MPT4U App
၅,၄၉၈ ကျပ်2 GB500 MB190 On-net mins and On-net SMS600 points
၉,၉၉၈ ကျပ်4 GB500 MB240 On-net mins and On-net SMS1000 points

ထောဘီဖုန်းဘေလ်ကို ရရှိထားသော အပိုဆုလက်ဆောင်အပေါ်မူတည်၍ ၃ ရက် (သို့မဟုတ်) ၇ ရက်အတွင်း အသုံးပြုနိုင်ပါသည်။

ဆွေသဟာ/ ရှယ်ပြော/ ရွှေစကား ဝန်ဆောင်မှု အစီအစဉ် ရယူသုံးစွဲထားသော MPT GSM/ WCDMA ကြိုတင် ငွေဖြည့်စနစ် သုံးစွဲသူများအားလုံးသည် နှစ်ဦးထိပေါက် သင်္ကြန် ပရိုမိုးရှင်း အစီအစဉ်ကို ဝယ်ယူရရှိနိုင်သည့် ကြိုက်နှစ်သက်ရာနည်းလမ်းများ မှတစ်ဆင့် ရယူနိုင်မည်ဖြစ်သည်။

MPT သည် “အတူလက်တွဲအမြဲရှိမည် MPT” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ သုံးစွဲသူအတွေ့အကြုံများ ဆက်လက် တိုးတက်ကောင်းမွန်လာစေရန် နည်းလမ်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကာ “မြန်မာပြည်သူ ပြည်သားများ၏ ဒီဂျစ်တယ် လူမှုဘဝတိုးတက်ကောင်းမွန်လာစေရန်နှင့် လိုအပ်သော ဆက်သွယ်ရေး ဝန်ဆောင်မှုများပေးအပ်ရန် အမြဲကြိုးစားလျက်ရှိပြီး နှစ်သစ်ကူးသင်္ကြန်ကာလအတွင်း မြန်မာပြည်သူ ပြည်သားများအားလုံး ကျန်းမာ၊ ရွှင်လန်းချမ်းမြေ့ ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ “ကျပ် ၁ သန်းအထိ ထောဘီလက်ဆောင်ဆု” ရရှိနိုင်မည့် MPT ၏ သင်္ကြန်ပရိုမိုးရှင်းအစီအစဉ်တွင် မိမိ မိသားစု၊ သူငယ်ချင်းများနှင့်အတူ ပါဝင်ဆင်နွှဲရန် ဖိတ်ခေါ်အပ်ပါသည်။

သုံးစွဲသူများအနေဖြင့် MPT အကြောင်းကို အသေးစိတ်သိရှိလိုပါက MPT ၏ တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့ ဝင်ရောက်ကြည့်ရှုနိုင်ပြီး 106 Call Center သို့ ခေါ်ဆိုမေးမြန်းနိုင်သည့်အပြင် မိမိသိရှိလိုသည်များကိုလည်း တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber နှင့် MPT တရားဝင် ဝက်ဘ်ဆိုက်တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။

MPT က “ရွှေအိပ်မက်” အစီအစဉ်၏ ကံထူးရှင်သို့ “Brand New MG 5” မော်တော်ကားကို လွှဲပြောင်းပေးအပ်ခဲ့

(ရန်ကုန်၊ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၇ ရက်)- “ရွှေအိပ်မက်” အစီအစဉ်၏ ကံထူးရှင်ထံသို့ ကံထူးလက်ဆောင် လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနားကို ၂၀၂၂ ခုနှစ် ဧပြီလ ၃ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဆရာစံလမ်းရှိ MG Myanmar Car Showroom ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် “ရွှေအိပ်မက်” အစီအစဉ်၏ ပထမဆုံးသော ကံထူးရှင်ဖြစ်သူ “ဦးအာကာမြင့်အောင် (Lucky Number 1694)” အား မိသားစုကဏ္ဍအောက်တွင် ၎င်း၏ အိပ်မက်ကို အကောင်အထည်ဖော်ရန်အတွက် MPT က “Brand New MG 5” မော်တော်ကားကို လွှဲပြောင်း ပေးအပ်ခဲ့ပါသည်။ MPT သည် ကျန်ရှိသော ကံထူးရှင်များ၏ ဆုများကို အမြန်ဆုံး လွှဲပြောင်းပေးအပ်ရန်နှင့် ၎င်းတို့၏ အိပ်မက်များကို အကောင်အထည် ဖော်နိုင်ရန် ကတိထားဆောင်ရွက်လျက်ရှိပါသည်။

