MPT ကနေ ကျင်းပတဲ့ PUBG နဲ့ MLBB ဂိမ်းပြိုင်ပွဲကို အပတ်စဥ် ပြုလုပ်မှာဖြစ်ပြီး ဆုကြေးငွေအဖြစ် USD စုစုပေါင်း ၃,၀၀၀ ကျော်ကို အပတ်စဥ်ပေးအပ်သွားမှာပါ။ MPT အသုံးပြုသူများအားလုံး ဒီဂိမ်းပြိုင်ပွဲမှာပါဝင်ခွင့်ရရှိမှာဖြစ်ပါတယ်။
MPT Weekly Community Cup
Prize Pool
MLBB | PUBG | |
---|---|---|
ပထမဆု | $700 | $700 |
ဒုတိယဆု | $400 | $400 |
တတိယဆု | $200 | $200 |
စတုတ္ထဆု | $100 | $100 |
MVP | $100 | $100 |
Campaign Period
PUBG | MLBB | |
---|---|---|
စာရင်းပေးသွင်းရမည့်ရက် | အပတ်စဥ်အင်္ဂါနေ့မှ ကြာသာပတေးနေ့အတွင်း | အပတ်စဥ် သောကြာနေ့မှ တနင်္ဂနွေနေ့အတွင်း |
ယှဥ်ပြိုင်ရမည့်ရက် | အပတ်စဥ်သောကြာနေ့မှ တနင်္ဂနွေနေ့အတွင်း | အပတ်စဥ်တနင်္လာနေ့မှ ဗုဒ္ဓဟူးနေ့အတွင်း |
ပြိုင်ပွဲကာလ | စက်တင်ဘာ (၁၅) ရက်နေ့မှ နိုဝင်ဘာ (၁၁) ရက်နေ့အထိ (၈ပတ်) |
For More Info
Frequently Asked Questions
1. MPT ရဲ့ Weekly Community Cup ကဘာလဲ?
PUBG နဲ့ MLBB မှာယှဥ်ပြိုင်ကစားရမယ် အွန်လိုင်းဂိမ်းပြိုင်ပွဲတစ်ခုဖြစ်ပြီးတော့ (၈) ပတ်ဆက်တိုက်ကျင်းပသွားမှာဖြစ်ပါတယ်။ အပတ်စဥ်မှာ အနိုင်ရရှိတဲ့အသင်းကိုရွေးချယ်မှာဖြစ်ပြီးတော့ ဆုကြေးငွေအဖြစ် USD 700 ကိုလက်ခံရရှိမှာဖြစ်ပါတယ်။
2. ဘယ်သူတွေပါဝင်နိုင်လဲ ?
အသင်းတွင်ပါဝင်သူတိုင်း MPT အသုံးပြုသူဖြစ်ဖို့လိုအပ်ပါတယ်။
3. ဒီပြိုင်ပွဲမှာပါဝင်ဖို့ဘယ်လိုစာရင်းပေးသွင်းရမှာလဲ?
အပတ်စဥ်သတ်မှတ်ထားတဲ့ရက်အတွင်း Myanmar Esports Club Facebook Page ကနေ စာရင်းပေးသွင်နိုင်ပါတယ်။ အသေးစိတ်အချက်အလက်များအတွက် Myanmar Esports Club Facebook Page ကို Follow လုပ်ပြီးကြည့်ရှုနိုင်ပါတယ်။
4. အသင်း တစ်သင်းမှာဘယ်နယောက်ပါဝင်ဖို့လိုအပ်လဲ?
MLBB ဂိမ်းကိုယှဥ်ပြိုင်ကစားမယ့်သူတွေအနေနဲ့ အသင်းတစ်သင်းကို ၅ ယောက်ပါဝင်ဖို့လိုအပ်ပြီး PUBG ကိုယှဥ်ပြိုင်မယ့်သူတွေအနေနဲ့ အသင်းတစ်သင်းမှာ ၄ ယောက်ပါဝင်ဖို့လိုအပ်ပါတယ်။ အသင်းဝင်တိုင်းက MPT အသုံး ပြုသူများဖြစ်ဖို့ လိုအပ်ပါတယ်။
5. ဆုကိုဘယ်လိုရရှိနိုင်မလဲ?
MLBB နဲ့ PUBG အွန်လိုင်းဂိမ်းပြိုင်ပွဲကိုအပတ်စဥ်ကျင်းပမှာဖြစ်ပြီး ပထမဆုကနေစတုတ္ထဆုအထိ အပတ်စဥ်ချီးမြှင့်သွားမှာဖြစ်ပါတယ်။ ဒါအပြင်အပတ်စဥ်ဂိမ်းပြိုင်ပွဲအဆုံးသတ်တိုင်း အကောင်းဆုံးကစားသမားကိုရွေးချယ်ပြီးဆုချီးမြှင့်သွားမှာဖြစ်ပါတယ်။
6. ဆုကြေးကိုဘယ်လိုထုတ်ယူရမလဲ?
အပတ်စဥ်ဂိမ်းပြိုင်မှာအနိုင်ရရှိသွားသူများကို MPT ၏ ကိုယ်စားပြု agency မှဆက်သွယ်မှာဖြစ်ပြီးတော့ ဆုကြေးငွေကိုမည့်သို့ထုတ်ယူရမည်ကို ဆက်သွယ် ပြောကြားပေးသွားမှာဖြစ်ပါတယ်။