×

ဘောလုံးစတား ပရိုမိုးရှင်း

၁။ ဒီပရိုမိုးရှင်းအစီအစဉ်အကြောင်းအရာကဘာလဲ။

ဒီပရိုမိုးရှင်းကတော့ ဘောလုံးပွဲကိုကြိုက်နှစ်သက်ကြတဲ့ ဘောလုံးချစ်သူတွေအတွက် ဘောလုံးစတားအက်ပလီကေးရှင်းကို အသုံးပြုရင်း KIA Picanto ကားအသစ်ကြီး တစ်စီးကို ပိုင်ဆိုင်ခွင့်ရမယ့် အစီအစဉ်သစ်တစ်ခုဖြစ်ပါတယ်။ ဒီပရိုမိုးရှင်းဟာ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေ အားလုံးအတွက် ကျေးဇူးတုန့်ပြန်တဲ့ အစီအစဉ်တစ်ခုဖြစ်သလို ဘောလုံးအားကစားကို စိတ်အားထက်သန်စွာ အားပေးကြတဲ့ သူတွေအတွက် သူတို့ရဲ့ ဘောလုံးအားကစားအပေါ်ထားရှိတဲ့ အားကစားစိတ်ဓါတ်ကို မျှဝေခံစား နိုင်ကြဖို့လည်းဖြစ်ပါတယ်။

၂။ ပရိုမိုးရှင်းအစီအစဉ်က ဘယ်တော့လောက်စမှာလဲ။

ပရိုမိုးရှင်းအစီအစဉ်ကို ဇွန်လ ၁၂ ရက် ၂၀၁၈ ခုနှစ်ကနေ သြဂုတ်လ ၁၂ရက် ၂၀၁၈ ခုနှစ်အတွင်း လုပ်သွားမှာ ဖြစ်ပါတယ်။

၃။ ဘယ်သူတွေပါဝင်ခွင့်ရမှာလဲ။

ဘောလုံးစတားအက်ပလီကေးရှင်းကို ရယူအသုံးပြုထားတဲ့ဘယ်သူမဆိုပါဝင်ကံစမ်းခွင့်ရှိပါတယ်။ နေ့စဉ်ပေးစနစ်နဲ့ ရ ယူအသုံးပြုတဲ့သုံးစွဲသူတွေအနေနဲ့ကတော့ အနည်းဆုံး ၂၁ရက် ၀န်ဆောင်မှုရယူထားပြီးတာနဲ့ ပါဝင်ခွင့်ရမှာဖြစ်ပါတယ်။ တစ်ပတ်ချင်းပေးစနစ်နဲ့ ရယူသုံးစွဲထားသူတွေကတော့ အနည်းဆုံး ၃ပတ် ဆက်တိုက်ဝန်ဆောင်မှု ရယူထားပြီးတာနဲ့ ပါဝင်ခွင့်ရမှာပါ။

၄။ ဒီဝန်ဆောင်မှုကို ဘယ်လိုရယူနိုင်မလဲ။

သုံးစွဲသူတွေအနေနဲ့ ဒီဝန်ဆောင်မှုကို ရယူချင်တယ်ဆိုရင်
(၁) bs.lotayamm.com ကနေ တိုက်ရိုက်ရယူနိုင်သလို
(၂) 8118 ကို DL ဆိုပြီး SMS ပေးပို့ခြင်းဖြင့်လည်း ဒေါင်းလုတ်လင့်ကိုရယူနိုင်ပါတယ်။
(၃) Google Play Store ကနေ လည်း ရယူနိုင်ပါတယ်။
အက်ပလီကေးရှင်းကို ဒေါင်းလုတ်လုပ်ပြီးပြီဆိုရင်တော့ ဘောလုံးစတားအက်ပလီကေးရှင်းကို စတင်သုံးစွဲဖို့ MPT အသုံးပြုသူတွေက လွယ်လွယ်ကူကူစာရင်းသွင်းနိုင်ပါပြီ။ စာရင်းသွင်းပြီးတာနဲ့ ဒီအက်ပလီကေးရှင်း ကို နေ့စဉ်(သို့)အပတ်စဉ် ဝန်ဆောင်ခပေးစနစ်နဲ့ ရယူနိုင်မှာဖြစ်ပြီး သုံးစွဲသူတွေက ကိုယ့်စိတ်ကြိုက်ပုံစံနဲ့ ရယူနိုင်မှာပါ။ နေ့စဉ်ဝန်ဆောင်ခအတွက် ၁၀၅ ကျပ်(ကုန်သွယ်ခွန်ပါပြီး) နဲ့ အပတ်စဉ်အတွက် ၅၂၅ ကျပ် (ကုန်သွယ်ခွန်ပါပြီး) ကျသင့်မှာပါ။