MPT နှင့် KSGM တို့ လုပ်ငန်းပူးပေါင်းဆောင်ရွက်မှုအဖြစ် မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူလူထု၊ စီးပွားရေး လုပ်ငန်းများနှင့် လူမှုအသိုင်းအဝိုင်းများသို့ အကောင်းဆုံး ဆက်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုများကို ပေးအပ်ခြင်း (၇)နှစ်မြောက် အထိမ်းအမှတ်အဖြစ် MPT သည် ၂ဝ၂ဝ ပြည့်နှစ်၊ စက်တင်ဘာလတွင် ထူးခြားဆန်းသစ်သည့် “အနာဂါတ်တွေပုံဖော်ဖို့ ရွှေအိပ်မက်နဲ့ ရှယ်လန်းစို့” အစီအစဉ်ကို မိတ်ဆက်ခဲ့ကာ အဆိုပါအစီအစဉ်မှာ ပါဝင်သူပေါင်း ၇,၀၀၀ ကျော်ဖြင့် အလွန်ပင်အောင်မြင်မှု ရရှိခဲ့ပါသည်။ MPT သည် ကံထူးရှင် ၇ ဉီးအား အမျိုးအစား ၄ မျိုးဖြစ်သည့် မိသားစု၊ လုပ်ငန်းအသစ်အတွက်ထောက်ပံ့ခြင်း (မိမိကိုယ်တိုင်အတွက်)၊ ရပ်ရွာအဖွဲ့အစည်းများ အတွက် ကူညီထောက်ပံ့ခြင်းနှင့် သတ်မှတ်ချက်အားလုံးပြည့်မီသော အိပ်မက်အမျိုးအစားကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလတွင် အွန်လိုင်းမှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့် ရွေးချယ်ခဲ့ပြီးဖြစ်ပါသည်။

ရွေးချယ်ခဲ့သော ကံထူးရှင် ၇ ဦးမှာ

စဉ်အမျိုးအစားကံထူး နံပါတ်အမည်လိပ်စာဖုန်းနံပါတ်


မိသားစု
၁၆၉၄ဦးအာကာမြင့်အောင်စမ်းချောင်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၀၉-၄၅၃၉၁၀xxx
၀၇၉၆ဦးစိုင်းအောင်လှိုင်မင်းမဟာအောင်မြေမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး၀၉-၂၆၁၂၅၉xxx

လုပ်ငန်းအသစ်အတွက် ထောက်ပံ့ခြင်း (မိမိကိုယ်တိုင်အတွက်)
၅၈၄၇ဦးကျော်ရဲအောင်မရမ်းကုန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၀၉-၄၀၂၆၇၁xxx
၆၃၆၂ဦးဆန်းလင်းအောင်မင်းလှမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး၀၉-၄၂၁၈၉၁xxx

ရပ်ရွာအဖွဲ့အစည်းများအတွက် ကူညီထောက်ပံ့ခြင်း
၇၀၅၃ဒေါ်နိုင်းစိမ်းမင်းတပ်မြို့၊ ချင်းပြည်နယ်၀၉-၂၆၈၂၄၇xxx
၇၂၃၀ဦးသန်းဇော်ဦးလှိုင်သာယာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၀၉-၄၂၉၁၁၄xxx
သတ်မှတ်ချက်အားလုံး
ပြည့်မီသောအိပ်မက်အမျိုးအစား
၆၀၂၈ဒေါ်သန်းသန်းချစ်ဟဲဟိုးမြို့၊ ရှမ်းပြည်နယ်၀၉-၄၂၈၃၈၄xxx

