MPT Myanmar | Moving Myanmar Forward Balance Bill Mismatch - MPT Myanmar | Moving Myanmar Forward
×

Balance Bill Mismatch

1. ကျွန်ုပ်ဖေ့ဘုတ်ကိုမိနစ်၂၀လောက်အသုံးပြုလိုက်တယ်၊ ဒါပေမယ့် ဘေလ်ကအများကြီးဖြတ်သွားတယ်၊ ဘာကြောင့်လဲ။

သင့်ရဲ့ဖေ့ဘုတ်အကောင့်မှာ “ Auto Video Play” ကိုပိတ်ထားသင့်ပါတယ်။ “ Auto Video Play” ပိတ်ပုံအဆင့်ဆင့်ကိုဖော်ပြပေးထားပါတယ်။ Facebook setting မှတစ်ဆင့်ဝင်ရောက်ကာ “ media & contacts” မှတဆင့် auto play တွင် “ never auto play video (or) on Wi-Fi connection only” ပြုလုပ်ထားနိုင်ပါသည်။

2. အင်တာနက်ဒီအတိုင်းဖွင့်ထားပါတယ်၊ဘာမှအသုံးမပြုပဲလက်ကျန်ငွေတွေကဖြတ်သွားတယ်၊ ဘာကြောင့်လဲ။

လူကြီးမင်း၏မိုလ်ဘိုင်းဖုန်းတွင် “ Background Data” ကိုပိတ်ထားသင့်ပါတယ်။ “ Background Data” ပိတ်ပုံအဆင့်ဆင့်ကိုဖော်ပြပေးထားပါတယ်။Android ဖုန်းတွေမှာဆိုရင် Setting ထဲက application manager မှတဆင့် application တခုစီရဲ့ data တွေကို လိုက်ပိတ်ရမှာဖြစ်ပါသည်။ IOS ဖုန်းတွေအတွက်တော့ setting ထဲက cellular data မှတဆင့် application တခုစီကို ပိတ်ထားရမှာဖြစ်ပါတယ်။

3. ဘေလ်တွေအရမ်းကုန်နေပါတယ်၊ အသေးစိတ်ကိုဘယ်လိုစစ်ဆေးရမလဲ။ ဒေတာအသုံးပြုမှု ကန့်သတ်ထား လို့ကောရလား။

*224# ကိုဖုန်းခေါ်ဆို၍ လည်းကောင်း၊ MPT4U အက်ပလီကေးရှင်း မှတဆင့်လည်းအသုံးပြုမှု ပမာဏ အသေးစိတ်ကို စစ်ဆေးနိုင်ပါသည်။မိမိသတိမထားမိလိုက်ပဲ ဒေတာပိုမို အသုံးပြုမှုကို ကာကွယ်ရန်အတွက် Setting ထဲမှာ Data Limit ကို မိမိ အသုံးပြုလိုသည့် ပမာဏအတိုင်း ကန့်သတ်ထားနိုင်ပါတယ်။

4. အကုန်အကျသက်သာစေဖို့ဒေတာပက်ကေ့ချ်ဝယ်သုံးပါတယ်၊ဒါပေမယ့် အင်တာနက် သုံးရင် လက်ကျန်ငွေ ထဲကပဲဖြတ်သွားပါတယ်၊ ဘာကြောင့်လဲ။

တခါတလေမှာလူကြီးမင်းရဲ့ဖုန်းက application တွေ “ Auto Update” ဖြစ်နေတတ်ပါတယ်။ထိုကြောင့် ဖုန်းထဲက “ Auto System Update” ကိုပိတ်ထားသင့်ပါတယ်။Android ဖုန်းတွေမှာဆိုရင် Setting ထဲက auto update ကို disable လုပ်ထားရမှာဖြစ်ပါတယ်။ IOS မှာဆိုရင်တော့ setting မှတဆင့် iTunes&App store မှတစ်ဆင့် disable ပြုလုပ်ထားရမှာဖြစ်သည်။

5. အင်တာနက်ဖွင့်လိုက်တယ်သိပ်မကြာဘူးဘာမှမသုံးရသေးပဲဘေလ်အ များကြီးဖြတ်သွားတယ်။ ဘာကြောင့်လဲ။

အင်တာနက်သုံးတဲ့အခါ ကိုယ့်ရဲ့ Wi-Fi Hotspot ကိုစစ်ဆေးသင့်ပါတယ်။ Wi-Fi Hotspotဖွင့်သုံးတဲ့အခါမှာလည်း Password ထည့်ထားသင့်ပါတယ်။Password မရှိတဲ့အခါ အခြားသူတွေက အလွယ်တကူ ချိတ်ဆက်အသုံးပြု နိုင်တဲ့အတွက်ဒေတာတွေပိုမို ကုန်ကျနိုင်ပါတယ်။ ကိုယ်တိုင် Computer နဲ့ ချိတ်ဆက် အသုံးပြုတဲ့အခါမှာလည်း Window Auto Update တွေကို ပိတ်ထားမယ်ဆိုရင် ဒေတာကုန်ကျမှုတွေကိုလျော့ချနိုင်မှာပါ။