၅။ ဒီအစီအစဉ်က ဘယ်လိုပုံစံမျိုးပါလဲ။

ဒီပရိုမိုးရှင်းအစီအစဉ်မှာပါဝင်နိုင်ဖို့အတွက် ဘောလုံးစတားအက်ပလီကေးရှင်းကို နေ့စဉ်ဝန်ဆောင်ခပေးစနစ်နဲ့ အသုံးပြုသူတွေက ၂၁ ကြိမ်အသုံးပြုထားပြီးအခြေအနေနဲ့ အပတ်စဉ်ဝန်ဆောင်ခပေးစနစ်နဲ့ ၃ ကြိမ်အထိ ပရိုမိုးရှင်း ကာလ (ဇွန်လ ၁၂ရက် ၂၀၁၈ မှ သြဂုတ်လ ၁၂ရက် ၂၀၁၈)အတွင်း ပါဝင်အသုံးပြုထားဖို့လိုပါတယ်။

၆။ ဘောလုံးစတားအက်ပလီကေးရှင်းအတွက် ဒီပရိုမိုးရှင်းအစီအစဉ်ရဲ့ အထူးဆုကဘာများလဲ။

အထူးဆုကတော့ အခွန်ဆောင်ပြီးသား KIA Picanto ကားအသစ်တစ်စီးဖြစ်ပါတယ်။

၇။ ဒီကားကရော ပိုင်ရှင်အမည်ပေါက်နဲ့ လိုင်စင်ပြုလုပ်ပေးမှာလား။

ကံထူးရှင်ရွေးချယ်ပြီးလို့ ကြေညာပြီးတာနဲ့ ကံထူးရှင်ရဲ့ နာမည်နဲ့ အမည်ပေါက် လိုင်စင်ပြုလုပ်ပေးမှာပါ။ ဒီအတွက် အခကြေးငွေနောက်ထပ်တစ်စုံတစ်ရာ ပေးချေဖို့လိုအပ်မှာမဟုတ်ပါဘူး။

၈။ ဘယ်လိုပုံစံမျိုးနဲ့ ဘယ်အချိန်မှာ ကံထူးရှင်ကို ရွေးချယ်ပေးမှာပါလဲ။ ကံထူးရှင်ကို ဘယ်လိုပုံစံမျိုးနဲ့ သိခွင့်ရနိုင်မလဲ။

ကံထူးရှင်ကိုတော့ လာမယ့် သြဂုတ်လကုန်တွင် ရွေးချယ်မှာဖြစ်ပြီးတော့ MPT ရုံးချုပ်နဲ့ သက်ဆိုင် ခြင်းမရှိတဲ့ ပြင်ပပုဂ္ဂလိက စာရင်းစစ်အဖွဲ့ကနေ MPT ရုံးချုပ်မှာပဲ ရွေးချယ်ပေးသွားမှာပါ။ စာရင်းစစ်အဖွဲ့က ရွေးချယ်ပြီး လို့ ကံထူးရှင်ကိုသိရပြီဆိုတာနဲ့ တစ်ပြိုင်နက် ကံထူးရှင်ဖြစ်သူဆီကို ဆက်သွယ်ပေးသွားမှာဖြစ်သလို MPT နဲ့ ဘောလုံး စတားအက်ပလီကေးရှင်းရဲ့ တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာလည်း ကံထူးရှင်ကို ပွင့်လင်းမြင်သာစွာ ဖေပြပေး သွားမှာပါ။