MPT-KSGM JO ၏ စျေးကွက်ရေးရာဌာနမှ ဒုတိယ ဒါရိုက်တာဖြစ်သူ Mr. Takehiko KOTANI က “MPT သုံးစွဲသူတွေရဲ့ အိပ်မက်တွေအမှန်တကယ်ဖြစ်လာစေဖို့ ဆောင်ရွက်ပေးတဲ့ ဘဝမှာတစ်ကြိမ်သာ အခွင့်အရေးရှိနိုင်မယ့် “ရွှေအိပ်မက်” အစီအစဉ်မှာ ပါဝင်ခဲ့သူအားလုံးကို ကျေးဇူးအထူးတင်ရှိပြီး ရွေးချယ်ခံခဲ့ရတဲ့ ကျွန်တော်တို့ရဲ့ ကံထူးရှင်တွေအတွက် ဂုဏ်ပြုလိုက်ရပါတယ်။ ကျွန်တော်တို့ အနေနဲ့ ၂၀၂၁ ခုနှစ်အတွင်းမှာ ဆုလက်ဆောင်တွေကို ကံထူးရှင်တွေထံ လွှဲပြောင်းပေးအပ်ဖို့ ရည်ရွယ်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကိုဗစ်-၁၉ အခြေအနေတွေကြောင့် ဒီလိုပေးအပ်နိုင်မယ့် လုပ်ငန်းစဉ်တွေကို အဟန့်အတားဖြစ်စေပြီး နှောင့်နှေးကြန့်ကြာ စေခဲ့တဲ့အတွက် ကံထူးရှင်တွေကို တောင်းပန်အပ်ပါတယ်။ အခုအချိန်မှာတော့ “ရွှေအိပ်မက်”အစီအစဉ်ရဲ့ ကံထူးရှင်တွေထဲက ကံထူးရှင်တစ်ဦးဆီကို “ Brand New MG 5” မော်တော်ကားကို အောင်မြင်စွာနဲ့ လွှဲပြောင်း ပေးအပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ကံထူးရှင်တွေရဲ့အိပ်မက်တွေကို တကယ့်ကိုမကြာတော့တဲ့ကာလအတွင်းမှာ လက်တွေ့ အကောင်အထည်ဖော်နိုင်စေဖို့ မျှော်လင့်ထားပါတယ်” ဟု ပြောကြားခဲ့သည်။

MPT ရွှေအိပ်မက် အစီအစဉ်၏ ကံထူးရှင်တစ်ဦးဖြစ်သူ ဦးအာကာမြင့်အောင် က လည်း “ဒီနေ့ကတော့ ကျွန်တော့်ရဲ့ အိပ်မက်အမှန်တကယ် ဖြစ်လာတဲ့နေ့တစ်နေ့ပါပဲ။ MPT “ရွှေအိပ်မက်” အစီအစဉ်ကတစ်ဆင့် ကံထူးခဲ့တဲ့ အတွက်ကြောင့် ကျွန်တော့်မိသားစုအတွက် လိုအပ်နေတဲ့ ကိုယ်ပိုင်ကားလေးတစ်စီး ရရှိခဲ့ပြီ ဖြစ်ပါတယ်။ ကျွန်တော်ရဲ့ မိသားစုအတွက် ဖြည့်ဆည်းပေးချင်တဲ့ စိတ်ကူးအိပ်မက်ကို အကောင်အထည်ဖော်ခွင့်ရတဲ့အတွက် အတိုင်းမသိ ဝမ်းသာကြည်နူးမိပါတယ်။ လက်ခံရရှိတဲ့ဆုဟာ ကျွန်တော်နဲ့ ကျွန်တော့် မိသားစုအတွက် တကယ်ကို အသုံးဝင်တဲ့အတွက်လည်း MPT ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်” ဟုပြောကြားခဲ့သည်။

MPT သည် ခက်ခဲသောအခြေအနေများတွင် မြန်မာပြည်သူပြည်သားများအတွက် အရေးပါသော တယ်လီကွန်းဆက်သွယ်ရေး ဝန်ဆောင်မှုများပေးအပ်ရန် အကောင်းဆုံး ကြိုးပမ်းမှုများဖြင့် စဉ်ဆက်မပြတ် ပေးအပ်ဆောင်ရွက် နေသည့်အပြင် လူမှုအသိုက်အဝန်းအတွက် လိုအပ်သောအကူအညီများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

