- လက်ကျန်ငွေစစ်ဆေးခြင်း
- နေစဉ်အသုံးပြုမှုမှတ်တမ်းစစ်ဆေးခြင်း
- ငွေဖြည့်ကဒ်အသုံးပြု၍ ငွေဖြည့်နိုင်ခြင်း
- ပက်ခ်ျေ့ဝယ်ယူခြင်း
- အထူးကမ်းလှမ်းချက်များ ဝယ်ယူခြင်း
- လက်ကျန်ချေးငွေရယူခြင်း
- လက်ကျန်ငွေလွဲပြောင်းခြင်း
- MPT Club ပွိုင့် စစ်ဆေး အသုံးပြုခြင်း
- ထိပေါက်ဆော့ခြင်း
- ငွေဖြည့်မှတ်တမ်း နှင့် ပက်ခ်ျေ့ဝယ်ယူခြင်းမှတ်တမ်း စစ်ဆေးခြင်း
- ဖုန်းခေါ်ဆိုခြင်းဝန်ဆောင်မှုနှင့် အစီအစဉ်ပြောင်းခြင်း တို့အသုံးပြုနိုင်ပါသည်။
အင်တာနက်မလိုဘဲMPT4U ကိုအသုံးပြုရာတွင် ရရှိနိုင်သောဝန်ဆောင်မှုများ
FAQ : MPT4U ကို အင်တာနက်မရှိပဲ အသုံးပြုနိုင်ပုံ
1. MPT4U ကို မိုဘိုင်းဒေတာ (အင်တာနက်)မရပဲ အသုံးပြုနိုင်သလား။
အဖြေ ။ ဟုတ်ကဲ့ Android ဖုန်းများတွင် အင်တာနက်မရပဲအသုံးပြုနိုင်ပါသည်။ အောက်ပါနည်းအတိုင်းပြုလုပ်ပါ.
i. MPT network ကို အသုံးပြုပါ
ii. မိုဘိုင်းဒေတာကိုဖွင့်ပါ
iii. VPN ကိုပိတ်ပါ
iv. ပြီးနောက် MPT4U အက်ပလီးကေးရှင်းကိုအသုံးပြူနိုင်ပါတယ်
2. MPT4U ကိုအသုံးပြုရန်VPN လိုအပ်ပါသလား။
အဖြေ ။ အင်တာနက်မလိုဘဲMPT4U ကိုအသုံးပြုရန်အတွက် VPNမလိုအပ်ပါ။ VPNကို ပိတ်ထားပေးပါ။
3. အင်တာနက်မလိုဘဲMPT4U ကိုအသုံးပြုရန်အတွက် ဝန်ဆောင်ခပေးရန်လိုအပ်ပါသလား။
အဖြေ ။ မလိုအပ်ပါ။ MPT4U ကို MPT ကွန်ရက်တွင်အသုံးပြုပါက အမြဲတမ်းအခမဲ့ အသုံးပြုနိုင်ပါသည်။
4. ထိပေါက်ရော ဆော့လို့ရလား။
အဖြေ ။ ဟုတ်ကဲ့ ပုံမှန်အတိုင်း ထိပေါက်ဆော့နိုင်ပါတယ်။ သို့သော် တခါတရံ တုံပြန်မှုနှေးနိုင်ပါတယ်။
5. အင်တာနက်မလိုဘဲMPT4U ကိုအသုံးပြုရာတွင် ဝန်ဆောင်မှုအားလုံးသုံးနိုင်မည်လား။
အဖြေ ။ ယခုအချိန် အင်တာနက်မလိုဘဲသုံးနိုင်သော ဝန်ဆောင်မှုများမှာ
i. လက်ကျန်ငွေစစ်ဆေးခြင်း
ii. နေစဉ်အသုံးပြုမှုမှတ်တမ်းစစ်ဆေးခြင်း
iii. ငွေဖြည့်ကဒ်အသုံးပြု၍ ငွေဖြည့်နိုင်ခြင်း
iv. ပက်ခ်ျေ့ဝယ်ယူခြင်း
v. အထူးကမ်းလှမ်းချက်များ ဝယ်ယူခြင်း
vi. လက်ကျန်ချေးငွေရယူခြင်း
vii. လက်ကျန်ငွေလွဲပြောင်းခြင်း
viii. MPT Club ပွိုင့် စစ်ဆေး အသုံးပြုခြင်း