ပရိုမိုးရှင်းစည်းမျဉ်းများ

၁။ MPT ဖုန်းနံပါတ်ဖြင့် ဘောလုံးစတား နေ့စဉ် (သို့မဟုတ်) အပါတ်စဉ် ဝန်ဆောင်မှုအား ရယူထားရမည်ဖြစ်သည်။
၂။ ပရိုမိုးရှင်းကာလမှာ (၁၂/၆/၂၀၁၈) မှ (၁၂/၈/၂၀၁၈) အထိဖြစ်ပါသည်။
၃။ ဝန်ဆောင်မှု ရယူထားသူမည်သူမဆို သတ်မှတ်ထားသောပရိုမိုးရှင်းရက်အတွင်း ဝန်ဆောင်မှု အကြိမ်အရေအတွက်အား ရေတွက်သွားမှာဖြစ်ပါသည်။
၄။ ဘောလုံးစတားဝန်ဆောင်မှုကို တစ်ရက်ဝန်ဆောင်မှု ရယူထားသူ များအတွက် အနည်းဆုံး၂၁ ကြိမ်၊ တစ်ပတ်ဝန်ဆောင်မှု ရယူထားသူူ များအတွက် အနည်းဆုံး ၃ ကြိမ်ငွေပေးချေအသုံးပြုထားသူများအား ပရိုမိုးရှင်းအစီအစဉ်မှာပါဝင်ပြီးဖြစ်ပါမည်။ (သို့မဟုတ်) ဝန်ဆောင်ခ ၂၁ ကြိမ်နှင့် ညီမျှသော ငွေပေးချေထားသူများ အားလုံးပါဝင်နိုင်မည်ဖြစ်ပါသည်။
၅။ ဘောလုံးစတား နှင့် MPT မှ ဝန်ထမ်းများကိုပရိုမိုးရှင်းအစီအစဉ်တွင် ပါဝင်ခွင့်ပြုမည်မဟုတ်ပါ။
၆။ အကယ်၍ တစ်စုံတစ်ရာ ကွဲလွဲချက်များ ရှိပါက MPT နှင့် ဘောလုံးစတားတို့ ၏ ဆုံးဖြတ်ချက်အတိုင်းသာ လိုက်နာရပါမည်။
၇။ ကံထူးရှင်အား MPT ရုံးချုပ်တွင် (MPT ရုံးချုပ်နှင့် သက်ဆိုင်ခြင်းမရှိသော) ပြင်ပပုဂ္ဂလိက စာရင်းစစ်အဖွဲ့၏ အကူအညီနှင့် အတူ ရွေးချယ်ပေးသွားမည်ဖြစ်သည်။ ကံထူးရှင်ရွေးချယ်ပြီးသည်နှင့် တစ်ပြိုင်နက် ကံထူးရှင်ဖြစ်သူဆီကို ဆက်သွယ်ပေးသွားမှာဖြစ်သလို MPT နှင့် ဘောလုံး စတားအက်ပလီကေးရှင်းတို့၏ တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာများမှ တဆင့် ကံထူးရှင်အား ပွင့်လင်းမြင်သာစွာ ဖော်ပြပေး သွားမှာပါသည်။
၈။ ကံစမ်းမဲ အစီအစဉ်အား အသေးစိတ်သိရှိလိုပါက http://www.ballonestar.com/promotion/ (သို့) ၀၉၄၅၅၅၀၀၈၈၀၊ ၀၉၄၅၅၅၀၀၄၄၀ သို့ စုံစမ်းသိရှိနိုင်ပါသည်။