MPT ၏ “ရွှေအိပ်မက်” အစီအစဉ်ကို အသေးစိတ်သိရှိလိုပါက https://www.mpt.com.mm/en/dream-come-true/ သို့ ဝင်ရောက် ကြည့်ရှုနိုင်ပြီး MPT နှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့ ဝင်ရောက်နိုင်ကာ 106 Call Center သို့ ခေါ်ဆိုမေးမြန်းနိုင်သည့်အပြင် မိမိသိရှိလိုသည်များကိုလည်း တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber နှင့် MPT တရားဝင် ဝက်ဘ်ဆိုက်တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။

ကံထူးရှင်သို့ Brand New MG 5 မော်တော်ကား လွှဲပြောင်းပေးအပ်မှု မှတ်တမ်းဓာတ်ပုံများ

ခေတ်မီအိတ်ချိန်းစက်များ လဲလှယ်ပြီးဖြစ်ပါသဖြင့် အော်တိုတယ်လီဖုန်း နံပါတ်များအား ပြောင်းလဲပါမည်

(ရန်ကုန်၊ ၂၀၂၂ ခုနှစ်၊ ဧပြီလ ရက်) – မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေဖြင့် ပိုမိုကောင်းမွန်သည့် အရည်အသွေး နှင့် ခေတ်မီဝန်ဆောင်မှုများကို ပေးနိုင်ရန်အတွက် အောက်ဖော်ပြပါ တိုင်းဒေသကြီး နှင့် ပြည်နယ်များရှိ အိတ်ချိန်းများကို ခေတ်မီအိတ်ချိန်းစက်များနှင့် ပြောင်းလဲတပ်ဆင်ပြီး ကေဘယ်လ်ကွန်ရက်စနစ် (Copper Cable Network) အား မြန်နှုန်းမြှင့် သတင်းအချက်အလက် ဝန်ဆောင်မှုပေးနိုင်သည့် ဖန်ကြိုးမျှင် (Fiber Cable) စနစ် နှင့် ကြိုးမဲ့စနစ်သုံး (Fixed Wireless) တယ်လီဖုန်းများဖြင့် အောက်ပါအတိုင်း ပြောင်းလဲသွားမည် ဖြစ်ပါသည်။

နယ်မြေအိတ်ချိန်းMigration စတင်ပြုလုပ်မည့် ရက်စွဲလက်ရှိအသုံးပြု
နေသော ဖုန်းနံပါတ်
အသစ်ပြောင်းလဲ မည့်ဖုန်းနံပါတ်