ix. ထိပေါက်ဆော့ခြင်း
x. ငွေဖြည့်မှတ်တမ်း နှင့် ပက်ခ်ျေ့ဝယ်ယူခြင်းမှတ်တမ်း စစ်ဆေးခြင်း
xi. ဖုန်းခေါ်ဆိုခြင်းဝန်ဆောင်မှုနှင့် အစီအစဉ်ပြောင်းခြင်း တို့အသုံးပြုနိုင်ပါသည်။
6. အင်တာနက်မလိုဘဲMPT4U ကိုအသုံးပြုရာတွင် ဘယ်ဝန်ဆောင်မှုများ မရနိုင်မည်နည်း။
အဖြေ ။ အင်တာနက်မရှိဘဲ သုံးပါကအောက်ပါဝန်ဆောင်မှုများမရရှိပါ။
i. ဖျော်ဖြေရေးဝန်ဆောင်မှုများဖြစ်သော မဟာ၊Viu၊ Mobile Legends ၊ MPT recommended video၊ MNL, MPT Ballone တို့သုံး၍မရပါ။
ii. သတင်းအချက်အလက်နှင့်တခြားဝန်ဆောင်မှုများဖြစ်သော လိုတရ၊ တရားတော်များ၊ ဗေဒင် ၊ ကျန်းမာရေးအာမခံနှင့် ဉာဏ်စမ်းဝန်ဆာင်မှူတို့မရပါ။
iii. တခြားMPT၏လူမှုကွန်ရက်များ Viber, Line, Facebook တို့ အသုံးပြု၍မရပါ။
7. အသုံးပြုနေစဉ် ရုတ်တရက် “ဝန်ဆောင်မှုအချိန်ကုန်ဆုံးပါပြီ”(သို့) ဘာစာသားမှမပေါ်ပဲ အဖြူရောင်ချည်းပဲမြင်နေရသည်မှာ မည်သည့်အဓိပ္ပာယ်နည်း။
အဖြေ ။ သင်ရွေးချယ်နှိပ်လိုက်သော ဝန်ဆောင်မှုသည် အင်တာနက်မရှိဘဲ အသုံးပြုနေချိန်တွင် မရရှိနိုင်သောဝန်ဆောင်မှုဖြစ်သည့်အတွက် ထိုသို့မြင်တွေနိုင်ပါသည်။
8. လက်ကျန်ငွေလွဲနေချိန် (သို့) ထိပေါက်ကစားဖို့ကြိုးစားနေချိန်တွင် ဖုန်းscreenတွင် ဘာမှမပေါ်လာပါ။ဘာကြောင့်ဒီလိုဖြစ်ပါသလဲ။
အဖြေ ။ ဒီလိုပဲတချိန်လုံး ဘာမှမပေါ်လာပါက မိုဘိုင်းဒေတာဖွင့်ပါ ပြီးနောက် VPNပိတ်ထား မထားကို သေချာစွာထပ်မံစစ်ဆေးပေးပါ။ တခါတရံ အချိန်အနည်းငယ်ကြာပြီးမှ ဝန်ဆောင်မှုရနိုင်ပါတယ်။
9. အင်တာနက်မလိုဘဲ iPhone တွင် MPT4U ကိုဘယ်လိုသုံးရမလဲ။
အဖြေ ။ မရသေးပါ။မကြာမီ iPhone ဖုန်းတွင် အသုံးပြုနိုင်အောင် ဆောင်ရွက်နေပါသည်။
10. အင်တာနက်မလိုဘဲ MPT4U web ကိုအသုံးပြုနိုင်မလား။
အဖြေ ။ အင်တာနက်မရှိပဲ MPT4U web ကိုအသုံးပြုလို့ မရပါ။
11. လက်ကျန်ချေးငွေကို MPT4U တွင်အသုံးပြုလို့ရပါသလား။
အဖြေ ။ MPT4U တွင်လက်ကျန်ချေးငွေဝန်ဆောင်မှု ရယူရန် အချိန်စောင့်ဆိုင်းရခြင်းမျိုး ကြုံတွေ့ရနိုင်ပါသည်။ ထိုအခါမျိုးတွင် USSD (*800#)ကို တိုက်ရိုက်ခေါ်ဆိုပြီး ချေးငွေရယူနိုင်ပါသည်။