ငွေပေးချေမှုဆိုင်ရာ မူဝါဒ အသစ်
၁။ မူဝါဒရဲ့ ရည်ရွယ်ချက်က ဘာလဲ?
မူဝါဒရဲ့ ရည်ရွယ်ချက်တွေကတော့ လစဉ် ပုံမှန်ငွေပေးဆောင်သော သုံးစွဲသူတွေအနေနဲ့ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို အဆင်ပြေစွာ သုံးစွဲနိုင်စေရန်ရည်ရွယ်ပါသည်။
၂။ ဘယ်လိုဝန်ဆောင်မှုတွေက သက်ရောက်မှုရှိမှာလဲ?
မူဝါဒအသစ်သည် သုံးစွဲသူများအား ပေးထားသော B2C ဝန်ဆောင်မှုများဖြစ်သည့် GSM, CDMA, PSTN, ADSL, IP Star နှင့် FTTH တို့ဖြစ်သည်။
၃။ မူဝါဒကိုကျင့်သုံးခြင်းဖြင့် ဘယ်လိုအကျိုးသက်ရောက်မှုရှိမလဲ?
ဒီမူဝါဒကို ကျင့်သုံးခြင်းဖြင့် သတ်မှတ်ရက်အတွင်း ငွေပေးဆောင်ခြင်းမရှိသော သုံးစွဲသူများသည် ၎င်းတို့ ရယူထားသော ဝန်ဆောင်မှုများ ယာယီဆိုင်းငံ့ခံရခြင်း သို့မဟုတ် အပြီးပိတ်သိမ်းခံရခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။
၄။ ဒီလိုမူဝါဒကိုသုံးစွဲသူတွေအပေါ်ကျင့်သုံးလို့ရပါသလား။?
ပိုမိုအရည်အသွေးကောင်းမွန်သော ဝန်ဆောင်မှုပေးရန်အတွက် Postpaid ဝန်ဆောင်မှုအား သုံးစွဲရန် လျှောက်ထားသော သုံးစွဲသူများအားလုံးတွင် ယခုကဲ့သို့သော မူဝါဒ ကျင့်သုံးရန်လိုအပ်သည်။ ဆက်သွယ်ရေး ဆိုင်ရာ ဝန်ဆောင်မှုပေးသော ဌာနများတွင်သာမက အခြား postpaid ဝန်ဆောင်မှုများဖြစ်သော ရေ၊ လျှပ်စစ်၊ ဂတ်စ် အစရှိသည့် ဌာနများတွင်လည်း ယခုကဲ့သို့ မူဝါဒရှိပါသည်။
၅။ ကျွန်ုပ်သည် ယာယီဆိုင်းငံခြင်းသို့မဟုတ် အပြီးပိတ်သိမ်းခြင်းစာရင်းတွင် မပါဝင်အောင် ဘယ်လိုလုပ်ရမလဲ?
၁၀၆ (call center) သို့မဟုတ် နီးစပ်ရာ TRA နှင့် commercial ရုံးများတွင် စုံစမ်းမေးမြန်းနိုင်ပါသည်။
၆။ ယာယီရပ်ဆိုင်းခြင်းခံရသော ဝန်ဆောင်မှုများကို ဘယ်လိုပြန်ဖွင့်ရမလဲ?
ငွေပေးချေရန် သတ်မှတ်ရက်လွန်နေသော ငွေပေးချေလွှာများ လက်ဝယ်ရှိပါက နီးစပ်ရာ စာတိုက်၊ TRA ရုံး သို့သွားရောက်ကာ ငွေပေးဆောင်နိုင်မည် ဖြစ်သည်။ ထို့အပြင် CB ဘဏ်၊ KBZ ဘဏ်၊ MEB ဘဏ် တို့တွင်လည်း ထိုငွေပေးချေလွှာများဖြင့် ပေးချေနိုင်မည် ဖြစ်သည်။ ထိုငွေပေးချေလွှာများ လက်ဝယ်မရှိပါက နီးစပ်ရာ MPT TRA ရုံးများသို့ သွားရောက်ကာ ထို ငွေပေးချေလွှာများအား ပေးဆောင်နိုင်ပါသည်။ ထို ငွေပေးချေလွှာများအား အပြည့်အ၀ ပေးချေပြီးပါက ရပ်ဆိုင်းခံထားရသော ဝန်ဆောင်မှုများသည် အလုပ်ဖွင့်ရက်အနည်းငယ်အတွင်း ပြန်လည် အသုံးပြုလို့ရမည်ဖြစ်သည်။
၇။ အပြီးပိတ်သိမ်းခြင်းခံရသောဝန်ဆောင်မှုများကို ပြန်လည်အသုံးပြုရန် ဘယ်လိုလုပ်ရမလဲ?
ပြန်လည်အသုံးပြုရန်အတွက် လျှောက်ထားမည်ဆိုပါက နီးစပ်ရာ commercial ရုံးများသို့သွားရောက်ကာ ကနဦးအစမှ လျှောက်ထားသလို အစအဆုံးပြန်လည် လုပ်ဆောင်ရမည်ဖြစ်သည်။ အပြီးပိတ်သိမ်းလိုက်သော ဝန်ဆောင်မှုများကို ပြန်လည် အသုံးပြု၍မရပါ။ အသစ်မှစတင်၍ ပြန်လည် လျှောက်ထားရမည်ဖြစ်သည်။ သို့သော်လည်း သုံးစွဲသူ ယခင် အသုံးပြုခဲ့သော ဖုန်းနံပါတ်ကို ပြန်လည် ရယူနိုင်မည်ကိုမူ အာမခံနိုင်မည်မဟုတ်ပဲ အခြေအနေပေါ်မူတည်၍ ဖုန်းနံပါတ် အသစ် ဖြစ်သွား နိုင်မည် ဖြစ်သည်။