ရခိုင်ပြည်နယ်
ရမ်းဗြဲ အိတ်ချိန်း၂၉-၄-၂၀၂၂၀၄၃-၆၄၉xxx၀၄၃-၄၇၄၉xxx
ပေါက်တော အိတ်ချိန်း၄-၅-၂၀၂၂၀၄၃-၂၀၂၈xxx၀၄၃-၄၇၂၈xxx
ကျိန္တလီ အိတ်ချိန်း၆-၅-၂၀၂၂၀၄၃-၂၀၆၄xxx၀၄၃-၄၇၆၄xxx
ဧရာဝတီတိုင်း ဒေသကြီးမအူပင် အိတ်ချိန်း၇-၅-၂၀၂၂၀၄၅-၃၀xxx၀၄၅-၂၀၃၀xxx
၇-၅-၂၀၂၂၀၄၅-၃၁xxx၀၄၅-၂၀၃၁xxx
ရခိုင်ပြည်နယ်ဂွ အိတ်ချိန်း၁၀-၅-၂၀၂၂၀၄၃-၆၆၃xxx၀၄၃-၄၇၆၃xxx
* ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)* လက်ပံတန်း အိတ်ချိန်း၁၁-၅-၂၀၂၂၀၅၃-၃၂xxx၀၅၃-၂၀၃၂xxx
ရခိုင်ပြည်နယ်ပုဏ္ဏားကျွန်း အိတ်ချိန်း၁၂-၅-၂၀၂၂၀၄၃-၂၀၂၇xxx၀၄၃-၄၇၂၇xxx
* မွန်ပြည်နယ်* သထုံ အိတ်ချိန်း၁၃-၅-၂၀၂၂၀၅၇-၄၀xxx၀၅၇-၂၀၄၀xxx
၁၃-၅-၂၀၂၂၀၅၇-၄၁xxx၀၅၇-၂၀၄၁xxx
မကွေးတိုင်း ဒေသကြီးကံမ (သရက်) အိတ်ချိန်း၁၇-၅-၂၀၂၂၀၆၈-၅၀xxx၀၆၈-၄၇၅၀xxx
ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)ကေတုမတီ အိတ်ချိန်း၂၅-၅-၂၀၂၂၀၅၄-၂၇xxx၀၅၄-၂၈၂၇xxx
ဘုရားကြီး အိတ်ချိန်း၂၆-၅-၂၀၂၂၀၅၂-၆၅xxx၀၅၂-၂၇၆၅xxx
*ဧရာဝတီတိုင်း ဒေသကြီး* ငွေဆောင် အိတ်ချိန်း၂၆-၅-၂၀၂၂၀၄၂-၄၀xxx၀၄၂-၂၀၄၀xxx
ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)ဝေါ အိတ်ချိန်း၂၆-၅-၂၀၂၂၀၅၂-၇၅xxx၀၅၂-၂၇၇၅xxx
မန္တလေးတိုင်း ဒေသကြီးပုဂံမြို့သစ် အိတ်ချိန်း၂၈-၆-၂၀၂၂၀၆၁-၆၅xxx၀၆၁-၂၄၆၅xxx
* ရန်ကုန်တိုင်း ဒေသကြီး* ကွမ်းခြံကုန်း အိတ်ချိန်း၂၈-၆-၂၀၂၂၀၁-၂၆၅xxx၀၁-၈၂၆၅xxx

မကွေးတိုင်း ဒေသကြီး

မင်းဘူးအိတ်ချိန်း
၃၀-၆-၂၀၂၂၀၆၅-၂၁xxx၀၆၅-၂၀၂၁xxx
၃၀-၆-၂၀၂၂၀၆၅-၃၀xxx၀၆၅-၂၀၃၀xxx

ဧရာဝတီတိုင်း ဒေသကြီး
ဖျာပုံ
အိတ်ချိန်း
၆-၇-၂၀၂၂၀၄၅-၄၀xxx၀၄၅-၂၀၄၀xxx
၆-၇-၂၀၂၂၀၄၅-၄၁xxx၀၄၅-၂၀၄၁xxx
ဘိုကလေး အိတ်ချိန်း၃၀-၇-၂၀၂၂၀၄၅-၄၅xxx၀၄၅-၂၀၄၅xxx
ရန်ကုန်တိုင်း ဒေသကြီးမှော်ဘီ အိတ်ချိန်း၁၃-၈-၂၀၂၂၀၁-၆၂၀xxx၀၁-၈၆၂၀xxx
၁၃-၈-၂၀၂၂၀၁-၆၂၁xxx၀၁-၈၆၂၁xxx

* ယခင်ထုတ်ပြန်ထားပြီးဖြစ်ကာ လုပ်ငန်းဆောင်ရွက်သည့်ရက် ပြင်ဆင်ထားသည့်နေရာများ

နံပါတ်အဟောင်းမှ နံပါတ်အသစ်သို့ ပြောင်းလဲစဉ်ကာလအတွင်းတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိမိတို့၏ ဝန်ဆောင်မှုကို အသုံးပြုနေသူများ ဆက်သွယ်မှုအဆင်ပြေစေရန် Call Forward ဝန်ဆောင်မှုကို ပြောင်းလဲတပ်ဆင်သည့်နေ့မှစ၍ (၃) လအထိ အခမဲ့ပေးထားမည်ဖြစ်ပြီး သုံးစွဲသူများသည် နံပါတ်အသစ်သို့ ပြောင်းလဲနေစဉ်ကာလအတွင်းတွင် လက်ရှိနံပါတ် (သို့မဟုတ်) နံပါတ်အသစ်သို့ ခေါ်ဆိုနိုင်မည် ဖြစ်ပါသည်။