MPT Myanmar | Moving Myanmar Forward B2B Data Plan FAQ MM - MPT Myanmar | Moving Myanmar Forward
×
mptofficialpage
mpt

B2B Data Plan

၁။ B2B New Data Plan ကို ဘယ်လို ရယူနိုင်ပါသလဲ။

  • B2B အရောင်းဌာနရှိ အရောင်းဝန်ထမ်းများမှ အသုံးပြုသူများထံသို့ တိုက်ရိုက်သွားရောက်၍ ဝန်ဆောင်မှုပေးမည် ဖြစ်ပါသည်။

၃။ အသုံးပြုသူများသည် ဘယ်လို ငွေပေးချေရပါသလဲ။

  • ကြိုတင်ငွေဖြည့်ကတ်အသုံးပြုသူများ (Prepaid) သည် Data Plan အတွက်ကျသင့်ငွေကို လက်ကျန်ငွေမှ ဖြတ်တောက်သွားမည်ဖြစ်ပြီး အသုံးပြုပြီးမှ ပေးချေသည့်စနစ် Postpaid အသုံးပြုသူများအတွက် ငွေတောင်းခံလွှာမှတစ်ဆင့် ကျသင့်ငွေကို တောင်းခံသွားမည်ဖြစ်ပါသည်။ ကြိုတင်ငွေပေးသွင်းသူအသုံးပြုသူများအတွက်ကိုလည်း ငွေတောင်းခံလွှာမှတစ်ဆင့် ကျသင့်ငွေကို တောင်းခံသွားမည်ဖြစ်ပါသည်။

၅။ Data Plan သည် တစ်ကြိမ်တည်းဖြင့် စာရင်းသွင်းခြင်း ဖြစ်ပါသလား ဒါမှမဟုတ် တစ်လ တစ်ကြိမ် စာရင်းသွင်းခြင်း ဖြစ်ပါသလား။

  • ကြိုတင်ငွေဖြည့်ကတ်အသုံးပြုသူများ (prepaid) နှင့် အသုံးပြုပြီးမှ ပေးချေသည့်စနစ် (postpaid) အသုံးပြုသူများသည် တစ်ကြိမ်သာလျှင် စာရင်းသွင်းရမည်ဖြစ်ပြီး ကြိုတင်ငွေပေးသွင်းသူအသုံးပြုသူများသည် လစဉ်ပေးချေမှုအတွက် ကြိုတင်၍ငွေပေးချေရမည် ဖြစ်ပါသည်။

၇။ Data Plan အသုံးပြုမှုတွင် အသုံးပြုသူအရေအတွက် ကန့်သတ်ထားတာ ရှိပါသလား။

  • Data Plan အသုံးပြုမှုတွင် အသုံးပြုသူအရေအတွက် ကန့်သတ်ထားခြင်းမရှိပါဘူး။

၂။ Data Plan ကိုတော့ ဘယ်အချိန်ထိ အသုံးပြုလို့ရမလဲ။

  • ကြိုတင်ငွေဖြည့်ကတ်အသုံးပြုသူများ (Prepaid) နှင့် အသုံးပြုပြီးမှ ပေးချေသည့်စနစ် (Postpaid) အသုံးပြုသူများအတွက် ဝန််ဆောင်မှုကို စတင်ရယူတဲ့နေ့မှစတင်၍ ရက် ၃၀ ထိ အသုံးပြုနိုင်မည်ဖြစ်သည်။ ကြိုတင်ငွေပေးသွင်းထားသူများအတွက် ပြက္ခဒိန်ရက်အတိုင်း ပေးချေအသုံးပြုနိုင်မည်ဖြစ်သည်။

၄။ တစ်လအတွင်း data plan ကို ဘယ်နှစ်ကြိမ် ဝယ်ယူနိုင်ပါသလဲ။

  • ကြိုတင်ငွေဖြည့်ကတ်အသုံးပြုသူများ (prepaid) နှင့် အသုံးပြုပြီးမှ ပေးချေသည့်စနစ် (postpaid) အသုံးသူများသည် တစ်လအတွင်း ပက်ကေ့ချ်တစ်ခုကို ၃ ကြိမ် ဝယ်ယူနိုင်မည်ဖြစ်ပြီး၊ ကြိုတင်ငွေပေးသွင်းသူအသုံးပြုသူများသည် တစ်လအတွင်း တစ်ကြိမ်သာ ဝယ်ယူနိုင်မည်ဖြစ်ပါသည်။

၆။ B2B ဝန်ဆောင်မှုကို အသုံးပြုသည့်သူများသည် အခြား မိုဘိုင်းလ်ပရိုမိုးရှင်း အစီအစဉ်များ ကိုရော အသုံးပြုနိုင်ပါသလား။

  • B2B ဝန်ဆောင်မှုကိုအသုံးပြုသူများသည် အခြားသော မိုဘိုင်းလ်ပရိုမိုးရှင်း အစီအစဉ်များကိုပါ အသုံးပြုနိုင်ပါသည်။

၈။ B2B Data plan ကို ဘယ်လို ပယ်ဖျက်နိုင်ပါသလဲ။

  • အသုံးပြုသူများသည် B2B data plan ကို ဆက်လက်အသုံးမပြုလိုတော့လျှင် သတ်မှတ်ထားသည့် ကုန်ဆုံးရက်မတိုင်မီ တစ်ပတ်အလိုတွင် B2B ၏ sales team သို့ကြိုတင်၍ ဆက်သွယ်ရမည်ဖြစ်ပါသည်။